Category: သဘာဝဘေး

ရေကြီးမြေပြိုမှုထဲနေအိမ်ပါသွားသည့် ခေါင်းနွဲ့ရွာ ပြန်လည်ထူထောင်ရေး အခက်ခဲရှိနေ

ခမ်းသားငေါဝ်း အောက်တိုဘာ၁၉၊ ၂၀၂၄ ရေကြီးရေလျှံဖြစ်ပြီးမြေပြိုမူထဲ နေအိမ်မျေားပါ ပျက်ဆီးဆုံးရှုံးသွားသည့်ခေါင်းနွဲ့ရွာ ဒေသခံများပြန်လည်ထူထောင်ရေးအတွက် သွပ်၊ အိမ်တိုင်၊ အကာအရံများလိုအပ်နေကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း‌လွိုင်လင်မြို့နယ် ခေါင်းနွဲ့ရွာတွင် နေအိမ်ပျက်စီးသွားသည့်သူများ ပြန်တည် ဆောက်၍မရသေးဘဲ တချို့ကဘုန်းကြီးကျောင်းတွင်နေပြီး တစ်ချို့ကရွာထဲရှိအိမ်နှင့်အတူနေသလို၊တချိူ့ကဆွေမျိူးအိမ်တွင်လိုက်နေကြပြီး ၊မိုးအရမ်းရွာလျှင် ဘုန်းကြီးကျောင်းသို့လာအိပ်ကြရကြောင်းသိရသည်။…

ဆီဆိုင်ရှိ ကုန်းဆွတ်တံတား ပျက်စီးသွားသောကြောင့် သွားလာရခက်ခဲနေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၅၊ ၂၀၂၄ ဆီဆိုင်မြို့နယ် ကုန်းဆွတ်တံတားကျိူး၍ပျက်စီးသွားသောကြောင့်ဒေသခံများအတွက်သွားလာရခက်ခဲ ကြောင်းသိရပါသည်။ ရှမ်းပြည်နယ်နယ်တောင်ပိုင်း ဆီဆိုင်မြို့ရှိ ကုန်းဆွတ်ကျေးရွာအုပ်စု ကုန်းဆွတ်တံတားသည် ရေကြီးရေလျှံမူကြောင့် ကျိူးသွားသောကြောင့် တစ်ရွာမှတစ်ရွာ၊ တစ်ခြံမှတစ်ခြံသို့သွားလာရန်ခက်ခဲကြောင်း စိုက်ပျိူးရေးလုပ်ကိုင်သူများထံမှသိရသည်။ “ဒီကုန်းဆွတ်တံတားကျိူးတော့ အမွိုးတို့ သွားလာရခက်ခဲတယ်လေ၊ အရင်ကဆိုရွာတွေ…

မိုင်းဆတ်ခရိုင်၊ ပိန်းခမ်းရွာတွင် တစ်ရွာလုံးနီးပါးရေထဲ မျောပါသဖြင့် အခက်အခဲများစွာ ကြုံတွေ့နေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၂၊ ၂၀၂၄ ရှမ်းပြည်နယ်အရှေ့ပိုင်း ၊ မိုင်းဆတ်ခရိုင် ၊ မိုင်းဆတ်မြို့နယ်၊ မိုင်းယွန်းကျေးရွာအုပ်စု၊ ပိန်းခမ်းရွာတွင် တစ်ရွာလုံးနီးပါး ရေကြီးနစ်မြုပ် ရေထဲမျောပါသဖြင့် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း ဒေသခံထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ…

နောင်ဒေးနှင့်‌ မောက်မွန်းကျေးရွာအုပ်စုတွင် လမ်းပျက်စီးမှုများကြောင့် ပြန်လည်ပြုပြင်ရန် အကူအညီလိုအပ်

