Tag: ခမ်းသားငေါဝ်း

ဆီဆိုင်မြို့ပေါ်နှင့် ကျေးရွာများကို ကင်းထောက်များဖြင့်လည်း ဗုံးကြဲတိုက်ခိုက်နေသဖြင့် ဒေသခံများသတိရှိရန် လိုအပ်ဟုဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၇၊၂၀၂၄ တိုက်ပွဲဖြစ်ပွားနေသည့် ဆီဆိုင်မြို့တွင် စစ်ကာင်စီတပ်က မြို့ပေါ်နှင့် ကျေးရွာများကို ဂျက်ဖိုက်တာ တိုက်လေယဉ်အပြင် ကင်းထောက်များဖြင့်လည်း ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်နေကြောင်း စစ်သတင်းရင်းမြစ်ပြောပြချက်အရ သိရသည်။ ဆီဆိုင်မြို့ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များ ထိန်းချုပ်လာနိုင်ပြီးနောက် စစ်ကောင်စီတပ်မှ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း ဆက်တိုက်ပြုလုပ်လာပြီး ယနေ့တွင် ကင်းထောက်လေယာဥ်ဖြင့်လည်း ဗုံးကြဲမှုရှိသဖြင့် ဒေသခံများသတိရှိရန် လိုကြောင်း ဆိုသည်။…

အရွယ်ရောက်ပအိုဝ်းလူငယ်များ ပအိုဝ်းအမျိုးသားတပ်မတော်(PNA)ထံ တာဝန်ထမ်းဆောင်သင့် ဟုဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၇၊၂၀၂၄ အရွယ်ရောက်ပြီးသည့် ပအိုဝ်းလူငယ်များအနေဖြင့် ပအိုဝ်းအမျိုးသားတပ်မတော်(PNA)ထံ တာဝန်ထမ်းဆောင်သင့်ပြီဟု PNA က ယမန်နေ့ ဇန်နဝါရီလ (၂၆)ရက်နေ့တွင် ထုတ်ပြန်ပြောဆိုထားပါသည်။ မိမိတို့လူမျိုးစုကို သူတစ်ပါးမှ နှိပ်စက်ခြင်း၊ အနိုင်ကျင့်ခြင်း မဖြစ်ရလေအောင် စစ်အင်အားတောင့်တင်းရန်လိုအပ်ပြီး ပအိုဝ်းတမျိုးသားလုံးအနေဖြင့် အရွယ်ရောက်ပြီးသား ပအိုဝ်းလူငယ်များသည် ပအိုဝ်းအမျိုးသားတပ်မတော် (PNA) ထံသို့ တာဝန်ထမ်းဆောင်သင့်ပြီဟု PNAက မိဘပြည်သူလူထုထံ အသိပေးနိုးဆော်ထားသည်။ “ငါတို့နယ်မြေကို…

စစ်ကောင်စီနှင့် PNA ဖက် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ကောင်မူးဗွာ ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီး

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၇၊၂၀၂၄ PDF ရှိသည်ဆိုသည့် အထင်ဖြင့် စစ်ကောင်စီနှင့် PNA ဖက် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ကောင်မူးဗွာ ဘုန်ကြီးကျောင်း ထိခိုက်ပျက်စီးသွား သည်ဟု ဒေသခံတစ်ဦးထံမှ သိရသည်။ ယနေ့ဇန်နဝါရီ ၂၇ ရက်နေ့ ယနေ့မနက်ပိုင်းတွင် စစ်ကောင်စီနှင့် PNA ဖက် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းအတွင်းအပြင်ရှိ အဆောက်အဦးတစ်ချို့နှင့် ရွာထဲရှိ ဒေသခံနေအိမ်များလည်း ပျက်စီးခဲ့ကြောင်း သိရသည်။…

