Tag: ခမ်းသားငေါဝ်း

သစ်ပင်ကောက်ရွာ စစ်ရှောင်စခန်းရှိ စစ်ရှောင်ကလေးများ ပညာသင်ကြားရေးအတွက် ဆရာ၊ဆရာမနှင့် သင်ထောက်ကူပစ္စည်းများ လိုအပ်

ခမ်းသားငါဝ်း ဇန်နဝါရီ ၁၉၊၂၀၂၄ သစ်ပင်ကောက်ရွာ စစ်ရှောင်စခန်းတွင် စစ်ရှောင်ကလေးများ ပညာရေးသင်ကြားရေးအတွက် ဆရာ၊ဆရာမနှင့် သင်ထောက်ကူပစ္စည်းများလိုအပ်နေကြောင်း စစ်ရှောင်ကူညီသူ အမျိုးသမီးတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်‌တောင်ပိုင်း ပင်လောင်းမြို့နယ်အရှေ့တောင်ဖက်ခြမ်းရှိ သစ်ပင်ကောက်ကျေးရွာစစ်‌ရှောင်စခန်းတွင် စာသင်ကြားနေသည့် စစ်ရှောင်ကလေး ၂၀၀ (နှစ်ရာ)ကျော်ရှိနေပြီး အဆိုပါ စစ်ရှောင်ကလေးများအတွက် ကျောင်းသုံးပစ္စည်းနှင့် သင်ထောက်ကူပစ္စည်းများ လိုအပ်နေကြောင်း စစ်ရှောင်ကော်မတီတစ်ဦးက ယနေ့တွင် ပြောဆိုသည်။ “ကလေးတစ်ယောက်ချင်းစီကို စာအုပ်တစ်အုပ်နဲ့ ဘောပင်တစ်‌ချောင်းပဲပေးနိုင်တယ်…

ဗန်းမောက်ရွာစစ်ရှောင်စခန်းတွင် စစ်ရှောင်တိုးလာသဖြင့် နေရာအခက်အခဲရှိပြီး ဆန်ပြုတ်သောက်နေရ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၉၊၂၀၂၄ ပင်လောင်းမြို့နယ် ဗန်းမောက် ကျေးရွာ စစ်ရှောင်စခန်းတွင် စစ်ရှောင်ဦး‌ရေပိုမိုများပြားလာသဖြင့် နေရာများအခက်အခဲရှိသလို အချို့မှာ ဆန်ပြုတ်သောက် နေရသည်ဟု စစ်ရှောင်ကူညီသူတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဗန်းမောက်ရွာ စစ်ရှောင်စခန်းတွင် ယနေ့အထိ စစ်ရှောင်များ နေ့စဉ်ရောက်လာလျက်ရှိပြီး လှုဦးရေး ၂ ထောင် ကျော်အထိရှိနေကာ စားနပ်ရိက္ခာများ ၊နေရာထိုင်ခင်းများနှင့် ဆေးဝါးများ လုံလောက်မှုမရှိဘဲ အရေးပေါ် လိုအပ်‌နေကြောင်း…

လက်ဖက် နှင့် ငရုတ်သီး ဈေးကောင်းရရှိသော်လည်း ကုန်ဈေးနှုန်းမြှင့်တက်မှုကြောင့်တောင်သူများ စားဝတ်နေရေး ခက်ခဲနေရဆဲ

ခမ်းသားငါဝ်း ဇန်နဝါရီ ၁၈၊၂၀၂၄ စစ်တပ်အာဏာသိမ်းပြီးနောက် ကုန်စျေးနှုန်း အမျိုးမျိုးမြင့်တက်လာမှုကြောင့် စိုက်ပျိုးရေးလုပ်ကိုင်သည့်တောင်သူများသည် စားဝတ်နေရေးအတွက် အခက်အခဲ အကြပ်အတည်း ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်ကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်‌နယ်တောင်ပိုင်း၊ ပင်လောင်းဒေသရှိ လက်ဖက်နှင့် ငရုတ်သီး စိုက်ပျိုးရေးကို မှီခိုပြီး စားဝတ်နေရေး ရပ်တည်လာရသည့်တောင်သူများသည် ကုန်စျေးနှုန်းများ တနေ့ထက်တနေ့အဆမတန်မြင့်တက်လာခြင်းကြောင့် စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေရကြောင်း သိရသည်။ “ငရုတ်ကတော့ အရင်နှစ်တွေထက် စျေးပိုရတယ်ပြောလို့ရတယ်…

