Category: သတင်း

တောင်နီဈေးဟောင်း ဖျက်သိမ်းခံရမှုအပေါ် ဈေးသည်ဟောင်းများမကျေနပ်ကြသလို အခက်ခဲဖြစ်နေရဟုဆို

ခမ်းသားငေါဝ်း မတ် ၆၊၂၀၂၄ တောင်နီဈေးဟောင်းအား စစ်ကောင်စီလက် အောက်ခံဒေသတွင်း အာဏာပိုင်များက ဖျက်သိမ်းခံရမှုတွင် ဈေးသည်ဟောင်းများ မကျေနပ်ကြသလို အခက်ခဲများဖြစ်နေကြောင်း ဈေးသည်တစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် တောင်နီဈေးဟောင်းသည် ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့၌ ဖျက်သိမ်းခံလိုက်ရပြီး ယင်းနေ့မှာပင် ကျေးလက်ဖွံ့ဖြိုးရေးဈေး အမည်ဖြင့် ဈေးအသစ်ကိုဖွင့်လှစ်ခဲ့ကြောင်းသိရသည်။ ” ဌာနဆိုင်ရာလူကြီးတွေ ဝတ်စုံအပြည့်နဲ့ရော ရဲကားရော နောက်…

ရွာငံ-မန္တလေးလမ်း မြို့ကြီးရွာအနီးတွင် Probox ကားတစ်စီး တိမ်မှောက်ပြီး ၆ ဦးသေဆုံး

ခမ်းသားငေါဝ်း မတ် ၆၊ ၂၀၂၄ ရွာငံ -မန္တလေး လမ်း မြို့ကြီးရွာအနီးတွင် Probox ကားတစ်စီး အရှိန် မထိန်းနိုင်ပဲ တိမ်မှောက်ပြီး ၆ ဦး သေဆုံးပြီး ၁ ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ် ၊ မြို့ကြီးရွာအနီး ညောင်ပင်ထောက်ကွေ့တွင် မတ်လ ၅ ရက် နေ့လည်ခင်း ၂…

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအရ စစ်မှုမထမ်းမနေရမူကိုကာကွယ်ရန် PNLA တပ်က ​ပြည်သူကိုစစ်မှုထမ်းခေါ်ယူနေ

ခမ်းသားငေါဝ်း မတ်လ ၅၊ ၂၀၂၄ ပအိုဝ်းဒေသတွင် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအရ အရွယ်ရောက်သည့်သူ စစ်မှုမထမ်းမနေရမူကိုကာကွယ်ရန် PNLA တပ်မှ ဆီဆိုင်မြို့တောင်ဘက် ကျေးရွာများရှိဒေသခံများကို PNLA တပ်ထဲစစ်မှုထမ်းရန် ခေါ်ယူနေကြောင်း PNLO/PNLA တာဝန်ရှိသူ တစ်ဦးထံသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် တောင်ဘက်ကျေးရွာများ၌ အိမ်ထောင်စုဆယ်စုတွင် တစ်ဦးနှုန်းဖြင့် PNLAတပ်က စစ်မှုထမ်းခေါ်ယူနေပြီး တစ်ချို့က ရွာ၏အခြေအနေအရ မဲနိုက်စနစ်ဖြင့် ပြုလုပ်နေကြောင်း…

ဆီဆိုင်မြို့တွင် စစ်ကောင်စီကစစ်ကြောင်းထိုးတိုက်ခိုက်လာခြင်းကြောင့် တိုက်ပွဲပြင်းထန်

ခမ်းသားငေါဝ်း မတ် ၅၊ ၂၀၂၄ ဆီဆိုင်မြို့သို့ စစ်ကောင်စီကစစ်ကြောင်းထိုးတိုက်ခိုက်လာခြင်းကြောင့် ဖေဖော်ဝါရီ(၄)ရက်နေ့တွင် တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ကြောင်း ဖေဖော်ဝါရီ (၅)ရက်နေ့က PNLA ထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ထိန်းချုပ်ထားသည့် ဆီဆိုင်မြို့သို့ စစ်ကောင်စီကစစ်ကြောင်းထိုးတိုက်ခိုက်လာခြင်းကြောင့် PNLA ကခုခံတိုက်ခိုက်ရာ ဆီဆိုင်မြို့မြောက်ဘက်တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း သိရသည်။ တိုက်ပွဲတွင်စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှုများစွာရရှိခဲ့သောကြောင့် ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး တိုက်ပွဲနှင့်မသက်ဆိုင်သည့် ဆီဆိုင်မြို့သို့ လက်နက် ကြီးဖြင့် အကြိမ်(၄၀)ကျော်…

