Tag: ခမ်းသားငေါဝ်း

ပင်လောင်းမြို့ပင်စုံရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီလက်နက်ကြီးကြောင့် ကလေးငယ်တစ်ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း ဧပြီ ၁၁၊ ၂၀၂၄ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပင်စုံရွာထဲသို့ စစ်ကောင်စီလက်နက်ကြီးပစ်ခတ်လာခြင်းကြောင့် အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးသွားခဲ့ပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်းရွာခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊နန်တုတ်ကျေးရွာအုပ်စု ပင်စုံရွာတွင်ဧပြီလ ၁၀ ရက်နေ့ကစစ်ကောင်စီလက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်လာခြင်းကြောင့် ကလေးငယ်တစ်ဦး…

ပစ္စည်းပြန်ယူသည့် စစ်ရှောင်လင်မယား PNO ပြည်သူ့ စစ် စစ်ကြောင်းနှင့်တိုး၍ မယားဖြစ်သူပစ်သတ်ခံရ

ခမ်းသားငေါဝ်း ဧပြီ ၁၁၊၂၀၂၄ နောင်သိမ်ရွာမှ စစ်ဘေးရှောင် လင်မယားနှစ်ဦး ရွာတွင်းပစ္စည်းပြန်ယူစဥ် စစ်ကောင်စီလက်အောက်ခံ PNO စစ်ကြောင်းနှင့်တိုး၍ မယားဖြစ်သူ ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံထံကသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် နမ်းတဘက်ချောင်းအုပ်စု နောင်သိမ်ရွာတွင် ဧပြီလ ၁၀ ရက်နေ့…

ပင်ခွန်ကျေးရွာတွင် ဆိုင်ကယ်နှစ်စီးတိုက်မှုဖြစ်ပြီး တစ်ဦးက ဦးခေါင်းပိုင်းဒဏ်ရာရ

ခမ်းသားငေါဝ်း ဧပြီ ၁၁၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် ပင်ခွန်ကျေးရွာအတွင်း ဧပြီလ ၁၀ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ဆိုင်ကယ်နှစ်စီးတိုက်မှုဖြစ်ပွားပြီး တစ်ဦးသည် ဦးခေါင်းဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံထံက သိရသည်။ ဖြစ်စဥ်မှာ ဆိုင်ကယ်နှစ်စီးရှေ့ဆင့်နောက်ဆင့်တွဲမောင်းရာမှ…

စစ်ကောင်စီ၏ ခလရ – ၂၇၅ တပ်စခန်းအား KNLA နှင့်ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်

ခမ်းသားငေါဝ်း ဧပြီ ၁၁၊ ၂၀၂၄ စစ်ကောင်စီ၏နောက်ဆုံးကျန် ခလရ-၂၇၅တပ်စခန်းအား K.N.L.A နှင့်ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ ကြောင်း ဧပြီလ(၁၁)ရက်နေ့ ကရင်အမျိုးသားအစည်းအရုံး(KNU)ထုတ်ပြန်ချက်အရသိရသည်။ ကရင်ပြည်နယ်၊ မြဝတီမြို့တွင် နောက်ဆုံးကျန်ရှိနေသော စစ်ကောင်စီ၏ ခလရ-၂၇၅တပ်စခန်းအား ဧပြီလ(၁၁)ရက်နေ့ နံနက်(၄း၂၀)နာရီအချိန်တွင် K.N.L.Aနှင့်…

အင်းလေးတွင် စစ်ကောင်စီဦးစီးပြီး ကျင်းပမည့် ရေပေါ် သင်္ကြန်ကို ဒေသခံအချို့မလိုလားကြ ဟုဆို

ခမ်းသားငေါဝ်း ဧပြီ ၁၁၊ ၂၀၂၄ အင်းလေးဒေသတွင် စစ်ကောင်စီဦးစီးပြီး ကျင်းပမည့် ရေပေါ်သင်္ကြန်ပွဲကို ဒေသခံအချို့မလိုလားကြကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် ဧပြီလ ၁၃ ရက်နေ့မှ ဧပြီလ ၁၆ ရက်နေ့အထိ…

လွိုင်ကော်တွင် အစဥ်အလာမပျက် သင်္ကြန်ကျင်းပမည်ဆိုခြင်းသည် သက်သက်မဲ့ဝါဒဖြန့်ခြင်းသာဖြစ်ဟုဆို

