Fact-Checking Methodology
ခမ်းသားငေါဝ်း အချက်အလက်စစ်ဆေးခြင်း
- Khamsarngor Fact Check Team သည် အဓိကအားဖြင့် ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းတွင် နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမျိုးရေး၊ သဘာဝဘေးအန္တရာယ်၊ ဘာသာရေး၊ အများပြည်သူ အထိတ်တလန့် ဖြစ်စေမည့် သတင်းမှားများအား စိစစ်ပြီး ပြည်သူများထံ အချိန်နှင့် တပြေးညီ အသိပေး တင်ဆက်သွားမည်ဖြစ်သည်။
- ပြည်သူများအတွက် အန္တာရာယ်ဖြစ်စေသည့် သတင်းများ၊ အကြောင်းအရာနှင့် အချက်အလက်အမှားများ၊ ဝါဒဖြန့်သတင်းများနှင့် တိုင်းရင်းသား လူမျိုးများအကြား ပဋိပက္ခဖြစ်စေသည့် သတင်းအမှားများကို ပြည်သူလူထုအကြား ပျံနှံရောက်ရှိခြင်း မရှိစေရန် စိစစ်ပြီး ပြန်လည်တင်ပြပေးမူများ ပြုလုပ်သွားမည်ဖြစ်သည်။
- စိစစ်နေစဥ်ကာလ၌ ခမ်းသားငေါဝ်း၏ သတင်းမှန်၊ သတင်းမှား စိစစ်ရေးအဖွဲ့အနေဖြင့် ကြားနေဝါဒ ကျင့်သုံးခြင်း၊ လွတ်လပ်စွာ ရပ်တည်ခြင်း၊ ခွဲခြားမူ မရှိခြင်း၊ အဖွဲ့အစည်း ပါတီအစိုးရ လူပုဂ္ဂိုလ် မူဝါဒများ အမှီအခိုကင်းရှင်းမူများရှိပြီး ဘက်မလိုက်စွာဖြင့် ပြည်သူလူထုများထံသို့ သတင်းအမှန်များ သိရှိစေရန်အတွက် ပွင့်လင်းမြင်သာစွာဖြင့် စိစစ်အသိပေးသွားမည် ဖြစ်သည်။
- စိစစ်မူများ လုပ်ဆောင်သည့်အချိန်တွင် ယုံကြည်စိတ်ချရသည့် သတင်းအရင်းအမြစ်နှင့် ခိုင်မာသော အဖွဲ့အစည်းများ ဌါနဆိုင်ရာများ၏ ထုတ်ပြန်ချက်ဖြင့် ရယူကိုးကားခြင်း၊ အချက်အလက်စစ်ဆေးရာတွင် Search Engines, Tools တို့ကို အသုံးပြုမည်ဖြစ်ပြီး အချက်အလက်များ သေချာစွာ စိစစ်ကာ အတည်ပြု ထုတ်ပြန်ခြင်းများ ပြုလုပ်သွားမည်ဖြစ်သည်။
- ထို့အပြင် ကျွမ်းကျင်သည့် ပညာရှင်များ၊ သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ ပညာရှင်များ၏ စကားသံ ပြောကြားချက်များ၊ ပညာရပ်ပိုင်းဆိုင်ရာ အတည်ပြုချက်များကို မေးမြန်းရယူကာ ဖော်ပြ စိစစ်သွားမည် ဖြစ်သည်။
- မူရင်းသတင်းအမှားများ ထုတ်လွင့်နေသည့် Links များနှင့် သတင်းအမှန် ထုတ်ပြန်ထားသည့် links, Post, Website များကို ပြည်သူများထံသို့ စိစစ်တင်ပြရာတွင် ပိုမိုယုံကြည်မူရှိစေရန် ထိုလင့်များနှင့်တကွ ထည့်သွင်းဖော်ပြသွားမည်။
