Tag: ခမ်းသားငေါဝ်း

သံလွင်မြစ်အရှေ့ဖက်ကမ်းရှိ စစ်ကောင်စီတပ်စခန်း ၂ ခုဆုတ်ခွာသည့်အတွက် တော်လှန်ရေးအင်အားစုသိမ်းပိုက်

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၁၈၊၂၀၂၄ သံလွင်မြစ်အရှေ့ဖက်ကမ်းရှိ စစ်ကောင်စီ ရှေ့တန်းအထိုင်တပ်စခန်း ၂ ခု တပ်သားများဆုတ်ခွာသွားသည့် အတွက် တော်လှန်ရေးအင်အားစုဘက်က သိမ်းပိုက် လိုက်ပြီဖြစ်ကြောင်းသိရသည်။ ကရင်နီပြည် ရှားတောမြို့နယ် သံလွင်မြစ်အရှေ့ဘက်ရှိ ဟွေအွန်နှင့် ကျားပါးစပ်ကြီးစခန်း ၂ခုကို စစ်ကောင်စီတပ်သားက ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ နောက်ဆုံးအထိုင်ချပြီး စခန်းကိုစွန့်ခွာခဲ့ကြောင်း KNDF၏ ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနကယမန်နေ့ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာထုတ်ပြန်ထားသည်။…

ထမ်းယံရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁ နှစ်ကျော်ကလေးတစ်ဦးအပါအဝင်၂ ဦးသေဆုံး

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၁၈၊ ၂၀၂၄ ထမ်းယံရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီလက်နက်ကြီးရမ်းသမ်းပစ်ခတ်ခြင်းကြောင့် (၁) နှစ်ကျော်ကလေးတစ်ဦးအပါအဝင် နှစ်ဦး သေဆုံးခဲ့ကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့နယ်၊ ထမ်းယံရွာတွင် ဖေဖော်ဝါရီ ၁၇ ရက် ညလူအိပ်ချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီကလက်နက်ကြီးရမ်းသမ်းပစ်ခတ်လာခဲ့ ကြောင်းသိရသည်။ “ထမ်းယံထီတမ်ရွာမှာတစ်ဦး သေတယ်။ ဒဏ်ရာရသူလည်းများတယ်။ ထမ်းယံအပေါ်ရွာတော့ ၁ နှစ်ကျော်ကလေးငယ်တစ်ဦးသေဆုံးပြီး ကလေးအဖေ လည်း ဒဏ်ရာရရှိခဲ့တယ်”ဟု ဒေသခံ…

PNO အသွင်ပြောင်း ပြည်သူ့စစ် ( ဌာနေ ) တပ်ဖွဲ့ဝင်များအား စစ်ကောင်စီက လက်နက်တပ်ဆင်အပ်နှင်းပွဲ အခမ်းအနားပြုလုပ်

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၁၇၊ ၂၀၂၄ PNO အသွင်ပြောင်း ပြည်သူ့စစ် ( ဌာနေ ) တပ်ဖွဲ့ဝင်များအား စစ်ကောင်စီက လက်နက်တပ်ဆင်အပ်နှင်းပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၇ ရက်နေ့က အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ PNO အသွင်ပြောင်းပြည်သူ့စစ်( ဌာနေ ) တပ်ဖွဲ့ဝင်များအားလက်နက် တပ်ဆင်အပ်နှင်းခြင်းကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ မိုးလုံလေလုံအားကစားခန်းမ၌ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီ ဝါဒဖြန့် Telegram…

အာဏာရှင်စနစ် တော်လှန်ရင်းကျဆုံးခဲ့သည့် ရဲဘော်မန်းကီး ၂ နှစ်ပြည့် လွမ်းဆွတ်သတိရခြင်းအထိမ်းအမှတ်ပြုလုပ်

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၁၇၊ ၂၀၂၄ ရှမ်းပြည်နယ် တောင်ပိုင်း တော်လှန်ရေး တပ်ဖွဲ့ SSRY Eagle Force က ရဲဘော်မန်းကီး ကျဆုံးခြင်း ၂ နှစ်ပြည့်လွမ်းဆွတ်အောက်မေ့သတိရခြင်း အထိမ်းအမှတ် ကိုလွတ်မြောက်နယ်မြေတစ်နေရာ၌ ကျင်းပခဲ့ကြောင်း သိရသည်။ ရဲဘော်မန်းကီး အတွက် ဘုန်းကြီးကျောင်းသို့ဆွမ်းပို့ပေးခြင်းနှင့်အလေးပြုခြင်းအခမ်းအနားပြုလုပ်ခဲ့ ကြောင်းသိရသည်။ “ရဲဘော်မန်းကီး တာဝန်ကျေပါတယ် ကျွန်တော် တို့ SSRY Eagle…

