ရပ်စောက်မြို့အဝင်အထွက်စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီက တင်းကြပ်စွာစစ်ဆေးမှုပြုလုပ်နေ
ခမ်းသားငေါဝ်း အောက်တိုဘာ ၂၊ ၂၀၂၄ ယခုရက်ပိုင်း ရပ်စောက်မြို့အဝင်အထွက်စစ်ဆေး ရေး ဂိတ်တွင်စစ်ကောင်စီက တင်းကြပ်စွာစစ်ဆေးနေပြီးဒေသခံ သွားလာသူများပါအခက်ခဲကြုံရကြောင်းသိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်းရပ်စောက်မြို့ရှိ မြို့အဝင်အ ထွက်စစ်ဆေးရေးဂိတ်ကို စစ်ကောင်တင်းကြပ် စွာစစ်ဆေးနေပြီး အဝင်အထွက်လုပ်သည့်ဒေသခံလည်း အခက်ခဲဖြစ်စေကြောင်းအသက် ၂၅ နှစ်အရွယ် အမျိူးသားတစ်ဦးကပြောသည်။ “ဂိတ်ကအ၀င်ဆိုသိပ်မစစ်ဘူး၊အထွက်ဆိုရင်တော့စစ်ဆေးတာတွေအသေလုပ်တယ်၊ မနေ့ကရပ်စောက်ကိုလူငါးယောက်သွားတော့မှတ်ပုံတင်လေးယောက်ပဲပါသွားတယ်၊အ၀င်ကရပြီးတော့ကျွန်တော် တို့အင်တောဖက်ကိုသွားလည်မယ်ဆိုပြီးထွက်တော့ဂိတ်မှာတစ်ယောက်မှတ်ပုံတင်မပါလို့ဆိုပြီးရစ်တယ်၊ သူတို့ကပြောတယ်အဲတစ်ယောက်အစားမှတ်ပုံတင်တစ်ခုထားခဲ့ရမယ်၊ပြန်လာမှယူလို့ပြောတော့ မှတ်ပုံတင်ထားခဲ့ရတယ်”ဟု ၎င်းအမျိူးသားကဆက်ပြောသည်။ ရပ်စောက်မြို့တွင်အခြေအနေများလည်းရူပ်နေပြီး ဂိတ်များတွင်အရင်ကထက်တင်ကြပ်စွာစစ်ဆေးမေးမြန်းခြင်းများရှိသလို၊ တခါတစ်လေ…