ခမ်းသားငေါဝ်း ဧပြီ ၁၁၊၂၀၂၄ ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့အတွင်း စစ်ကောင်စီက အစဥ်အလာမပျက် မဟာသင်္ကြန်ပွဲကျင်းပနိုင်ရန် လုပ်ဆောင်ခြင်းသည် သက်သက်မဲ့ဝါဒဖြန့်ခြင်းသာဖြစ်ကြောင်း KNDF မှတာဝန်ရှိသူတစ်ဦးက ပြောသည်။ လွိုင်ကော်မြို့တွင်သုံးပုံ နှစ်ပုံကျော်သည် စစ်သလင်းစစ်မြေပြင်ဖြစ်နေသော်လည်း ယခုနှစ် သင်္ကြန်ကျင်းပရန် စစ်ကောင်စီက ရာထူးကြီးဝန်ထမ်းများကိုခေါ်ယူနေခြင်းသည်…

မိုင်းနင်းမိသည့် လွယ်ဝိုးတုတ်ရွာ အမျိုးသမီးတစ်ဦး ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ရ

ခမ်းသားငေါဝ်း ဧပြီ ၁၁၊ ၂၀၂၄ မိုင်းနင်းမိခဲ့သည့် လွယ်ဝိုးတုတ်ရွာ အမျိုးသမီးတစ်ဦး ခြေထောက်တစ်ဖက် ဖြတ်လိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ လွယ်ဝိုးတုတ်ရွာတွင် မတ်လ၂၉ ရက်နေ့က အမျိုးသမီးတစ်ဦး ခြံသွားစဉ်မိုင်းနင်းမိပြီးလျက်ရှိ စဝ်းစံထွန်းဆေးရုံသို့ ဆေးကုသနေလျှက်ရှိကြောင်း…

လွိုင်ကော်မြို့အဝင်အထွက် လမ်းကြောင်းအားလုံးပိတ်ဆို့ထားသည်ဟုသိရ

ခမ်းသားငေါဝ်း ဧပြီ ၁၁၊ ၂၀၂၄ ကယား(ကရင်နီ)ပြည်ရှိ လွိုင်ကော်မြို့၏ အဝင်အ ထွက်လမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားသည်ဟု ဧပြီလ(၁၁)ရက်က သိရသည်။ ၁၁၁၁ စစ်ဆင်ရေးနောက်ဆက်တွဲနှင့်အတူ လွိုင်ကော်မြို့တွင် တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည့်အ တွက်ကြောင့် လွိုင်ကော်မြို့ရှိ အဝင်အထွက်လမ်းကို လုံခြုံရေးအရ ပိတ်ထားသည်ဟုသိရသည်။…

ဖယ်ခုံမြို့တွင် တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း ပြည်သူများပြန်လည်နေထိုင်ခြင်းမရှိသေး

ခမ်းသားငေါဝ်း ဧပြီ ၁၁၊ ၂၀၂၄ ဖယ်ခုံမြို့တွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း ပြည်သူများပြန်လည်နေထိုင်​ခြင်း မရှိသေးကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီဘက်မှ ဒရုန်းဗုံးကြဲမှု၊ လက်နက်ကြီးပစ်ခတ်မှုများပြုလုပ်နေသောကြောင့် ပြည်သူများပြန်လည်နေထိုင်ခွင့်မရှိသေးဘဲ မြို့ပျက်သဖွယ် ဖြစ်နေကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးကဆိုသည်၊၊…

သရက်ပုရွာအနီးတွင် ကားပျက်၍ကားပြင်ပြီး လမ်းလျှောက်နေစဥ် ကားတိုက်ခံရ သေဆုံး

ခမ်းသားငေါဝ်း ဧပြီ ၉ ၊ ၂၀၂၄ အောင်ပန်း- တောင်ကြီးသွားလမ်း သရက်ပုရွာအနီးတွင် ကားပျက်၍ကားပြင်ပြီးလမ်းလျှောက်နေစဥ် ကားတိုက်ခံရ၍ သေဆုံးသွားခဲ့ကြောင်းသိရသည်။ ဧပြီလ ၈ ရက်နေ့ ည ၈ နာရီဝန်းကျင်အချိန် သရက်ပုရွာအနီးတွင်(ရွှေညောင်)နေ ယာဥ်မောင်း ကိုဇေ~~(ခ)ဖိုးလပြည့်သည်…