Tag: ခမ်းသားငေါဝ်း

မော်ချီးဒေသတွင် ဆန်ကြမ်းတစ်အိတ်ကို ကျပ် ၄ သိန်းဖြင့်ဝယ်ယူနေရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၃၊ ၂၀၂၃ ကရင်နီပြည်နယ်၊ မော်ချီးဒေသတွင် ဆန်းကြမ်းတစ်အိတ်ကို ကျပ် ၄ သိန်းဖြင့်ဝယ်ယူစားသုံးနေရကြောင်း ဒေသခံတစ်ဦးထံမှသိရပါတယ်။ လွိုင်ကော်မှ မော်ချီးသို့သွားသည့်လမ်းကြောင်း ပိတ်ထားခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ကုန်စည်ပို့ဆောင်မှုမရောက်နိုင်ဘဲ ကုန်ပစ္စည်းများ​ပြတ်လပ်ကာ ဆန်စျေးတက်သွားကြောင်း ဒေသခံများထံမှသိရသည်။ ထိုသို့ ကုန်စျေးနူန်းအဆမတန်မြှင့်တက်ခြင်းကြောင့် ဒေသခံများ စားဝတ်နေရေးအခက်ခဲရှိနေပြီး ဆန်ဝယ်စားသည့်အခါတွင်လည်း ပြည်ကောက်ဝယ်စားနေရကြောင်း အသက် ၃၀ အရွယ်ဒေသခံ အမျိုးသမီးက ယခုလိုပြောသည်။…

ပင်လောင်းဒေသထွက် နနွင်းအဟောင်းများဈေးကောင်းရရှိ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းဒေသထွက် နနွင်း အဟောင်းများကို တစ်ပိဿာ ခြောက်ထောင်ကျပ်အထိရရှိနေပြီးစျေးကောင်းရရှိနေ​ကြောင်း တောင်သူများထံသိရသည်။ ထို့အ​ပြင် နနွင်းအခြောက် တစ်ပိဿာကို (၅)ထောင်ဝန်းကျင် အထိ ပေါက်ဈေးရှိ‌ပြီး လှောင်ထားသူများသာ စျေးကောင်းရရှိကြသည်။ “ကျွန်မတို့အိမ်ကအစောရောင်းလိုက်လို့‌ ဈေးကောင်း မရလိုက်ဘူး။ မွေးထားနိုင်တဲ့သူကဈေးကောင်းရတယ်”ဟုနနွင်းစိုက်ပျိုးသူတစ်ဦးကပြောပါတယ်။ ပြီးခဲ့သည့်မေလတွင် နနွင်းမှုန့် တစ်ပိဿာ (၅)ထောင်ဝန်းကျင်နှင့် အခြောက်တစ်ပိဿာကို ၃၅၀၀ ကျပ်အောက်သာရ…

Miss World Myanmar 2023 ပြိုင်ပွဲ Winner ဆုကို ဓနုတိုင်းရင်းသူ မယွန်းသိမ့်သိမ့်နွေး ရရှိ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၊ ၂၀၂၃ ရန်ကုန်မြို့တွင် အောက်တိုဘာလ (၁)ရက်နေ့က ကျင်းပပြုလုပ်သည့် Miss World myanmar 2023 ပြိုင်ပွဲကြီးတွင် ဓနုတိုင်းရင်းသူ မယွန်းသိမ့်သိမ့်နွေးက winner ဆုကြီးဆွတ်ခူးနိုင်ခဲ့ကြောင်းသိရသည်။ Miss World myanmar 2023 ဆုရှင် မယွန်းသိမ့်သိမ့်နွေး သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့တွင် နေထိုင်သည့် ဓနုတိုင်းရင်းသူဖြစ်ကြောင်းသိရသည်။ သူမသည်winner ဆုကြီးအပြင်…

