Tag: ခမ်းသားငေါဝ်း

စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် သီပေါမြို့ ဒေသခံ(၁)ဦးသေဆုံးပြီး (၁)ဦး ထိခိုက်ဒဏ်ရာရ

ခမ်းသားငေါဝ်း စက်တင်ဘာ ၆၊ ၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း၊သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသား(၁)ဦး သေဆုံးပြီး အမျိုးသမီး (၁)ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်းစက်တင်ဘာလ(၅) ရက်နေ့တွင်TNLAထုတ်ပြန်ချက်အရသိရသည်။ စက်ဘာလလ(၄)ရက် ည‌ပိုင်း(၉း၃၀)အချိန်တွင် နမ့်လန်မှာအခြေချနေသည့် စစ်ကောင်စီတပ်မှ ပြည်သူများရှိရာသို့ဦးတည်ပြီး တစ်ဖက်သတ် လက်နက် ကြီး ပစ်ခတ်မှုကြောင့် ​ကျောင်းပြိန်းရွာ နေအိမ်တစ်အိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ရာ နေအိမ်အတွင်းရှိ အသက်(၇၃)နှစ်အရွယ် အမျိုးသားဖြစ်သူ ဦးလုံးစိတ်ဆိုသူ…

နမ့်ခမ်းမြို့ လေကြောင်းတိုက်ခိုက်ခံရ၍ ကိုယ်ဝန် ဆောင်နှင့်ကလေးငယ်အပါအဝင် ၁၁ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရ

ခမ်းသားငေါဝ်း စက်တင်ဘာ ၆၊ ၂၀၂၄ နမ့်ခမ်းမြို့တွင် စစ်ကောင်စီက လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး လာရောက်ပစ်ခတ်တိုက်ခိုက်​ခြင်း ကြောင့် ကိုယ်ဝန်ဆောင်နှင့် ကလေးအပါအ ဝင် မြို့ခံ ၁၁ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။ ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်တွင် ယနေ့နံနက် ၁ နာရီခွဲ အချိန်ခန့်တွင်…

ပြစ်မှုကျူးလွန်သူများကို UWSA က အများပြည်သူရှေ့တွင် တရားစီရင်မှု ပြုလုပ်

ခမ်းသားငေါဝ်း စက်တင်ဘာ ၆၊ ၂၀၂၄ “ဝ” ပြည်နယ်၊ မိုင်းပေါက်မြို့တွင် ပြစ်မှုကျူးလွန်သူ၊ပြစ်မှုထဲ ပါဝင်ပတ်သက်သူများကို “ဝ”တပ်ဖွဲ့ UWSA တရားစီရင်ရေး ကော်မတီ၊ပြည်သူ့တရားရုံးမှ ပြည်သူ့ရှေ့မှောက်တွင် စက်တင်ဘာလ (၅)ရက်နေ့ နံနက်ပိုင်း၌ ပြစ်မှုအလိုက် တရားစီရင်ချက် ချမှတ်ခဲ့ကြောင်း သိရသည်။ မိုင်းပေါက်မြို့တွင် စက်တင်ဘာလ (၅)ရက်နေ့ နံနက် ၇နာရီဝန်းကျင်က လူစုကြပြီး၊ပြစ်မှု ကျူးလွန်သူများကို မြို့ပတ်ပြကာ၊အများပြည်သူရှေ့မှောက်တွင် တရားစီရင်ချက်ချခဲ့ကြောင်း…

ဖယ်ခုံအနောက်ဘက်ခြမ်းစစ်ရှောင်စခန်းကို စစ်ကောင်စီက လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၉ ဦးသေဆုံး

ခမ်းသားငေါဝ်း စက်တင်ဘာ ၆၊ ၂၀၂၄ ဖယ်ခုံမြို့ အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်သောကြောင့် ပြည်သူ ၉ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ လအိကျေးရွာနားရှိ ဘန်ကောက်စစ်ရှောင်စခန်းကို စက်တင်ဘာလ ၅ ရက်နေ့ ည ၉ နာရီဝန်းကျင်ခန့်တွင် စစ်ကောင်စီက လေကြောင်းဖြင့် ၂ ကြိမ်ဗုံးကြဲတိုက်ခိုက်သောကြောင့် ပြည်သူ ၉…