မူဆယ် နှင့် ၁၀၅ မိုင်အနီးရှိ စစ်ရှောင်ပြည်သူများ AA စားနပ်ရိက္ခာကူညီ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၈၊၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နှင့် ၁၀၅ မိုင်အနီးရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ရက္ခိုင့်တပ်တော် AA က ဆန်၊ဆီ၊ဆား စားနပ်ရိက္ခာများ ကူညီပံ့ပိုးခဲ့ကြောင်း AA က ယနေ့တွင် ထုတ်ပြန်ထားပါသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်နေ့ နေ့လည် ၁ နာရီ ၃၀ မိနစ်အချိန်မှ ညနေ ၆နာရီထိ ဖြန့်ဝေပေးခဲ့ကြောင်း…

ပင်လုံမြို့ဖြစ်ပွားခဲ့သည့်ဖြစ်စဥ်တွင် ဓားပြတိုက်မှုမဟုတ်ပဲ စိတ်မမှန်သူ သောင်းကျန်းမှုသာ ဟုဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၈၊၂၀၂၄ ပင်လုံမြို့ရှိ ကမ္ဘောဇဘဏ်အတွင်း ဖြစ်ပွားသည့်ဖြစ်စဥ်သည် ဓားပြတိုက်မှုမဟုတ်ပဲ ဆေးကြောင်သည့်စိတ်မမှန်သူ အမျိုးသားတစ်ဦး လာရောက်သောင်းကျန်းမှုသာဖြစ်ကြောင်း မြို့ခံအမျိုးသားတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့ ကမ္ဘောဇဘဏ်အတွင်း ယမန်နေ့ ဇန်နဝါရီလ ၁၇ ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် အမျိုးသားတစ်ဦးက ပိုက်ဆံလာထုတ်မည်ဟုဆိုကာ ဓားထုတ်ပြီး ဘဏ်ဝန်ထမ်းများကို ဆဲဆိုခြိမ်းခြောက်ရန်ပြုမူခဲ့‌ကြောင်း သိရသည်။ “အမှန်က အဲ့လူကစိတ်မမှန်တာ…

တောင်ကြီးတွင် မီးပျက်နေချိန် သူခိုးများ အခွင့်ကောင်းယူပြီး မီးကြိုးများ လိုက်လံခိုးနေ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၈၊၂၀၂၄ တောင်ကြီးမြို့တွင် မီးပုံမှန်မလာခြင်း၊ မီးနေ့စဉ်နေ့တိုင်းပျက်နေခြင်းကို သူခိုးများ အခွင့်ကောင်းယူပြီး မီးကြိုးများ လိုက်လံခိုးယူနေကြောင်း တောင်ကြီးမြို့ခံများထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် မီးပုံမှန်မလာသဖြင့် မီးပျက်နေသည့်အချိန်များ၌ သူခိုးများက အခွင့်ကောင်းယူပြီး ရပ်ကွက်တွင်းရှိ မီးကြိုးများ၊ အချို့အိမ်များတွင် ရေမော်တာများကို လိုက်လံခိုးယူနေကြောင်း ဒေသခံများက ဇန်နဝါရီလ (၁၈) ရက်နေ့တွင် ပြောဆိုသည်။ တောင်ကြီးရှိ ပန်သခွား၊…