စစ်ကောင်စီတပ်ဖမ်းဆီးသွားသည့် လနုကိုယ်ဝန်​ဆောင်မိခင် ကိုယ်ဝန်ပျက်ကျ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၊ ၂၀၂၃ စစ်ကောင်စီတပ်ဖမ်းဆီးခေါ်ဆောင်သွားသည့်စစ်ဘေးရှောင်ကိုယ်ဝန်ဆောင်အမျိုးသမီး ကိုယ်ဝန်ပျက်ကျသွားကြောင်း နှီးစပ်သူအမျိုးသားတစ်ဦးထံမှသိရပါသည်။ ဖမ်းဆီးခေါ်​ဆောင်သွားစဥ် စစ်သားများက လမ်းပေါ် ကားခပ်ကြမ်းကြမ်းမောင်းပြန်သည့်အတွက် လနုကိုယ်ဝန်ဆောင်အမျိုးသမီး ကိုယ်ဝန်ပျက်ကျရခြင်း ဖြစ်ကြောင်း နှီးစပ်သူပြောသည်။ ” ရဲတွေက ရွာငံဆေးရုံကိုဝင်ပို့သေးတယ် သွေးဆင်းတာမရပ်လာလို့ ပင်းတယဆေးရုံ ရောက်လာတာ အခုဆေးရုံကဆင်းခွင့်မရသေးဘူး ၊ကိုယ်ဝန်သုံးလနဲ့ပျက်ကျတာ” ဟု မပိုးဥနှင့်နီးစပ်သူတစ်ဦးကပြောသည်။ စက်တင်ဘာလ ၂၉ ရက်နေ့လည်ပိုင်းတွင်​စစ်ကောင်စီလက်အောက်ခံရွာငံမြို့နယ်ရဲတပ်ဖွဲ့မှ မပိုးဥ၏ခင်ပွန်းဖြစ်သူ ကိုဝင်းကျော်ကိုရှောင်တစ်ခင်ဝင်ရောက်ဖမ်းဆီးရာတွင်ဖမ်းဆီးမမိဘဲ…

ယောကျ်ားဖြစ်သူကိုဖမ်းဆီး၍မရခြင်းကြောင့် ဇနီးကို စစ်ကောင်စီဖမ်းဆီး

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၊ ၂၀၂၃ ရွာငံမြို့နယ် ပဲယင်းတောင်ကျေးရွာမှ စစ်ဘေးတိမ်းရှောင်လာသည့် ကိုဝင်းကျော်ကို စစ်ကောင်စီကလိုက်လံဖမ်းဆီးရာမမိလိုက်သောကြောင့် ဇနီးဖြစ်သူကိုဖမ်းဆီးသွားကြောင်း ရပ်ကွက်အတူနေထိုင်သောဒေသခံထံမှစုံစမ်းသိရပါသည်။ ပင်းတယမြို့နယ်၊ ပုန်းတကန်အနောက်ဘက်၊ဆင်ခေါင်းရပ်ကွက်သို့ စစ်ဘေးရှောင်ပြောင်းရွေ့နေထိုင်လာသည့် ကိုဝင်းကျော်နှင့် ဇနီးမပိုးဥနေအိမ်ကို စစ်ကောင်စီက စက်တင်ဘာလ ၂၉ ရက်နေ့တွင်ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်းသိရပါသည်။ အဆိုပါဖြစ်စဥ်တွင်ယောကျာ်းဖြစ်သူကိုစစ်ကောင်စီက မဖမ်းမိလိုက်သောကြောင့် ကိုယ်ဝန်သုံးလ ရှိဇနီးမပိုးဥကို ရွာငံမြို့နယ်ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံ ပြောသည်။ ” အဲနေ့လည်က…

တောင်ကြီးမြို့အဝင် စစ်ကောင်စီဂိတ်များတွင် အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်စစ်ဆေးမှုရှိနေ ဟုဆို

ခမ်းသားငေါဝ်း စက်တင်ဘာ ၃၀၊၂၀၂၃ တောင်ကြီးမြို့အဝင်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များတွင် ဂိတ်စောင့်စစ်သားများက လမ်းသွားလာသည့်အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်စစ်ဆေးမှုများရှိနေကြောင်း အမျိုးသမီးတစ်ဦးထံမှ သိရသည်။ သွားလာသည့်အမျိုးသမီးများကို အထက်စီးပြောဆိုခြင်း၊ မဖွယ်မရာစကားပြောခြင်း၊ အသားယူစစ်ဆေးခြင်း၊ ဆဲဆူအောငေါက်ခြင်း ပြုမူဆက်ဆံခြင်း ရှိနေတယ်လို့ ကိုယ်တိုင်ကြုံဖူးသူအမျိုးသမီး တစ်ဦးပြောဆိုချက်အရ သိရသည်။ “မေးတဲ့ဟာကိုကောင်းကောင်းပြောနေရက်သားနဲ့ ဟိုကိုင်ဒီကိုင် လက်မောင်း ပုခုံးကိုလာကိုင်တယ်၊ ပုခုံးပေါ်ဓားတင်တဲ့ ကိစ္စတွေလည်းကြုံရတယ်၊ ဒါနဲ့ဆို ကြုံရတာနှစ်ခါရှိပြီ ဘယ်သွားမလဲ၊ ခနနေဒီကိုပြန်လာဦးမလား၊…

