လက်နက်ကြီးနှင့်မိုင်းထိလူနာ များလာသည့်ကွတ်ခိုင်ပြည်သူ့ဆေးရုံတွင် ဆေးဝါးများပြတ်လပ်မည်ကို စိုးရိမ်နေရ ဟုဆို
ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၂၊၂၀၂၃ ကွတ်ခိုင်ပြည်သူ့ဆေးရုံတွင် မိုင်းထိလူနာများ၊ လက်နက်ကြီးထိလူနာများ များလာသဖြင့် ဆေးဝါးများပြတ်လပ်မည်ကို စိုးရိမ်နေရကြောင်း ဆေးရုံနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့အတွင်းရှိ ကုတင်(၁၀၀)နှင့် အရံကုတင်(၂၅)ခန့်ရှိသည့်ကွတ်ခိုင်ပြည်သူ့ဆေးရုံတွင် ရှမ်းမြောက်စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း ယနေ့အထိ မိုင်းထိလူနာများ၊ လက်နက်ကြီးထိလူနာများ၊ ပိုးထိလူနာများနှင့် မွေးလူနာများအပါအဝင် နေ့စဥ်များလာနေပြီး တဖက်တွင်လည်း ဆေးဝါးသယ်ဆောင်မှုအခက်ခဲရှိ နေသောကြောင့် ဆေးရုံတွင်ဆေးဝါးများပြတ်လပ်မည်ကို စိုးရိမ်နေရကြောင်း ဆိုသည်။ ကွတ်ခိုင်မြို့တွင်…