တောတောင်ထဲ စစ်ရှောင်နေရသည့် ဆီဆိုင်‌ဒေသခံများ စားနပ်ရိက္ခာများအခက်အခဲရှိလာ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၇၊၂၀၂၄ ဆီဆိုင်မြို့နယ်အတွင် တောတောင်ထဲ စစ်ရှောင် နေရသည့် စစ်ရှောင်များသည် စားနပ်ရိက္ခာများအခက်အခဲရှိလာကြောင်း စစ်ရှောင်သူတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နှင့်အနီးတစ်ဝိုက်တွင် ဇန်နဝါရီ ၂၃ ရက်မှစ၍ တိုက်ပွဲပြင်းထန်ပြီးနောက် စစ်ကောင်စီဖက် လက်နက်ကြီး ၊လေကြောင်းဖြင့် မြို့တွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများကို တိုက်ခိုက်ခဲ့ပြီး ဒေသခံများ ဘေးကင်းရာတောထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါသည်။ “စထွက် တဲ့ နေ့ကတည်းက…

အမျိုးသမီးတဦး စစ်ရှောင်နေရင်း တောတောင်ထဲတွင် ကလေးမီးဖွားပြီး ဆေးဝါးများအရေးပေါ်လိုအပ်

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၇၊၂၀၂၄ တိုက်ပွဲဖြစ်ပွားသည့် ဆီဆိုင်မြို့တွင် ကိုယ်ဝန်သည်အမျိုးသမီးစ်ဦး စစ်ရှောင်နေရင်း တောတောင်ထဲတွင် ကလေးမီးဖွားနေပြီး ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်သူတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီမှ လေယာဉ်ဖြင့် လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်လာကာ ဒေသခံပြည်သူများသည် နီးစပ်ရာ တောထဲသို့ စစ်ရှောင်နေရပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ဇန်နဝါရီ ၂၆ ရက်နေ့တွင် မီးဖွားသဖြင့် ဆေးဝါးအကူအညီလိုအပ်နေကြောင်း သိရသည်။…

ပအိုဝ်းပြည်သူ့စစ်အနေဖြင့် စစ်အာဏာရှင်အသုံးချခံဘဝမှ အမျိုးသားလွတ်မြောက်ရေးသို့ ကူးပြောင်းရန် PNLA တိုက်တွန်း

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၇၊ ၂၀၂၃ ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ဝင်များအနေဖြင့် စစ်အာဏာရှင်ယန္တရားကို လည်ပတ်စေသည့် အသုံးချခံဘဝမှ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ ကူးပြောင်းရပ်တည်ကြရန် ဇန်နဝါရီ ၂၇ ရက်နေ့က PNLAမှ တိုက်တွန်းလွှာ ထုတ်ပြန်လိုက်သည်။ ဆီဆိုင်မြို့နယ် လွယ်ထွဲရွာအနီးတွင် ဇန်နဝါရီ ၂၆ ရက်က ဦးနေဝင်းထွန်းဦးဆောင်သည့် စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ် နှင့် PNLA မဟာမိတ်တပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။…

ဘဝတူ ညီနောင်မဟာမိတ်များနှင့်အတူ တိုက်ပွဲဆင်နွဲမည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ကြေညာ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၇၊ ၂၀၂၄ စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းပြီး ပြည်သူလူထု တစ်ရပ်လုံးလိုလားတောင်းတသည့် ဖက်ဒရယ် ဒီမိုကရေစီစနစ်ကိုဖော်ဆောင်နိုင်သည့်အထိ ဘဝတူ ညီနောင်မဟာမိတ် များနှင့်အတူ တော်လှန်ရေး ဆင်နွဲသွားမည်ဟု PNLO ကကြေညာလိုက်သည်။ လက်ရှိ ဖြစ်ပေါ်နေသည့် စစ်ရေးပဋိပက္ခသည် ပအိုဝ်း အချင်းချင်း အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခြင်းမလုပ်ဘဲ စစ်ကောင်စီဩဇာခံ ပအိုဝ်းပြည်သူ့စစ်များကိုလည်း ဘက်ပြောင်းခိုလှုံရန် တိုက်တွန်းလိုက်သည်။ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) သည်…

