Tag: ခမ်းသားငေါဝ်း

နောင်တရားစျေးသစ်သို့ရောက်ရှိသည့် စစ်ရှောင်ပြည်သူများ အရေးပေါ်ဆေးဝါးလိုအပ်

ခမ်းသားငေါဝ်း၊ ဇွန်လ ၂၁၊ ၂၀၂၃ ပင်လောင်းမြို့နယ် နောင်တရားဒေသ စျေးသစ်တွင်ရောက်ရှိသည့် စစ်ဘေးရှောင် များ ကျန်းမာရေး စောင့်ရှောက်မှု နှင့် ဆေးဝါးများအရေးပေါ်လို့အပ်နေကြောင်း ဇွန်လ ၂၁ ရက်က သိရသည်။ မိုးရာသီဖြစ်သည့်အတွက် ရာသီတုတ်ကွေးများ၊ ဝမ်းပျက်ဝမ်းလျောများဖြစ်ပွားခြင်းကြောင့်ဖြစ်သည်။…

၁၄၈ကြိမ်မြောက် ကရင်နီအမျိုးသားနေ့တွင် အမျိုးသားရေးအတွက် ကျရာအခန်းကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်ကြရန် KNPP မှာကြား

ခမ်းသားငေါဝ်း၊ ဇွန်လ ၂၀၊၂၀၂၃ ရောက်ရှိမည့် ဇွန်လ ၂၁ ရက်နေ့ ၁၄၈ ကြိမ်မြောက် ကရင်နီအမျိုးသားနေ့တွင် ကရင်နီပေါ်ပေါက်ရေးသည် ရောက်ရှိသည့်နေရာ၌ အမျိုးသားရေးအတွက် ကျရာအခန်းကဏ္ဍမှ ပူးပေါင်းဆောင်ရွက်ကြရန် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ပေးပို့သည့်သဝဏ်လွှာတွင် မှာကြားသည်၊၊ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း…

အာဏာသိမ်းကာလအတွင်း CDM ပြုလုပ်ထားသည့် ကျောင်းသား/သူများအတွက် တအောင်းမြေတက္ကသိုလ် ဖွင့်လှစ်သွားမည်

ခမ်းသားငေါဝ်း၊ ဇွန်လ ၂၀၊၂၀၂၃ စစ်အာဏာရှင်ကိုဆန့်ကျင်ပြီး CDM ပြုလုပ်ထားသည့် ကျောင်းသား‌ ကျောင်းသူများအတွက် ရည်ရွယ်ကာ တအောင်းမြေတက္ကသိုလ် ပထမနှစ်သင်တန်းကို ၂၀၂၄ တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း တအောင်းအမျိုးသားပညာရေးကော်မတီ TNEC ကထုတ်ပြန်ထားသည်။ တအောင်းမြေတက္ကသိုလ်တက်ရောက်မည့်ကျောင်းသားများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ အခြေခံပညာပြီးမြောက်ကြောင်း…

အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခအတွင်း အမျိုးသမီးများလိင်အကြမ်းဖက်ခံရမှု ၅၉ မှုအထိရှိလာ

ခမ်းသားငေါဝ်း၊ ဇွန်လ ၁၇၊၂၀၂၃ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖော်ဖော်ဝါရီလမှ ယနေ့အချိန်ထိ အမျိုးသမီးများအပေါ် အကြမ်းဖက်ကျူးလွန်ခံရမှု ၅၉ မှုအထိရှိကြောင်း မြန်မာအမျိုးသမီးများသမ္မဂ (BWU) ထုတ်ပြန်ချက်အရ သိရသည်။ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု (၃၆)မှုနှင့် အိမ်တွင်းအကြမ်းဖက်မှုအပါအဝင်…

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီကိုအဖွဲ့ဝင် (၆)ဦးဖြင့် ကနဦးတွင်စတင်ဖွဲ့စည်း

ခမ်းသားငေါဝ်း၊ ဇွန်လ ၁၃၊၂၀၂၃ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC)ကို ကောင်စီအဖွဲ့ဝင်(၆)ဦးဖြင့် ကနဦးတွင် စတင်ဖွဲ့စည်းထားကြောင်း ယမန်‌နေ့ ဇွန် ၁၂ ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်၊၊ ကရင်ပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC သည် ပြည်သူလူထု၏ အသက်အိုးအိမ်…

စိုက်ပျိုုးရေးလုပ်ငန်းအတွက် ရွာပြန်ဒေသခံများ လက်နက်ကြီးနှင့် မိုင်းအန္တရာယ် စိုးရိမ်နေရ

