Tag: ခမ်းသားငေါဝ်း

ကရင်နီပြည်ရဲဌာန ဖွဲ့စည်းပြီး ၂နှစ်အတွင်း ဒေသအမှုပေါင်း (၃၆၂) မှုအရေးယူဆောင်ရွက်

ခမ်းသားငေါဝ်း ဩဂုတ် ၂၆၊၂၀၂၃ ကရင်နီပြည်နယ် ရဲဌာန (KSP)ဖွဲ့စည်းဆောင်ရွက်ပြီး ၂ နှစ်တာကာလတွင် ဒေသတွင်းအမှုပေါင်း (၃၆၂)မှု အရေးယူဆောင်ရွက်နိုင်ခဲ့ကြောင်း ကရင်နီပြည်ရဲဌာန ၂ နှစ်ပြည့်အစီရင်ခံစာအရ သိရသည်။ ကရင်နီပြည်ရဲဌာန (KSP)အား ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ(KSCC)၏ ကြပ်မတ်လမ်းညွှန်မှုဖြင့် ၂၅.၈.၂၀၂၁ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီးအကြမ်းဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)၌ ပါဝင်ခဲ့သည့်ရဲတပ်ဖွဲ့ဝင်များဖြင့် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ ၂ နှစ်တာကာလတွင် ကရင်နီပြည်နယ်ထိန်းချုပ်နယ်မြေအတွင်း…

တရားမဝင် နှစ်သောင်းတန်ငွေစက္ကူကို သုံးစွဲခြင်း မပြုရန် NUG တားမြစ်

ခမ်းသားငေါဝ်း ဩဂုတ် ၂၅၊၂၀၂၃ အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလဗဟိုဘဏ်အဖွဲ့မှ ပုဂ္ဂလိကဘဏ်များနှင့်ငွေကြေးဝန် ဆောင်မှုလုပ်ငန်းများတွင် တရားမဝင် ၂၀၀၀၀ (နှစ်သောင်း)တန်ငွေစက္ကူကို သုံးစွဲခြင်းမပြုရန် NUG ကဩဂုတ်လ ၂၄ ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအခန်း ၁၂ ပါရှိချက်အရ အကြမ်းဖက်မှုငွေကြေးထောက်ပံ့မှုဆိုင်ရာများအား တားဆီးရန်ရည်ရွယ်၍ ထုတ်ပြန်ခြင်းဖြစ်ကြောင်း ဆိုထားပါသည်။ အဆိုပါ ၂သောင်းတန်ငွေစက္ကူအား လက်ဝယ်ထားရှိခြင်း၊ အရောင်းအဝယ်ပြုလုပ်ခြင်း၊ လွှဲပြောင်းခြင်းများကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုကျူးလွန်ရာရောက်ကြောင်း…

တောင်ကြီးမြို့‌ပေါ်ရပ်ကွက်များတွင် မီတာခမဆောင်သည့်အိမ်များကို စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ မီတာဘောက် လိုက်ဖြုတ်သိမ်း ဟုဆို

ခမ်းသားငေါဝ်း ဩဂုတ် ၂၅၊၂၀၂၃ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် မီတာခမ‌ပေးဆောင်သည့် အိမ်များကို စစ်ကောင်စီလက်အောက် ခံဝန်ထမ်းများက မီတာဘောက်များ လိုက်ဖြုတ်သိမ်း‌နေကြောင်း သိရှိရပါသည်။ ဩဂုတ်လ ၂၅ ရက်နေ့တွင် မြို့ပေါ်ရပ်ကွက်များအတွင်း မီတာဘောက်လိုက်လံဖြုတ်သိမ်းမှုများ ရှိနေပြီး အချို့ရပ်ကွက်များတွင် မီတာဘောက်အလုံး ၂၀ ကျော်အထိ ဖြုတ်သိမ်းခံရသလို အချို့ရပ်ကွက်တွင် ၁၀ လုံးကျော် ဖြုတ်သိမ်းခံရမှုရှိနေကြောင်း မီတာဘောက်လာဖြုတ်သူတစ်ဦးထံမှ သိရသည်။ မီတာဘောက်အဖြုတ်ခံရသည့်အိမ်များသည်…

ဒီးမော့ဆိုအနောက်ဖက်ခြမ်းစစ်ရှောင်စခန်းတွင် စာသင်ဆောင်မလုံလောက်သည့်အတွက် နေအိမ်ထဲထိပါစာသင်ကြားနေရ