ညီနောင်မဟာမိတ်နှင့် စစ်ကောင်စီတို့ ဆွေးနွေးပွဲရလဒ်နှင့်ပတ်သက်ပြီး ထုတ်ဖော်မပြောရန် သဘောတူထားကြောင်း စစ်ကောင်စီဘက်ကပြော

ခမ်းသားငေါဝ်း မတ် ၅၊ ၂၀၂၄ ညီနောင်မဟာမိတ်နှင့် စစ်ကောင်စီတို့ ဆွေးနွေးပွဲရလဒ်နှင့်ပတ်သက်ပြီး ထုတ်ဖော်မပြောရန် နှစ်ဖက်သဘောတူညီထားကြောင်း စစ်ကောင်စီ၏ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ တရုတ်နိုင်ငံ၏ကြားဝင်စေ့စပ်မှုဖြင့် မတ်လ(၁)ရက်နေ့မှ(၃)ရက်နေ့ထိ တရုတ်နိုင်ငံကူမင်းမြို့တွင် မြောက်ပိုင်းညီနောင်မဟာမိတ်နှင့် စစ်ကောင်စီတို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပခဲ့ပြီး ဆွေးနွေးပွဲရလဒ်ကို ထုတ်ဖော်မပြောရန် နှစ်ဖက်သဘောတူညီထားသည်ဟု စစ်ကောင်စီ၏ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကောင်စီပိုင် MWD Newsတွင် မတ်လ(၄)ရက်နေ့က ပြောကြားခဲ့သည်။ “ဒီဆွေးနွေးပွဲဟာ…

မိုင်းပန်တွင် ဗာမာလူမျိုးကလွဲပြီး အခြားတိုင်းရင်းသားများကို RCSS/SSA မှ စစ်မှုထမ်းရန်ခေါ်နေဟုဆို

ခမ်းသားငေါဝ်း မတ် ၅၊၂၀၂၄ မိုင်းပန်မြို့နယ်ရှိ အသက် ၁၈ နှစ်အထက်လူငယ်များအား ဗာမာလူမျိုးကလွဲပြီး အခြားတိုင်းရင်း သားများကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSAမှ စစ်မှုထမ်းရန်ခေါ်ယူနေကြောင်း ဒေသခံထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ်ရှိ ကျေးရွာများတွင် ဗာမာကလွဲ၍ ရှမ်းတိုင်းရင်းသားနှင့် အခြားတိုင်းရင်းသားတို့အပါအဝင် RCSS မှ စစ်မှုထမ်းရန်ခေါ်ယူနေပြီး လမ်းပေါ်တွင်လည်းတွေ့ရှိပါက ဖမ်းဆီးခေါ်ယူသွားကြောင်း ဒေသခံပြောပြချက်အရ သိရသည်။ “သူတို့ထုတ်ပြန်ပြီးနောက်ကတည်းကခေါ်တာပါ…

လွယ်ဝိုးတုတ်ရွာတွင် စစ်ကောင်စီနှင့် လက်အောက် ခံ PNOပြည်သူ့စစ်တို့ ဒေသခံပစ္စည်းများခိုးယူပြီး ကားဖြင့်သယ်ထုတ်နေ

ခမ်းသားငေါဝ်း မတ် ၅၊ ၂၀၂၄ ဟိုပုံးမြို့နယ် လွယ်ဝိုးတုတ်ကျေးရွာတွင် စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်က ဒေသခံပစ္စည်းများအား ခိုးယူနေသယ်ထုတ်နေ ကြောင်း ရွာသားထံမှ သိရပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် လွယ်ဝိုးတုတ်ကျေးရွာတွင် ဒေသခံများ စစ်ဘေးတိမ်းရှောင်ပြီးနောက် ကျန်ရှိသောပစ္စည်းများကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် အဖွဲ့က ခိုးယူပြီး ကားဖြင့်သယ်ထုတ်နေကြောင်း ဒေသခံရွာသားက ခမ်းသားငေါဝ်းသို့ ပြောသည်။…

