အင်းလေးတွင် ငွေကြေး သိန်းပေါင်း၈ထောင်လိမ်လည်မှု ထပ်မံဖြစ်ပွား
ခမ်းသားငေါဝ်း မတ် ၂၈ ၊ ၂၀၂၃ ညောင်ရွှေမြို့နယ် အင်းလေးဒေသ ဖောင်တော်ဦးအနီးတစ်ဝိုက်ကျေးရွာများတွင် ငွေကြေးသိန်းပေါင်းရှစ်ထောင်လိမ်လည်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း မတ်လ၂၈ရက်နေ့တွင် ဒေသခံပြောပြချက်အရ သိရှိရသည်၊၊ သာလေးကျေးရွာအုပ်စု ဖောင်တော်ဦးနမ့်ဟူးရွာတွင်နေထိုင်သော ဖိုးတွဲ(ခ)အောင်နိုင်ဝင်းဆိုသူကငွေတစ်သိန်း ထည့်ပါက တစ်ရက်လျှင်အတိုး ၃၀၀၀ကျပ်ပေးမည်ဖြစ်ကြောင်း ဒေသခံများကိုလိမ်လည်ခြင်းဖြစ်သည်။…