Tag: ခမ်းသားငေါဝ်း

ခိုလမ်မြို့ အခြေစိုက်တပ်ရင်းမှ တပ်ကြပ်ကြီး (၁)ဦးကို အရှင်ဖမ်းမိ

ခမ်းသားငေါဝ်း စက်တင်ဘာ ၉၊၂၀၂၄ ခိုလန်မြို့ အခြေစိုက် တပ်ရင်းမှ တာဝန်ကျသည့်စစ်ကောင်စီတပ် တပ်ကြပ်ကြီး(၁) ဦးကို စက်တင်ဘာလ (၇) ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များမှ ဖမ်းဆီးရမိကြောင်း Royal Defence Force က သတင်းတွင် ထုတ်ပြန်ထားသည်။ ရှမ်းပြည်တောင်ပိုင်း၊နမ့်စန်မြို့နယ်၊ခိုလန်မြို့ အခြေစိုက် တပ်ရင်းမှ တာဝန်ကျသည့်စစ်ကောင်စီတပ်မှ ခိုလမ်မြို့ပခုက္ကူမြို့နယ်၊အင်ပင်ကျေးရွာသို့ မိသားစုကို ပြန်လည်ခေါ်ဆောင်ရန်သွားချိန် Royal Defence…

လားရှိုးမြို့ကို စစ်ကောင်စီမှ လေယာဉ်ဖြင့် ထပ်မံ‌ဗုံးကျဲချသဖြင့် နေအိမ်နှင့် ပြည်သူများထိခိုက်မှုရှိနေ

ခမ်းသားငေါဝ်း စက်တင်ဘာ ၉၊ ၂၀၂၄ လားရှိုးမြို့တွင် ယနေ့ စက်တင်ဘာလ (၉)ရက် နံနက် (၁၀)နာရီ (၂၅)မိနစ်အချိန်တွင် စစ်ကောင်စီက လေယာဉ်ဖြင့် ထပ်မံ ဗုံးကျဲချသဖြင့် ပြည်သူနေအိမ်များ ထိခိုက်မှုရှိကြောင်း ဒေသခံထံမှ သိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် တတိယအကြိမ် လေယာဉ်ဖြင့် ဗုံးကျဲမှုဖြစ်ပြီး ပြည်သူနှင့်နေအိမ်များ ပျက်စီးမှုရှိနေကြောင်း လူထိခိုက်မှုစာရင်းကိုတော့ အတိအကျမသိရသေးကြောင်း လားရှိုးဒေသခံက ပြောသည်။…

ပြည်သူများကို လက်နက်ကိုင်အဖွဲ့များနှင့် မပတ်သက်ရန် စစ်ကောင်စီသတိပေးခြိမ်းခြောက်

ခမ်းသားငေါဝ်း၊ စင်တင်ဘာ ၉၊၂၀၂၄ လက်နက်ကိုင်အဖွဲ့တို့ ဝင်ရောက်နေထိုင်လျက်ရှိသည့် မြို့ရွာများရှိ ပြည်သူများအနေဖြင့် ၎င်းတို့အသုံးချမှုမခံရစေရန်နှင့် ဘေးကင်းလုံခြုံမှုရှိစေရန်အတွက် သတိပြုကြရန်လက်နက်ကိုင်များနှင့် သတင်းရရှိမှုပေါ်မူတည်ပြီး တုံ့ပြန့်ဆောင်ရွက်မည့်အကြောင်း စစ်ကောင်စီဥက္ကဌက ခြိမ်းခြောက်ပြော ဆိုထားသည်။ လက်နက်ကိုင် အကြမ်းဖက်သောင်းကြမ်းသူများအနေဖြင့် ၎င်းတို့အဓမ္မဝင်ရောက်နေထိုင်သည့်မြို့ရွာများ၌ တပ်မတော်၏တန်ပြန်ထိုးစစ်ဆင်မှုများကို ကာကွယ်ရန်အတွက် ပြည်သူတို့၏နေအိမ်အဆောက်အဦးများ၊ အရပ်ဘက်အုပ်ချူပ်မှုဆိုင်ရာအဆောက်အဦးများကိုအသုံးပြုခြင်း၊ အပြစ်မဲ့ပြည်သူလူထုကိုလူသားတံတိုင်းအဖြစ်အသုံးပြုနိုင်ရေး၊ ယာယီနေရပ်စွန့်ခွာနေရသူများကို ပြန်လည်နေထိုင်ရန်ဆွဲဆောင်စည်းရုံးခြင်း၊ အတင်းအဓမ္မ လူသစ်စုဆောင်းခြင်းများကိုလုပ်ဆောင်လျက်ရှိကြောင်း စစ်ကောင်စီမှစွပ်စွဲပြောဆိုထားသည်။ “ဘယ်သူမဆိုကိုယ့်အိမ်ကိုပြန်ချင်ကြတာပဲလေ၊ ကိုယ်ရွာကိုပြန်နေတာ…