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၀၊ ၂၀၂၄ ဟိုပုံးမြို့နယ်၊ နောင်ဒေးနှင့် မောက်မွန်းကျေးရွာအုပ်စုတွင် ရေကြီးမြေပြိုမှုများကြောင့် လမ်းများပျက်စီးသွားပြီး ပြန်လည်ပြုပြင်နိုင်ရန် အကူအညီများလိုအပ်နေသည်ဟု အောက်တိုဘာလ(၁၀)ရက်နေ့တွင် ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်ရှိ နောင်‌ဒေးနှင့် မောက်မွန်းကျေးရွာအုပ်စုအတွင်းတွင် စက်တင်ဘာလ ဒုတိယပတ်မှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုများကြောင့်…

မိုးရေသာအားကိုးရသည့်ဆီဆိုင်မြို့ပြည်သူများ နွေရာသီအတွက် ရေအခက်ခဲကြုံမည်ကိုစိုးရိမ်နေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၀၊ ၂၀၂၄ ဆီဆိုင်မြို့တွင် ပုံမှန်ပေးဝေနေကျ ဂျပန် ရေမရတော့ဘဲ မိုးရေသာအားကိုးနေရ၍ နွေရာသီ ရေအခက်ခဲကြုံရမည်ကိုဒေသခံများစိုးရိမ်နေကြကြောင်းသိရသည်။ ရှမ်းပြည်တောင်ပိုင်းဆီဆိုင်မြို့တွင် တိုက်ပွဲ ဖြစ်ပွားပြီး နောက်ရပ်ကွက်တွင်းပေးဝေနေကြ ဂျပန်ရေမရတော့သဖြင့်မိုးရေနှင့်သာချက်ပြုတ်စားသောက်ကာလတ်တလောစား၀တ်နေရေးပြသာနာကိုဖြေရှင်း နေရသည်။ “ရေမရတာကတော့စစ်ဖြစ်ကတည်းကနေအခုထိပဲ၊တချို့ရွာတွေကဂျပန်ရေ နည်းနည်းရတယ်၊ မရတဲ့လူကတော့မိုးရေရှိနေလို့အဆင်ပြေနေသေးတာချက်ပြုတ်လဲမိုးရေသောက်ရေလဲမိုးရေပဲအချို့အိမ်ဆိုရေလုံး၀မရှိတာလဲရှိသေးတယ်၊မိုးရာသီကုန်ရင်ရေရဖို့ဘယ်လိုလုပ်ရမှန်းမသိဘူး၊အချိူ့အိမ်ကရေတွင်းရှိပေမဲ့ပုပ်နံ့နံနေတာတွေရှိတော့သောက်…

တစ်ဘက်ချောင်းအနီးကုန်းဆွတ်ရွာတွင် တိုက်ပွဲ ဒဏ်အပြင်ရေကြီးရေလျှံမှုဒဏ်ပါခံရပြီး စိုက်ခင်းများအကုန်ပျက်စီး

ခမ်းသားငေါဝ်း အောက်တိုဘာ ၉၊၂၀၂၄ ဆီဆိုင်မြို့အနောက်ဘက် နမ့်တဘက်ချောင်းအနီး ကုန်းဆွတ်ရွာတဝိုက်တွင် ရေကြီးရေလျှံမှုဖြစ်ပြီး စိုက်ခင်းများအကုန်နှစ်မြုပ်ဆုံးရှုံး ခဲ့ရကြောင်းသိရသည်။ ရှမ်းပြည်တောင်ပိုင်းဆီဆိုင်မြို့နယ် ကုန်းဆွတ်ရွာအနီးတစ်ဝိုက်ရှိစိုက်ခင်းများသည်တစ်လနီးပါးရေမြှုပ်နေပြီးပျက်စီးကာ ဒေသခံများစားဝတ်နေရေး အခက်ခဲဖြစ်စေမည်ကိုစိုးရိမ်ကြသည်။ “ကျမတို့ဆို စစ်ကြောင့်အိမ်ဆုံးရူံးရတယ်၊ရေဘေးကြောင့်ရင်းနှီးပြီးစိုက်ပျိူးရတဲ့ စပါးပင်တွေပြောင်း ပင်တွေ ဆုံးရူံးကုန်တယ်၊အခုစိုက်ထည့်လို့လဲအဆင်မပြေသေးဘူး၊မျိူး‌စေ့ အကြွေးယူထားတာတွေလဲမဆပ်နိုင်သေးဘူး၊လက်ရှိစား၀တ်နေရေးကိုတော့ဖြစ်သလိုအဆင်ပြေအောင်ဖြေရှင်းနေရတယ်”ဟုဒေသခံ အမျိူးသမီးတစ်ဦးကပြောသည်။…

