Category: သဘာဝဘေး

ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း ယနေ့မနက်ပိုင်း ရေကြီးရေလျှံမှုနှင့်ပတ်သက်သည့် သတင်းအတိုအထွာများကို စုစည်းတင်ပြခြင်း

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၁ ၊၂၀၂၄ တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက် ရွှေသူဌေးကုန်း နယ်မြေ(၈) ဗုဒ္ဓဂါယာလမ်းထဲတွင် မိုးကြီးရေလျှံမှု ကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ မြေပြိုမှုကြောင့် လူ၊တိရိစ္ဆာန် ထိခိုက်မှုရှိမရှိကို စုံစမ်းဆဲဖြစ် ပြီးအသေးစိတ်သိရှိရပါက ပြန်လည်တင်ပြပါမည်။ တောင်ကြီးတက္ကသိုလ်နှင့် ဧရာဝတီကဖေးကြားက…

ကလောမြို့ ရှိတောင်ပေါ် ရပ်ကွက်တစ်ချိို့တွင် ရေကြီးရေလျှံမှုဖြစ်ပြီး နေအိမ်များရေ နှစ်မြှုပ်

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၀၊ ၂၀၂၄ ကလောမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရပ်ကွက်တစ်ချို့တွင်‌ ‌ရေကြီးရေလျှံမှုဖြစ်ပွားပြီးနေအိမ်တချို့နှစ်မြှုပ်သွားကြောင်းစက်တင်ဘာလ(၁၀)ရက်နေ့တွင် ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ၊ကလောမြို့တွင်မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့်မြေနိမ့်ပိုင်းရှိရပ်ကွက်၂၊ ၃၊ ၄ တို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားနေကြောင်းသိရသည်။ “တောင်ပေါ်မြို့တွေမှာ ရေကြီးတာကြာကြာမှတစ်ခါကြားဖူးတယ်၊ မြေနိမ့်ပိုင်းမှာရှိတဲ့အိမ်တွေတော်တော်မြုပ်တယ်၊ ပိတ်မိနေတဲ့သူတွေလဲရှိတယ်၊ရုတ်တရက်ကြီးဆိုတော့လေ၊…

ကုန်းတွင်းမုန်တိုင်းငယ် ဆက်လက်အားကောင်းလာနိုင်သောကြောင့် မုတ်သုံမိုးသည်းထန်ရွာ ရွာသွန်းနိုင်ကြောင်း NUG ထုတ်ပြန်

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၀၊ ၂၀၂၄ ဘင်္ဂလားပင်လယ်အော် အနောက်ပိုင်းမှ အစပျိုးသော လေဖိအားနည်းရပ်ဝန်းမှတစ်ဆင့် အိန္ဒိယ နိုင်ငံ အလယ်ပိုင်းတွင် ကုန်းတွင်း မုန်တိုင်းငယ်အဆင့်ဖြင့် ရက် ၃၀ ခန့်ဆက်လက်အားကောင်းလာနိုင်သောကြောင့် မြန်မာနိုင်ငံဒေသတစ်ချို့တွင် မုတ်သုံမိုးများ နေရာကွက် ၍…

မိုင်းပေါက်မြို့တွင် နေအိမ်၊ လမ်း၊ အဆောက်အအုံများ ရေနှစ်မြှုပ်သည်ထိ ရေကြီးမှုဖြစ်

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၀၊ ၂၀၂၄ “ဝ”ပြည်၊ မိုင်းပေါက်မြို့တွင် စတင်ဘာလ (၉)ရက်နေ့က မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးကာ နေအိမ်၊ အဆောက်အအုံများ နေနှစ်မြှုပ်ကြောင်း ဒေသခံထံမှ သိရသည်။ ရှမ်းပြည်နယ် အရှေ့ပိုင်း “ဝ”ပြည်နယ်တွင် စက်တင်ဘာလ (၉)ရက်နေ့…

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တာချီလိတ်တွင် မယ်ဆိုင်ချောင်းရေ စိုးရိမ်ရေထက်ထပ်ကျော်လာ

ခမ်းသားငေါဝ်း စက်တင်ဘာ ၉၊ ၂၀၂၄ မြန်မာထိုင်းနယ်စပ် တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေသည် ယနေ့ စက်တင်ဘာ(၉)ရက်နေ့ နေ့လယ် (၁၂)နာရီအချိန်တွင် စိုးရိမ်ရေမှတ်အထက်သို့ (၃)လက်မ ကျော်သွားပြီး နောက်တစ်ရက်အတွင်း တစ်ပေခွဲအထိ မြင့်တက်နိုင်သည်ဟု သိရသည်။ မယ်ဆိုင်ချောင်းရေသည် တာချီလိတ်မြို့၊…

