Latest News
နမ့်လန်မြို့တွင်း ဒေသခံများပူးပေါင်းပြီး တစ်ရက်တည်း သူခိုး(၁၇)ဦး ဖမ်းဆီးရမိ
ခမ်းသားငေါဝ်း ဇူလိူင် ၂၇၊ ၂၀၂၅ https://www.facebook.com/share/p/1YR8fp2t4w/ ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်၊နမ့်လန်မြို့တွင်း ဒေသခံပြည်သူများ ဝိုင်းဝန်းပြီး တစ်ရက်တည်းသူခိုး ၁၇ ဦး ဖမ်းမိခဲ့ ကြောင်းဒေသခံထံမှသိရပါသည်။ နမ့်လန်မြို့လယ်တွင် ပစ္စည်းလိုက်လံခိုးယူသူအမျိုးသား ၁၅ ဦးနှင့် ခိုးယူရရှိသည့် ပစ္စည်းကိုပြန်လည်ရောင်းချပေးသူအမျိုးသမီး ၂ ဦးကို ဇူလိုင် (၂၆) ရက် နေ့လည် ၃ နာရီအချိန်ခန့်က ဒေသခံများ စုပေါင်း၍…
မူဆယ်တွင် ဓားပြတိုက် လုယက်၊ ဓားခုတ် ခံရသည့် အမျိုးသမီးတစ်ဦးသေဆုံး
ခမ်းသားငေါဝ်း ဇူလိူင် ၂၆၊ ၂၀၂၅ https://www.facebook.com/share/p/1CBYUhcTUT/ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် ဇူလိုင် (၂၆) ရက်ယနေ့ နံနက်ပိုင်း (၉)နာရီကျော်က အမျိုးသမီး (၁)ဦး ဓားပြတိုက် လုယက်၊ ဓားခုတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။ မူဆယ်မြို့ တောင်ပေါ်ဘုရား စစ်တပ်ရှိရာ နေရာတွင် အမျိုးသမီးတစ်ဦး ပိုက်ဆံအိတ်လုခံရပြီး ခေါင်းကို ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်ခံရမှုဖြစ်ပွားခဲ့ ကြောင်း…
မိုင်းဆတ်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၂ သန်း ဖမ်းဆီးရမိ
ခမ်းသားငေါဝ်း ဇူလိူင် ၂၅၊ ၂၀၂၅ https://www.facebook.com/share/p/1N2osrm8cg/ ရှမ်းပြည်နယ်အရှေ့ပိုင်း ၊မိုင်းဆတ်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၂ သန်း ( ငွေကျပ်တန်ဖိုး သိန်း ၈၀၀၀) ဖမ်းဆီးရမိခဲ့ကြောင်းစစ်ကောင်စီလက်အောက် CCDAC Myanmar ကထုတ်ပြန်ထားသည်။ စစ်ကောင်စီ ၏ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၈ နာရီခွဲအချိန် သတင်းအရ…
ထီရောင်းသူယောင်ဆောင်ပြီးပအိုဝ်းဒေသတွင်းတို့ဆေးဖြင့် လိမ်လည်လုယူမှုဖြစ်ပွား
ခမ်းသားငေါဝ်း ဇူလိူင် ၂၅၊ ၂၀၂၅ https://www.facebook.com/share/p/16ybgdroL7/ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့၊ မြောက်ထီဗွာကျေးရွာအုပ်စု၊ ကျောင်းယရွာတွင်ဒေသခံအမျိုးသမီးက မသမာသူက တို့ဆေးဖြင့် တို့ခံရပြီး နားကပ်နှင့် ငွေသား(၁၀)သိန်း လုယက် ဖြုတ်ယူခြင်း ဖြစ်ပွားကြောင်း ဇူလိုင် (၂၅)ရက်က ဒေသခံထံမှ သိရသည်။ ဇူလိုင်(၂၄)ရက် လကွယ်နေ့တွင် လူအများ ဘုန်းကြီး ကျောင်းတက်နေစဉ် အမည်မသိ လူစိမ်းအဖွဲ့မှ ကျောင်းယရွာ…
အောင်ပန်းမြို့မဈေးတွင် လင်မယားစကားများရန်ဖြစ်ရာ လင်ယောကျ်ားမှဇနီးဖြစ်သူ အမျိုးသမီးအား ဓားနှင့်ထိုးမှုဖြစ်ပွား
ခမ်းသားငေါဝ်း ဇူလိုင် ၂၂၊ ၂၀၂၅ https://www.facebook.com/share/p/16muCSUU2b/ အောင်ပန်းမြို့မဈေးတွင် ယနေ့တွင် လင်မယားနှစ်ဦး စကားများရန်ဖြစ်ရာ လင်ယောကျ်ားမှ ဇနီးအားဓားနှက့်ထိုးမှုဖြစ်ပွားခဲ့ကြောင်း ဖြစ်စဥ်သိသူထံကသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၊ မြို့မဈေး အရှေ့ဘက် သမ၀ါယမရုံးရှေ့တွင် အသားရောင်းနေသော ကြက်သားသည်လင်မယားသည် ယနေ့ ညနေ ၃ နာရီခွဲ ဝန်းကျင်အချိန်တွင်လင်မယားချင်း စကားများရန်ဖြစ်ရာ လင်ယောကျ်ားအမျိုးသားမှ ဇနီးဖြစ်သူအမျိုးသမီးကို ဓားထိုးခဲ့သည်။ “ဈေးရောင်းနေရင်းနဲ့ လင်မယားစကားများရန်ဖြစ်ပြီးတော့…