Tag: ခမ်းသားငေါဝ်း

စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးစခန်း ၄ ခု သိမ်းပိုက်ပြီး လက်နက်ခဲယမ်း အမြောက်အများသိမ်းဆည်းရရှိ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၀၊၂၀၂၃ စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးစခန်းကို သိမ်းပိုက်ပြီး လက်နက်ခဲယမ်း အမြောက်အများသိမ်းဆည်းရရှိကြောင်း တအောင်းတပ်မတော် TNLA မှ ယနေ့ နိုဝင်ဘာ ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။ ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ အကျဉ်းဦးစီးစခန်း ၄ ခုကို TNLAနှင့် MDY PDF ပူးပေါင်းတပ်ဖွဲ့တို့မှ နိုဝင်ဘာ ၁၉ ရက်နေ့တွင်ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။…

စစ်ကောင်စီအဆိပ်ငွေ့ဗုံး အသုံးပြုမှုရှိနေပြီး နိုင်ငံတကာစစ်ရာဇဝတ်မှုကျူးလွန်နေသည်ကို နိုင်ငံတကာက ဝိုင်းဝန်းအရေးယူပေးရန် TNLA ဆို

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၀၊၂၀၂၃ စစ်ကောင်စီအဆိပ်ငွေ့ဗုံး အသုံးပြုမှုရှိနေပြီး နိုင်ငံတကာစစ်ရာဇဝတ်မှုကျူးလွန်နေသည်ကို နိုင်ငံတကာက ဝိုင်းဝန်းအရေးယူပေးရန် TNLA ကထုတ်ပြန်တောင်းဆိုထားပါသည်။ စစ်ကောင်စီသည် နိုင်ငံတကာမှ တားမြစ်ပိတ်ပင်ထားသည့် ဓာတုဗေမလက်နက်အဆိပ်ငွေ့ဗုံး အသုံးပြုမှုရှိနေပြီး နိုင်ငံတကာစစ်ရာဇဝတ်မှုကျူးလွန်နေသည်ကို အိမ်နီးချင်းနိုင်ငံများ နှင့် နိုင်ငံတကာအသိုင်းအဝိုင်းများ ဝိုင်းဝန်းအရေးယူပေးရန် နိုဝင်ဘာ ၁၉ ရက်နေ့မှာ TNLA မှ သတင်းထုတ်ပြန်လိုက်ကြောင်းသိရသည်။ ရှမ်းမြောက် နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ၏ စခန်းသစ်လက်နက်ကြီးကုန်းအား…

ဆီဆိုင်မြို့နယ်ရောက်စစ်ရှောင် တစ်သောင်းကျော်အတွက် စားရေးသောက်ရေး နှင့် နေရာထိုင်ခင်းများ အရေးပေါ် လိုအပ်

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၀၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်ရောက် စစ်ရှောင် တစ်သောင်းကျော်အတွက် စားရေးသောက် ရေးနှင့် နေရာထိုင်ခင်းများ အရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူတစ်ဦးက ပြောသည်။ အဆိုပါ စစ်ရှောင်အများစုသည် အသက်ဘေးမှ လွှတ်မြှောက်အောင်အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့်သာ ထွက်ပြေးလာခဲ့ရသဖြင့် အဖက်ဖက်မှ အကူအညီများ လိုအပ်နေ ကြောင်းသိရသည်။ “တချို့ကျတော့ လောလောနဲ့ထွက်လာနေရတော့ဘာမှ ပါမလာဘူး။တစ်ပတ်စာ အရေးပေါ် ထောက်ပံ့ပေးနေတာတော့ လုပ်ပေးတယ်။ ရှေ့ဆက်တော့…

