Category: သဘာဝပတ်ဝန်းကျင်/ခရီးသွား

မိုးကြီးမှုကြောင့် လွိုင်လင်မြို့ကားလမ်းမပေါ်ရေလွမ်းပြီး မီးသတ်ကားဖြင့်စုပ်ထုတ်နေရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၂၊ ၂၀၂၄ မိုးပြင်းထန်စွာရွာသွန်းမှုကြောင့် လွိုင်လင်မြို့ ကားလမ်းပေါ် ရေလွမ်းပြီး သွားလာမှုခက်ခဲကြောင်း သိရှိရပါသည်။ ရှမ်းပြည်နယ် တောင်ပိုင်းလွိုင်လင်မြို့တွင် အောက် တိုဘာလ ၁၁ ရက်နေ့က မိုးပြင်းထန်စွာရွာသွန်းမှုကြောင့် ကားလမ်းပေါ် ရေလွမ်းပြီး မီးသတ်ကားဖြင့်…

သစ်တောပြုန်းတီးမှုလျော့ကျစေရန်နှင့် သဘာဝအလှအတွက်မျိုးပြုန်းနေသည့် ချယ်ရီအားပြန်လည်စိုက်ပျိုး

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၀၊ ၂၀၂၄ ရွေ့ပြောင်းတောင်ယာလုပ်လာခြင်း များလာသည်နှင့်အမျှ သစ်တောပြုန်းတီးမှုများပြားလာပြီး သဘာဝအလှအတွက်နှစ်စဥ်မျိုးသုဥ်းနေရသည့် ချယ်ရီပင်များအား တောင်ကြီးနှင့် ရှမ်းတောင်ရှိကျေးရွာများတွင် ပြန်လည်စိုက်ပျိုးနေကြောင်း အောက်တိုဘာလ(၁၀)ရက်နေ့တွင် ချယ်ရီပင်များပျိုးထောင်နေ့သည့် လူငယ်ထံမှသိရသည်။ ရှမ်းပြည်နယ်၏သင်္ကေတတစ်ခုဖြစ်သည့် ချယ်ရီပင်များသည် ရွေ့ပြောင်းတောင်ယာလုပ်လာခြင်းကြောင့် သစ်တောများပြုန်းတီးမှုနှင့်အတူ မျိုးသုဥ်းနေရပြီး…

တောင်ကြီးမြို့တွင် အမှိုက်သိမ်းခ ၅၀၀ ကျပ် ကောက်ခံနေသဖြင့် စည်းကမ်းမဲ့ အမှိုက်ပစ်သူများကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းနေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၄၊ ၂၀၂၄ ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့ရှိ အမှိုက်ကန်များတွင် အမှိုက်သိမ်းခ ၅၀၀ ကျပ် ကောက်ခံနေသဖြင့် စည်းကမ်းမဲ့ အမှိုက်ပစ်သူ များကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းနေကြောင်း သိရသည်။ တောင်ကြီးမြို့ ၊ ထွန်းဆေးရုံလမ်းကြား၊…

ဖောင်တော်ဦးဘုရား ဒေသစာရီလှည့်လည်ပူဇော်ပွဲ ပြုလုပ်ရန် စစ်ကောင်စီဘက်မှ ဖိအားပေးသည့်အတွက် ပြုလုပ်ရန်ရှိ

ခမ်းသားငေါဝ်း ဩဂုတ် ၂၉၊ ၂၀၂၄ ဖောင်တော်ဦးဘုရား ဒေသစာရီလှည့်လည်ပူဇော်ပွဲနှင့်ပတ်သက်ပြီး ဩဂုတ်လ ၂၈ ရက်နေ့တွင် ဒုတိယအကြိမ် အစည်းအဝေးပြုလုပ်ပြီး စစ်ကောင်စီဘက်မှ ဘုရားပွဲကို မဖြစ်မနေ ပြုလုပ်ရမည်ဟုဆိုထားကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ…

ဟဲဟိုးမြို့တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံး၊ တစ်ဦး ဒဏ်ရာရ

ခမ်းသားငေါဝ်း ဩဂုတ် ၂၈၊ ၂၀၂၄ ဟဲဟိုးမြို့တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ကာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရကြောင်း ဩဂုတ်လ (၂၇)ရက်တွင် မီးတပ်ဦးစီးဌာနမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟဲဟိုးမြို့ မိုင်တိုင်အမှတ်(၉၇/၇) နှင့် (၉၈/၀)ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး ယာဉ်ပေါ်လိုက်ပါလာသူ အမျိုးသားနှစ်ဦးအနက်…

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထမ်းစမ်းဂူအတွင်းရေကြီးရေလျှံမှုဖြစ်ပွားနေ

