Tag: ခမ်းသားငေါဝ်း

ကရင်နီ (ကယား)ပြည်တွင် တိုက်ပွဲပြင်းထန်မှုကြောင့် လွိုင်ကော်မြို့ပေါ်သို့ စစ်ရှောင် အများအပြားရောက်လာ

ခမ်းသားငေါဝ်း ဇူလိုင်လ ၁၊၂၀၂၃ ကယား (ကရင်နီ)ပြည်အနှံတွင် တိုက်ပွဲများပြင်းထန်လာမှုကြောင့် ဒေါတမကြီးမြို့နယ်၊ မယ်စဲ့မြို့နယ်၊ ဖားဆောင်းမြို့နယ်၊ ဘောလခဲမြို့နယ်မှ ဒေသပြည်သူများသည် လွိုင်ကော်မြို့ပေါ်သို့ အများအပြားစစ်‌ ရှောင်လာကြသည်ဟု သိရှိရသည်။ ယခု လွိုင်ကော်မြို့ပေါ် စစ်ရှောင်စခန်းတွင် စစ်ရှောင်ဦးရေ တစ်သောင်းလေးထောင် ကျော်ရှိပြီး စစ်ရှောင်စာရင်းများ ဆက်လက်ကောက်ယူနေဆဲဖြစ်သည်ဟု သိရှိရသည်။ စစ်ရှောင်များသည် ရုတ်တရက် စစ်ရှောင်လာရခြင်းကြောင့် ကိုယ်တစ်ခု အဝတ်တစ်ထည်သာ ပါရှိပြီး…

ဆိုက်ခေါင်စံပြကျေးရွာတွင် ၁၁ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး မုဒိန်းကျင့်ခံရ

ခမ်းသားငေါဝ်း ဇွန်လ ၃၀၊ ၂၀၂၃ ရှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြ ကျေးရွာ ရပ်ကွက်တစ်ခုတွင် အသက် ၁၁ နှစ်အရွယ်မိန်းကလေးငယ်တစ်ဦး မုဒိန်းကျင့်ခံရ ကြောင်း ဇွန်လ ၃၀ ရက်နေ့က သိရသည်။ ယင်းကလေးငယ်သည် အသက် ၁၁ နှစ်အရွယ် ၄ တန်းကျောင်းသူဖြစ်ပြီး ဇွန်လ၂၉ ရက် (အစ်နေ့) ကျောင်းပိတ်ရက်တွင် ဖြစ်ပွားခဲ့…

ဘေးအန္တရာယ်ရှိနိုင်သည့် ကုန်ပစ္စည်းများ၊ ကလေးမုန့်များကို ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီ ဝင်ရောက်စစ်ဆေးမှု လုပ်ဆောင်

ခမ်းသားငေါဝ်း၊ ဇွန်လ ၂၂၊၂၀၂၃ တောင်ကြီးမြို့တွင် ကုန်စည်အမျိူးအစားအလိုက် သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသော ကုန်ပစ္စည်းများ နှင့် ဘေးအန္တရာယ်ရှိနိုင်သော ကုန်ပစ္စည်းများ ကို ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီအဖွဲ့က ဝင်ရောက်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း ဇွန်လ ၂၂ ရက်နေ့က သိရသည်။ ယခုကဲ့သို ကျောင်းဖွင့်ရာသီတွင် ကလေးများအတွက် မုန့်ရောင်းအား အကောင်းဆုံးဖြစ်ကြောင်း၊ အချို့မုန်ဆိုင် နှင့် ကျောင်းမုန့်စျေးတန်းအချို့တွင် က‌လေးအကြိုက် တရုတ်မုန့်အများအပြားရောင်းချနေခြင်းတွေ့ရကြောင်း၊ အချို့မုန့်များတွင်…

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးမှု ကင်းမဲ့လာသည့် နမ့်စန်မြို့