အင်းလေးကန်ရှိနေအိမ်များ အချိန်ကြာမြင့်စွာ ရေနစ်မြုပ်ခြင်းကြောင့် အိမ်ကြမ်းခင်းများ ဆွေးမြည့် ပျက်စီးလာ

ခမ်းသားငေါဝ်း အောက်တိုဘာ ၉၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန် ရှိ နေအိမ်များ အချိန်ကြာမြင့်စွာ ရေနစ်မြုပ်ခြင်းကြောင့် နေအိမ်ကြမ်းခင်းများ ဆွေးမြည့် ပျက်စီးလာကြောင်း ဒေသခံများ ထံမှ သိရသည်။ အင်းလေးကန် ရေပေါ်တွင် ဆောက်ထားသည့်…

ရေမြောင်းမရှိ၍ မိုးရွာလျှင်လမ်းမပေါ်ရေလျှံပြီး သွားလာရန်ခက်ခဲ

ခမ်းသားငေါဝ်း အောက်တိုဘာ ၈၊ ၂၀၂၄ ဘုရားဖြူရပ်ကွက် ရေထွက်ဦးလမ်းတွင် လမ်းဘေးရေမြောင်းမရှိ၍ အောက်တိုဘာလ ၇ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး လမ်းမပေါ်ထိရေကြီးရေလျှံဖြစ်ကာသွားလာရခက်ခဲကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်းပိုင်း၊ တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် ရေထွက်ဦးလမ်းတွင် အစိုးရအဆက်ဆက်က လမ်းပြင်ခြင်း၊ မြောင်းပြင်ခြင်းမရှိသည့်အတွက် မိုးရွာတိုင်းလမ်းမကြီးပေါ်ရေလျှံပြီး…

မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် တောင်ကြီးမြို့စွန်တောင်စောင်းရှိ နေအိမ်များ ပြိုကျခြင်း၊ ပျက်စီးခြင်း ကြုံတွေ့

ခမ်းသားငေါဝ်း အောက်တိုဘာ ၈၊ ၂၀၂၄ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် တောင်ကြီးမြို့၊ တောင်စောင်းရှိ ရပ်ကွက်များတွင် နေအိမ်များ ပြိုကျခြင်း၊ ပျက်စီးခြင်း ကြုံတွေ့နေရကြောင်း သိရသည်။ ရှမ်း​ပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့၊ ကျောင်းကြီးစု ရပ်ကွက်၊ နယ်မြေ(၆) ၊ စမ်းရေတွင်း…

မောက်မယ်မြို့တွင်းရှိ ရပ်ကွက်ချင်းဆက်လမ်းပေါ်ရှိ သစ်သားတံတား ၂ စင်း ရေကြီးခြင်းကြောင့် ပျက်စီးခဲ့

ခမ်းသားငေါဝ်း အောက်တိုဘာ ၇၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ၊ မောက်မယ်မြို့တွင်းရှိ ရပ်ကွက်ချင်းဆက်လမ်း ပေါ်ရှိ သစ်သားတံတား ၂ စင်း ရေကြီးခြင်းကြောင့် ပျက်စီးခဲ့ကြောင်း ဒေသခံ များထံမှသိရသည်။ စက်တင်ဘာလ(၁၀) ရက် ရေကြီးစဉ် မောက်မယ်မြို့ရှိ…

You missed