Tag: ခမ်းသားငေါဝ်း

မဲနယ်တောင်ဒေသတိုက်ပွဲ ဆက်လက်ဖြစ်ပွားမည်စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်သွားသည့်ပြည်သူများ အကူညီလိုအပ်နေ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၂၊၂၀၂၄ မဲနယ်တောင်ဒေသမှ ဟိုပုံးမြို့ရှိ ဖါလွိုင် ဘုန်းကြီး​ကျောင်းသို့ စစ်ရှောင်လာသည့်ပြည်သူအတွက် ဆန်၊ ဆီ၊ ဆား တကိုယ်ရေသုံးပစ္စည်း အနွေထည်နှင့် စောင်များအရေးပေါ် လိုအပ်နေကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသရှိ လုံးဟီး(စံဖူး)ကျေးရွာတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားမည်ကိုစိုးရိမ်ပြီး ပြည်သူများ ယနေ့မနက်ထိ နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရကြောင်းသိရသည်။ “အချို့က ဆွေမျိုးရှိတော့ ဆွေးမျိုးတွေနားနေကြတယ်။ အချို့က တောထဲပဲပြေးရတယ်။ အခြားနေရာလည်းမရှိတော့” ဟု…

PNLO တောင်ကြီးဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူးခွန်မင်းသိမ်းအပါ (၃)ဦးကို စစ်ကောင်စီဖမ်းဆီးထား

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၁၊ ၂၀၂၄ တောင်ကြီးမြို့ရှိ PNLO၏ ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူးခွန်မင်းသိမ်းအပါ (၃)ဦးကို စစ်ကောင်စီက ဖမ်းဆီးခေါ် ဆောင်ခဲ့ကြောင်း PNLO တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။ ယနေ့ ဇန်နဝါရီ ၂၁ ရက်နေ့ နေ့လည်အချိန်က တောင်ကြီးမြို့ ကန်ကြီးရပ်ကွက်ရှိ PNLO ဆက်ဆံ ရေးရုံးတွင် စရဖ က လာရောက်ဖမ်းဆီးခဲ့ပြီး…

မဲနယ်တောင်ဒေသ တိုက်ပွဲပြင်းထန်ဖြစ်ပွားမှုကြောင့် ဒေသခံ နှင့်ခရီးသွားများပိတ်မိနေ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၁၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင် ဒေသတွင် လက်ရှိတိုက်ပွဲများပြင်းထန်နေပြီး ဒေသခံများနှင့် ခရီးသွားပြည်သူများ ရွာအတွင်းပိတ်မိနေကြောင်း ဒေသခံထံမှသိရသည်။ ယင်းတိုက်ပွဲသည် PNOပြည်သူ့စစ်၊ စစ်ကောင်စီပူးပေါင်းတပ်နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ် (PNLO/PNLA)တို့အကြားဖြစ်ပွားသည့် တိုက်ပွဲဖြစ်ကြောင်း PNLO/PNLA နီးစပ်သူကအတည်ပြုပြောဆိုသည်။ “အခုထိ အိမ်ထဲမှာပဲနေနေရတယ်။ ထွက်လို့မရဘူး။ အိမ်ဘေးမှာလည်း စစ်သားခြေသံတွေကြားနေရတယ်။ “ဟု ဒေသခံတစ်ဦးမှခမ်းသားငေါဝ်းသို့ ပြောသည်။…

ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ စံဖူးကျေးရွာအနီး တိုက်ပွဲဖြစ်ပွား

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၁၊ ၂၀၂၄ ယနေ့နံနက်အစောပိုင်း၌ မဲနယ်တောင်ဒေသ စံဖူးကျေးရွာအနီး တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံသိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင် ဇန်နဝါရီ ၂၁ ရက်ကတိုက်ပွဲဖြစ်ပွားနေကြောင်းသိရသည်။ “လက်ရှိ ပစ်ခတ်သံကြားနေတယ်၊ တချို့ဒေသခံကရုတ်တရက်ကြီးဆိုတော့ ကြောက်လန့်ပြီး အပြင်တောင်မထွက်ရဲကြဘူး။ကျွန်တော်တို့ရွာအနီးရှိ ထမ်းအယ်ရွာကလူတွေ မနေ့ညပစ်ခတ်သံကြားကတည်းက ဟိုဟွေး၊ ကျူးမှုံးတို့ဘက်ပြောင်းပြီ”ဟုဒေသခံအမျိုးသားတစ်ဦးကခမ်းသားငေါဝ်းကို ပြောသည်။ ယင်းတိုက်ပွဲသည် PNOပြည်သူ့စစ်၊…

