Tag: ခမ်းသားငေါဝ်း

ဆီဆိုင်မြို့နယ် ဒဏ်ရာရရှိသည့် စစ်ရှောင်များတောထဲ ပိတ်မိမှုရှိနေ

.ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၀၊၂၀၂၄ ဆီဆိုင်မြို့ အနောက်ဘက်ခြမ်းတောထဲရှိ ထီပရားတကြောတွင် ပိတ်မိနေသူစစ်ဘေးရှောင် မိသားစု ၁၀ ဦးထဲက ၅ ဦးဒါက်ရာရရှိပြီး ၂ ဦးသည်ဒါဏ်ရာပြင်းထန်စွာရရှိထားကြောင်း သိရသည်။ ပိတ်မိသူသည် ဘာကြောင့် ဒါဏ်ရာရသည်ကိုခမ်းသားငေါဝ်းအနေဖြင့် အတည်မပြုနိုင်သေးပါ။ “ဆီဆိုင်မြို့ အနောက်ဘက် တောထဲမှာပိတ်မိတာပါ ဒဏ်ရာလည်းရထားတယ်ဆိုလို့ ပိတ်မိတာအ ကြောင်းကြားလာတာနဲ့ ကျွန်တော်တို့က ကူညီပေးတဲ့သူတွေနဲ့ချိတ်ပေးထားပါတယ် အခုလောလောဆယ်တော့ တိတိကျကျမသိရသေးဘူး။”ဟု ၎င်းကပြောသည်။…

ရွာတွင်းစစ်ကောင်စီက လက်နက်ကြီးအထိုင်ချ ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် ကျူးမုန့်၊ ဟွေးတက်ရွာသားထွက်​ပြေး

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၀၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့ရှိ မဲနယ်တောင်ဒေသသို့ စစ်ကောင်စီက ကျူးမုန့်ရွာနှင့်ဟွေးတဲက်ရွာ ဘုန်းကြီးကျောင်းမှ လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်နေခြင်းကြောင့် ရွာအတွင်း တိုက်ပွဲဖြစ်မည်ကိုစိုးရိမ်ပြီး ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရပါသည်။ ဟိုပုံးမြို့၊ကျူံးမုန့်ကျေးရွာနှင့် ဟွေးတက်ကျေးရွာကြားရှိသည့် ကုန်းကျောင်း ဘုန်းကြီးကျောင်းတွင် စစ်ကောင်စီက နေရာယူထားပြီး မဲနယ်တောင်ဘက်ကို ယနေ့မနက် ၁၁ နာရီဝန်းကျင်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။…

ပင်လောင်းမြို့နယ် ကျေးရွာတစ်ချို့တွင် လက်ပံပင်အခေါက်ကို ပွဲစားများ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ၊ ၂၀၊ ၂၀၂၄ ပင်လောင်းမြို့နယ် ကျေးရွာတစ်ချို့တွင် လက်ပံပင်အခေါက်ကို ပွဲစားများက စျေးကောင်းပေးပြီးဝယ်ယူနေသောကြောင့် ဒေသခံများ လောလောဆယ် စားဝတ်နေရေးအတွက်ဖြေရှင်းရန် အဆင်ပြေစေကြောင်း ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် သိရသည်။ လက်ပံအခေါက်ကို အစိုကိုလည်းဝယ်ယူပေးနေပြီး တစ်ပိဿာကို ခြောက်ရာကျပ်ပေးပြီးဝယ်ယူလျှက်ရှိရာ အခေါက်ခုတ်ရောင်းသူအနေနှင့် တစ်ရက်လျှင် ဝင်ငွေ နှစ်သောင်းကျပ်ခန့်ရရှိနေကြောင်း လက်ပံခေါက်ရောင်းသူထံမှ သိရသည်။ “ခုလိုသူများလာဝယ်တဲ့ချိန် တခဏတာအတွက် စားဝတ်နေရေးတွက်အဆင်ပြေစေတယ်”ဟု…

ရှမ်းပြည်တွင်နေထိုင်သည့် တိုင်းရင်းသားအားလုံး စစ်မှုထမ်းရန်တာဝန်ရှိဟု RCSS ကဆို

ခမ်းသားငေါဝ်း ဖေဖော်ဝါရီလ ၂၀၊ ၂၀၂၄ ရှမ်းပြည်နယ်အတွင်း နေထိုင်သည့် တိုင်းရင်းသားအားလုံး စစ်မှုထမ်းရန်အတွက် တာဝန်ရှိကြောင်း RCSS ပြောရေးဆိုခွင့်ရှိသူ အတွင်းရေးမှု၂ ဗိုလ်မှုး စိုင်းခမ်းစံက ပြောဆိုလိုက်သည်။ စစ်ရေးပဋိပက္ခ ကာလတွင် ရှမ်းပြည်အတွင်းနေထိုင်ပြီး မည်သည့်တိုင်းရင်းသား လူမျိုးမဆို အသက် ၁၈ နှစ်မှ ၄၅ နှစ်အထိ ကျား၊ မ အားလုံး ရှမ်းပြည်အမျိုးသားရေး တာဝန်…