ခွန်တန်ဇာတ်လိုက်နှင့်တပည့်များက ချမှတ်ထားသည့် မူဝါဒများအား မလိုက်နာသောကြောင့် PNO အဖွဲ့နှင့်မသက်ဆိုင်တော့ကြောင်းထုတ်ပြန်

ခမ်းသားငေါဝ်း စက်တင်ဘာ ၅၊၂၀၂၄ ခွန်တန်ဇာတ်လိုက်နှင့် တပည့်များက PNO ချမှတ်ထားသည့် မူဝါဒများကို မလိုက်နာသောကြောင့် PNO အဖွဲ့နှင့် မသက်ဆိုင်တော့ကြောင်း PNO ပြည်သူ့စစ်က ယနေ့တွင် ပအိုဝ်းဘာသာစာဖြင့် ထုတ်ပြန်ထားသည်။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ချမှတ်ထားသည့် မူဝါဒလမ်းစဉ်များကို ခွန်တန်ဇာတ်ကိုယ်တိုင်နှင့် ၄င်း၏တပည့်များ မလိုက်နာဘဲ PNO ၏လမ်းစဉ်များကို လွန်ဆန်သွားသွားကြောင်းနှင့် မသက်ဆိုင်တော့သည့်အကြောင်း ထုတ်ပြန်ချက်တွင်ပြောထားသည်။ “ဒီလိုစာထုတ်တော့လည်းကောင်းပါတယ်။…

ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းခဲ့သည့် ဆင်ကျော့ပြည်သူ့စစ် SSPP နှင်ပြန်ပူးပေါင်း

ခမ်းသားငေါဝ်း စက်တင်ဘာ ၅၊ ၂၀၂၄ နအဖ အစိုးရလက်ထက်၂၀၀၉ တွင် ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းခဲ့သည့် ဆင်ကျော့ပြည်သူ့စစ်သည် စက်တင်ဘာလ ၅ ရက်တွင် SSPP နှင့်ပြန်လည်ပူးပေါင်းလာခဲ့ကြောင်း သိရသည်၊၊ ယခုလို SSPP နှင့် ပြန်လည်ပူးပေါင်းခြင်းအား ဆင်ကျော့ပြည်သူ့စစ် ဥက္ကဌ စဝ်လွယ်မော် ဦးဆောင်ခဲ့ပြီး ၁၄ နှစ်အကြာတွင် အခုလိုပြန်လည်ပူးပေါင်းခဲခြင်းဖြစ်ပြီး ပူးပေါင်းလာခြင်းအတွက် ကျေးဇူးတင်ကြောင်း ဗိုလ်မှူးကြီးစိုင်းဆုကဆိုထားသည်၊၊…

အရွယ်မှန်သည့် အမျိုးသားအားလုံး မဖြစ်မနေအခြေခံစစ်သင်တန်းတက်ရမည် ဟု PNO ပြည်သူ့စစ်ကဆို

ခမ်းသားငေါဝ်း စက်တင်ဘာ ၅၊ ၂၀၂၄ သပြေကုန်းရွာအုပ်စု (အွိုင်ႏတဖြေကွုံꩻ) အတွင်း အသက်(၁၈)နှစ်အထတ် (၄၀)အောက်အမျိုးသားမအားလုံး မဖြစ်မနေအခြေခံစစ်သင်တန်းတက်ရမည် ဟု PNO ပြည်သူ့စစ်က ပြောဆိုထားကြောင်း စက်တင်ဘာလ(၅)ရက်နေ့တွင် ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ သပြေကုန်းရွာအုပ်စု(အွိုင်ႏတဖြေကွုံꩻ)အတွင်းရှိ ကျေးရွာများမှ အသက်(၁၈)နှစ်အထက် (၄၀)အောက်အမျိုးသားများအားလုံးသည် PNO ပြည်သူ့စစ် အခြေခံစစ်သင်တန်းအား မဖြစ်မနေအကုန်တက်ရောက်ရမည်ဟု ဆိုသည်။ “တစ်အိမ်တစ်ယောက်မဟုတ်ဘူး ဟိုညအစည်းဝေးခေါ်တာတော့ သင်တန်းနေရာ…

Night 38 ညစျေးကို VX Tea House သို့ပြောင်းရွှေ့မှုကြောင့် ဆိုင်ခန်းဖွင့်သူများ ပိုမိုအဆင်ပြေလာဟုဆို