ဆိုက်ခေါင်အတွင်း ကျန်ရှိနေသေးသည့်ပြည်သူအချို့ လေယာဥ်ဖြင့် ဗုံးကြဲခံရမည်ကိုစိုးရိမ်နေ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၆၊၂၀၂၄ ဆီဆိုင်မြို့နယ် ဆိုင်ခေါင်ဒေသအတွင်း ကျန်ရစ်နေသေးသည့် ပြည်သူအချို့သည် စစ်ကောင်စီတပ်မှလေယာဥ်ဖြင့် လာရောက်ဗုံးကြဲမည်ကို စိုးရိမ်နေရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးထံမှသိရသည်။ ယနေ့ဇန်နဝါရီ ၂၆ ရက်နေ့ ဆိုက်ခေါင်ဒေသ၌ စစ်ကောင်စီ၏ ကင်းထောက်လေယာဥ်နှင့် ဂျက်ဖိုက်တာလေယာဥ်များ ပျံဝဲနေပြီး လက်နက်ကြီး ပစ်ခတ်သံလည်း ကြားနေရကြောင်းသိရသည်။ “လက်နက်ကြီးသံတော့ကြားရတယ်။ ဆီဆိုင်ကိုပစ်သွားတာလားတော့မသိဘူး။ ကင်းထောက်လေယာဥ် နဲ့ ဂျက်ဖိုက်တာလေယာဥ်တွေဝဲနေတယ်။ ခုကထွက်သွားရမလားနေရမလားမသိတော့ဘူး။ အမှန်ကမထွက်သွားချင်ဘူးပေါ့။ ကြောက်လည်းကြောက်တယ်။…

ဆီဆိုင်တိုက်ပွဲအတွင်း ခွန်နေဝင်းထွန်းကိုယ်တိုင်ဦးဆောင်ပြီး စစ်ကောင်စီဘက် ကူတိုက်ပေး နေဟု သတင်းထွက်

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၆၊၂၀၂၄ ဆီဆိုင်တိုက်ပွဲအတွင်း PNO/PNA ၏စီပွားရေးတာဝန်ခံ ခွန်နေဝင်းထွန်းကိုယ်တိုင် ဦးဆောင်ပြီး စစ်ကောင်စီဘက် ကူတိုက်ပေးနေကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့တွင်ဇန်နဝါရီ၂၃ ရက်မှစပြီး PNLA နှင့် မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့များက စစ်တပ်စခန်းနှင့် ရဲစခန်းများကို သိမ်းပိုက်ပြီးနောက် တိုက်ပွဲ ‌ပြင်းထန်နေပြီး PNO/A ပြည်သူ့စစ်၏စီးပွားရေးတာဝန်ခံ ခွန်နေဝင်းထွန်း ကိုယ်တိုင် ဦးဆောင်ပြီး စစ်ကောင်စီကို…

တဘက်၊ ကုန်ဆွတ်နှင့် ပင်စုံကျေးရွာမှ နေအိမ်များကို ကရင်နီစစ်ဘေးရှောင်များအား အပိုင်ပေးအပ် ကြောင်း ထုတ်ပြန်စာသည် သတင်းအမှားသာဟုဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၆၊ ၂၀၂၄ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/ PNLA)မှ မဟာမိတ်တပ်ဖွဲ့များနှင့် ဆွေးနွေးညှိနှိုင်းမှု သဘောတူ အချက်များကို ဆောင်ရွက်ခွင့်ပေးလိုက်သည်ဟု ဇန်နဝါရီ ၂၆ ရက်နေ့ Page အတုကသတင်းမှား ထုတ်ပြန်ထားသည်။ ထိုထုတ်ပြန်ချက်တွင် PNLO/ PNLA၏ ရည်ရွယ် ချက်ဖြစ်သည့် ပအိုဝ်းဒေသ၊ ဆီဆိုင်မြို့အတွင်း လူဆိုး၊သူခိုးများကို တိုက်ထုတ်ရန် မဟာမိတ်များအဖွဲ့များနှင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး…