Category: သတင်း

ပင်လောင်းတွင် မိမိရပ်ရွာအပြင် အခြားတင်းထက်ကျေးရွာသို့လည်း အလှည့်ကျဂိတ်စောင့်နေရ

ခမ်းသားငေါဝ်း မတ် ၇၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းတောင်ဖက်ကျေးရွာတချို့ရှိ လူငယ်များအား PNO ပြည်သူ့စစ်က တခြားကျေးရွာရှိဂိတ်တွင် စောင့်ခိုင်းနေကြောင်း ဒေသခံကခမ်းသားငေါဝ်း သို့ပြောသည်။ မိမိတို့ကျေးရွာမဟုတ်သည့် တင်းထက်ဘက်ရှိဂိတ်တွင် နေ့စဉ် နှစ်ယောက်တစ်ဖွဲ့အနေဖြင့် အလှည့်ကျ ကင်းသွားစောင့်ခိုင်းနေပြီး လူငယ်အများစုက မသွားချင်ကြသော်လည်းအမိန့်အရ သွားနေရသည်ဟုဆိုသည်။ “ခုလောလောဆယ်အလုပ်များတာကတစ်ဖက် ခုရွာမှာ စောင့်ခိုင်းတာတစ်မျိုး ခုကထပ်လာပြန်တော့ စိတ်ဆင်းရဲတယ် မသွားချင်လည်းသွားနေရတယ် ရှမ်းတောင်မှာ စစ်ပွဲဖြစ်နေတော့…

ပြည်သူများ ပြည်သူ့စစ် ထဲမဝင်ချင်သော်လည်း အတင်းအဓမ္မ ဆင့်ခေါ်နေ

ခမ်းသားငေါဝ်း မတ် ၇၊၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်မြောက်ဘက်ရှိ လွယ်မွန်၊ ခုတ်နမ်း၊ ကျောင်းချယ်ရွာခံများကို PNO ပြည်သူ့စစ်ထဲဝင်ရန်အတင်းဆင့်ခေါ်နေကြောင်းဒေသခံတစ်ဦးထံက သိရသည်။ PNO ပြည်သူ့စစ် လက်အောက်ခံလူကြီးအချို့က လွယ်မွန်ရွာတွင် အယောက် ၅၀၊ ကျောင်းချယ်နှင့် ခုတ်နမ်းရွာတွင် ၁၀ ဦးစီ ဆင့်ခေါ်နိုင်ရန်လုပ်ဆောင်သွားမည်ဟုဆိုသည့်အတွက် မသွားချင်သောလူငယ်များ ထွက်ပြေးတိမ်းရှောင်နေရသည်ဟုဆိုသည်။ “ခေါ်တာက အမျိုးသားရေးတစ်ခုလုံးနဲ့ မသက်ဆိုင်ပဲ အဖွဲ့အစည်းတစ်ခုအတွက်ဖြစ်နေတာမို့ သဘောမကျဘူး ခေါ်ပြီးရင်လည်း…

တောင်ကြီးဘက်မှ ဟိုပုံးဘက်သို့ စစ်ကောင်စီ အလုံးအရင်း အင်အားဖြည့်နေ

ခမ်းသားငေါဝ်း မတ် ၇၊ ၂၀၂၄ ဟိုပုံးမြို့နယ်တွင် ပအိုဝ်းအမျိုးသား လွှတ်မြှောက်ရေးတပ်မတော် PNLA နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားပြီး ယနေ့တွင် ဟိုပုံးဘက်သို့ စစ်ကောင်စီက အင်အားအလုံးအရင်းနှင့် ဖြည့်တင်းနေကြောင်း မျက်မြင်တွေ့သူထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ၊ တောင်ကြီးမြို့မှ ဟိုပုံးဖက်သို့ ယနေ့နေ့လည်ပိုင်းတွင် စစ်သားအပြည့်ပါကား ၂၂ စီးနှင့် ရိက္ခာတင်ကား ၆ စီး၊ကားအလွှတ် ၆…

စစ်ကောင်စီမှ ဆီဆိုင်မြို့ကို လက်နက်ကြီးအပြင် ဒရုန်းဖြင့်အကြိမ်ရေ ရာချီပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူ့ဆေးရုံကိုထိမှန်

ခမ်းသားငေါဝ်း မတ်လ ၇၊၂၀၂၄ စီကောင်စီက ဆီဆိုင်မြို့ကို လက်နက်ကြီးအပြင် ဒရုန်းနှင့်ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ဆီဆိုင်ပြည်သူ့ဆေးရုံ အဆောက်အဦးအားထိမှန်ပြီး ပျက်စီးမှုရှိကြောင်း PNLA ထုတ်ပြန်ချက်အရ သိရသည်။ မတ်လ ၅ ရက်နေ့တွင် စစ်ကောင်စီတပ်မှ တစ်နေကုန်နီးပါး လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့်ဗုံးကြဲခြင်းကို အကြိမ်ရေ ၁၀၀ ကျော် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူ့ဆေးရုံအပါအဝင် လူနေအိမ်များ ထပ်မံထိခိုက်ပျက်စီးခဲ့ကြောင်း ဆိုထားသည်။ “တောက်လျှောက်ပစ်တာပေါ့ အဲ့လိုတောက်လျှောက်ပစ်ပြီး…

စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် နန်းတုတ်ရွာ ဒေသခံများနှင့် စစ်ရှောင်များထပ်မံရှောင်တိမ်းနေရ

ခမ်းသားငေါဝ်း မတ် ၇၊ ၂၀၂၄ နန်းတုတ်ကျေးရွာတွင် စစ်ကောင်စီတပ်က လက်နက်ကြီးမကြာခနပစ်ခတ်နေခြင်းကြောင့် ဒေသခံများနှင့် စစ်ရှောင်များထပ်မံရှောင်တိမ်းနေရကြောင်း မတ်လ(၇)ရက်နေ့ ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဖက်ခုံရှိစစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့်မကြာခဏပစ်ခတ်လာခြင်းကြောင့် ဒေသခံပြည်သူများနှင့် ကရင်နီဘက်စစ်ဘေးရှောင်များ ဘေးလွတ်ရာသို့ထပ်မံတိမ်းရှောင်နေရကြောင်း သိရသည်။ “နန်းတုတ်ဘက်ကတော့ လောလောဆယ်တော့တိုက်ပွဲမဖြစ်ပဲနဲ့ ရွာဘက်ကိုစစ်ကောင်စီက လက်နက်ကြီးနဲ့မကြာခဏပစ်နေတယ် ခုရွာထဲမှာ လူကနဲနဲပဲကျန်တော့တယ် မနေရဲကြတော့ဘူး” ဟု…

တောင်ကြီး ၄ မိုင်စစ်ဆေးရေးဂိတ်အနီး ကားတစ်စီး တိမ်းမှောက်ပြီး လူ ၃ ဦးသေဆုံး

ခမ်းသားငေါဝ်း မတ် ၇ ၊ ၂၀၂၄ တောင်ကြီးမြို့ တောင်ဖက် ၄ မိုင် စစ်ဆေးရေးဂိတ်တွင် ကားတစ်စီး တိမ်းမှောက်သဖြင့် လူ ၃ ဦးသေဆုံးသွားခဲ့ပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်ဒေသခံထံကသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ ၄ မိုင် စစ်ဆေးရေးဂိတ်အနီးမတ်လ ၆ ရက် ညနေပိုင်းတွင် ဝက်တင်လာသည့် ယာဉ်တစ်စီး တိမ်မှောက်ခဲ့ခြင်းဖြစ်သည်။…

ခရမ်းချဉ်သီးစျေးကျသည့်အတွက် စိုက်ပျိုးတောင်သူများ အရှုံးပေါ်နေ

ခမ်းသားငေါဝ်း မတ် ၇၊ ၂၀၂၄ ခရမ်းချဉ်သီးများစျေးကျနေသည့်အတွက် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းဒေသတွင်စိုက်ပျိုးတောင်သူများ အရှုံးပေါ်နေသည်ဟု မတ်လ(၇)ရက်နေ့တွင် သိရသည်။ ခရမ်းချဉ်သီးစျေးသည် ယခင်နှစ်ထက်စျေးကျနေပြီး ပြည်တွင်းစစ်ကြောင့် ပို့ဆောင်ဆက်သွယ်ရေးလမ်းကြောင်း ပိတ်သည့်အတွက် တင်ပို့ရောင်းချရန်အခက်အခဲဖြစ်နေကြောင်းသိရ သည်။ “လုပ်အားခ၊ အပင်ကို ပြုစုရတဲ့ခ၊ တင်ပို့တဲ့ခနဲ့ဆိုရင် လုံးဝမကိုက်ဘူး မကိုက်တော့ မခူးကြတော့ဘူး တော်တော်များကပစ်ထားလိုက်ကြတယ် ”ဟု ခရမ်းချဉ်သီးစိုက် ပျိုးတောင် သူတစ်ဦးကပြောသည်။ အရင်နှစ်က…

စစ်ကောင်စီက ပအိုဝ်းဝတ်စုံဝတ်ပြီး တိုက်ပွဲ​ဖြစ်သည့် ဟိုပုံးမှ လွယ်ဝိုးတုတ်ဘက်သို့ရှေ့တန်းတက်နေ

