Tag: ခမ်းသားငေါဝ်း

ကိုးကန့်ဒေသတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်လုံးဝမရှိတော့ကြောင်း MNDAAပြော

ခမ်းသားငေါဝ်း ဇန်နဝါရီ ၇၊၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များလုံးဝမရှိတော့ကြောင်း MNDAA ကိုးကန့်တပ်မတော် သတင်းပြန်ကြားရေးဌာန၏ တာဝန်ရှိသူတစ်ဦးထံမှသိရသည်။ ကိုးကန့်ဒေသလောက်ကိုင်မြို့ကို ဇန်နဝါရီ ၅ ရက်နေ့၌ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ဟုလည်းသိရသည်။ “ကိုးကန့်ဒေသတစ်ခုလုံးတော့ အခုစစ်ကောင်စီတပ်ဖွဲ့ဝင် လုံးဝမရှိတော့တဲ့ အနေအထားမှာ ရှိပါတယ်” ဟု MNDAA ကိုးကန့်တပ်မတော် သတင်းပြန်ကြားရေးတာဝန်ခံ လီကျာဝင်းကခမ်းသားငေါဝ်းကိုပြောသည်။ လောက်ကိုင်မြို့ရှိ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ)မှ ဗိုလ်မှူးချုပ်အဆင့်…

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီကလေကြောင်းဖြင့်တိုက်ခိုက်မှုကြောင့် အရပ်သားမျာထိခိုက်

ခမ်းသားငေါဝ်း ဇန်နဝါရီ ၇၊ ၂၀၂၄ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နမ္မတူမြို့ရှိလူထုနေထိုင်ရာအရပ်ကို စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက် ခြင်းကြောင့် အရပ်သားနှင့် လူနေအိမ် ထိခိုက် ပျက်စီးခဲ့ကြောင်းသိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် ကုန်းဆာကျေးရွာသစ်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် အကြိမ်ကြိမ်တိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်ဒဏ်ရာရပြီး လူနေအိမ်များ ပျက်စီးခဲ့ကြောင်း ဇန်နဝါရီလ ၆ ရက်နေ့ TNLA ထုတ်ပြန်ချက်အရသိရသည်။ ဇန်နဝါရီလ…

ပင်လောင်းတွင် ထပ်မံရောက်လာသည့် ဖယ်ခုံစစ် ရှောင်များအတွက် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်

ခမ်းသားငေါဝ်း ဇန်နဝါရီ ၆၊၂၀၂၄ ပင်လောင်းတောင်ဖက်တွင် ထပ်မံရောက်လာသည့် ဖယ်ခုံစစ်ရှောင်များအတွက် စားနပ်ရိက္ခာများနှင့် မိုးကာ၊ အနွေးထည်၊စောင်များ အရေးပေါ်လိုအပ်‌ နေကြောင်း ဇန်နဝါရီ ၆ ရက် နေ့တွင် သိရသည်။ ဖယ်ခုံမြို့တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ၂၅ ရက်ကစပြီး တိုက်ပွဲပြင်းထန်ကာ စစ်ကောင်စီဖက်မှ ရပ်ကွက်နှင့် ကျေးရွာများထဲတွင် ရည်ရွယ်ချက်ရှိရှိလက်နက်ကြီးများ ပစ်ခတ်လာခြင်းကြောင်း ဒေသခံများ ဘေးကင်းရာ ပင်လောင်းမြို့နယ်သို့…

နောင်ကားရွာ အနောက်တောင်ဘက်တွင် ဒရုန်းပျံသန်းနေပြီး PNO/PNA တာဝန်ရှိသူများက ရွာသားများအား တောနင်းရှာဖွေခိုင်း