ရှမ်းမြောက်၌ TNLA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်နေ

ခမ်းသားငေါဝ်း စက်တင်ဘာ ၉၊၂၀၂၄ နောင်ချိုမြို့နယ် သဲခေါ်ရွာ၊ မကျီးရေရွာနှင့် စစ်ကောင်စီ အမြောက်တပ်(၃၅၄)တပ်စခန်းတိုက်ပွဲတွင် TNLA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွါးလျက်ရှိကြောင်း TNLA သတင်းဌာနမှ ထုတ်ပြန်ထားပါသည်။ ရှမ်းမြောက်ပိုင်း နောင်ချိုမြို့နယ် သဲခေါ်ရွာ၊ မကျီးရေရွာ၌ စက်တင်ဘာ ၇ ရက် နံနက် (၄း၁၀) နာရီအချိန်တွင် သဲခေါ်ရွာ၊ မကျီးရေရွာနှင့် စစ်ကောင်စီအမြောက်တပ် (၃၅၄)တပ်စခန်း နံနက်…

ဝမ်ဟိုင်းဌာနချုပ်သို့ ရှောက်ရှိသည့် စစ်ဘေးရှောင်ပြည်သူများအား SSPP/SSA မှ စားနပ်ရိက္ခာများကူညီ

ခမ်းသားငေါဝ်း စက်တင်ဘာ ၈၊ ၂၀၂၄ ရှမ်းပြည်တောင်ပိုင်း ဝမ်ဟိုင်းမြို့သစ်သို့် ရောက်ရှိကြသည့် စစ်ဘေးရှောင်ပြည်သူများအတွက် လိုအပ်သည့် စားနပ်ရိက္ခာအကူအညီများကို စက်တင်ဘာ လ ၇ ရက်နေ့တွင် သွားရောက်ကူညီ ပေးခဲ့ကြောင်း SSPP/SSA မှယနေ့ထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲဖြစ်ပွားသည့် မြို့နယ်များမှ ဝမ်ဟိုင်းမြို့သစ် SSPP/SSA ဌာနချုပ်သို့ ရောက် ရှိ ခိုလှုံထားကြသည့် စစ်ဘေးရှောင်ပြည်သူ အယောက် (၈၀)…

ခရမ်းချဉ်သီးတစ်ပိဿာ ၁ ရာကျပ်ထိ ဈေးမရသဖြင့် ဒေသခံများ လမ်းဘေးတွင် သွန်ပစ်ရ

ခမ်းသားငေါဝ်း စက်တင်ဘာ ၈၊ ၂၀၂၄ ပင်လောင်း၊ နောင်တရားဒေသဖက်တွင် ခရမ်းချဉ်သီး တစ်ပိဿာ ၁ ရာကျပ်ထိဈေးမရသဖြင့် ဝယ်သူလည်းမရှိသောကြောင့် ဒေသခံများ သွန်ပစ်ရနေသည်ဟု ဒေသခံတောင်သူများထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်း နောင်တရားဒေသတွင် ယခုလအတွင်းတွင် တောင်သူများစိုက်ပျိုးထားသည့်း ခရမ်းချဉ်သီး စျေးမရှိသည့်အပြင် ဝယ်သူလည်းမရှိသောကြောင်းဒေသခံ များသွန်ပစ်နေရကြောင်း သိရသည်။ “၁ ပိဿာကို ၁၀၀ တောင်မရတော့ဘူး။ ဝယ်သူလည်းမရှိတော့ သွန်ရတယ်။…

