Tag: ခမ်းသားငေါဝ်း

ပင်လုံမြို့တွင် သူခိုးများသောင်းကျန်းနေပြီး သက်ဆိုင်ရာအာဏာပိုင်များက ဖမ်းဆီးအရေးယူပေးခြင်းမရှိ

ခမ်းသားငေါဝ်း စက်တင်ဘာ ၅၊ ၂၀၂၄ ပင်လုံမြို့ပေါ်တွင် သူခိုးများသောင်းကျန်းနေပြီး သက်ဆိုင်ရာအာဏာပိုင်များက တာဝန်ယူဖမ်းဆီးအရေးယူ ပေးခြင်းမရှိကြောင်း စက်တင်ဘာလ(၅)ရက်နေ့တွင် ဒေသခံထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့၊ ရပ်ကွက်(၃)တွင် ဘိန်းစားများပေါများနေပြီး နေအိမ်ထဲထိပစ္စည်းများ အခိုးခံရခြင်း မကြာခဏကြုံတွေ့နေရပြီး သက်ဆိုင်ရယအာဖဏာပိုင်များက အရေးယူခြင်းမရှိကြောင်း သိရသည်။ “အဲ့ရပ်ကွက်(၃)တွေဘက် နောင်ဘီလူးတွေဘက်တော့ အဖြစ်များတယ် အဲ့မှာကသူခိုးလည်းပေါတယ် ဘိန်းစားတွေလည်းပေါတယ်၊ တစ်ချို့ဆိုအိမ်ထဲထိ အုတ်တံတိုင်းကိုခေါက်လှေကားနဲ့တက်ပြီး ဖုန်းတွေဆိုင်ကယ်တွေဝင်ခိုးတယ်၊…

တောင်ကျချောင်းရေစီးနှင့်အတူ မျောပါသွားပြီး မိခင်နှင့်လသားအရွယ်ကလေးသေဆုံး

ခမ်းသားငေါဝ်း စက်တင်ဘာ ၅၊ ၂၀၂၄ အောင်ပန်းတွင် တောင်ကျချောင်းရေစီးဆင်းလာပြီး ရေစီးသန်သောကြောင့် မိခင်နှင့်လသားအရွယ်ရေစီးနှင်တူမျောပါသွားပြီး သေဆုံးသွားကာ ကလေးအလောင်းကို ရှာမတွေ့သေးကြောင်း နာရေးကူညီမှုအသင်းအောင်ပန်းထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့တွင် စက်တင်ဘာလ ၄ ရက်နေ့ ညနေ ၄ နာရီ အချိန်ခန့် ၌ တောင်ယာမှ နေအိမ်သို့အပြန် ထီသိမ်ရွာတောင်ဘက်၊ တောင်ကျချောင်းအားဖြတ်ကူးစဥ် ရုတ်တရက်ရေစီးသန်လာသောကြောင့် မနန်းနှင့် ၆…

မူဆယ်မြို့နယ် စယ်လန့်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွားပြီး ကျပ်သိန်း (၁)ထောင်ခန့် ဆုံးရှုံးသွား

ခမ်းသားငေါဝ်း စက်တင်ဘာ ၅၊ ၂၀၂၄ မူဆယ်မြို့နယ် စယ်လန့်ကျေးရွာတွင် မီးလောင်မှုဖြစ်ပြီး ကာလတန်ဖိုး ကျပ်သိန်း (၁)ထောင်ခန့် မီးလောင်ဆုံးရှုံးသွားခဲ့ကြောင်းစက်တင်ဘာလ(၄)ရက်တွင် TNLA ထုတ်ပြန်ချက်အရ သိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊မန်အောင်ခရိုင်၊ မူဆယ်မြို့နယ် စယ်လန့်ကျေးရွာတွင် စက်တင်ဘာလ ၁ ရက်နေ့ နံနက်တွင် ဘုရားမီးပူဇော်ထားစဥ် မေ့လျော့ပြီး မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်‌သည်၊၊ မီးလောင်စဥ် ၎င်းအိမ်အတွင်းတွင် အဖွားအိုတစ်ဦးသာရှိနေပြီး (နံနက်၉း၀၀)အချိန်တွင် မီးစတင်လောင်ကျွမ်းခဲ့ရာ (၁၀း၀၀)အချိန်မှာမီးငြိမ်းသတ်နိုင်ခဲ့သည်။…

မိုးကြီးမှုကြောင့် အင်းလေးရှိတစ်ချို့ဆိုင်ခန်းထဲရေဝင်ပြီး ရေပေါ်စျေးသည်များ၊ လှေမောင်းသူများနှင့် ဆိုင်ခန်းဈေးရောင်းသူများအခက်ခဲကြုံနေ