တောင်ကျချောင်းရေစီးနှင့်အတူ မျောပါသွားပြီး မိခင်နှင့်လသားအရွယ်ကလေးသေဆုံး

ခမ်းသားငေါဝ်း စက်တင်ဘာ ၅၊ ၂၀၂၄ အောင်ပန်းတွင် တောင်ကျချောင်းရေစီးဆင်းလာပြီး ရေစီးသန်သောကြောင့် မိခင်နှင့်လသားအရွယ်ရေစီးနှင်တူမျောပါသွားပြီး သေဆုံးသွားကာ ကလေးအလောင်းကို ရှာမတွေ့သေးကြောင်း နာရေးကူညီမှုအသင်းအောင်ပန်းထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့တွင် စက်တင်ဘာလ ၄ ရက်နေ့ ညနေ ၄…

မူဆယ်မြို့နယ် စယ်လန့်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွားပြီး ကျပ်သိန်း (၁)ထောင်ခန့် ဆုံးရှုံးသွား

ခမ်းသားငေါဝ်း စက်တင်ဘာ ၅၊ ၂၀၂၄ မူဆယ်မြို့နယ် စယ်လန့်ကျေးရွာတွင် မီးလောင်မှုဖြစ်ပြီး ကာလတန်ဖိုး ကျပ်သိန်း (၁)ထောင်ခန့် မီးလောင်ဆုံးရှုံးသွားခဲ့ကြောင်းစက်တင်ဘာလ(၄)ရက်တွင် TNLA ထုတ်ပြန်ချက်အရ သိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊မန်အောင်ခရိုင်၊ မူဆယ်မြို့နယ် စယ်လန့်ကျေးရွာတွင် စက်တင်ဘာလ ၁ ရက်နေ့…

မိုးကြီးမှုကြောင့် အင်းလေးရှိတစ်ချို့ဆိုင်ခန်းထဲရေဝင်ပြီး ရေပေါ်စျေးသည်များ၊ လှေမောင်းသူများနှင့် ဆိုင်ခန်းဈေးရောင်းသူများအခက်ခဲကြုံနေ

ခမ်းသားငေါဝ်း စက်တင်ဘာ ၄၊၂၀၂၄ အင်းလေးဒေသတွင် မိုးကြီးမှုကြောင့်ရေမြင့်တက်လာပြီးဘုရားပေါ်ရှိ အရောင်ဆိုင်ခန်းများ ရေလွှမ်းမိုးသဖြင့် ဆိုင်ခန်းများ၊ ရေပေါ်စျေးသည်များ၊ လှေလုပ်ကိုင်သူများ စျေးရောင်းထွက်ရန် ခက်ခဲမှုကြောင့် စားဝတ်နေရေးကျပ်တည်းလာကြောင်း ဩဂုတ်လ ၄ ရက်နေ့ တွင် ဒေသခံထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်းပိုင်း၊…

ဝမ်စိမ်းရွာတွင် ရေကြီးမှုကြောင့် တောင်သူများ၏ ပြောင်းခင်းများ ပျက်စီးပြီး ဆုံးရှုံးမှုကြုံနေရ

ခမ်းသားငေါဝ်း စက်တင်ဘာ ၄၊ ၂၀၂၄ ကျေးသီးမြို့နယ်၊ ဝမ်စိမ်းရွာတွင် ရေကြီးမှုကြောင့် တောင်သူများ၏ ပြောင်းခင်းများ ပျက်စီးပြီး ဆုံးရှုံးမှုရှိနေကြောင်း စက်တင်ဘာ(၄)ရက်နေ့တွင် ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ် ဝမ်စိမ်းရွာတွင် ယခုနှစ်အတွင်း မိုးကြီးမှုကြောင့် ဒေသခံများစိုက်ပျိုးထားသော…

အင်းလေးဒေသတွင် ရေမြင့်တက်နေပြီး ဖောင်တော်ဦးဘုရားရင်ပြင်ပေါ်ထိ ရေများဝင်ရောက်

ခမ်းသားငေါဝ်း စက်တင်ဘာ ၂၊ ၂၀၂၄ အင်းလေးဒေသတွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် အင်းလေးကန်ရှိရေမြင့်တက်နေပြီး ဖောင်တော်ဦးဘုရားရင်ပြင်ပေါ်ထိ ရေများဝင်ရောက်လျက်ရှိကြောင်း စက်တင်ဘာလ(၂)ရက်နေ့တွင် ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် မိုးရက်ဆက်ရွာသွန်းမှုကြောင့်ကျေးရွာတွင်းရှိ ချောင်းများလည်းရေတက်နူန်းမြင့်နေပြီး ဖောင်တော်ဦးဘုရားဝင်းအတွင်း ရေများဝင်ရောက်လျက်ရှိနေသည်။ “မိုးလဲညဖက်ရောက်ပြီဆိုရင်ရွာပြီ၊ ရွာဖက်တွေမှာလည်း…