Tag: ခမ်းသားငေါဝ်း

ဈေးကွက်အတွင်း တရုတ်အာလူးအဝင်များသဖြင့် ဒေသထွက်အာလူးစျေးကျပြီး တွက်ချေမကိုက်

ခမ်းသားငေါဝ်း စက်တင်ဘာ ၂၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း နောင်တရားမြို့နယ်ရှိအာလူးစိုက်တောင်သူများသည် လတ်တလော ဒေသထွက်အာလူးစျေးကျနေသဖြင့် တွက်ချေမကိုက်ပဲ အရှုံးပေါ်နေကြောင်း စက်တင်ဘာလ ၂ရက်နေ့တွင် အာလူးစိုက်တောင်သူတစ်ဦးထံမှ သိရသည်။ စျေးကွက်အတွင်း တရုတ်အာလူးအဝင်များသဖြင့် ဒေသထွက်အာလူးများ ဈေးကျပြီး ဒေသတွင်း အာလူးစိုက်ပျိုးတောင်သူများ၏ အာလူးဈေးကွက် ထိခိုက်လာရခြင်းဖြစ်သည်။ ဩဂုတ်လအဝင်ပိုင်းတွင် အာလူး(ကြီး)စျေးနှုန်း ၁ပိဿာ ၃၃၀၀/၃၅၀၀ကျပ်၊ အာလူး(သေး) ၁ပိဿာ ၁၆၀၀/၂၀၀၀ ကျပ် အထိစျေးရရှိခဲ့ပြီး…

ပင်လောင်းတွင် မူးယစ်ဆေးကြောင်သူ များလာသဖြင့် ပြည်သူများမိမိ၏လုံခြုံရေး အမြဲစိုးရိမ်နေရ ဟုဆို

ခမ်းသားငေါဝ်း စက်တင်ဘာ ၂၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်အတွင်း ရှိ ကျေးရွာများတွင် မူးယစ်ဆေးကြောင်သူများလာ သဖြင့် ဒေသတွင်းရှိ ပြည်သူများက မိမိ၏လုံခြုံ ရေးကို အမြဲစိုးရိမ်နေရကြောင်း ဒေသခံများထံမှ သိရသည်။ ပင်လောင်းဒေသတွင် မူးယစ်‌ဆေးဝါး ရောင်းဝယ်သုံးစွဲ သူများကို ဒေသတွင်း အာဏာပိုင်များက ထိထိရောက်ရောက် အရေးယူဆောင်ရွက်ခြင်းမရှိသဖြင့် မူးယစ် ရောင်းဝယ် သုံးစွဲသမားများကလည်း ပိုမိုအတင်းရဲလာကြောင်း ဒေသခံတစ်ဦး ပြောပြချက်အရ…

စစ်ကောင်စီတပ်ပစ်သည့်လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နမ့်ဖက်ကာ‌ဒေသခံအမျိုးသား၂ ဦးသေဆုံး၊၂ ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၊၂၀၂၃ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာကျေးရွာ၊ ဇီးတဘန်ရွာအတွင်း ယနေ့စက်တင် ဘာလ (၁)ရက်နေ့ နေ့လည် ၂နာရီအချိန်တွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ချမှုကြောင့် ဒေသခံအမျိုးသား(၂) ဦးသေဆုံးပြီး(၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့စက်တင်ဘာလ ၁ ရက်နေ့ မနက်ပိုင်းအချိန်တွင် စစ်ကောင်စီတပ် နှင့် တအာင်းအမျိုးသားတပ်မတော် (TNLA) တပ်အကြား တိုက်ပွဲဖြစ်ပွားပြီး တိုက်ပွဲငြိမ်သွားသည့် နေ့လည် ၂…

စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် စယ်လန့်ဒေသခံများထွက်‌ ပြေးတိမ်းရှောင်နေရ

