နောင်တရားတွင် ရုတ်တရက် မိုးရေကြီးပြီး သီးနှံစိုက်ခင်းနှင့် အသုံးအဆောင်များ ပျက်စီး
ခမ်းသားငေါဝ်း စက်တင်ဘာ ၂၅၊ ၂၀၂၃ နောင်တရားဒေသတွင် မိုးသည်းထန်စွာရွာသွန်းပြီးရုတ်တရက် ရေကြီးသဖြင့် သီးနှံစိုက်ခင်းနှင့် လူအသုံးအဆောင်ပစ္စည်းများ ပျက်စီးခဲ့သည်ဟု ဒေသခံများထံမှသိရသည်။ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်၊ နောင်တရားဒေသတွင် စက်တင်ဘာလ၂၄ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရပ်ကွက် ၁ တွင်ရုတ်တရက်ရေကြီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။ “ရေကရုတ်တရက်မျောလာတော့ပစ္စည်းတွေ ဆီဗုံးတွေလည်းအကုန်မျှောပါသွားတာပေါ့။ ပစ္စည်းလှောင်ဝယ်ထားတာတွေတော့ ပျက်စီးသွားတာပေါ့နော်။ နှမ်းလုံးတွေဆိုပိဿာချိန်တစ်ထောင်ကျော်တာပေါ့။ မျောပါသွားတယ်ပြန်ရတဲ့ဟာကိုတော့နေပူပြန်လှန်းရတယ်ပြန်မရတဲ့ဟာတော့မရဘူးပေါ့နော်” ဟုအဆိုပါဒေသခံတစ်ဦးကပြောသည်။ ထိုကဲ့သို့ ရုတ်တရက်ရေကြီးမှုသည်…