- Khamsarngor Fact Check Team အနေနဲ့ လက်ရှိမှာ Facebook, Telegram, Website တို့ကနေ Fact Check အဖြစ် သတင်းမှန်စိစစ်ပေးတဲ့ကိစ္စကို လုပ်ဆောင်မူ အဆင့်ဆင့်ဖြင့် ပြုလုပ်သွားမည် ဖြစ်သည်။ Facebook, Telegram, Website တို့မှ တွေ့ရှိသည့် သတင်းမှားနှင့် ဆက်စပ်သက်ဆိုင်သည့် အကြောင်းအရာ ဖြစ်ပျက်မူများကို အရင်ဆုံးစုံစမ်းရှာဖွေမှာ ဖြစ်ပြီး ထိုအကြောင်းအရာနှင့် ထိတွေသိရှိနိုင်မည့် သက်သေများကို ထပ်မံရှာဖွေ စုံစမ်းမည် ဖြစ်သည်။ ထိုမှ တဆင့် ရရှိလာသည့် သက်သေအချက်အလက်များကို အချက်အလက်စစ်ဆေးခြင်း tools များဖြင့် အသုံးပြုပြီး ထပ်မံ အတည်ပြု စစ်ဆေးမည်ဖြစ်သည်။ စစ်ဆေးတွေ့ရှိသည့် သက်သေများကို Methodology အပိုဒ် (၅) အရ သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် စိစစ်မေးမြန်းသွားမည်ဖြစ်သည်။ လုပ်ဆောင်မူ လုပ်ငန်းပြီးဆုံးပြီး မှန်ကန်သည့် သတင်းအချက်အလက်များကို သတင်းဆောင်းပါးအနေဖြင့် ခမ်းသားငေါဝ်း၏ ဒီဂျစ်တယ် ပလက်ဖောင်းပေါ်သို့ ပြန်လည်တင်ပြသွားမည်ဖြစ်သည်။
- သတင်းအချက်အလက်များ စိစစ်ရာတွင် ကြုံတွေလာနိုင်သည့် ထုတ်ပြန်ရန် အချက်အလက်မပြည့်စုံခြင်း၊ အထောက်ထား သက်သေခံများ လုံလောက်စွာ ရရှိမူမရှိခြင်း စသည့် အခက်ခဲများနှင့် မပြည်စုံသော အချက်လက်စိစစ်မူများကို ပြည်သူများထံသို့ ထုတ်ပြန်ပေးနိုင်ခြင်းမရှိပါက မှတ်တမ်းပြုစု သိမ်းဆည်းထားမူများ ဆောင်ရွက်သွားမည် ဖြစ်သည်။
- ပြည်သူများအနေဖြင့် အချက်အလက်မှားယွင်းနေသည်ဟု သံသယရှိနေခြင်းဖြစ်စေ၊ သတင်းအမှန်အား သိရှိလို၍ စစ်ဆေးရန် ဆက်သွယ််ပေးပို့လာမူများ ရှိသေဖြစ်စေ Fact checking မူဝါဒများနှင့် ကိုက်ညီမူရှိပါက စစ်ဆေးဆောင်ရွက်မူများနှင့် ထုတ်ပြန်အသိပေးမူများ ပြုလုပ်သွားမည်ဖြစ်သည်။
- Kham Sar Ngor Fact checking Team အနေဖြင့် ပြည်သူများအတွက် အန္တရာယ်ရှိစေသည့် အချက်အလက် သတင်းအမှားများကို လျင်မြန်စွာဖြင့် ထုတ်ပြန်ရာတွင် မထင်မှတ်သော အချက်အလက်များ ကိုးကားချက်များ မှားယွင်းစွာ ဖော်ပြမိပါက အမြန်ဆုံး ပြင်ဆင်တည်းဖြတ်ပြီး ပြည်သူထံသို့ အသိပေးပြင်ဆင်ချက်ဖြင့် ပြန်လည်ထုတ်ပြန်သွားမည်ဖြစ်သည်။