ခမ်းသားငေါဝ်း စက်တင်ဘာ ၅၊ ၂၀၂၄ တောင်ကြီးမြို့ ကမ္ဘောဇလမ်းမကြီးပေါ်ရှိ VX Tea House ခြံဝန်းတွင်း Night 38 ညစျေးရှိ ဆိုင်ခန်းတချို့ ပြောင်းရွှေ့လာမှုကြောင့် စျေးဆိုင်ဖွင့်သူများနှင့် လာရောက်ဝယ်စားသူများအတွက် ယာဉ်ကြော ရှင်းလင်းပြီး အေးအေးဆေးဆေး သွားရောက်နိုင်ကြောင်း ဒေသခံထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်ရှိ နာမည်ကြီးသည့် Night 38 ညစျေးသည် ကမ္ဘာဇလမ်းမကြီးပေါ်ရှိ…

ဖာမွန်းပန်းခြံတွင်ရောက်ရှိလာသည့် စစ်ဘေးရှောင်မိဘမဲ့ကလေးများအတွက် စားဝတ်နေရေးအကူအညီလိုအပ်နေ

ခမ်းသားငေါဝ်း စက်တင်ဘာ ၅၊ ၂၀၂၄ ဖာမွန်းပန်းခြံနေရာဟောင်းတွင် လားရှိုးမှလာသည့်စစ်ဘေးရှောင်မိဘမဲ့ကလေးများ စားဝတ်နေရေးအတွက် အကူအညီလိုအပ်နေကြောင်းစက်တင်ဘာလ(၅)ရက်နေ့တွင် စစ်ရှောင်ကူညီသူတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ဖာမွန်းပန်းခြံဟောင်းတွင် လားရှိုးမှစစ်ဘေးရှောင်လာသည့် မိဘမဲ့ကလေးဦးရေတိုးလာသဖြင့် စားဝတ်နေရေးအခက်အခဲနှင့်ကြုံတွေ့နေရသည်။ “အဓိကရေရှည်တွက်တော့ အစားအသောက်တွေပေါ့နော်၊ စစ်ရှောင်ဦးရေကလည်း အရင်ကထက်တိုးလာတယ်ဆိုတော့လေ၊ အဲတော့ကျွန်တော်တို့ကနေစရာထပ်တိုးချဲ့ဖို့တွက် ပျဥ်နဲ့သွပ်မိုးသွပ်ကာတွေလည်းလိုအပ်နေတယ်”ဟု စစ်ဘေးရှောင်ကူညီသူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။ လက်ရှိဖာမွန်းပန်းခြံတွင် မိဘမဲ့ကလေး(၈၀)နှင့်သာမာန်စစ်ဘေးရှောင်အယောက်(၆၀)ရှိပြီး စုစုပေါင်းစစ်ဘေးရှောင်ဦးရေ(၁၄၀)‌ရှိကြောင်း သိရသည်။ “ကလေးတွေကိုတော့အ.ထ.က ဖာမွန်းကျောင်းနဲ့လွယ်ကောင်းမူလတန်းကျောင်းမှာ ခွဲပြီးအပ်ထားတယ်၊…

အင်းစိန်ထောင်တွင် နိုင်ငံရေးအကျဉ်းသားတစ်ဦးကို အကျဥ်းသားအခန်းလူကြီးက မုဒိမ်းကျင့်

ခမ်းသားငေါဝ်း စက်တင်ဘာ ၅၊ ၂၀၂၄ အင်းစိန်ထောင်ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် နိုင်ငံရေးအကျဥ်းသားတစ်ဦးကို အကျဥ်းသားအခန်းလူကြီးက မုဒိမ်းကျင့်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာအကျဥ်းသားများကွန်ရက် က စက်တင်ဘာလ ၄ ရက်နေ့တွင်ထုတ်ပြန်ထားသည်။ ရန်ကုန်၊အင်းစိန်ထောင်ဆေးရုံတွင် တီဘီရောဂါအတွက် တီဘီသမားတွေထားသည့် အခန်းတွင် ဆေးကုသမှုခံယူနေသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးကို အကျဉ်းသားအခန်းလူကြီးက မုဒိမ်းပြုကျင့်ခဲ့ကြောင်း သိရသည်။ ပုဒ်မ(၅၀)ညဖြင့် ထောင်ဒဏ် (၁၁) နှစ်ချမှတ်ခံထားရသော အသက်(၂၅)နှစ်အရွယ် နိုင်ငံရေးအကျဉ်းသားတစ်ဦးကို ပုဒ်မ…