ထိုင်းတောင်ပိုင်းက မြန်မာစာသင်ကျောင်း ၆ ကျောင်းကို ထိုင်းကပိတ်ပင်

ခမ်းသားငေါဝ်း စက်တင်ဘာ ၈၊၂၀၂၄ ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီ ပြည်နယ်တွင် မေတ္တာရိပ်ကျောင်း အပါအဝင် မြန်မာ စာသင်ကျောင်း ၆ ကျောင်းတွင် မြန်မာနိုင်တော်သီချင်းသီဆိုသည့်အတွက် ဗွီဒီဖိုင်နှင့်အတူ တိုင်းကြားခံရပြီး ပိတ်ပင်ခြင်းခံရကြောင်း သိရသည်၊၊ မြန်မာစာသင်ကျောင်းများသည် တရားမဝင် ဖွင့်လှစ်ထားခြင်းဟုဆိုကာ ထိုင်းပညာရေး ဝန်ကြီးဌာန က ပိတ်သိမ်းလိုက်ပြီး နောက်ထပ် အခုလို ကျောင်းတွေ ရှိမရှိစုံစမ်း စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်၊၊…

စက်တင်ဘာ ပထမပတ်အတွင်း စစ်ကောင်စီလေကြောင်းဖြင့်ဗုံးကြဲခြင်းကြောင့် သေဆုံးသူ ၄၀ ခန့်ထိရှိလာ

ခမ်းသားငေါဝ်း စက်တင်ဘာ ၈၊ ၂၀၂၄ စစ်ကောင်စီလေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စက်တင်ဘာ ပထမပတ် ၆ ရက်အတွင်း ကလေး၊ အမျိုးသမီးအပါအဝင် ၃၉ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူနှင့် အဆောက်အဦးများပျက်စီးမှုရှိခဲ့ကြောင်း NUG ကထုတ်ပြန်ထားသည်၊၊ ထိုသေဆုံးမှုများသည် စက်တင် ၁ ရက်နေ့မှ ၆ ရက်နေ့အတွင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အပြစ်မဲ့ အရပ်သား ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ…

လားရှိုးမြို့ ဒုတိယအကြိမ် စစ်ကောင်စီမှ လေယာဥ်ဖြင့် ဗုံးကျဲခြင်းကြောင့် နေအိမ်နှင့် ဟိုတယ်ပျက်စီး

ခမ်းသားငေါဝ်း စက်တင်ဘာ ၈၊ ၂၀၂၄ လားရှိုးမြို့တွင်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် နေအိမ်၊ဟိုတယ် ထိခိုက်ပျက်စီးမှုရှိပြီး ပြည်သူများ စိုးရိမ်ပူပန်နေကြောင်း သိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း MNDAA ထိန်းချုပ်ထားသော လားရှိုးမြို့တွင် စက်တင်လ (၈)ရက် မနက် (၄)နာရီအချိန်တွင်၊စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် နေအိမ်နှင့် ဟိုတယ် ပျက်စီးမှုရှိခဲ့သည်။ “မနက်အစောကြီး အိပ်မောကြနေတဲ့အချိန် လာကျဲသွားတာ၊ ဘယ်ကိုပြေးရမလဲနဲ့ ပြာယာခက်သွားတယ်။ ကြောက်တာပေါ့…

စစ်ကောင်စီ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် TNLA အကြီးကဲအချို့နှင့် မိသားစုဝင်များ ထိခိုက်သေဆုံးခဲ့ ဆိုခြင်းသည် သတင်းမှား

The people’s voice- ခမ်းသားငေါဝ်း Fact check ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့ ဒီနေ့မနက် ၁ နာရီခွဲခန့်တွင် တအောင်း(ပလောင်) အမျိုးသားလွတ် မြောက်ရေး တပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့တွင်းကို စစ်ကောင်စီမှဂျက်လေယာဥ် ဖြင့် ဗုံး(၂)လုံး ကြဲချတိုက်ခိုက်မူကြောင့် TNLA အကြီးကဲအချို့နှင့် မိသားဝင်များ ထိခိုက်သေဆုံးခဲ့သည်ဟု အာဏာသိမ်း…