ခမ်းသားငေါဝ်း ဇန်နဝါရီ ၆၊ ၂၀၂၄ နောင်ကားရွာ အနောက်တောင်ဘက်တွင် ဒရုန်းပျံသန်းခြင်းရှိ‌နေပြီး PNO/PNA တာဝန်ရှိသူများက ရွာသားများအား တောနင်းရှာဖွေခိုင်းခဲ့ကြောင်း သိရသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စု တဲခဲ(ဒုံတန် တယ်းခုဲင်း)ကျေးရွာနှင့် လွယ်စင်းရွာကြား ရှိ မျင်ပဆီတောင်ပေါ်တွင် ဒရုန်းပျံသန်းမောင်းနှင်ခြင်း ရှိခဲ့ပြီး အဆိုပါဒရုန်းပျံသန်းခြင်းကို PNO/PNA တာဝန်ရှိသူများက သွားရောက်စစ်ဆေးခြင်းမလုပ်ပဲ ရွာသားများ မုဆိုးများအား သွားရောက်ရှာ‌ ဖွေစစ်ဆေး စေခဲ့ကြောင်း…

သံဘိုကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ပြီး စစ်ကြောင်းမှူးဒုဗိုလ်ကြီး ၁ ဦးအရှင်ဖမ်းဆီးရမိ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၄၊၂၀၂၄ နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာရှိ စစ်ကောင်စီအခြေစိုက်တပ်စခန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)နှင့် ပြည်သူ့ကာကွယ်‌ရေးတပ်မတော်(မန္တလေး)တို့ကဇန်နဝါရီလ (၃)ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန(NUG)၏ ထုတ်ပြန်ချက်အရ သိရသည်။ ရှမ်းမြောက် နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာရှိ စစ်ကောင်စီအခြေစိုက်တပ်စခန်းကို တအာင်းအမျိုး သားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)နှင့် ပြည်သူ့ကာကွယ်‌ရေးတပ်မတော်(မန္တလေး)တို့က ဇန်နဝါရီလ(၂)ရက်နေ့တွင် ပူးပေါင်းတိုက်ခိုက်ကာ ယမန်နေ့ မနက်(၇း၃၀)နာရီခန့်အချိန်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ဆိုထားပါသည်။ သိမ်းပိုက်ရရှိသည့် စစ်ကောင်စီတပ်စခန်းအတွင်း…

ယခုနှစ် ငရုတ်သီးဈေးမရှိသဖြင့် တောင်သူများစားဝတ်နေရေးအတွက် ခက်ခဲရ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၄၊၂၀၂၄ ငရုတ်သီးစိုက်တောင်သူများသည် ယခုနှစ်တွင် ငရုတ်သီးဈေးမရှိသဖြင့် စားဝတ်နေရေးအတွက် အခက်ခဲများရင်ဆိုင်နေရကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။ ဆီဆိုင်မြို့နယ်အတွင်းရှိ ငရုတ်သီးစိုက်တောင်သူများသည် ယခုနှစ်တွင် ငရုတ်သီးဈေးမရှိသဖြင့် စားဝတ်နေရေးအတွက် အခက်ခဲများရင်ဆိုင်နေရကြောင်း တောင်သူတစ်ဦးက ဇန်နဝါရီ ၄ ရက်နေ့တွင် ပြောဆိုသည်။ ယခင် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ငရုတ်သီး အခြောက်တစ်ပိဿာကို ၁၅၀၀၀ ကျပ်အထိရရှိပြီး ယခုနှစ်သတွင် ငရုတ်သီး…

စစ်ကောင်စီကြောင့်သေဆုံးရသည့် အမျိုးသမီး ၃၃ ဦးအနက် ရှမ်းပြည်နယ်မှ ၄ ဦးပါဝင်

ခမ်းသားငေါဝ်း ဇန်နဝါရီ ၄၊၂၀၂၄ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်ခြင်းနှင့် လေကြောင်းဖြင့်တိုက်ခိုက်ခြင်းကြောင်း ဒီဇင်ဘာ တစ်လအတွင်း နိုင်ငံတဝန်း အမျိုးသမီးသေဆုံးမှု ၃၀ ကျော်ရှိခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ ထုတ်ပြန်ချက်အရ သိရသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကြောင်း ၂၀၂၃ ဒီဇင်ဘာလ တစ်လအတွင်းတွင် နိုင်ငံတဝန်းအမျိုးသမီး ၃၃ ဦး သေဆုံးခဲ့ရကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂက ထုတ်ပြန်ထားပါသည်။ စစ်ကောင်စီကြောင့် သေဆုံးရသည့်…