ပေါမူဒေသတွင် PNO ပြည်သူ့စစ်လုံခြုံရေးကင်းလှည့်စရိတ်ဟုဆိုပြီး ငွေကြေးကောက်ခံမှုပြုလုပ်

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၁၇၊ ၂၀၂၄ ပေါမူကျေးရွာအုပ်စုအတွင်း PNO ပြည်သူ့စစ်လုံခြုံရေးကင်းလှည့်စရိတ်ဟုဆိုပြီး ငွေကြေးကောက်ခံမှုပြုလုပ်နေကြောင်း ဒေသခံ များထံသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် မြှောက်ဖက် ပေါမူကျေးရွာတွင် ဖေဖော်ဝါရီ ၁၆ ရက်နေ့က သားသတ်ခုံ၊ စားသောက်ဆိုင်နှင့်ကုန်ဆုံဆိုင်ဖွင့်ထားသူများ လုပ်ငန်းရှင်များထံ ငွေကြေးတောင်းခံ နေကြောင်းသိရသည်။ “သူတို့ကစာနဲ့လာပေးတယ်။ အစည်းအဝေးလုပ်မယ်ပေါ့ ။သူတို့ဒီရပ်ရွာကိုကာကွယ်ဖို့စရိတ်ဆိုပြီး ပြောလာတယ်။အစည်းဝေးမှာတော့ ဆိုင်အငယ်ဆို တစ်သိန်း တောင်းတယ်။ ဆိုင်အကြီးက၂…

မဲနယ်တောင်ဒေသကျေးရွာသို့ စစ်ကောင်စီက လက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခတ်နေ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၁၇၊ ၂၀၂၄ မဲနယ်တောင်ဒေသရှိကျေးရွာများအား စစ်ကောင်စီကလက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခတ်ခြင်းပြုလုပ် နေကြောင်း ဖေဖော်ဝါရီလ(၁၇)ရက်နေ့က ဒေသခံတစ်ဦးပြောပြချက်အရသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသရှိ ကျေးရွာများအား ဖေဖော်ဝါရီလ (၁၆)ရက်နေ့ညတွင်စစ်ကောင်စီကလက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်နေကြောင်း သိရသည်။ “မနေ့ညကျွန်တော်တို့ရွာဘက်ကို စစ်ကောင်စီတပ်က အောက်မြေပြန့်ဘက်ကနေလက်နက်ကြီးနဲ့ လှမ်းထုတာ၊ လက်နက်ကြီးကရွာထိတော့မကျဘူး၊ တောတောင်မှာပုန်းခိုနေတဲ့လူနီးနားမှာကျတာ လူထိခိုက်တာတော့မရှိဘူး” ဟုဒေသခံအမျိုးသားတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။ စစ်ကောင်စီတပ်သည် ယမန်နေ့ည(၁၀)နာရီဝန်းကျင်တွင် ဟိုနားကျေးရွာဘက်မှ စံဖူးကျေးရွာဘက်သို့ လက်နက်ကြီးဖြင့်လှမ်းပစ်လာပြီး…

PNO ပြည်သူ့စစ်က ပအိုဝ်းပြည်သူကိုအတင်းအဓမ္မ ခေါ်ဆောင်ပြီး စစ်ကောင်စီတပ်စခန်းတွင် စစ်သင်တန်းပေးနေ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၁၇၊ ၂၀၂၄ PNO ပြည်သူ့စစ်မှ အတင်းအဓမ္မခေါ်ယူ စုဆောင်းသည့် ပင်လောင်းရှိ ပအိုဝ်းလူငယ်များကို ရင်းမှီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတွင် စစ်သင်တန်း ပေးနေကြောင်းဒေသခံများကပြောသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တောင်ပိုင်း ကျေးရွာရှိ အမျိုးသားလူငယ်များကို PNO ပြည်သူ့စစ်က တပ်သားသစ်ခေါ်ယူပြီး စစ်ကောင်စီက သင်တန်းပေးနေပြီဖြစ်ကြောင်းသိရသည်။ “သင်တန်းက ရင်းမှီးတပ် ထီတလိ တောင်ခြေမှာ ရှိတဲ့ လေးကျင်းရေးကွင်းမှာ သွားတက်ရတယ်…