ခမ်းသားငေါဝ်း စက်တင်ဘာ ၄၊၂၀၂၄ အင်းလေးဒေသတွင် မိုးကြီးမှုကြောင့်ရေမြင့်တက်လာပြီးဘုရားပေါ်ရှိ အရောင်ဆိုင်ခန်းများ ရေလွှမ်းမိုးသဖြင့် ဆိုင်ခန်းများ၊ ရေပေါ်စျေးသည်များ၊ လှေလုပ်ကိုင်သူများ စျေးရောင်းထွက်ရန် ခက်ခဲမှုကြောင့် စားဝတ်နေရေးကျပ်တည်းလာကြောင်း ဩဂုတ်လ ၄ ရက်နေ့ တွင် ဒေသခံထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်းပိုင်း၊ ညောင်ရွှေမြို့အင်းလေးဒေသတွင် မိုးသဲထန်စွာရွာသွန်းမှုကြောင့် ဘုရားပေါ်ရှိဆိုင်ခန်းတချို့၌ ရေလွှမ်းမိုးမှုကြောင့် ဆိုင်ခန်းများပိတ်ထားရသလို လှေလုပ်ငန်းလုပ်ကိုင်သူများ၊ ရေပေါ်စျေးသည်များလည်း မိုးရွာချိန် အရောင်းမထွက်နိုင်၊ လှေမထွက်နိုင်သဖြင့်…

လက်နက်ကိုင်ပဋိပက္ခများကြောင့် အင်းလေးဒေသပြည်သူများ စိုးရိမ်မှု ပိုမိုမြင့်တက်လာ

ခမ်းသားငေါဝ်း စက်တင်ဘာ ၄၊ ၂၀၂၄ အင်းလေးတောင်ဘက်ခြမ်းတွင် လက်နက်ကိုင် ပဋိပက္ခကြောင့် ဒေသခံများကို ညအချိန်မတော် ဖမ်းဆီးခြင်း၊ စစ်မှုထမ်းဆောင်သည့်ကိစ္စနှင့်ပက်သက်ပြီး စိုးရိမ်မှုမြင့်တက်နေကြောင်းဩဂုတ်လ ၄ ရက်နေ့ ဒေသခံထံမှ သိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့ နယ်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ဖမ်းဆီးခံရခြင်း၊ နေအိမ်မီးရှို့ခြင်းနှင့် လက်နက်ကိုင်ပဋိပက္ခများကြောင့် အင်းလေကန်ဒေသခံများက ညအချိန်မတော် ဖမ်းဆီးခြင်းနှင့် စစ်မှုထမ်းဆောင်ရန် အတင်းကျပ် လုပ်ခိုင်းမည်ကို…

စစ်ကောင်စီက စစ်ကြောင်းပြန်လည်ထိုးလာသောကြောင့် တောင်သူများ စပါးမရိတ်သိမ်းနိုင်မှာကို စိုးရိမ်နေ

ခမ်းသားငေါဝ်း စက်တင်ဘာ ၄၊ ၂၀၂၄ ဒီမောဆိုတွင် စစ်ကောင်စီက စစ်ကြောင်းထိုးလာသောကြောင့် တောင်သူများ စပါးမရိတ်သိမ်းနိုင်မှာကို စိုးရိမ်နေကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။ ကရင်နီ(ကယား) ပြည် ဒီမောဆိုမြို့နယ်တွင် စစ်ကောင်စီတပ်များသည် သြဂုတ်လမှစပြီး လွိုင်ကော်- ဒီမောဆို လမ်းမကြီးတစ်လျောက် စစ်ကြောင်းထိုးလာသောကြောင့် စိုက်ပျိုးထားသည့်စပါးများ မရိတ်သိမ်းနိုင်မည်ကို တောင်သူများ စိုးရိမ်နေသည်။ ” စပါးကရိတ်သိမ်းရမယ့် အချိန်ရောက်တော့မှာလေ၊ နောက်လလောက်ဆို ရိတ်လို့ရပြီ၊…

သပိတ်ကျင်းနှင့်စဥ့်ကူးမြို့နယ်အတွင်းရှိ ဆင်ကောင်ရေ(၁၃၈)ကောင်ကို PLA စောင့်ရှောက်ပေး

ခမ်းသားငေါဝ်း စက်တင်ဘာ ၄၊ ၂၀၂၄ သပိတ်ကျင်းနှင့်စဥ့်ကူးမြို့နယ်အတွင်း ဆင်ကောင်ရေ(၁၃၈)ကောင်ရှိသည့်ဆင်ဝိုင်း(၂၁)ဝိုင်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၂၂၂တပ်ရင်းမှ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ထားကြောင်း (PLA)မှစက်တင်ဘာလ(၃)ရက်နေ့တွင် ထုတ်ပြန်ထားသည်။ မန္တလေးတိုင်းအတွင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့်သစ်တောဝန်ကြီးဌာနပိုင် သစ်ထုတ်ဆင်များနှင့် ဆင်အုပ်၊ ဆင်ထိန်းများ၏မိသားစုများသည်ဘေးကင်းရာဖြစ်သည့်(PLA)လှုပ်ရှားအုပ်ချူပ်စစ်နယ်မြေအတွင်းရှိ တောတောင်များအတွင်းသို့ဇူလိုင်လ(၁၀)ရက်နေ့မှ စတင်ကာရှောင်တိမ်းလာ၍ ကာကွယ်စောင့်ရှောက်ထိန်းသိမ်းထားကြောင်း PLA မှဖော်ပြထားသည်။ PLAစစ်နယ်မြေအတွင်းသို့ နဂိုမူလကဆင်ဝိုင်း(၁၀)ဝိုင်းရှိပြီး၊ စဥ့်ကူးမြို့နယ်မှမိုးကုတ်-သပိတ်ကျင်းမြို့နယ်ကြားသို့ ဆင်ဝိုင်း(၁၁)ဝိုင်းထပ်မံပြောင်းရွှေ့လာကြောင်း သိရသည်။ ယခုလက်ရှိအချိန်တွင် ဆင်ကောင်ရေစုစုပေါင်း(၁၃၈)ကောင် ပါဝင်သည့်ဆင်ဝိုင်း(၂၁)ဝိုင်းကို ထိန်းသိမ်းကာကွယ်ပေးထားကြောင်း…