စစ်ကောင်စီအား ယခုချိန် မည်သည့်နေရာတွင် တိုက်တိုက်အနိုင်ရရန် အခြေနေကောင်းသည် ဟုဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၄၊၂၀၂၄ လက်ရှိရရှိထားသည့် အောင်မြင်မှုများထက် နှစ်ပေါင်းများစွာအတွင်း ရရှိထားပြီးဖြစ်သော အတွေ့အကြုံ၊ သင်ခန်းစာများကို ကောင်းစွာသိနားလည်ထားခြင်းက ပို၍အရေးကြီးသည်ဟု ညီနောင်မဟာမိတ်(၃)ဖွဲ့က ယမန်နေ့ ဇန်နဝါရီလ(၃)ရက်နေ့တွင် ထုတ်ပြန်ပြောဆိုထားပါသည်။ လက်ရှိရရှိထားသောအောင်မြင်မှုများထက် တစ်ရက်ပြီးတစ်ရက် အခြေနေဆိုးဝါးလာသည့် စစ်ကောင်စီအား ကြမ္မာညင်ခွင့်သာပေးကာ မိမိတို့အပေါ်တန်ပြန်တိုက်စစ်အတွက် မည်သည့်အခွင့်အရေးမျှ ပေး၍မရဆိုသည်ကို နှစ်ပေါင်းများစွာအတွင်း ရရှိထားပြီးဖြစ်သော အတွေ့အကြုံ၊ သင်ခန်းစာများအား ကောင်းစွာသိနားလည်ထားခြင်းက ပို၍အရေးကြီးကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့က…

စစ်ကောင်စီ၏ ချင်းလက်ဝစခန်းကို AA သိမ်းပိုက်

ခမ်းသားငေါဝ်း ဇန်နဝါရီ ၄၊၂၀၂၄ ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီ၏ ချင်းလက်ဝစခန်းကို ရက္ခိုင့်တပ်တော် AA မှ ယမန်နေ့ ဇန်နဝါရီလ ၃ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။ ပလက်ဝဒေသအတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို ၂၀၂၄ ဇန်နဝါရီလ ၁ ရက်နေ့မှစတင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ ၂ ရက်နေ့တွင် စစ်ကောင်စီ၏ ခမောင်းဝစခန်းကို သိမ်းပိုက်နိုင်ခဲ့သလို တဆက်တည်းတွင်…

ရန်ကုန်-မန္တလေးလမ်းဟောင်းအနီးရှိ စစ်ကောင်စီတပ်၏ ကာကင်းစခန်း (၈)ခုကို (K.N.L.A)ချေမှုန်းရှင်းလင်း

ခမ်းသားငေါဝ်း ဇန်နဝါရီ ၄၊၂၀၂၄ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ကညွတ်ကွင်းမြို့အနီးရှိ တောင်ဂုန်းတဲရွှာအနီးမှ စစ်ကောင်စီတပ်၏ ကာကင်းစခန်း (၈) ခုကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှ ဦးဆောင်ပြီး လက်အောက်ခံတပ်ရင်း၊ တပ်ဖွဲ့များနှင့် ပူးပေါင်း တပ်များက တိုက်ခိုက်ချေမှုန်း ရှင်းလင်းခဲ့ကြောင်း ကေအဲန်ယူက ယနေ့တွင် ထုတ်ပြန်ထားပါသည်။ ယနေ့ ဇန်နဝါရီလ(၄)ရက်နေ့တွင် ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ရထားလမ်းနှင့် စစ်ကောင်စီ၏ စခန်းအနီးအနားတွင်…