ခမ်းသားငေါဝ်း စက်တင်ဘာလ ၁၊ ၂၀၂၃ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ စက်လန့်ကျေးရွာတွင် စစ်ကောင်စီတပ်၏လက်နက်ကြီးပစ်ခတ်မှု‌ ကြောင့်ဒေသခံပြည်သူများရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်းစက်တင်ဘာလ ၁ ရက်နေ့ကသိရသည်။ ပြီးခဲ့သည့်ရက်ပိုင်းတွင် စစ်ကောင်စီ လက်နက်ကြီးနှစ်လုံးကလည်း ရွာအတွင်းကျရောက်ပေါက်ကွဲပြီးနေ အိမ် ၂ လုံးမီးလောင်ပြာကျခဲ့ရကြောင်းသိရသည်။ “မနက်ကလည်းလက်နက်ကြီးနဲ ၂ ချက်ပစ်သေးတယ် ။ရွာပြင်ဘက်မှာကျလို့ထိခိုက်ဒါတော့မရှ်ိဘူး။အရင်ရက်ကဆိုလက်နက်ကြီးကရွာထဲ‌ကျတော့အိမ်၂ လုံးပြာကျသွားတယ်၊ ထွန်စက်ရော ကားအသစ်တစ်စီးလည်းပါသွားတယ် ဘာမှရစရာမရှိဘူး”ဟုစယ်လန့်ဒေသခံတစ်ဦးကပြောသည်။ လက်ရှိစက်လန့်‌ပြည်သူများသည် မူဆယ်မြို့ဟိုနားဘုန်းကြီးကျောင်းသို့ တိမ်းရှောင်နေကြပြီးစားနပ်…

စစ်ကောင်စီတပ် ပစ်ခတ်သည့်လက်နက်ကြီးကြောင့် မသန်စွမ်းအမျိုးသမီးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံး

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၊၂၀၂၃ ကယား(ကရင်နီ)ပြည် လွိုင်ကော်မြို့နယ် ကျေးရွာ တစ်ရွာတွင် စစ်ကောင်စီတပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် မသန်စွမ်းအမျိုးသမီးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဩဂုတ်လ ၃၁ ရက်နေ့ မနက် ၁၀ နာရီအချိန် လက်နက်ကြီး ပစ်ခတ်ခံရသည့်ရွာတွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က တစ်ဖက်သက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီတပ်…

မလေးရှားရောက်မြန်မာနိုင်ငံသားများ နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းကို အွန်လိုင်းစနစ်ပြောင်းလဲလုပ်ဆောင်သွားမည်

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၊၂၀၂၃ မလေးရှားရောက် မြန်မာနိုင်ငံသားများ နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းကို လာမည့်ဩဂုတ်လ ၄ ရက်နေ့မှစတင်ပြီး အွန်လိုင်းဘိုကင်စနစ်ဖြင့် ပြောင်းလဲသတ်မှတ်သွားမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ မြန်မာသံရုံးမှ အသိပေးထုတ်ပြန်ထားသည်။ လက်ရှိတွင် ကွာလာလမ်ပူမြို့၊မြန်မာသံရုံးမှ နိုင် ငံသားများအတွက် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း၊ ပျောက်ဆုံးခြင်း၊ အသစ်လျှောက်ထားခြင်းကိစ္စများကို သံရုံးသို့ ကိုယ်တိုင်လာရောက်ရက်ချိန်းယူရခြင်းဖြစ်ပြီး လာမည့်စက်တင်ဘာလ ၄ရက်နေ့မှစတင်ကာ အွန်လိုင်းမှ OR Code ဖြင့်ရက်ချိန်းရယူရသည့်စန စ်ပြောင်းလဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း…

ဒီမေ့ာဆိုအရှေ့ဘက်ခြမ်းရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က တိုက်လေယာဥ်နှစ်စီးဖြင့်တိုက်ခိုက်

ခမ်းသားငေါဝ်း ဩဂုတ် ၃၁၊၂၀၂၃ ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်ဖွဲ့က သြဂုတ်လ ၃၁ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် တိုက်လေယာဥ်နှစ်စီးဖြင့် အကြောင့်မဲ့တိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။ တိုက်လေယာဥ်ဖြင့် ဗုံးကြဲခဲ့သဖြင့် စစ်ဘေးရှောင်ပြည်သူ အမျိုးသား ၁ ဦးသေဆုံးခဲ့ရပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ” မနက်အစောပိုင်းမှာ စစ်ကောင်စီ လေယဥ်ဝဲပျံနေတော့…

အာဏာရိပ်မကင်းသည့် ပွဲတော်များကို သပိတ်မှောက်ကြရန် တောင်ကြီးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ တိုက်တွန်း

