Tag: ခမ်းသားငေါဝ်း

ကြက်သွန်ဖြူ ထွက်စအချိန်တွင် တစ်ပိဿာ ၄၀၀၀ ကျပ်ထိစျေးရရှိနေ

ခမ်းသားငေါဝ်း၊ မတ် ၈၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ကြက်သွန်ဖြူ စတင်ထွက်ပေါ်ချိန်မှာ တစ်ပိဿာ ၄၀၀၀ကျပ်ထိ စျေးရရှိနေကြောင်းမတ်လ ၈ရက်နေ့တွင် သိရသည်၊၊ စျေးကောင်းရနေသော်လည်း ယခုနှစ်မှာ ကြက်သွန်ဖြူအထွက်နှုန်းနည်းပြီး စိုက်ပျိုးသူလည်းနည်းပါးလာကြောင်း ညောင်ရွှေမြို့နယ် ကြက်သွန်ဖြူစိုက်ပျိုးတောင်သူမနန်းဗွာက ပြောသည်၊၊ ” ကြက်သွန်စျေးက အကြီးဆို တပိဿာ ၄၀၀၀ရှိတယ် ဒါပေမယ့် ဒီနှစ်က စိုက်တဲ့သူနည်းတယ် တစ်ချို့ကရောင်းတဲ့သူရှိတယ်…

ရှမ်းတောင်တွင်စိုက်ပျိုးသော မိုးလွတ်ရွှေဖီဦး လက်ဖက်ရွက်နုသစ် စျေးကောင်းရရှိနေ

ခမ်းသားငေါဝ်း၊ မတ်၇၊ ၂၀၂၃ ရှမ်းပြည်တောင်ပိုင်း၏ ဒေသထွက်ကုန်တစ်ခုအဖြစ်ရပ်တည်လျှက်ရှိသော မိုးလွတ်ရွှေဖီဦး ရွက်နုသစ်မှာ ယခုထွက်ရှိချိန်အစတွင် စျေးကောင်းရရှိနေပြီး ဝယ်ယူလိုသူများနေကြောင်း မတ်လ ၇ရက် တွင် သိရှိရသည်။ ရွှေဖီမိုးလွတ်လက်ဖက်များကို နှစ်စဥ် တန်ခူးလဆန်းပိုင်းမှစ၍ စတင်ခူးယူနေလျှက်ရှိနေပြီး ကဆုန်လပြည့်ကျော် မိုးရာသီဝင်သည်အထိ လက်ဖက်စိုများ၊ လက်ဖက်ခြောက်များ ထုတ်လုပ်ကာ အနယ်နယ်အရပ်သို့ တင်ပို့ရောင်းချကြသည်။ ” အခုက လက်ဖက်ရွက်နုရတဲ့သူ နည်းနေသေးတယ် ရွှေဖီချိန်ဆိုတော့…

ဆီဆိုင်မြို့တွင်း ရေပေးဝေရာတွင် ရပ်ကွက်နေပြည်သူများရေပုံမှန်မရရှိ

ခမ်းသားငေါဝ်း၊ မတ် ၇၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့အတွင်း ရေပေးဝေရာတွင် ရပ်ကွက်နေပြည်သူများ ရေပုံမှန်မရှိသဖြင့် ပိုက်ဆံဖြင့်ဝယ်သုံးနေရကြောင်း မတ်လ ၇ ရက်က မြို့နေလူထုများ ပြောပြချက်အရသိရသည်။ ရေထွက်ဦးမှ ဆီဆိုင်မြို့၆ရပ်ကွက်သို့ရေများဖြန့်ဝေရာတွင် ခမရ ၄၂၃/ ခမရ၄၂၄ တပ်အတွင်းသာ ရေပုံမှန်ရရှိကြောင်း မြို့ခံများပြောဆိုချက်အရ သိရသည်။ ဆီဆိုင်မြို့ခံတစ်ဦးက “မြို့ထဲကလူတွေက ရေတခါမှပုံမှန်မရဘူး၊ စစ်တပ်ကျ ရေခြံတွေပါစိုက်တာ၊ သူတို့စိုက်တဲ့…