ခမ်းသားငေါဝ်း ဩဂုတ်လ၂၅၊၂၀၂၃ ကရင်နီ(ကယား)ပြည်၊ ဒီမော့ဆိုမြို့နယ်၊ ဒေါနိုးကူးစစ်ရှောင်စခန်းတွင် စာသင်ဆောင်လုံလောက်မှုမရှိခြင်းကြောင့် စာသင်ကြားရန်အခက်အခဲရှိနေကြောင်း ဩဂုတ်လ ၂၅ ရက်နေ့တွင်သိရသည်။ စာသင်ဆောင်လုံလောက်မှု မရှိသည့်အတွက် စစ်ရှောင်ကလေးများကို လူနေအိမ်တွင် စသင်ကြားပေးနေရကြောင်းသိရသည်။ ” ကျနော်တို့ရွာက အထက်တန်းအထိစာသင်တာဆိုတော့ စာသင်ဆောင်လည်းမရှိဘူးလေ။ သူများနေအိမ်မှာသင်ရတာပေါ့၊ ကျောင်းသား/သူ ၁၆၀ နီးပါးရှိတယ်၊ တစ်အိမ်ထဲမလုံလောက်ဘူး၊ အိမ် ၃ လုံးခွဲပြီး တစ်အိမ်ကို ၅၀ ဦးသင်ကြရတယ်၊…

ဖောင်တော်ဦးဘုရား ဒေသစာရီကြွချီပွဲအား ရပ်ဝေး/ရပ်နီးမှ ပြည်သူများလာရောက်ဖူးမျှော်နိုင်ကြောင်း ဖိတ်ခေါ်

ခမ်းသားသငါဝ်း ဩဂုတ် ၂၄၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ညောင်ရွှေမြို့နယ်၊အင်းလေးဒေသရှိ ဖောင်တော်ဦးဘုရားရုပ်ရှင်တော်မြတ်ကြီးအား (၂၁)ဌာန ဒေသစာရီကြွချီပွဲကျင်းပမည်ဖြစ်ပြီး ရပ်ဝေး/ရပ်နီးမှပြည်သူများလာရောက်ဖူးမျှော်ကြရန် ဖိတ်ခေါ်ထားပါသည်။ နှစ်ပေါင်း ၄၀၀ ကျော်ရှိပြီဖြစ်သည့် ဒေသစာရီကြွချီပွဲအား ရိုးရာမပျက်အစဥ်အလာထိန်းသိမ်းသည့်အနေဖြင့် ၃နှစ်ကြာမကျင်းပဖြစ်ရာမှ ယခုနှစ်တွင်ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ” ဒေသခံပြည်သူတွေကလည်း စိတ်ထဲပီတိဖြစ်တာပေါ့ဗျာ၊ မလုပ်ဖြစ်တာလည်း ၃နှစ်ကြာပြီဆိုတော့လေ ဒီနှစ်တော့စည်ကားစွာကျင်းပဖို့ တက်ကြွစွာပြင်ဆင်နေကြတယ်။ အရင်နှစ်တွေကတော့ လာရောက်ဖူးမျှော်သူများတယ်၊ ကျင်းပတဲ့ပွဲမှာတော့ တိုင်းရင်းသားဝတ်စုံ၊အင်းဝတ်စုံလေးနဲ့ လှည့်လည်ရာမှာ ပါဝင်ကြဖို့…

ပအိုဝ်းလူမျိုးများအတွက် စံပြပုဂ္ဂိုလ်တင်စားထိုက်သည့် ဖြားခွန်မောင်တုတ်ကွယ်လွန်

ခမ်းသားငေါဝ်း ဩဂုတ် ၂၄၊၂၀၂၃ ပအိုဝ်းလူမျိုး နှင့် ပအိုဝ်းလူငယ်များအတွက် စံပြပုဂ္ဂိုလ်အဖြစ် တင်စားထိုက်သည့် ပအိုဝ်းသမိုင်းသုတေသနပြုစုရေးသားသူ ဖြားခွန်မောင်တုတ် သည် ၂၀၂၃ ခုနှစ် သြဂုတ်လ၂၃ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်အချိန်တွင် ကွယ်လွန်သွားခဲ့ကြောင်းသိရသည်။ အသက်(၈၀)ကျော် ဖြားခွန်မောင်တုတ်သည်ကျောက်တလုံးကြီးမြို့နယ်၊ နားဟီးကျေးရွာအုပ်စု၊ ထီရီးယံတန်ရွာတွင် မွေးဖွားခဲ့ပြီး ယခုအခါ တောင်ကြီးမြို့၊ ကုန်သည်လမ်း၊ ဈေးပိုင်းရပ်တွင်…