ခမ်းသားငေါဝ်း၊ ဇွန်လ ၂၂၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် လောင်းကစားနှင့် မူးယစ်းဆေးဝါးသုံးစွဲမှုများပြားလာသည်နှင့်အမျှ ဒုစရိုက်မှု၊ မုဒိန်းမှုများ နေ့စဉ်ဖြစ်ပွားမှုရှိနေပြီး ဒေသတွင်း တရားမျှတမှု တရားဥပဒေစိုးမိုးမှု အားနည်းနေကြောင်း သိရှိရသည်။ “ဒီမှာက မူးယစ်‌ဆေးဝါးသုံးမယ်ဆိုရင် အရမ်းလွယ်ကူတယ်။ ဘာလို့လွယ်ကူလည်းဆိုရင် ဝယ်ယူရတာလည်းလွယ်တယ်။ သုံးရင်လည်း ဘယ်သူမှ မတားဘူး မဖမ်းဘူးဆိုတော့လေ။ သုံးစွဲသူတွေက အရွယ်စုံဘဲ အများအားဖြင့် လူငယ်တွေပိုများတယ်။ လူငယ်ထဲမှာဆိုရင် အမျိုးသမီးတွေလည်းပါတယ်။…

အသုံးပြုသည့် Sim ကဒ်များ မှတ်ပုံတင်ထားပြီး သော်လည်း Operator များ၏မကြာခဏ ပြန်လည်မှတ်ပုံတင်ခိုင်းခြင်းကြောင့် အသုံးပြုပြည်သူများ စိတ်အနှောက်အယှက်ဖြစ်

ခမ်းသားငေါဝ်း၊ ဇွန်လ ၂၁၊၂၀၂၃ အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ ဖိအားပေးမှုကြောင့် ဆက်သွယ်ရေး အော်ပရေတာများသည် အများပြည်သူအသုံးပြုနေသည့် ဖုန်းဆင်းကဒ်များကို မှတ်ပုံတင်ပြန်လည်ပြုလုပ်ခိုင်းခြင်းများကြောင့် ဆင့်ကဒ်အသုံးပြုပြည်သူများ စိတ်အနှောက်အယှက်ဖြစ်ရကြောင်း ပြည်သူများထံမှ သိရှိရသည်။ ပြီးခဲ့သည့် ဧပြီလ နှင့် မေလများတွင် MPT ၊ ATOM များအပါအဝင် ပြည်တွင်းဆက်သွယ်‌ရေးအော်ပရေတာများမှ SimReg ဆိုသော ခေါင်းစဉ်ဖြင့် ဆင်းကဒ်ကတ် မှတ်ပုံတင်ပြန်လည်ပြုလုပ်ခိုင်း သည့်…

နောင်တရားစျေးသစ်သို့ရောက်ရှိသည့် စစ်ရှောင်ပြည်သူများ အရေးပေါ်ဆေးဝါးလိုအပ်

ခမ်းသားငေါဝ်း၊ ဇွန်လ ၂၁၊ ၂၀၂၃ ပင်လောင်းမြို့နယ် နောင်တရားဒေသ စျေးသစ်တွင်ရောက်ရှိသည့် စစ်ဘေးရှောင် များ ကျန်းမာရေး စောင့်ရှောက်မှု နှင့် ဆေးဝါးများအရေးပေါ်လို့အပ်နေကြောင်း ဇွန်လ ၂၁ ရက်က သိရသည်။ မိုးရာသီဖြစ်သည့်အတွက် ရာသီတုတ်ကွေးများ၊ ဝမ်းပျက်ဝမ်းလျောများဖြစ်ပွားခြင်းကြောင့်ဖြစ်သည်။ “လောလောဆယ် အိမ်ထောင်စု (၇၈)ခု ရှိတယ်၊ မိုးရာသီဆိုတော့ တုတ်ကွေး၊ဝမ်းပျက်ဝမ်းလျှောတာတော့ ရှိတာပေါ့၊ကလေးရော လူကြီးတွေပါ ဖြစ်ကြတာ၊ တစ်လောကလည်း…

၁၄၈ကြိမ်မြောက် ကရင်နီအမျိုးသားနေ့တွင် အမျိုးသားရေးအတွက် ကျရာအခန်းကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်ကြရန် KNPP မှာကြား