ထိုင်းသံရုံးဗီဇာလျှောက်ထားသူများ အွန်လိုင်းမှတစ်ဆင့်ဗီဇာရက်ချိန်း ရယူနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံးကထုတ်ပြန်

ခမ်းသားငေါဝ်း ဖေဖော်ဝ်ရီ ၂၀၊၂၀၂၄ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ အလုပ်လုပ်ရန် ထိုင်းသံရုံးဗီဇာလျှောက်ထားသူ အရေအတွက်များနေသောကြောင့် အွန်လိုင်းမှတစ်ဆင့်ဗီဇာရက်ချိန်း ရယူနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံးက ယနေ့ဖေဖော်ဝါရီလ(၂၀)ရက်နေ့တွင် ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံးတွင် ဗီဇာရက်ချိန်းကို ကြေညာစာထုတ်ပြန်သည့်နေ့မှစကာ ထုတ်ပြန်စာတွင်ဖော်ပြ သည့်ဝက်ဘ်ဆိုဒ်နှင့် QR Codeသို့ ဝင်ရောက်ပြီး အွန်လိုင်းမှတစ်ဆင့်ရယူနိုင်ပြီဖြစ်ပြီး တစ်ရက်လျှင် တိုကင်နံပါတ်(၂၀၀)နှုန်းဖြင့် ရက်(၃၀)ကြိုတင်ရက်ချိန်းယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ အွန်လိုင်းမှတစ်ဆင့်ရက်ချိန်းယူထားသူများသည် အီးမေးလ်နှင့် ဗီဇာရက်ချိန်းရရှိထားသည့်ပုံ သို့မဟုတ်…

ညောင်ရွှေမှဝယ်ယူသယ်လာသည့် ဓာတ်ဆီ ဒီဇယ် ၉ ပေပါကို မှော်ဘီတံတားစစ်ဆေးရေးဂိတ်တွင်အသိမ်းခံရ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီလ ၁၉၊ ၂၀၂၄ ညောင်ရွှေမြို့မှ ဝယ်ယူသယ်လာသည့် ဓာတ်ဆီ၊ဒီဇယ် ၉ ပေပါကို မှော်ဘီဂိတ်၌ စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့ စစ်အဖွဲ့တို့က ဖမ်းဆီးသိမ်းယူသွားကြောင်းသိရသည်။ ဖေဖော်ဝါရီ ၁၇ ရက်နေ့က ဖယ်ခုံမြို့နေ ဒေါ်တင်စိန်သည် ညောင်ရွှေမြို့ ပန်းကန်ရွာက ဦးသန်းဦးဆိုင်မှ ဆီဝယ်လာပြီး သယ်လာစဥ် မှော်ဘီဂိတ်အရောက်တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်အဖွဲ့တို့က သယ်ခွင့်မပေးပဲ…

ပစ္စည်းပြန်သယ်သည့် ပြည်သူချို့လက်နက်ကြီးကြောင့် ၇ ဦးထိခိုက်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၁၉၊၂၀၂၄ ဆီဆိုင်မြို့နယ်အတွင်း ပစ္စည်းပြန်သယ်ကြသည့်အရပ်သားများကို စစ်ကောင်စီက လက်နက်ကြီး​ဖြင့်ပစ်ခတ်သဖြင့် ၇ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်းသိရသည်။ ဖေဖော်ဝါရီ ၁၉ ရက်နေ့ နံနက် ၆ နာရီနှင့် ၇ နာရီဝန်းကျင်တွင် စစ်ကောင်စီပစ်ခတ်သည့်လက်နက်ကြီး ဆီဆိုင်မြို့နယ် ဝါးတောကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီးထိခိုက်ခြင်းဖြစ်သည်။ “ဒဏ်ရာရထားသူတွေကတော့ ကျွန်တော်တို့သိထားသလောက်က ၆ ဦးရှိတယ်။ အခြားလည်းရှိနိုင်သေးတယ်။…

စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့်ဆီဆိုင်မြို့သို့ပစ္စည်းပြန်ယူသည့် အရပ်သား (၈ )ဦးထက်မနည်းထိခိုက်ဒဏ်ရာရ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၁၉၊၂၀၂၄ စစ်ကောင်စီက အဆက်မပြတ် လက်နက်ကြီး ပစ်ခတ်မှု ကြောင့် ဆီဆိုင်မြို့သို့ပစ္စည်းပြန်ယူသည့် အရပ်သား ၈ ဦးထက် မနည်းထိခိုက်ဒဏ်ရာရခဲ့ကြောင်းဒေသခံတစ်ဦးထံမှသိရသည်။ ဖေဖော်ဝါရီ ၁၉ ရက်နေ့ နံနက် ၆ နာရီအချိန်၌ မြောက်ဘက်မှ ဆီဆိုင်ဘက်သို့စစ်ကောင်စီက လက်နက်ကြီးဖြင့်အဆက်မပြတ် ပစ်ခတ်ပြီး ဝါးတောရွာအရပ်သားတို့ကိုထိမှန်ခဲ့သလို ဆီဆိုင်မြို့ ဘုရားဖြူရပ်ကွက် ၃ အတွင်းမှာလည်း လူနေအိမ်ထိမှန်မီးလောင်နေခဲ့ကြောင်းဆိုသည်။ “လက်နက်ကြီးထိတာ…

ပင်လောင်းမြို့ရှိစစ်ဆေးရေးဂိတ်တွင် ကရင်နီဒေသခံများ ရပ်ကွက်ထောက်ခံစာပါမှ ဂိတ်ပေးဖြတ်သည်ဟုဆို

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၁၉၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့ရှိစစ်ဆေးရေးဂိတ်များတွင် ကရင်နီပြည်နယ်က ဒေသခံများကို ရပ်ကွက်ထောက်ခံစာပါမှသာ ဂိတ်ကိုပေးဖြတ်ကြောင်း ကိုယ်တိုင်ကြုံတွေ့သူအမျိုးသမီးတစ်ဦးထံမှသိရသည်။ ပင်လောင်းမြို့မှ တောင်ကြီးသို့သွားရာလမ်းပေါ်ရှိ ပင်လောင်းဂိတ်၊ တီကျစ် နဂါးဘီလပ်မြေရှေ့ရှိဂိတ်နှင့် အောင်ပန်းဂိတ်တို့တွင် ယခင်ထက်ပိုမိုတင်း‌ကြပ်စွာ စစ်ဆေးနေပြီး ကရင်နီပြည်နယ်က ခရီးသွားပြည်သူများကမိမိတို့နေထိုင်သည့်ရပ်ကွက် မိမိတို့တည်းခိုသည့်နေရာမှ အုပ်ချုပ်ရေးမှူးထောက်ခံစာပါမှသာလျှင် ဂိတ်ကိုဖြတ်နိုင်ကြောင်းသိရှိရပါသည်။ “ကရင်နီပြည်ကလူတွေဆိုရင် ဘယ်မှ​ပဲ နေနေ ရပ်ကွက်ထောက်ခံစာတွေလိုတယ် ထောက်ခံစာပါတာတောင် မှတ်ပုံတင်ကြည့်ပြီးရစ်တယ်…

ပင်းတယမြို့ကျူံးစံပြကျေးရွာအုပ်စုအတွင်း စစ်ကောင်စီ အာဏာပိုင်များအခွန်ယူပြီးလောင်းကစားဝိုင်းဖွင့်လှစ်နေ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၁၈၊၂၀၂၄ ပင်းတယမြို့နယ်ကျူံးစံပြကျေးရွာအတွင်း စစ်ကောင်စီအာဏာပိုင်များဦးဆောင်ပြီး လောင်းကစားဝိုင်းဖွင့်လှစ်ခြင်းကြောင့် ဒေသတွင်းရှိ လူငယ်များအကျင့်စာရိတ္တပျက်ပြားနေရ ကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ကျုံးစံပြကျေးရွာအုပ်စုတွင် စစ်ကောင်စီအာဏာပိုင်များက အခကြေးငွေယူပြီး လောင်းကစားဝိုင်းကိုအကြီးအကျယ်ဖွင့်လှစ်နေသည့်အတွက် လူငယ်အများစု အကျင့်စာရိတ္တပျက်ပြားနေရကြောင်းဆိုသည်။ “လူငယ်တွေအိမ်ထောင်ကွဲတာတွေရှိတယ်။ အဲဒီလောင်းကစားဝိုင်းနောက်ကိုလိုက်တယ်ပေါ့နော်။ သူ့မိန်းမတွေ သူ့ကလေးတွေထားခဲ့ပြီးတော့ပေါ့နော်။ အရင်ကပညာတတ်တစ်ယောက်ပဲ လောင်းကဝိုင်းဖက်လှည့်တော့ အိမ်တောင်မနေတော့ဘူး၊အိမ်လည်းမရှိတော့ဘူး။ လောင်းကစားရှိတဲ့နေရာကိုသွားလိုက် နေလိုက်နဲ့ လူဘဝရှုံးသွားတာရှိတယ်။”ဟုဒေသခံအမျိုးသမီးတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။ ဒေသတွင်း…