Tag: ခမ်းသားငေါဝ်း

ကရင်နီပြည်တွင်ဖော်ဆောင်သည့် ၁၁၁၁ စစ်ဆင်‌ရေးတိုက်ပွဲတွင် PNDF – KK ပါဝင်တိုက်ခိုက်

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၂၀၊ ၂၀၂၃ ကရင်နီပြည်တွင် ဖော်ဆောင်သည့် ၁၁၁၁ စစ်ဆင် ရေးတိုက်ပွဲ၌ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် ခမ်းကောင် PNDF-KK သည် ပူးပေါင်းတိုက်ပွဲဝင်နေကြောင်းသိရသည်။ ကရင်နီပြည် လွိုင်ကော်၊ မိုးဗြဲ၊ ဖယ်ခုံမြို့နယ်ရှိတိုက်ပွဲတွင် KNDF ၏ဗျူဟာ- ၁ စစ်ကြောင်းနှင့်အတူပါဝင်တိုက်ခိုက် တိုက်ပွဲဝင်နေသည်ဟုသိရသည်။ “တော်လှန် ရေးနယ်မြေမှာ ရည်မှန်းချက်တူ ၊ပန်းတိုင်တူတဲ့စစ်အာဏာရှင်ပြုတ်ကျရေးမှာ လုပ်နေတဲ့ မဟာမိတ်နဲ့ အတူ…

နမ့်ခမ်းမြို့ကို TNLA အလုံးစုံထိန်းချုပ်နိုင်၊တိုက်ပွဲအတွင်း TNLA တပ်သား ၄၉ ဦးကျဆုံးဟုဆို

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၉၊ ၂၀၂၃ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ကို ဒီဇင်ဘာ ၁၉ ရက်နေ့တွင်တအာင်းတပ်မတော် TNLAက အလုံးစုံ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း TNLAသတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။ နမ်းခမ်းမြို့ကို သိမ်းပိုက်ရရှိရန်အတွက် ၁၀၂၇ စစ်ဆင်ရေးအတွင်း (၃၁)ရက်ကြာ တိုက်ခိုက်ခဲ့ရပြီး တိုက်ပွဲအတွင်း TNLA တပ်သား ၄၉ ဦး ကျဆုံးကာ ၁၄၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ တိုက်ပွဲအတွင်းတွင်…

ပအိုဝ်းတိုင်းရင်သူ ၃ ဦး မလေးရှား HELP University တွင် ပညာရေး ဒီပလိုမာ ရယူ

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၉၊၂၀၂၃ ပအိုဝ်းတိုင်းရင်းသူ ၃ ဦးသည် မလေးရှားနိုင်ငံရှိ HELP University တွင် ဒီဇင်ဘာ ၁၈ ရက်နေ့က ပညာရေး ဒီပလိုမာ ရယူနိုင်ခဲ့ကြောင်း မလေးရှားရောက် ပအိုဝ်းလူငယ် ခွန်စိုးသူထံမှ သိရသည်။ အဆိုပါ ၎င်းတို့ ၃ ဦးသည် ရှမ်းတောင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် နေထိုင်ကြသူများဖြစ်ပြီး နင်ꩻဖြူစင်သည် ဟိုပုံးမြို့နယ် လွယ်အွန်းကျေးရွာအုပ်စု…

ဆောင်းနန်းခဲကျေးရွာတောင်ပေါ် စစ်ကောင်စီပွိုင့်ကုန်းကို တော်လှန်ရေးအင်အားစုများ သိမ်းပိုက်

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၉၊၂၀၂၃ ဖယ်ခုံအင်းအရှေ့ဖက်ကမ်းရှိ ဆောင်းနန်းခဲကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတောင်စခန်းပွိုင့်ကုန်းကို မဟာမိတ်တော်လှန် ရေး အင်အားစုများက သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံအင်းအရှေ့ဖက်ကမ်းရှိ ဆောင်းနန်းခဲကျေးရွာတောင်ပေါ် တွင် တပ်စွဲထားသည့် စစ်ကောင်စီ တောင်စခန်းပွိုင့်ကုန်းကို မဟာမိတ် တော်လှန် ရေး အင်အားစုများက အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့သည်ဟု မိုးဗြဲ-ဖယ်ခုံ စစ်ဆင်ရေး မဟာမိတ်အင်အားစုများက ပူတွဲထုတ်ပြန်ထားသည်။ ဒီဇင်ဘာ…