ရွှေတွင်းတွင် အိပ်ပျော်နေစဥ် မြေပြို၍ လူနှစ်ဦးသေဆုံး

ခမ်းသားငေါဝ်း စက်တင်ဘာ ၂၄၊ ၂၀၂၃ သာစည်မြို့နယ်၊ လယ်ပြင်ရွာကျေးရွာရှိ ရွှေတွင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုသဖြင့် အိပ်ပျော်နေသည့် အလုပ်သမားနှစ်ဦး သေဆုံးသွားသည်ဟု သေဆုံးသူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။ စက်တင်ဘာ ၂၅ ရက် ည ၁၂ နာရီဝန်းကျင် တွင် မိုးများရွာသွန်းထားမှုကြောင့် မြေပြိုသွားပြီး တဲအိမ်များကိုပိကာ အလုပ်သမား ၂ ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်…

PNO က ရုံးစရိတ် နှင့် စစ်ဖိနပ်ဖိုးဟုဆိုပြီး မကြာခဏ ပိုက်ဆံကောက်ယူ ဟုဆို

ခမ်းသားငေါဝ်း စက်တက်ဘာ ၂၇၊၂၀၂၃ လွိုင်လင်မြို့နယ်အတွင်းရှိ ပအိုဝ်းကျေးရွာများတွင် PNO ပြည်သူ့စစ်အဖွဲ့က ရုံးအတွက်နှင့် စစ်ဖိနပ်ဖိုး ဟုဆိုကာ ဒေသခံများထံမှာ မကြာခဏ ပိုက်ဆံကောက်ယူမှုများ ရှိနေသည်ဟု ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ “မြို့နယ်က ကျွန်တော်တို့ကို ပြောလာတာကတော့ ရုံးအတွက် ရုံးမှာရှိတဲ့သူ သွားလာရေးအတွက် မြို့နယ်အသွားအလာစရိတ်အတွက် ပအိုဝ်းရုံးပါ၊ ပင်လုံမှာရှိနေတဲ့ PNO ရုံးပါ။ အုပ်စုတိုင်း အုပ်စုတိုင်းကောက်ပါတယ်” ဟု…

PNA ပြည်သူ့စစ်က ပြောင်းများ ပေးမစိုက်သဖြင့် ဒေသခံတောင်သူများ ဝင်ငွေနည်းပါးရ ဟုဆို

ခမ်းသားငေါဝ်း စက်တင်ဘာ ၂၆၊၂၀၂၃ ဆောင်းပြောင်းဒေသ လမ်းမကြီး‌ဘေးနှင့် PNA စခန်းအနီးတွင် ပြောင်းများကို ပေးမစိုက်သဖြင့်‌ တောင်သူများဝင်ငွေနည်းပါးလာရသည်‌‌ဟု ပြောင်းစိုက်‌တောင်သူတစ်‌ဦးက ပြောသည် ။ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာအနီး နန်းနိမ့်ရွာတွင် တိုက်ပွဲဖြစ်ပွားပြီး‌နောက်ပိုင်း PNA ပြည်သူ့စစ်အဖွဲ့က ဩဂုတ်လတွင်‌ ဒေသခံများအား ဘုန်ကြီး‌ကျောင်းသို့ အစည်း‌ဝေးခေါ်ပြီး လမ်းမကြီးဘေးနှင့် PNA စခန်းအနီး‌‌ကို ပြောင်းစိုက်ပျိုးခြင်းပိတ်ပင်ခဲ့ကြောင်း သိရသည်။ “ပြောင်းစိုက်ရမယ့် ခြံက…

ညောင်ရွှေမြို့နယ်ရှိ စစ်ရှောင်များရရှိသည့်ထောက်ပံ့ကြေးကို စစ်ရှောင်တာဝန်ခံမှ အမြတ်ထုတ်ဟုဆို

ခမ်းသားငေါဝ်း စက်တင်ဘာ ၂၅၊၂၀၂၃ ညောင်ရွှေမြို့နယ် စံကားဒေသရှိ ကရင်နီစစ်ရှောင်များအတွက်ရရှိသည့် ထောက်ပံ့ကြေးကို စစ်ရှောင်တာဝန်ခံ၏ အမြတ်ထုတ်ခြင်းခံနေရသည်ဟု စစ်ရှောင်တစ်ဦးကပြောပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် စံကားဒေသ ထီးကာကျေးရွာရှိ စစ်ရှောင်သူများအတွက် တောင်ကြီးအလှူရှင်တစ်ဖွဲ့က စက်တင်ဘာလ ၁၉ ရက်နေ့က တစ်အိမ်ထောင်လျှင် ၁သိန်းကျပ်ထောက်ပံ့ပေးခဲ့ရာ စစ်ရှောင်တာဝန်ခံက ယင်းသို့ အမြတ်ထုတ်ရန်ကြိုးပမ်းခြင်းဖြစ်သည်။ ” အလှူရှင်မလာကတည်းက ကျေးရွာလမ်းခင်းဖို့ ၅ သောင်းကျပ် ပြန်ထည့်ပေးရမယ်ပေါ့၊…