ပင်လောင်းမြို့နယ် ကုန်းသာရွာရောက်စစ်ရှောင်များ သည် နေရာထိုင်ခင်းမရှိသဖြင့် မြေပြင်ပေါ်တွင် အိပ် နေရ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၀၊၂၀၂၃ ရှမ်းပြည်နည်တောင်ပိုင်း ပင်လောင်းမြို့နယ် နန်းတုပ်ကျေးရွာအုပ်စု၊ ကုန်းသာကျေးရွာတွင် ထပ်မံရောက်လာသည့် စစ်ရှောင်များသည် နေရာထိုင်ခင်းမရှိသဖြင့် မြေပြင်ပေါ်တွင် အိပ်နေရ ကြောင်းသိရသည်။ အဆိုပါ စစ်ရှောင်များသည် ကုန်းသာဘုန်ကြီး ကျောင်းအောက် အကာအခင်းမရှိမြေပေါ်တွင် အိပ်နေရပြီး စောင်များလည်း လုံလုံလောက်လောက်မရှိ ကြောင်း သိရသည်။ “ခုရက်ပိုင်းက မိုးကရွာသေးတယ်။အကာမပါတော့ တော်တော်ကိုအဆင်မပြေဖြစ်တယ်။စောင်လဲ စောင်အပါးတွေနဲ့ပဲ။ မသန်စွမ်းကလေးတောင်မှ မနေ့ညက အေးလို့…

တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသော်လည်း အိမ်တွင်း ကျန်ရှိပစ္စည်းများမပါလာသဖြင့် စိုးရိမ်နေကြရ‌ ဟုဆို

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၉၊၂၀၂၃ ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းရှိ ဒေါစောဘီးရွာခံများသည် တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသော်လည်း အိမ်တွင်းတန်ဖိုးရှိပစ္စည်းမပါလာသည့်အတွက် စိုးရိမ်နေရကြောင်း ဒေါစောဘီးဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ဒေါစောဘီးအပါ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းရှိရပ်ကွက်များ ကျေးရွာများအတွင်း နေထိုင်သည့်ပြည်သူများသည် လက်နက်ကြီးကျရောက်ပေါက်ကွဲခြင်း၊ တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် နိုဝင်ဘာ (၁၅)ရက်နေ့တွင် စတင်ထွက်ပြေးစစ်ရှောင်ကြရ ကြောင်း သိရသည်။ “ကျွန်မတို့က ၁၅ရက်နေ့မှာ စပြီးထွက်ပြေးရတာ တောထဲမှာပဲ အိပ်ရတယ်။ ခုဆို ရိတ်ပြီးပုတ်ပြီးစပါးတွေက…

လွိုင်ကော်တွင် စစ်ကောင်စီလက်နက်ကြီးကျရောက်ထိမှန်သဖြင့် ကိုရင်တစ်ပါး နှင့် ဦးဇင်းတစ်ပါး ပျံလွန်တော်မူ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၉၊၂၀၂၃ လွိုင်ကော်တိုက်ပွဲတွင် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျရောက်ထိမှန်သဖြင့် သက်တော် ၁၉ နှစ် ကိုရင်တစ်ပါး နှင့် ဦးဇင်းတစ်ပါး ပျံလွန်တော်မူခဲ့ကြောင်း‌ ဒေသခံတစ်ဦးက ပြောသည်။ ကရင်နီပြည် လွိုင်ကော်မြို့နယ် ဥတ္တာရုံဘုန်းကြီးကျောင်းမှ ကိုရင်လေးတစ်ပါး နှင့် ဦးဇင်းတစ်ပါးသည် စစ်ကောင်စီ ပစ်ခတ်သည့်လက်နက်ကြီး ကျရောက်ထိမှန်သောကြောင့် ယနေ့ နိုဝင်ဘာ ၁၉ ရက်နေ့တွင် ပျံလွန်တော်မူသွားကြောင်း သိရသည်။…

သစ်ပင်ကောက်စစ်ရှောင်စခန်းတွင် စစ်ရှောင်ထပ်မံ ရောက်ရှိလာသဖြင့် အသုံးအဆောင်နှင့်စားသောက် ရေးများ အရေးပေါ်လိုအပ်

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၉၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ်၊သစ်ပင်ကောက်ကျေးရွာရှိ စစ်ရှောင်စခန်းတွင် မိုးကာ၊စောင်နှင့်စားရေးသောက်ရေးများအရေးပေါ် လိုအပ်လျက်ရှိကြောင်းသိရသည်။ ယင်းစစ် ရှောင်စခန်းတွင် အလှူရှင်မလာသည်မှာ ၄ လရှိပြီ ဖြစ်ပြီး စားရေး သောက်ရေး လိုအပ်နသည့်အပြင် အသစ်ထပ်မံရောက်လာသော စစ်ရှောင်များလည်းရှိသည့်အတွက် မိုးကာများ၊ စောင်များလည်း အရေးပေါ်လိုအပ်လျက်ရှိကြောင်း သိရသည်။ “မိုးကာ မလောက်တော့ မိုးကာတစ်ခုထဲမှာ မိသားစုသုံးစု လေးစု နေရတာရှိတယ်။ ထော်လာဂျီပေါ် စုပြီး…