မှော်ဘီ ဂိတ်နှစ်ခုတွင် ဂိတ်စောင့်စစ်သားများက ခရီးသွားလာပြည်သူများကို ရိုက်နှက်စစ်ဆေးပြီး ငွေတောင်းနေ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၈၊၂၀၂၄ မှော်ဘီ ကျေးရွာအနီးရှိ တံတားပေါ်ဂိတ်နှင့် အဝိုင်းပတ်ဂိတ်တွင် ခရီးသွားလာပြည်သူများကို ရိုက်နှက်စစ်ဆေးပြီး ငွေတောင်းနေကြောင်း ခရီးသွားတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ၊မှော်ဘီကျေးရွာရှိ တံ‌‌တားပေါ် နှင့် အဝိုင်းပတ် စစ်ကောင်စီတပ် နှင့် PNO ဂိတ်နှစ်ခုတွင် ခရီးသွားလာပြည်သူများ နှင့် ဒေသခံများကို ရိုက်နှက်စစ်ဆေးပြီး ငွေတောင်း ငွေညစ်မှုများရှိနေကြောင်း သိရသည်။ ပြီးခဲ့သည့်…

တောင်ကြီးရှိ ရွှေတောင်ရိုးကားခြံ မီးလောင်မှုဖြစ်ပွား

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၈၊၂၀၂၄ တောင်ကြီးမြို့ ရေအေးကွင်းရပ်ကွက်ရှိ ရွှေတောင်ရိုးကားခြံအား ယနေ့နံနက်အစောပိုင်း ၁ နာရီအချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ရေအေးကွင်းရပ်ကွက်ရှိ ရွှေတောင်ရိုးကားခြံကို ယနေ့ဇန်နဝါရီလ ၁၈ ရက်က်နေ့ နံနက် ၁၂ နာရီ ၅၈ မိနစ်အချိန်တွင် မီးစတင်လောင်ခဲ့ပြီး ၁ နာရီ ၄၁ မိနစ်အချိန်တွင် မီးကိုငြိမ်းသတ်နိုင်ကာ မိနစ် ၄၀ ကျော်ကြာ…

ဒေါတခြောကျေးရွာသို့ ထပ်မံရောက်လာသည့် စစ်ရှောင်မိသားစုများအား PNLOမှ ဆန် ဆီ ဆား များကူညီထောက်ပံ့

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၇၊၂၀၂၄ ကရင်နီ နယ်စပ်ရှိ ဒေါတခြောကျေးရွာသို့ ယမန်နေ့ ဇန်နဝါရီ ၁၆ ရက်နေ့တွင် ထပ်မံရောက်ရှိလာသည့် ကရင်နီပြည်မှ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ စစ်ဘေးရှောင်များအတွက် ပအိုဝ်းမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO မှ သွားရောက်ပံ့ပိုးကူညီခဲ့ကြောင်း သိရသည်။ ထပ်မံရောက်လာသည့် စစ်ဘေးရှောင်အိမ်ထောင်စု ၈ စု လူဦးရေ ၄ဝ ဝန်းကျင်ကို ဆန် ဆီ ဆားနှင့်…

ရှမ်း-ကရင်နီနယ်စပ်ရှိ စစ်‌ကောင်စီတပ် နှင့် ပအိုဝ်းပြည်သူ့စစ် (PNA) တပ်သားများအတွက် ဒေသခံကျေးရွာများ နေ့စဉ်ထမင်းထုပ်ပြီး ပို့ပေးရ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၇၊၂၀၂၄ စံကားအင်းဒေသတွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ်(PNA)တပ်သားများအတွက် ရွာသားများက စားနပ်ရိက္ခာထောက်ပံ့ ပေးနေရကြောင်း ခမ်းသားငေါဝ်းမှ စုံစမ်းသိရှိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားအင်းဒေသရှိ ဒေသခံပြည်သူများသည် ရှမ်း-ကရင်နီနယ်စပ်ရှိ စစ်‌ကောင်စီတပ် နှင့် ပအိုဝ်းပြည်သူ့စစ် (PNA) တပ်သားများအတွက် အလှည့်ကျထမင်းထုပ်များထောက်ပံ့ ပို့ဆောင်ပေးရကြောင်း သတင်းရင်းမြစ်က ယနေ့ဇန်နဝါရီလ (၁၇)ရက်နေ့တွင် ပြောဆိုသည်။ “သူတို့အတွက် တစ်အိမ်ကို ထမင်းထုပ်(၄)ထုပ်စီ…