ဆီဆိုင်တွင် ရွာ ၅ ရွာအသုံးပြုသည့် တဘတ်ချောင်းတံတားကျိုးကျသဖြင့် ဒေသခံများ သွားလာရေး သယ်ယူရေး အခက်ခဲဖြစ်

ခမ်းသားငေါဝ်း ဇန်ဝါရီ၂၀ ၊၂၀၂၄ ရွာ ၅ ရွာအသုံးပြုသည့် တဘတ်ချောင်းတံတားကျိုးကျသဖြင့် ဒေသခံများ သွားလာရေး သယ်ယူရေး အခက်ခဲကြုံတွေ့နေရကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ဆီဆိုင်မြို့နယ်တွင် နမ့်နောင်ရွှာ၊ ဟိုခဲရွှာ၊ ဝမ်ဟဲရွာ၊နောင်ပါရင်ရွာနှင့် နောင်စကာရွာ ရွာ ၅ ရွာ ဒေသခံများ အသုံးပြုသွားလာနေသည့် တဘတ်ချောင်းတံတားသည် ဇန်နဝါရီ ၁၉ ရက်နေ့တွင် ကျိုးကျခဲ့ကြောင်း သိရသည်။ “ပြောင်းကားသွားတဲ့အချိန်…

ပြောင်းစျေး ကျသထက် ကျလာသဖြင့် ပြောင်းစိုက်တောင်သူများ အခက်အခဲဖြစ်နေရ ဟုဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၀၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပြောင်းစိုက်တောင်သူများသည် ပြောင်းစျေးကောင်းမရပဲ ဈေးကျသထက်ကျလာသဖြင့် တောင်သူများ အခက်အခဲ ကြုံတွေ့လာရကြောင်း ပြောင်းစိုက်တောင်သူ တစ်ဦးထံမှ သိရသည်။ ယခင်နှစ်များတွင် ပြောင်းစျေး တစ်ပိသာလျှင် တစ်ထောင်ကျော်အထိ စျေးရပြီး ယခုနှစ်တွင် ၉၀၀ ဝန်းကျင်သာရရှိသဖြင့် ကုန်ကျထားသည့်အရင်းအနှီးများနှင့်ပင် တွက်ချေမကိုက်ကြောင်း ပြောင်းစိုက်တောင်သူက ပြောဆိုသည်။ ပြောင်းစျေးကျခြင်းကြောင့် အမြတ်မရပဲ အရင်း‌ ကျေရုံမျှ ပြန်ရသည့်…

KNU ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ(၂၀၀) နီးပါးသေဆုံးပြီး (၆၀၀) ကျော်ဒဏ်ရာရ ဟုဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၀၊၂၀၂၄ ကော်သူးလေအုပ်ချုပ်နယ်မြေ (၂၀၂၃)ခုနှစ်အတွင်း စစ်ကောင်စီတပ်မှ လူ့အခွင့်အရေးချိုးဖောက်သည့် တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ(၂၀၀)ဦးနီးပါးသေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ (၆၀၀)ဦးကျော်ရှိခဲ့ကြောင့် (KNU)ထုတ်ပြန်ချက်အရ သိရသည်။ ကရင်ပြည်နယ် ကော်သူးလေအုပ်ချုပ်နယ်မြေ (၂၀၂၃)ခုနှစ်အတွင်း စစ်ကောင်စီတပ်မှ လူ့အခွင့်ရေးချိုးဖောက်မှုများကြောင့် အရပ်သားပြည်သူများ(၁၉၅)ဦးသေဆုံးခဲ့ရပြီး၊ ထိခိုက်ဒဏ်ရာရသူ(၆၆၁)ဦးနှင့် အကြောင်းမဲ့ဖမ်းဆီးခံရသူ (၁၉၇)ဦးအထိရှိခဲ့ကြောင်း ကရင်နီအမျိုးသားအစည်းအရုံး(KNU)က ဇန်နဝါရီလ(၁၈)ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။ စစ်ကောင်စီသည် (၂၀၂၃)တစ်နှစ်အတွင်း ကော်သူလေးအုပ်ချုပ်နယ်မြေ၌ လူ့အခွင့်အရေးချိုးဖောက်မှု (၁၈)မျိုးရှိပြီး…