ပအိုဝ်းဒေသတွင်း PNOပြည်သူ့စစ်က PNLO နာမည်အလွဲသုံးစားပြီး ပြည်သူကိုဆွဲဆောင်ကာ ပြည်သူ့စစ်တပ်သားသစ်စုဆောင်းနေ ဟုဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၃၀၊ ၂၀၂၄ ပအိုဝ်းဒေသတွင်း စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် အဖွဲ့က PNLO အဖွဲ့နာမည်အသုံးပြုပြီး ပြည်သူကိုလိမ်လည်ဆွဲဆောင်ကာ ပြည်သူ့စစ်တပ်သားသစ်စုဆောင်းခြင်း၊ ငွေကောက်ခြင်းများပြုလုပ်နေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ကျောက်တစ်လုံးကြီးမြို့နယ်နှင့် ဟိုပုံးမြို့နယ် စငေါ ဒေသတွင် PNO ပြည်သူ့စစ်အဖွဲ့က တပ်သားသစ်စုဆောင်းခြင်းနှင့် ငွေကောက်ခံခြင်းများ ပြုလုပ်နေကြောင်းသိရ သည်။ ထိုသို့ PNO ပြည်သူ့စစ်က…

ကက္ကူရောက် စစ်ရှောင် သက်ကြီးရွယ်အိုနှင့် ကလေးများ ကျန်းမာရေးစောင့်ရှောက်မှု အရေးကြီးလိုအပ်

ခမ်းသားငေါဝ်း ဇန်နဝါရီ ၃၀၊၂၀၂၄ ကက္ကူဘုရားတွင် ရောက်ရှိလာသည့်စစ်ရှောင် သက်ကြီးရွယ်အိုနှင့် ကလေးများ ကျန်းမာရေးစောင့်ရှောက်မှု အရေးကြီးလိုအပ်နေကြောင်း ကူညီသူတစ်ဦးထံမှ သိရသည်။ ဆီဆိုင်မြို့နယ်မှ မွေတော်ကက္ကူဘုရားသို့ ရောက်ရှိသည့်စစ်ဘေးရှောင် ပြည်သူသက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များအတွက် ကျန်းမာရေးစောင့်ရှောက်မှု အရေးကြီးလိုအပ်နေကြောင်း ကူညီသူတစ်ဦးက ယနေ့တွင် ပြောဆိုသည်။ “အဓိက သက်ကြီးရွယ်အိုနဲ့ ကလေးတွေအတွက် ကျန်းမာရေးပိုင်းမှာ ပိုလိုအပ်တယ်။ လက်ရှိသူတို့အစားအသောက်ကတော့ အဆင်ပြေသေးတယ်။ အလှူရှိတော့ ကျွန်မလည်း…

စစ်ကောင်စီအတွက် ပအိုဝ်းအချင်းချင်းမတိုက်ခိုက်လို၍ PNLA ထံအလင်းဝင်လာသည့် ပြည်သူ့စစ်သားတစ်ဦးအား ဆုငွေချီးမြင့်

ခမ်းသားငေါဝ်း ဇန်နဝါရီ ၃၀၊၂၀၂၄ အလင်းဝင်လာသည့် PNO ပြည်သူ့စစ်တစ်ဦးအား PNLA မှ လွတ်လပ်စွာနေထိုင်သွားလာခွင့်နှင့် ဆုငွေများပေးအပ်ခဲ့ကြောင်း သိရသည်။ အလင်းဝင်လာသည့် ပြည်သူ့စစ်တစ်ဦးကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေတပ်မတော် (PNLA) က နွေးထွေးစွာကြိုဆိုပြီး ဆုကြေးငွေများကိုလည်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း ဇန်နဝါရီလ ၃၀ ရက်နေ့တွင် သိရသည်။ အဆိုပါ အလင်းဝင်လာသည့် ပြည်သူ့စစ်သားတစ်ဦးသည် စစ်ကောင်စီအတွက် ပအိုဝ်းအချင်းချင်းမတိုက်ခိုက်လိုသဖြင့် PNLA ထံ…