Category: သတင်း

မိုင်းပွန် – တောင်ကြီးလမ်းပြန်ဖွင့်ပေးသော်လည်း တိုက်ပွဲဖြစ်နေ၍ ခရီးသွားလာသူများစိုးရိမ်နေရ

ခမ်းသားငေါဝ်း မတ် ၁၊ ၂၀၂၄ လွိုင်လင်၊ မိုင်းပွန်- တောင်ကြီးလမ်းကို ပြန်လည်ဖွင့် လိုက်သော်လည်း တိုက်ပွဲဖြစ်ပွားနေ၍ ဒေသခံနှင့် ကားသမားများစိုးရိမ် နေကြကြောင်း သတင်းအရင်းအမြစ်ထံမှ သိရသည်။ ဟိုပုံးမြို့နှင့် မိုင်းပွန်မြို့ကြားတိုက်ပွဲကြောင့် လွိုင်လင် မိုင်းပွန် တောင်ကြီးပြည်ထောင်စု လမ်းမကို ပိတ်ထားခဲ့ရာ မတ်လ ၁ ရက်နေ့ မနက်ပိုင်း ၁၀ နာရီခွဲခန့်က ပြန်ဖွင့်ပြီး ကားများသွားခွင့်ပြုလိုက်သည်ဟု…

အောင်ပန်းတွင်ဆိုင်ကယ်တစ်စီး အုတ်တံတိုင်းကို တိုက်မိပြီး တစ်ဦးသေဆုံး၊တစ်ဦးပြင်းထန်စွာဒဏ်ရာရ

ခမ်းသားငေါဝ်း မတ် ၁၊၂၀၂၄ အောင်ပန်းမြို့တွင် ဆိုင်ကယ်တစ်စီး လမ်ဘေးအုတ်တံတိုင်းကို တိုက်မိပြီး တစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့သရက်ပု-ကမ်းပါးနီ ဂျာမနီလမ်းတွင် ဖေဖော်ဝါရီ ၂၉ ရက်နေ့က ဆိုင်ကယ်တစ်စီး အရှိန်မထိန်းနိုင်ပဲ လမ်းဘေးရှိ အုတ်တံတိုင်းကို ဝင်တိုက်ပြီး တိမ်းမှောက်ခဲ့ကြောင်း သိရသည်။ “တစ်ဦးက ပွဲချင်းသေဆုံးတယ် တစ်ဦးတော့ဒဏ်ရာအပြင်းအထန်ရတယ် ညမိုးချုပ်လည်း ဖြစ်တော့ ဆိုင်ကယ်အမြန်မောင်းကြပြီး အရှိန်မထိန်းနိုင်ပဲ…

နန်းတုတ်ရွာကို စစ်ကောင်စီကလက်နက်ကြီးပစ်ခတ်၍ အမျိုးသမီးတစ်ဦးဒဏ်ရာရ ၊ နေအိမ်သုံးလုံးပျက်စီး

ခမ်းသားငေါဝ်း မတ် ၁၊ ၂၀၂၄ နန်းတုတ်ရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်သုံးလုံးပျက်စီး ခဲ့ကြောင်း ရွာခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် နန်းတုတ်ရွာတွင် ဖေဖော်ဝါရီ ၂၉ ရက် ည ၅ နာရီကျော်တွင် စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ကျေရွာထဲကို လက်နက်ကြီးရမ်းသမ်း ပစ်ခတ်လာခဲ့ကြောင်း သိရသည်။ “လက်နက်ကြီးထိတာက အမျိုးသမီးပေါင်မှာထိတယ် ဒဏ်ရာတော့တအားမကြီးဘူး”ဟု…

ရွာငံမြို့တွင်းဖွင့်လှစ်သည့် လောင်းကစားဝိုင်းကို Yawngan PDF (JPRF)မှ ဝင်ရောက်ဖမ်းဆီး

ခမ်းသာငေါဝ်း ဖေဖော်ဝါရီ ၂၉၊ ၂၀၂၄ ရွာငံမြို့နယ်တွင်းဖွင့်လှစ်ထားသည့် လောင်းကစားဝိုင်းများကို Yawngan PDF (JPRF)မှ ဝင်ရောက်ဖမ်းဆီးခြင်းပြုလုပ်ခဲ့ကြောင်း Yawngan PDF (JPRF)ရဲ့ ထုတ်ပြန်ချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့ မြိုင်တိုက်နယ် မြောက်လက်ကုန်းကျေးရွာတွင် ဘောလုံးအားကစားကို ဘန်းပြပြီးလောင်းကစားဝိုင်းများပြုလုပ်နေပါသဖြင့် Yawngan PDF (JPRF)မှ ဖေဖော်ဝါရီ (၂၈) ရက်နေ့ ည ၇ နာရီခွဲအချိန်တွင်…