CDM ဝန်ထမ်းထုညီလာခံကို အွန်လိုင်းဖြင့် လေးရက်ကြာကျင်းပသွားမည်

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၉၊၂၀၂၄ နိုင်ငံတစ်ဝှမ်းရှိ CDM ဝန်ထမ်းထုညီလာခံကို ယနေ့ ဇန်နဝါရီ ၁၉ ရက်နေ့တွင် အွန်လိုင်းဖြင့် စတင်ပြုလုပ်ခဲ့ပြီး ညီလာခံကို ဇန်နဝါရီ ၁၉ မှ ၂၂ ရက်နေ့အထိ ၄ ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။ ညီလာခံတွင် အမြဲတမ်းသဘာပတိများအဖြစ် ဒေါက်တာ လောကနတ် ၊ဒေါ်ခက်ဆစ် တို့က ဆောင်ရွက်မည်ဖြစ်ပြီး အလှည့်ကျသဘာပတိများ အဖြစ် ပထမရက်ကို…

ကလေးငယ်နေမကောင်းသဖြင့် ဆေးကုသမှုခံယူစဥ် ငွေ လေးသိန်းကျပ် လိမ်လည်ခံရ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၉၊၂၀၂၄ တောင်ကြီးမြို့ အမျိုးသမီးနှင့်ကလေးအထူးကုဆေးရုံတွင် နယ်လူနာတစ်ဦး ငွေကြေးလိမ်လည်ခံရမှုဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။ တောင်ကြီးမြို့ အမျိုးသမီးနှင့်ကလေးအထူးကုဆေးရုံတွင် သန့်ရှင်းရေးဝန်းထမ်းတစ်ဦးမှ ကျေးလက်လူနာ၏ ဘာသာစကားအာနည်းမှုနှင့် ဆေးရုံပိုင်းဆိုင်ရာနားလည်မှုအားနည်းခြင်းကို အခွင့်ကောင်းယူပြီး ငွေကြေးလိမ်လည်မှုဖြစ်ခဲ့ကြောင်း ဆေးရုံနှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။ ယခုရက်သတ္တပတ်အတွင်းတွင် ကလေးငယ်နေမကောင်းသဖြင့် ပင်လောင်းမြို့နယ်မှ တောင်ကြီးမြို့ အမျိုးသမီးနှင့်ကလေးအထူးကုဆေးရုံသို့ပြောင်းရွှေ့ ကုသမှုခံယူသည့် အသက် ၄၀ အရွယ်ရှိ အမျိုးသမီးတစ်ဦးသည် ဆေးရုံတွင် ငွေလေးသိန်းကျော်…

ပေါမူကျေးရွာအုပ်စုတွင် ပအိုဝ်းပြည်သူ့စစ်(PNA) အဖွဲ့မှ ရွာသားများကို ပြည်သူ့စစ်သားစုဆောင်းမှုများရှိနေ ဟုဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၉၊၂၀၂၄ တောင်ကြီးမြို့နယ် ပေါမူကျေးရွာအုပ်စုတွင် ပအိုဝ်းပြည်သူ့စစ်(PNA)အဖွဲ့မှ ရွာသားများကို တပ်သားစုဆောင်းခြင်းများ ပြုလုပ်နေကြောင်း စုံစမ်းသိရပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် မြောက်ဘက်ခြမ်း ပေါမူကျေးရွာအုပ်စုတွင် ပအိုဝ်းပြည်သူ့စစ်(PNO)မှ ရွာသားများအား ကျေးရွာအတွက် လုံခြုံရေးဟုဆိုကာ တပ်သားစုဆောင်းခြင်းများပြုလုပ်နေကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။ “ပေါမူဘက်မှာ ကျေးရွာအုပ်စုတစ်စုကို အယောက်(၃၀)ပေါ့နော၊ ပြီးရင်ရွာတစ်ရွာကို ငွေ(၄)သိန်းအဲ့လိုမျိုးပေးရတယ် ပေါ့နော်၊ အဲ့တာကတော့သူတို့က ပြီးခဲ့တဲ့တစ်ပတ်လောက်ကမှ လူစုတာ၊…