စစ်ကောင်စီ လေကြောင်းဖြင့်ပစ်ခက်တိုက်ခိုက်မှုကြောင်း တစ်ရက်အတွင်း အရပ်သား ၆ ဦးထက်မနည်းသေဆုံး

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၉၊၂၀၂၃ စစ်ကောင်စီမှ လေကြောင်းဖြင့် လက်နက်ကြီး ပစ်ခက်တိုက်ခိုက်မှုကြောင်း တစ်ရက်အတွင်း အရပ်သား ၆ ဦးထက်မနည်းသေဆုံးခဲ့ရကြောင်း သိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း ၁၀၂၇ စစ်ရေးအတွင်း စစ်ရေးနှင့် ပတ်သက်ဆက်နွယ်မှုမရှိသည့် အရပ်သားပြည်သူများအပေါ် စစ်ကောင်စီတပ်ကလေကြောင်းနှင့် လက်နက်ကြီး အားကိုးပြီး အနိုင်ကျင့် သတ်ဖြတ်မှုများ ကျူးလွန်နေကြောင်း ဒီဇင်ဘာလ ၁၉ ရက်တွင် ရှမ်းမြောက်ညီနောင် ၃ဖွဲ့မှ ၁၀၂၇…

သေနတ်သံလက်နက်ကြီးသံကြားနေရ၍ ထီရီးရွာခံများ ထိတ်လန့်ထွက်ပြေးတိမ်းရှောင်နေရ

ခမ်းသားငေါဝ်း၊ ဒီဇင်ဘာလ ၁၈၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် ထီရီးကျေးရွာတွင် သေနတ်သံလက်နက်ကြီးသံကြားနေရ၍ ဒေသခံရွာသားများ ထိတ်လန့်ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံသိရသည်။ ကျေးရွာအတွင်းတိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သည့်အတွက် လုံခြုံသည့် နီးစပ်ရာကျေးရွာအတွင်းသို့ ရွာလုံးကျွတ်နီးပါး ထွက်ပြေးနေရကြောင်းသိရသည်။ “တောင်ဘက်ကနေ သေနတ်တွေပစ်လာတာရှိတော့လေ ဒီဘက်က မပစ်သေးပေမဲ့ ကြောက်ကြတာပေါ့ အဲ့လိုမျိုး ၊ တိုက်ပွဲဖြစ်လာမှာကို ကြောက်တာပါ၊ အဲ့ကြောင့်ပြေးကြရတာပါဗျ။ ရွာထဲမအိပ်ရဲတဲ့သူတွေလည်းရှိတယ်၊ အရင်တလောက သုံးပုံတစ်ပုံဆို အခုက…

ရှမ်းမြောက် ​နမ့်ဆန်မြို့ကို တအာင်းတပ်မတော် TNLA ကအလုံးစုံသိမ်းပိုက်နိုင်ခဲ့

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၈၊ ၂၀၂၃ အတွင်း နမ့်ဆန်မြို့ရှိ စစ်ကောင်စီ၏ စခန်းများကို အလုံးစုံ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်အမြောက်ကိုလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်းသိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့ရှိ စစ်ကောင်စီရဲ့ တပ်မ-၁၀၁၊ တပ်မမှူးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းအားလုံးတို့ ကို ဒီဇင်ဘာ ၁၅ ရက်နေ့ ညနေ ၃ နာရီခွဲ အချိန်တွင် TNLAတပ်ဖွဲ့မှ အလုံးစုံ ဝင်ရောက်ရှင်းလင်း…