ခမ်းသားငေါဝ်း ဩဂုတ် ၃၁၊၂၀၂၃ နိုင်ငံတကာစာမျက်နှာတွင် ပြည်သူများက မိမိတို့အားထောက်ခံကြိုဆိုကာ အေးချမ်းသာယာစွာစီမံအုပ်ချုပ်နိုင်ပြီဟု ထင်ယောင်ထင်မှားဖြစ်စေသည့် စစ်ကောင်စီအာဏာရိပ်မကင်းသည့် ပွဲတော်များအား သပိတ်မှောက်ကြရန် တောင်ကြီးတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ တိုက်တွန်းထားသည်။ တန်ဆောင်တိုင်ရိုးရာပွဲတော် ကျင်းပရာဒေသ၊ ဖောင်တော်ဦးဒေသစာရီကြွချီမည့်ဒေသ နှင့် မကမ်းမလှမ်းနေရာတွင်ရှိသည့် ညီနောင်သွေးချင်းများ စစ်ဘေးဒဏ်ကိုအလူးအလဲခံစားနေရချိန်တွင် အာဏာရိပ်မကင်းသည့် ပွဲတော်များအား သပိတ်မှောက်စေလိုကြောင်း ဖော်ပြထားပါသည်။ ရိုးရာပွဲတော်များ ကျင်းပရာဒေသတွင်း၌ လူမှုရေး၊စီးပွားရေး၊ဒေသဖွံ့ဖြိုးရေးစသည့် အကျိုးကျေးဇူးများရရှိသော်လည်း စစ်တပ်အတွက်ဝင်ငွေကြီးကြီး…

ဝေးလံခေါင်ဖျားသည့်ဒေသရှိ ကျေးလက်ကလေးများ ပညာသင်ကြားနိုင်ရန် KNEC ကူညီဆောင်ရွက်ပေး

ခမ်းသားငေါဝ်း ဩဂုတ် ၃၀၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဘန့်ဘာ‌အုပ်စု၊ ကန့်ဖြူအောက်ကျေးရွာ(ကထန်းရွာသစ်)တွင် ကျေးလက်ကလေးများ ပညာသင်ကြားနိုင်ရန် ကယန်းအမျိုးသားပညာရေးကော်မတီ (KNEC)က ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ၎င်းဒေသသည် ပြီးခဲ့သည့်(၂)နှစ်တာကာလအတွင်းနိုင်ငံရေးအခြေအနေများကြောင့် ဆရာ/မများ ရောက်လာခြင်းမရှိဘဲ ကလေးများအတွက် ပညာရေးအခွင့်အရေးများဆုံးရှုံးရပြီး ယခုနှစ်တွင် KNEC မှ ပညာသင်ကြားပေးနိုင်မည့် စေတနာ့ ဝန်ထမ်း(၂)ဦး ပို့ဆောင်ကူညီခဲ့ကြောင်းသိရသည်။ “အဲ့ဒီရွာက‌‌ ဝေးလံခေါင်ဖျားတဲ့နေရာလည်းဖြစ်တယ်။ သူတို့ဒေသမှာ ကျောင်းဖွင့်လှစ်နိုင်ဖို့…

ဖရူဆိုမြို့နယ်ရှိ ဒေသခံနေအိမ် ၄၀ ကျော်ကို စစ်ကောင်စီတပ်က ၃ ရက်အတွင်း မီးရှို့ဖျက်ဆီး

ခမ်းသားငေါဝ်း ဩဂုတ် ၂၉၊၂၀၂၃ ကယား(ကရင်နီ)ပြည်၊ ဖရူဆိုမြို့နယ်ရှိ ဒေသခံနေအိမ် (၄၀)ကျော်ကို စစ်ကောင်စီတပ်က ၃ ရက်အ တွင်း မီးရှို့ဖျက်စီးခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားသည်။ ဩဂုတ်လ ၂၄ ရက်နေ့ မှ ၂၆ ရက်နေ့အထိ (၃)ရက်တာအတွင်း ဖရူဆိုမြို့နယ်ရှိဒေါညေးခူရွာ နေအိမ် ၁၀လုံး၊ ထီးပေါ်ဆိုရွာ နေအိမ် ၃၀ လုံးကို စစ်ကောင်စီတပ်သားများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း…