တိုက်ပွဲကြောင့် ရွှေတောင်ကျောင်းတိုက်မှ သံဃာတော် ၈၄ပါး ပေါးအင်းဒေသ ဘုရားဖြူဘုန်းကြီးကျောင်းတွင် ကြွရောက်စစ်ဘေးရှောင်

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၈၊၂၀၂၃ ကယား(ကရင်နီ)ပြည်တွင် တိုက်ပွဲပြင်းထန်နေခြင်းကြောင့် လွိုင်ကော်မြို့ရှိ ရွှေတောင်ပရိယတ္တိစာသင်တိုက်မှ သံဃာတော် ၈၄ ပါးသည် နောင်တရားမြို့နယ် ပေါးအင်း‌ဒေသ ဘုရားဖြူကျေးရွာတွင် ကြွရောက်စစ်‌ရှောင်ခဲ့ကြောင်း သိရသည်။ နိုဝင်ဘာ ၁၇ ရက်နေ့ ည ၇ နာရီအချိန်တွင် ရောက်ရှိခဲ့ပြီး ဆွမ်းသုံးဆောင်ရန်နှင့် နေရာထိုင်ခင်းများကို ဒေသခံများက တာဝန်ယူ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ “ကျွန်တော်တို့ရွာက ကူညီသွားမယ်ပေါ့နော။ ၁၃…

ကရင်နီပြည်နယ်ကြားကာလလွှတ်တော်သည် ကြားကာလအတွင်း ပြဌာန်းလုပ်ငန်းစဥ်(၅)ရပ်ကိုအကောင်အထည်ဖော်သွားမည် ဟု ဆို

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၈၊၂၀၂၃ ကယား(ကရင်နီ)ပြည်နယ် ကြားကာလလွှတ်တော်သည် ကြားကာလအတွင်း ပြဌာန်းထားသော လုပ်ငန်းစဥ်(၅) ရပ်ကိုချမှတ်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ကရင်နီပြည်နယ်ကြားကာလလွတ်တော်က ယမန်နေ့နိုဝင်ဘာ(၁၇)ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။ ကရင်နီပြည်နယ်ကြားကာလလွှတ်တော်သည် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ(၂၄)ရက်နေ့တွင် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC)သို့ အဆိုပြုတင်သွင်းကာ မူအရသဘောတူညီမှုရရှိခဲ့ခြင်းကြောင့် ကရင်နီပြည်နယ်ကြားကာလဥပဒေပြုရေးကော်မတီမှ ကရင်နီပြည်နယ်ကြားကာလလွှတ်တော်အဖြစ် ရပ်တည်တည်ပြီး လွတ်တော်ဆိုင်ရာလုပ်ငန်းများကို အစဥ်တစိုက်ကြိုးပမ်းဆောင်ရွက်နေကြောင်း ဖော်ပြထားပါသည်။ ကရင်နီကြားကာလလွှတ်တော်သည် ဥပဒေပြုရေးမဏ္ဍိုင်တစ်ရပ်အဖြစ် ကြားကာလအတွင်း ကရင်နီပြည်အတွက် လိုအပ်သောဥပဒေပြုခြင်း၊…

ကရင်နီပြည်တိုက်ပွဲတွင် အရပ်သားပြည်သူ သေဆုံးမှု ၅၀ ဦးအထိရှိပြီး အများစုတွင် လက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးရ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၈၊၂၀၂၃ လွိုင်ကော်နှင့်အနီးပတ်ဝန်းကျင် ယခုရက်ပိုင်းဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်း ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူထိခိုက်သေဆုံးမှု ၅၀ ဦးအထိရှိကြောင်း KHAI က ‌ယ‌နေ့ နိုဝင်ဘာ ၁၈ ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။ ကယား(ကရင်နီ)ပြည်အတွင်း နိုဝင်ဘာလ ၁၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု နှင့် စစ်ကောင်စီတပ်အကြား ဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်ကောင်စီ၏…