စစ်သင်တန်း၌ပအိုဝ်းဝတ်စုံဖြင့် အသုံးပြုခြင်းကို ပအိုဝ်းစာပေယဉ်ကျေးမှုဗဟိုနှင့် သံဃာများကန့်ကွက်သင့်ကြောင်း ကျေးရွာပအိုဝ်းရပ်မိရပ်ဖအချို့ပြောဆို

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၉၊၂၀၂၄ ပအိုဝ်းအမျိုးသားဝတ်စုံကို PNO ပြည်သူ့စစ်သင်တန်း၌ စစ်ရေးပြ အသုံးပြုခြင်းနှင့်ပတ်သက်ပြီး ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုဗဟို၊ ပအိုဝ်းသံဃာတော်များအနေဖြင့်ကန့်ကွက်သင့်ကြောင်းကျေးရွာ ပအိုဝ်းရပ်မိရပ်ဖ အချို့ကပြောဆိုသည်။ ပအိုဝ်းအမျိုးသားရေးတွင် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအပြင် ပအိုဝ်းရဟန်းတော်သံဃာတော် ဆရာတော်များလည်း အထူးအရေးပါသဖြင့် ယင်းအပေါ်ကို ပအိုဝ်းတမျိုးသားလုံး၏ အနာဂတ်ကိုရှေ့ရှု့ငှဲ့ညာခြင်းအားဖြင့်ကန့်ကွက် စေလိုကြောင်းဆိုထားသည်။ “မဖြစ်သင့်တာမို့ အမှန်တကယ် တတ်နိုင်ရင်ပေါ့ ပအိုဝ်းရဟန်းသံဃာတွေ ပအိုဝ်းဆရာတော်ကြီးတွေ မေတ္တာရပ်ခံပေးစေချင်တယ် ပအိုဝ်းတိုင်း အထွဋ်မြတ်ထား…

ပင်လုံ-ကျောက်တန်းလမ်းကို စစ်ကောင်စီက ပိတ်လိုက်ဖွင့်လိုက်လုပ်နေသည့်အတွက်ကြောင့် ကားတန်းများ ထပ်မံပိတ်မိနေ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၉၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ထမ်းစန်းဂူနှင့် ပင်လုံကို ဆက်သွယ်ထားသော ပင်လုံ- ကျောက်တန်းလမ်းကို စစ်ကောင်စီက ပိတ်လိုက်ဖွင့်လိုက်ပြုလုပ်နေ​ခြင်း ကြောင့် ကားများတန်းစီ၍ ထပ်မံပိတ်မိနေကြောင်း သိရသည်။ မိုင်းပွန်တိုက်ပွဲကြောင့် တောင်ကြီး-တာချီလိတ်သွားရာလမ်းကို ပိတ်ထားပြီး ပြည်သူများက ကျောက်တန်းလမ်းကိုအသုံးပြုသွားလာရာတွင်ဖေဖော်ဝါရီ ၂၇ ရက်က ၎င်းလမ်းကို ခေတ္တပိတ်ခဲ့သော်လည်း ဖေဖော်ဝါရီ ၂၈ ရက်က ပြန်ဖွင့်ခဲ့သည်ဟု သိရသည်။…

တောထဲရှိ ဆီဆိုင်စစ်ရှောင် ကလေးငယ်များဝမ်းလျှောဝမ်းပျက်ဖြစ်ပွား

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၉၊ ၂၀၂၄ တောတောင်ထဲရှိ ဆီဆိုင်စစ်ရှောင်များ ရေရှားပါးမှုနှင့်ကြုံနေရပြီး မသန့်သည့်ရေများ သောက်သုံးနေရသည့်အတွက် စစ်ရှောင်ကလေးငယ်များ ဝမ်းလျှောဝမ်းပျက်ဖြစ်ပွားနေကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့တွင် တိုက်ပွဲပြင်းထန်းပြီးနောက် တောတောင်ထဲသို့ ထွက်ပြေးတိမ်းရှောင်သည့် စစ်ရှောင်ကလေးငယ်များ ဝမ်းလျှောဝမ်းပျက်ဖြစ်ပွားနေပြီး ဆေးဝါးရရှိရန်လည်း အခက်ခဲရှိနေကြောင်း သိရသည်။ “ဝမ်းလျှောတာက ဆေးခန်းတွေပြကြပေမယ့် ဖြစ်တဲ့လူဦးရေကအရမ်းများတယ် အထူးသဖြင့်ကလေးတွေ အဖြစ်များတယ် ကလေး ၁၀ ယောက်မှာ…