ခမ်းသားငေါဝ်း၊ ဇွန်လ ၂၀၊၂၀၂၃ ရောက်ရှိမည့် ဇွန်လ ၂၁ ရက်နေ့ ၁၄၈ ကြိမ်မြောက် ကရင်နီအမျိုးသားနေ့တွင် ကရင်နီပေါ်ပေါက်ရေးသည် ရောက်ရှိသည့်နေရာ၌ အမျိုးသားရေးအတွက် ကျရာအခန်းကဏ္ဍမှ ပူးပေါင်းဆောင်ရွက်ကြရန် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ပေးပို့သည့်သဝဏ်လွှာတွင် မှာကြားသည်၊၊ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီအပါအဝင် အခြားပြည်နယ်များ၊ တိုင်းဒေသကြီးများကို စစ်ကောင်စီက သာလွန်အင်အားများဖြင့် လက်နက်ကြီးအတွဲလိုက်ပစ်ခတ်ခြင်း၊ ဒုံးကျည်များအသုံးပြုရုံသာမက တိုက်လေယာဥ် စစ်လေယာဥ်များဖြင့်ပါ အပစ်မဲ့ပြည်သူလူထုများကို…

အာဏာသိမ်းကာလအတွင်း CDM ပြုလုပ်ထားသည့် ကျောင်းသား/သူများအတွက် တအောင်းမြေတက္ကသိုလ် ဖွင့်လှစ်သွားမည်

ခမ်းသားငေါဝ်း၊ ဇွန်လ ၂၀၊၂၀၂၃ စစ်အာဏာရှင်ကိုဆန့်ကျင်ပြီး CDM ပြုလုပ်ထားသည့် ကျောင်းသား‌ ကျောင်းသူများအတွက် ရည်ရွယ်ကာ တအောင်းမြေတက္ကသိုလ် ပထမနှစ်သင်တန်းကို ၂၀၂၄ တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း တအောင်းအမျိုးသားပညာရေးကော်မတီ TNEC ကထုတ်ပြန်ထားသည်။ တအောင်းမြေတက္ကသိုလ်တက်ရောက်မည့်ကျောင်းသားများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်စာမေးပွဲ (BECA) အောင်မြင်ပြီးသူများနှင့် ၂၀၂၁ခုနှစ်စစ်အာဏာမသိမ်းမှီ ကာလတွင် အခြေခံပညာပြီးမြောက်သူများ တက်ရောက်နိုင်မည်ဟု ပါရှိသည်။ တအောင်းဒေသ၏ အဆင့်မြင့်ပညာရေးကို…

အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခအတွင်း အမျိုးသမီးများလိင်အကြမ်းဖက်ခံရမှု ၅၉ မှုအထိရှိလာ

ခမ်းသားငေါဝ်း၊ ဇွန်လ ၁၇၊၂၀၂၃ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖော်ဖော်ဝါရီလမှ ယနေ့အချိန်ထိ အမျိုးသမီးများအပေါ် အကြမ်းဖက်ကျူးလွန်ခံရမှု ၅၉ မှုအထိရှိကြောင်း မြန်မာအမျိုးသမီးများသမ္မဂ (BWU) ထုတ်ပြန်ချက်အရ သိရသည်။ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု (၃၆)မှုနှင့် အိမ်တွင်းအကြမ်းဖက်မှုအပါအဝင် ကာမလိမ်လည်မှု (၂၃)မှုရှိပြီး အကြမ်းဖက်မှုစုစုပေါင်း (၅၉)မှု ရှိ‌ခဲ့သည်။ “လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ပတ်သက်လို့ အမြဲထောက်ပြပြောဆိုတာတွေရှိတယ်။ အမှုမှန်ရရှိရေးအတွက် ကူညီလုပ်ဆောင်တာမျိုး၊စည်းရုံးလုပ်ဆောင်တာလည်းရှိတယ်။…

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီကိုအဖွဲ့ဝင် (၆)ဦးဖြင့် ကနဦးတွင်စတင်ဖွဲ့စည်း

ခမ်းသားငေါဝ်း၊ ဇွန်လ ၁၃၊၂၀၂၃ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC)ကို ကောင်စီအဖွဲ့ဝင်(၆)ဦးဖြင့် ကနဦးတွင် စတင်ဖွဲ့စည်းထားကြောင်း ယမန်‌နေ့ ဇွန် ၁၂ ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်၊၊ ကရင်ပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC သည် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်ရန်၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အကောင်အထည်ဖော်နိုင်ပြီး လူထု၏ အဓိကလိုအပ်ချက်ဖြစ်သော ပညာရေး၊ကျန်းမာရေး၊ စားနပ်ရိက္ခာ နှင့်အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်ဖြစ်ကြောင်း…

You missed