ဝမ်စိမ်းရွာတွင် ရေကြီးမှုကြောင့် တောင်သူများ၏ ပြောင်းခင်းများ ပျက်စီးပြီး ဆုံးရှုံးမှုကြုံနေရ

ခမ်းသားငေါဝ်း စက်တင်ဘာ ၄၊ ၂၀၂၄ ကျေးသီးမြို့နယ်၊ ဝမ်စိမ်းရွာတွင် ရေကြီးမှုကြောင့် တောင်သူများ၏ ပြောင်းခင်းများ ပျက်စီးပြီး ဆုံးရှုံးမှုရှိနေကြောင်း စက်တင်ဘာ(၄)ရက်နေ့တွင် ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ် ဝမ်စိမ်းရွာတွင် ယခုနှစ်အတွင်း မိုးကြီးမှုကြောင့် ဒေသခံများစိုက်ပျိုးထားသော ပြောင်းခင်း ဧက (၁၀)ကျော် ပျက်စီးဆုံးရှုံးမှု ရှိနေသည်။ “ဒီနှစ်က ဘယ်လိုဖြစ်တာလဲမသိဘူး၊ ပြောင်းက မရင့်သေးဘူး ရင့်တဲ့ချိန်ဖြစ်ရင်တောင်…

အင်းလေးတွင် ရေကြီးမှုကြောင့် လှေလုပ်ငန်းလုပ်ကိုင်သူများ အခက်ခဲများ ကြုံတွေ့နေရ

ခမ်းသားငေါဝ်း စက်တင်ဘာ ၃၊ ၂၀၂၄ အင်းလေးကန် ရေကြီးမှုကြောင့် အင်းလေးဒေသရှိ နန့်ပန်မြို့နယ် ရပ်ကွက် (၁)တွင် လှေလုပ်ငန်း လုပ်ကိုင်သူများလှေလုပ်ငန်းရှ်ိပစ္စည်းများ၊ လှေများကိုနေရာပြောင်းရွှေ့ရန် အခက်ခဲကြုံနေကြောင်း ဩဂုတ် ၃ ရက်နေ့တွင် ဒေသခံထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ညောင်ရွှေမြို့ အင်းလေးကန် ဒေသရှိ နန့်ပန်မြို့ ရပ်ကွက် (၁)တွင် အင်းလေးကန် ရေကြီးမှုကြောင့် လှေလုပ်ငန်းလုပ်ကိုင်သူများသည် လှေလုပ်သည့်နေရာနှင့် ပစ္စည်းများနေရာပြောင်းရွှေ့မှု…

တောင်ကြီးတွင် ယာဉ်ကြောရှင်းလင်းသည့်အနေဖြင့် ဦးထုပ်မဆောင်းသည့်သူများကို ဖမ်းဆီးနေ

ခမ်းသားငေါဝ်း စက်တင်ဘာ ၃၊ ၂၀၂၄ တောင်ကြီးမြို့တွင် လမ်းပြုပြင်မှုကြောင့် ယာဉ်ကြောပိတ်ဆို့ခြင်းရှင်းလင်းသည့်အနေဖြင့် ဆိုင်ကယ်ဦးထုပ်မဆောင်းသည့် ယာဉ်များကို ဖမ်းဆီးနေကြောင်းဩဂုတ်လ ၂ ရက်နေ့တွင် ဒေသခံထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ အေးစေတီကျောင်းတိုက်အကျော် မီးရထားသံလမ်းအောက်တွင် လမ်းပြုပြင်မှုကြောင့် ယာဉ်ကြောပိတ်ဆို့၍ မော်တော်ပီကယ်များသည် မနက်ပိုင်းအစောပိုင်းလောက်တွင် ယာဉ်ကြော့ ကိုရှင်းလင်းပေးပြီး နေ့လယ်အချိန်တွင် ဆိုင်ကယ်ဦးထုပ်မဆောင်းသည့်ယာဉ်ကို အများအပြားဖမ်းနေသည်။ “ဒီမနက်က အေးစေတီဘုန်းကြီးကျောင်းအောက် ကိတ်မုန့်ဆိုင်…