စစ်ကောင်စီတပ်အတွင်း စစ်သင်တန်းသွာတက်သည့် ပင်လောင်းလူငယ်များ အိမ်ပြန်ခွင့်မရဟုဆို

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၉၊ ၂၀၂၄ စစ်ကောင်စီတပ်အတွင်း စစ်သင်တန်းသွားတက်ခဲ့ရသည့် ပင်လောင်းဒေသလူငယ်များ စစ်သင်တန်းပြီးဆုံးသော်လည်း အိမ်ပြန်ခွင့်မရခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် တောင်ဖက်ရှိ ကျေးရွာများတွင် PNO ပြည်သူ့စစ်က လူစုဆောင်းပေးပြီး ရင်းမှီးရှိ စစ်ကောင်စီတပ်စခန်းတွင် စစ်သင်တန်းတက်ခဲ့ရကြောင်းသိရသည်။ “သင်တန်း တက်နေတဲ့အချိန် သင်တန်းတက်တဲ့လူတွေဆီက ဖုန်းကိုသိမ်းသေးတယ် ခုတော့ပြန်ပေးပြီ ဒါပေမယ့် အိမ်ပြန်ခွင့်မရဘူး တပ်ထဲမှာပဲနေရတယ် မိသားစုတွေလာတွေ့လို့တောင်မရဘူး”ဟု ဒေသခံ…

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် လွယ်ဝိုးတုတ်ရှိ လျှပ်စစ်ဓာတ်တိုင်များပျက်စီး

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၉၊ ၂၀၂၃ စစ်ကောင်စီက လေကြောင်းခိုက်မှုကြောင့် ဖေဖော်ဝါရီ ၂၈ ညပိုင်း ၁၀ ရာရီခွဲကျော်ခန့်က လွယ်ဝိုးတုတ်ရှိ လျှပ်စစ်ဓာတ်တိုင်များ ပျက်စီးသွားခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် လွယ်ဝိုးတုတ်ကျေးရွာတွင် စစ်ကောင်စီက အကြောင်းမဲ့ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လျှပ်စစ်ဓာတ်တိုင်ပျက်စီးသွားပြီး လျှပ်စစ်ဓာတ်ကြိုးများလည်း ပျက်စီးခဲ့ကြောင်း သိရသည်။ “မနေ့ညက စကစက အကြောင်းမဲ့ဗုံးလာကြဲသွားတာ ဓာတ်ကြိုးပြတ်သွားပြီး…

နမ့်စန်မြို့တွင် စစ်မှုထမ်းရန်အတွက် အိမ်ထောင်စုဇယားလိုက်ကောက်နေ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၉၊၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်ရှိကျေးရွာများတွင် စစ်မှုထမ်းရန် စစ်ကောင်စီမှ အိမ်ထောင်စုဇယား စာရင်းများလိုက်လံကောက်နေပြီဖြစ်ကြောင်းသိရသည်။ ယင်းအိမ်ထောင်စုဇယားလိုက်လံကောက်ယူရာတွင် ကျေးရွာအုပ်စုများအပြင် မြို့တွင်းရပ်ကွက်များလည်းကောက်ယူနေပြီး အချို့ကျေးရွာ၌ ပိုက်ဆံပါကောက်နေကြောင်း စုံစမ်းသိရှိသည်။ “အိမ်ထောင်စုဇယားကောက်တာ လုပ်လာတာကြာပြီ ကျွန်တော်တို့ရွာဘက်က အရင်ရက်ကပေးလိုက်ရပြီ အိမ်ထောင်စုဇယားမိတ္တူတစ်ခုနဲ့ ပိုက်ဆံ ၂၀၀၀ ကျပ် ပေးလိုက်ရတယ် ဘာဆက်ဖြစ်လာမှာလည်းတော့မသိဘူး သူများကိုမနိုင်တော့ ကောက်ရင်ပေးရတာပါပဲ”ဟုကျေးရွာခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။ နမ့်စန်မြို့တွင်…