တိုက်ပွဲကြောင့် လွိုင်လင်တိုးဂိတ်နှင့် မိုင်းပွန်တံတား ပိတ်လိုက်၊ ဖွင့်လိုက်ပြုလုပ်နေ

ခမ်းသားငေါဝ်း မတ် ၅၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်းရှိ လွိုင်လင်ဂိတ်နှင့် မိုင်းပွန်တံတားကိုတိုက်ပွဲ စစ်ကောင်စစ်နှင့်လက်အောက်ခံများက ပိတ်လိုက်ဖွင့်လိုက်ပြုလုပ်နေကြောင်းဒေသခံထံက သိရသည်။ မိုင်းပွန်ဘက်မှာ လက်နက်ကြီး ပစ်ခတ်သံ ကြားရသောကြောင့် တံတားကို ယနေ့မတ်လ ၅ ရက်နေ့နံနက် ၉ နာရီအချိန်တွင် ပိတ်လိုက်ခြင်းဖြစ်ပြီး လမ်းမပေါ်တွင် ပိတ်မိနေသည့် ကားများလည်းရှိနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ” တံတားက ပိတ်ထားတယ်။ မနက်…

TNLAသိမ်းဆည်းထားသည့် မန်တုံ၊ နမ္မတူ၊ နမ့်ဆန် မြို့နယ်တို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာ

ခမ်းသားငေါဝ်း မတ်လ ၄၊ ၂၀၂၄ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းဆည်းထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံ၊ နမ္မတူနှင့် နမ့်ဆန် မြို့တို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ကြောင်း ယနေ့ည ၈ နာရီသတင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။ စစ်ကောင်စီက မြို့နယ် ၃ မြို့နယ်၏ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ နယ်မြေအေးချမ်းရေးကိုပိုမိုဆောင်ရွက်နိုင်ရန်အကြောင်းပြပြီး စစ်အုပ်ချုပ်ရေးကြေညာခြင်းဖြစ်သည်ဟုပြောဆိုထားသည်။ စစ်ကောင်စီ၏ စစ်အုပ်ချုပ်ရေးအမိန့်အရ အဆိုပါ…

လွိုင်လင်မြို့တွင် စစ်ကောင်စီ စစ်ဆေးမှုတင်းကြပ်လာပြီး ပေါ်တာဖမ်းမည်ကိုဒေသခံစိုးရိမ်

ခမ်းသားငေါဝ်း မတ် ၄၊၂၀၂၄ လွိုင်လင်မြို့အတွင်းမှာ စစ်ကောင်စီနှင့်လက်အောက်ခံပျူစောထီးများစစ်ဆေးမှုတင်းကြပ်လာပြီးလုံခြုံရေးနှင့် ပေါ်တာဖမ်းမည်ကိုစိတ်ပူနေရကြောင်းဒေသခံတစ်ဦးကပြောသည်။ ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့အတွင်းတွင် စစ်ကောင်စီလက်အောက်ခံများက အရပ်ဝတ်ဖြင့် သွားလာသူကို စစ်ဆေးနေသလို ညဘက်တွင်လည်း မြို့တွင်းမှာ လှုပ်ရှားသွားလာခြင်းရှိနေကြောင်းဆိုသည်။ “ပျူစောထီးအဖွဲ့တွေရောက်နေတယ် လွိုင်လင်ရေကန်နားအရပ်ဝတ်နဲ့ စစ်ဆေးတာရှိတယ် စစ်ကောင်စီတပ်သားလည်းရှိတော့ ညဖက်တွေမှာပေါတာဆွဲဖမ်းတာမျိုးစိုးရိမ်ရတာပေါ့”ဟုအမည်မဖော်လိုသောသတင်းရင်းမြှစ်က ခမ်းသားငေါဝ်းကိုပြောသည်။ မိုင်းပွန်မြို့အနီးနားပတ်ဝန်းကျင်၌ တိုက်ပွဲဖြစ်ပွားပြီးနောက် လွိုင်လင် ပင်လုံဒေသဘက်သို့ စစ်မီးကူးလာမည်ကို ဒေသခံများကစိုးရိမ်နေကြရကြောင်းသိရသည်။ ထို့အပြင် လွိုင်လင်မြို့အရှေ့ဘက်ရှိ နမ့်စန်မြို့နှင့်မြို့နယ်များအတွင်းတွင်လည်း…