ခမ်းသားငေါဝ်း မတ်လ ၇၊ ၂၀၂၄ စစ်ကောင်စီနှင့် လက်အောက်ခံပြည်သူ့စစ်တို့ ပအိုဝ်းအမျိုးသားဝတ်စုံဝတ်ဆင်ပြီး လက်နက်အပြည့်ဖြင့် ပြည်သူ့ကားများချောဆွဲကာ ယနေ့မနက် ဟိုပုံးမှလွယ်ဝိုးတုတ်ဘက်ကိုစစ်ကြောင်းထိုးနေကြောင်း သတင်းရင်းမြစ်ထံ သိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်း ဟိုပုံးမြို့တွင် စစ်ကောင်စီနှင့်လက်အောက်ခံပြည်သူ့စစ်က ပအိုဝ်းအမျိုးသားဝတ်စုံဖြင့် တိုက်ပွဲဖြစ်ပွားနေသည့်ဟိုပုံးအရှေ့ဘက် လွယ်ပိုးတုတ်ဘက်သို့ စစ်ကြောင်းထိုးရှေ့တန်းတက် နေကြောင်းသိရသည်။ ” စစ်တပ်က ပအိုဝ်းဝတ်စုံဝတ်ပြီး ပြည်သူကားနဲ့ တိုက်ပွဲဖြစ်တဲ့နေရာကိုပို့ခိုင်းနေတယ်၊ အရှေ့လွယ်ပိုးတုတ်ဘက်ကိုသွားနေတယ်”ဟု သတင်းရင်းမြစ် ကပြောသည်။…

PNO ​ပြည်သူ့စစ်က ဆင့်ခေါ်တဲ့ ပြည်သူ့စစ်သင်တန်းကို လူငယ်အများစုက မတက်ချင်ကြဘူးလို့ဆို

တွေ့ဆုံမေးမြန်းခြင်း PNOပြည်သူ့စစ်သင်တန်းကို မိမိလုံခြုံရေးအတွက်သာဖြစ်တယ်လို့ပြောဆိုခဲ့ပေမယ့် သင်တန်းပြီးထားတဲ့လူငယ်အချို့ကို အခြားနေရာတွေမှာ သွားဖို့ စေခိုင်းခံရတဲ့အတွက် လူငယ်တွေက ဒီအပေါ်မလိုလားကြပါဘူး။ ပြည်သူ့စစ်သင်တန်းနဲ့ပတ်သက်ပြီး မတက်ချင်ပေမယ့် တက်ခဲ့ရတဲ့ပအိုဝ်းလူငယ်တစ်ယောက်နဲ့ ခမ်းသားငေါဝ်းက မေးမြန်းထားပါတယ်။ မေး။ ။မင်္ဂလာပါခင်ဗျ။ ဖြေ။ ။ဟုတ် မင်္ဂလာပါဗျ။ မေး…..။ပြည်သူ့စစ်မှုထမ်းရတာနဲ့ပတ်သက်ပြီးအမြင်ကိုအရင်ဆုံးပြောပြပေးပါဦးခင်ဗျ။ ဖြေ…..။စစ်မှုထမ်းရတာနဲ့ပက်သက်ပြီး ဒီအခြေနေဒီကာလနဲ့ ကျနော်တို့နယ်ဒေသမှာ စိတ်ဝမ်းကွဲနေကြတာမြင်ရတော့ ပြည်သူ့စစ်မှုထမ်းရတာကိုမနှစ်သက်ဘူးလို့ အရင်ဆုံးပြောချင်ပါတယ်။ မေး….။ပြည်သူ့စစ်ထဲမဝင်ချင်ပေမယ့် ခုသင်တန်းကတက်ရတယ်ဆိုတော့ ဘယ်လိုခံစားရလဲ။ ဖြေ…..။သတ်မှတ်ထားတဲ့အရွယ်ဖြစ်နေတော့ခက်တာပေါ့…

စစ်အုပ်ချုပ်ရေးကြေညာခြင်းသည် အပစ်ခတ်ရပ်ဆဲရေး သဘောတူညီချက်ဖော်ဆောင်ရာ၌ အခက်အခဲဖြစ်စေသည်ဟု ညီနောင်မဟာမိတ်ဆို

ခမ်းသားငေါဝ်း မတ် ၆၊ ၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီမှ စစ်အုပ်ချုပ်ရေးဥပဒေ(Martial law)ကို ကြေညာလိုက်ခြင်းသည် အပစ်ရပ်ဆဲရေးဖြစ်သည့် ဟိုင်ဂင်သဘောတူညီချက်ကို လက်တွေ့အကောင်အထည် ဖော်ဆောင်ရာတွင် အခက်အခဲဖြစ်စေသည်ဟု ညီနောင်မဟာမိတ် သုံးဖွဲ့က ယနေ့တွင် ထုတ်ပြန်လိုက်သည်။ ဟိုင်ဂင်သဘောတူညီချက်အား အကောင်အထည်ဖော် သုံးသပ်ဆွေးနွေးခြင်းများ ပြုလုပ်နိုင်ရန်အတွက် စာချုပ်တွင် လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းများသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့တွင် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် တွေ့ဆုံပွဲများတစ်ခုပြီးတစ်ခုကျင်းပခဲ့သည်မှာ…