ပင်လောင်းမြို့နယ်တွင် သောက်သုံးရေရှားပါးမှုကြောင့် စစ်ရှောင်များ ဝမ်းလျှော၊ ဝမ်းပျက်ဖြစ်ပွားနေ
ခမ်းသားငေါဝ်း၊ မတ် ၉၊ ၂၀၂၃ စစ်ရှောင်အများစုရောက်ရှိနေသော ပင်လောင်းမြို့နယ်တောင်ဖက်ကျေးရွာများတွင် သောက်သုံးရေရှားပါးမှုကြောင့် စစ်ရှောင်များ ဝမ်းလျှော၊ ဝမ်းပျက်ဖြစ်ပွားနေကြောင်း မတ်လ ၉ရက်တွင် သိရသည်။ တောတောင်ထဲရှိ ဂူထဲတွင် စစ်ဘေးတိမ်းရှောင်ပုန်း နေရသော စစ်ရှောင်များသည် ဝမ်းလျှော၊ဝမ်းပျက်ဖြစ်ပွားမှုအပြင် ရာသီဥတုဒဏ်အလူးအလဲခံနေရပြီး နှာစေး ချောင်းဆိုးရောဂါများလည်းဖြစ်ပွားနေကြောင်းသိရသည်။ ဝမ်းလျှော၊ ဝမ်းပျက်ဖြစ်ပွားသူမှာ ၂၀၀၀ခန့်ရှိပြီး တောထဲ တိမ်းရှောင်နေသည့် စစ်ရှောင်များ နှင့် ပင်လောင်းတောင်ဖက်ဒေသရှိ…