အင်းလေးဒေသတောင်ဘက်ခြမ်း မင်းချောင်းရွာအတွင်း ပျူစောထီး ၂ ဦး ရှင်းလင်းခံရဟုဆို

ခမ်းသားငေါဝ်း၊ ဒီဇင်ဘာ ၁၇၊ ၂၀၂၃ စစ်ကောင်စီ သတင်းပေးဟု နာမည်ထွက်သည့် အင်းလေးဒေသ မင်းချောင်းရွာနေပျူစောထီး ၂ ဦးပစ်သတ်ခံရကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတောင်ဘက် မင်းချောင်းရွာအတွင်းနေပျူစောထီး၂ ဦးသည် ရွာပြင်ဘက် လမ်းမပေါ်တစ်နေရာ၌ ဒီဇင်ဘာ ၁၆ ရက်က သေနတ်နှင့် ပစ်သတ်ရှင်းလင်းခံခဲ့ရကြောင်းဒေသခံအမျိုးသားတစ်ဦးထံမှသိရသည်။ “ပျူစောထီး နှစ်ယောက် လာရှင်းသွားတယ်လို့တော့ ကြားမိတယ်ပြန်စုံစမ်းဖြစ်တာတော့ ။ မင်းချောင်းဘက်…

မူးယစ်ဆေးသုံးစွဲသူများလာသည့် ပင်လုံမြို့တွင် ခိုးဆိုးလုယက်မှု ပိုများလာ

ခမ်းသားငေါဝ်း ဒီဇင်ဘာလ ၁၇၊၂၀၂၃ မူးယစ်ဆေးဝါးသုံးစွဲသူ၊ ဆေးကြောင်သူပိုမိုများပြား လာသည့် ပင်လုံမြို့တွင် ခိုးဆိုးလုယက်မှုများလာပြီး ပြည်သူများလုံခြုံမှုမရှိတော့ကြောင်း ဒေသခံ များထံသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့တွင် ယခုရက် ပိုင်းအတွင်း မူးယစ်ဆေးသုံးစွဲသူ ဆေးသမားများက နေအိမ်ဖောက်ထွင်း ပြည်သူ၏ စည်းစိမ် ဥစ္စာခိုးယူမှုများရှိနေကြောင်း ပင်လုံမြို့ခံ အမျိုးသားတစ်ဦးထံမှသိရသည်။ “ကျွန်တော့်ကိုယ်တိုင်ကဝယ်ထားတဲ့အိမ်ရှိတယ်၊ လူမနေတော့ လျှပ်စစ်မီးဆားဗစ်ကြိုးကို လာဖြုတ်သွားတယ်လေ၊ နောက်ဟိုနေ့လည်း ကားရပ်ထားတာ လူမနေဘူး…

နမ့်ခမ်းစခန်းသစ်ကုန်းကို ပို့ဆောင်သည့်စစ်ကောင်စီ စစ်ကူTNLAတိုက်ခိုက်ပြီး အရာရှိများဖမ်းဆီးရမိ

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၇၊ ၂၀၂၃ နမ့်ခမ်းစခန်းသစ်ကုန်းမကျဆုံးဖို့အတွက် စစ် ကောင် စီမှပို့လိုက်သည့် စစ်ကူများထဲမှ ဗိုလ်မှူးအဆင့်အပါအဝင် စစ်သုံ့ပန့်များ ဖမ်းဆီးရမိကြောင်းသိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ နမ့်ခမ်းစခန်းသစ်ကုန်း မကျဆုံးရန်အတွက် စစ်ကောင်စီမှ ရဟတ်ယာဉ်ဖြင့် စစ်ကူများ ပို့ဆောင်လိုက်သည့် စစ်ကူအင်းအားများကို TNLA မှ လိုက်လံတိုက်ခိုက်ရာဗိုလ်ကြီးအဆင့်ရှိသူသေဆုံးပြီး ၄ ဦးကိုအရှင်ဖမ်းဆီးရမိကြောင်း ဒီဇင်ဘာ၁၆ ရက်နေ့က TNLA ထုတ်ပြန်ထားသည်။…