ခမ်းသားငေါဝ်း၊ ဇွန်လ ၁၃၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် တိုက်ပွဲ ဖြစ်ပွားသည့် တောင်မဲသင်း၊ လုံးပျဉ်ကျေးရွာများတွင် စိုက်ပျိုးရေးပြန်လုပ်ကိုင်ရန် ရွာပြန်သည့်ဒေသခံများအတွက် လက်နက်ကြီးနှင့် မြေမြုပ်မိုင်းအန္တရာယ် စိုးရိမ်နေရကြောင်း ဇွန်လ ၁၃ ရက်နေ့တွင် သိရသည်။ ယင်းဒေသခံများသည် စစ်ရှောင်စခန်းအတွင်း…

ရွာပြန်သည့်ဒေသခံများကို မီဒီယာများနှင့် မဆက်သွယ်ရန် PNOနှင့် စစ်ကောင်စီ ပိတ်ပင်

ခမ်းသားငေါဝ်း၊ ဇွန်လ ၈၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် တောင်ဘက် တိုက်ပွဲဖြစ်ပွားခဲ့သည့် တောင်မဲသင်း‌ဒေသတွင် နေအိမ်ပြန်ဒေသခံများအား မိမိဒေသတွင်းဖြစ်ပွားသည့်အခြေအနေများ မီဒီယာနှင့် အခြားလူများကို ဆက်သွယ်မပြောပြရန် PNOနှင့် စစ်ကောင်စီက ပိတ်ပင်ထားကြောင့် ဇွန်လ ၈ ရက်က သိရသည်။…

လမ်းအလွန်ပျက်စီးသည့်အတွက်ရပ်ကွက်နေပြည်သူသွားလာရန်ခက်ခဲ

ခမ်းသားငေါဝ်း၊ ဇွန်လ ၈ ၊ ၂၀၂၃ တောင်ကြီးမြို့၊ဘုရားဖြူရပ်ကွက် နယ်မြေ ၄ အဝင်လမ်း လွယ်ခမ်းလမ်းမကြီးသည် အလွန်ပျက်စီးနေသည့်အတွက် ပြည်သူများ သွားလာရန်ခက်ခဲကြောင်းသိရသည်။ မိုးရွာသွန်းချိန်တွင် လမ်းမပေါ် ရေပြည့်လျှံသလို ချိုင့်ခွက်များအလွန်ကြီးမားခြင်းကြောင့် သွားလာရန်အလွန်ခက်ခဲ့ကြောင်းဒေသခံများထံသိရသည်။ “မိုးတွင်းဆိုရင်တော့ပိုဆိုးတယ်။လမ်းပေါ်ရေတွေစီးဆင်းတဲ့ချိန်ဆိုရင် သွားလာရတာအဆင်မပြေဘူး။ယာဥ်ကြောပါပိတ်ဆို့သွားရင်ဆိုင်ကယ်မောင်းသူတွေအနေနဲ့ဆိုရင်…

ပအိုဝ်းတိုင်းရင်းသူတစ်ဦး နိုင်ငံခြားတွင် အိမ်အကူသွားရောက်လုပ်ကိုင်ရာမှ ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရပြီး စိတ်ပိုင်းဆိုင်ရာထိခိုက်မှု ကြုံတွေ့ရ

ခမ်းသားငေါဝ်း၊ ဇွန်လ ၈၊ ၂၀၂၃ ပအိုဝ်းတိုင်းရင်းသူ နန်းကလျာဦး (အမည်လွဲ) သည် အိုမန်နိုင်ငံတွင် အိမ်အကူအဖြစ်သွားရောက်လုပ်ကိုင်ရာ အိမ်ရှင်၏ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းခံရမှုကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ ကြုံတွေ့ခံစားနေရကြောင်း ကာယကံရှင်အမျိုးသမီးက ရင်ဖွင့်ပြောဆိုခဲ့သည်။ ပအိုဝ်းတိုင်းရင်းသူ နန်းကလျာဦးသည် အိမ်အကူအလုပ်သွားရောက်လုပ်ကိုင်ရန် ၁၄…

ပင်လောင်းမြို့နယ်နှင့် နောင်တရားဒေသရှိ လူငယ်များ ယခင်နှစ်ထက် နိုင်ငံခြားသွားသူပိုများလာ

ခမ်းသားငေါဝ်း။ မေလ ၃၁၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ လူငယ်အများစုသည် နိုင်ငံရေးအခြေအနေမတည်ငြိမ်မှုမှ ရင်ဆိုကြုံတွေ့ရသည့် စားဝတ်နေရေးအခက်အခဲများကြောင့် ယခင်နှစ်များထက် နိုင်ငံခြားသို့ သွားရောက်အလုပ်လုပ်သူပိုများလာကြောင်း ဒေသခံသတင်းအမြစ်ထံမှ သိရသည်။ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ကုန်စျေးနှုန်းများ အဆမတန် မြှင့်တက်ပြီး စားဝတ်နေရေးရုန်းကန်းရသည့်အတွက် လူလတ်ပိုင်းနှင့်လူငယ်များက…