ခမ်သားငေါဝ်း ဩဂုတ် ၂၆၊ ၂၀၂၄ ဟိုပုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထမ်းစမ်းဂူအတွင်းရေကြီးရေလျှံမှုဖြစ်ပွားနေကြောင်း ဩဂုတ် ၂၆ ရက်နေ့တွင် ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေများနှင့်အတူ ဂူအတွင်းရှိချောင်းရေများမြှင့်တက်လာပြီး ရေကြီးရေလျှံမှုဖြစ်ပွားနေကြောင်း သိရသည်။ “ပြီးခဲ့တဲ့ရက်ပိုင်းကမိုးတော်တော်ရွာလို့ ဂူအတွင်းမှာရှိတဲ့ချောင်းရေနဲ့တောင်ကျရေတွေ…

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဝမ်စိမ်း ခိုလမ်သွားလမ်း ရေကြီးရေလျှံမှု ဖြစ်ပွား

ခမ်းသားငေါဝ်း သြဂုတ် ၂၃၊၂၀၂၄ မိုးဆက်တိုက်ရွာသွန်းမှုကြောင့်ဝမ်စိမ်းမှ ခိုလမ်မြို့သွားသည့် လမ်းတွင် ရေကြီးရေလျှံမှုဖြစ်ပြီးခရီးသွားသူများ အခက်ခဲဖြစ်နေကြောင်း ဩဂုတ်လ (၂၂)ရက်တွင် သိရသည်။ ရှမ်းပြည်တောင်ပိုင်း ဝမ်စိမ်းနှင့် ခိုလမ်မြို့သို့ သွားသည့်လမ်း နမ့်ဟူးကူရွာနားတွင် နှစ်ရက်ဆက်တိုက် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု…

အောင်ပန်းတွင် တောင်ကြီးကိုတက်လာသည့် ဆီဘောက်ဆာယာဥ်တိမ်းမှောက်မှုဖြစ်ပွား

ခမ်းသားငေါဝ်း ဩဂုတ် ၂၂၊ ၂၀၂၄ အောင်ပန်းတွင် တောင်ကြီးခွဲတန်းအတွက် ဆီလာပို့သည့် ဆီဘောက်ဆာယာဥ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း နာရေးကူညီမှုအသင်း အောင်ပန်းထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်းပန်း-ကလော လမ်းခွဲ လပ်ကီးဆဲဗင်း စက်သုံးဆီဆိုင် အနီး၌ သြဂုတ်လ ၂၁ ရက်နေ့ နေ့လည်…

ဟိုပုံးမြို့နယ် ဆော့တော့ရွာအရှေ့ဘက်တွင် ဝစစ်သားများလမ်းပိတ်ထားခြင်းကြောင့် ဒေသခံများ သွားလာ‌ရေးအခက်အခဲဖြစ်

ခမ်းသားငေါဝ်း ဩဂုတ် ၂၀၊ ၂၀၂၄ ဟိုပုံးမြို့နယ် ဆော့တော့ရွာအရှေ့ဘက်တွင် ဝစစ်သားများလမ်းပိတ်ထားခြင်းကြောင့် ဒေသခံများအတွက် သွားလာ‌ရေးအခက်အခဲများဖြစ်နေရသည်ဟု ဩဂုတ်လ(၂၀)ရက်နေ့တွင် ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ မိုင်းပျဥ်းတိုက်နယ်ရှိ ဆော့တော့ရွာအရှေ့ဘက်ခြမ်းတွင် ဩဂုတ်လ(၁၉)ရက်နေ့မှစကာ ဝစစ်သားများကလမ်းပိတ်ထားလိုက်ခြင်းကြောင့် ဒေသခံများက သွားလာရေးအတွက်နှင့် စိုက်ပျိုးရေးအတွက်အခက်အခဲဖြစ်နေရသည်။…

စက်သုံးဆီ အခက်အခဲကြောင့်တောင်ကြီး- လွိုင်ကော် ယာဥ်လိုင်း ကားခစျေးတက်မည်ဟုဆို

ခမ်းသားငေါဝ်း သြဂုတ် ၁၇၊ ၂၀၂၄ တောင်ကြီးမြို့ပေါ်တွင် စက်သုံးဆီရရှိမှု အခက်အခဲကြောင့်တောင်ကြီး-လွိုင်ကော် ပြေးဆွဲသည့် လိုင်းကားများကားခစျေးတက်မည်ဟု ယဥ်လိုင်းပြေးဆွဲသူ ကားသမားတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် စက်သုံးဆီရရှိမှုပိုမိုဆိုးရွားလာပြီး ဆီပြတ်လပ်မှု ကြောင့်ပြေးဆွဲနေသည့်လိုင်းကားအချို့ရပ်နားခဲ့ရသည်။ ” ဆီကတန်းစီရတာမလွယ်ဘူးလေ၊ ဆီမရတဲ့နေ့ဆိုလည်း မှောင်ခိုစျေးနဲ့ဝယ်ရတော့အရမ်းစျေးကြီးတယ်၊…