မျှားကလေးကျေးရွာနေထိုင်သူအမျိုးသား ၂ ဦးနေအိမ်အတွင်းအသတ်ခံရ၍ သေဆုံး

#ခမ်းသားငေါဝ်း ဩဂုတ် ၂၄၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ၊ရွာငံမြို့နယ် #မျှားကလေးကျေးရွာ တွင် နေထိုင်သူ #အမျိုးသား ၂ ဦးအား နေအိမ်အတွင်း သြဂုတ်လ ၂၃ ရက်ညအချိန်တွင် #အသတ်ခံရ ၍ သေဆုံးနေကြောင်း စုံစမ်းသိရှိရပါသည်။ အသတ်ခံရသည့်ရွာသား ၂ဦးသည် ဦးလှမင်း နှင့် ဦးလှမင်း၏သားမက်တို့ဖြစ်ပြီး #ဦးလှမင်း ၏သမီးအငယ်ဆုံးကလည်း ယခုအချိန်ထိ ပျောက်ဆုံးနေကြောင်း #ဒေသခံများ ပြောပြချက်အရ…

ဖရူဆိုအရှေ့ဘက်ခြမ်းကျေးရွာတစ်ရွာကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး(၃)ဦး ထိခိုက်ဒဏ်ရာရ

ခမ်းသားငေါဝ်း ဩဂုတ် ၂၄၊၂၀၂၃ ကယား(ကရင်နီ)ပြည်နယ် ဖရူဆိုမြို့နယ် ဖရူဆိုအရှေ့ဘက်ခြမ်း ကျေးရွာတစ်ရွာကို စစ်ကောင်စီက လေကြောင်းဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေး(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNDFမှ ယနေ့သြဂုတ်၂၄တွင် ထုတ်ပြန်ထားသည်၊၊ စစ်ကောင်စီ၏ အမှတ် (၁၄)တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းဘက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယမန်နေ့ (၂၃)ရက်နေ့တွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည် ဟုဖော်ပြထားသည်၊၊ “စစ်ကောင်စီက ကျေးရွာကို ဗုံးကြဲတိုက်ခိုက်‌တော့ကျေးရွာထဲရှိ နေအိမ်တစ်လုံး ထိခိုက်ပျက်ဆီးခဲ့တယ်၊၊ ကလေးငယ်…

စစ်တပ်အာဏာသိမ်းပြီးနောက် အရပ်သားပြည်သူ သေဆုံးမှု ၄၀၀၀ အထိမြင့်တက်

ခမ်းသားငေါဝ်း ဩဂုတ် ၂၄၊၂၀၂၃ စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်ခွဲကျော်လာချိန်တွင် နိုင်ငံတစ်ဝန်းရှိ အပြစ်မဲ့အရပ်သားပြည်သူ သေဆုံးမှု (၄၀၀၀)ဦးအထိရှိလာကြောင်းနိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောင့်ရေးအသင်းAAPP ထုတ်ပြန်ချက် အရသိရသည်။ ၂၀၂၃ ခုနှစ်သြဂုတ် ၇ ရက်နေ့အထိ နိုင်ငံတစ်ဝန်းရှိ အပြစ်မဲ့အရပ်သားပြည်သူ(၂၄,၄၁၀)ဦး ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေ (၄၅၁၅)ဦးသာရှိသေးကြောင်း ဖော်ပြထားသည်။ အဆိုပါ ဖမ်းဆီးခံရသူ(၂၄,၄၁၀) ဦးရှိသည့်အနက် (၇,၁၇၅)ဦးသည် လက်ရှိပြစ်ဒဏ်ချမှတ်ခံထားရပြီး ကျန်သည့်(၁၉,၈၉၅) ဦးသည် ထိန်းသိမ်းခံနေရခြင်းဖြစ်ကြောင်း…

ရှမ်းပြည်နယ် တာချီလိတ်မြို့နှင့် နမ့်စန်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ၊ စိတ်ပြောင်းဆေးဝါး (Happy Water)များ ဖမ်းဆီးရမိ

ခမ်းသားငေါဝ်း ဩဂုတ် ၂၄၊၂၀၂၃ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နှင့် ရှမ်းပြည် နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ၊ စိတ်ပြောင်းဆေးဝါး (Happy Water)များ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်အတွင်း ဩဂုတ်လ(၂၃)ရက်နေ့ ညနေ(၄)နာရီ အချိန်တွင် အားဘိုမောင်းနှင်လာသည့် မော်‌တော်ဆိုင်ကယ်အား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်အတွင်း၌ ဒေသကာလပေါက်ဈေးသိန်း (၇၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၁၀၀၀၀)ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံးသိမ်းဆည်းရမိကြောင်းသိရသည်။…