Category: သတင်း

ပေါင် ၅၀၀ ဗုံးဖြင့် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ထမ်းယမ် ရွာနေအိမ်မီးလောင်

ခမ်းသားငေါဝ်း မတ် ၁၆၊၂၀၂၄ ထမ်းယမ်းကျေးရွာကို တစ်ရက်အတွင်း စစ်ကောင်စီ လေယာဉ်ဖြင့်နှစ်ကြိမ် ဗုံးကြဲခဲ့သဖြင့် ဘုန်းကြီးကျောင်းနှင့်နေအိမ်နှစ်လုံးမီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ထမ်းယမ်ရွာ မတ်လ ၁၅ ရက်နေ့တွင် စစ်ကောင်စီက လေယာဉ်ဖြင့် နေ့လည် ၁ နာရီပထမအကြိမ် ဗုံးနှစ်လုံးကြဲချပြီး ည ၅ နာရီကျော်ဒုတိယကြိမ် ဗုံးလေးလုံးဖြင့် လာရောက်ကြဲချခဲ့ကြောင်း သိရသည်။ “ပထမတစ်ကြိမ်ကဘုန်ကြီးကျောင်းဆောင်တွေ ပျက်စီးသွားတယ်။…

ပင်လောင်းမြို့ပေါ် အထိ တိုက်ပွဲဖြစ်လာမည်ကိုစိုးရိမ်ပြီး ဒေသခံများ နောင်တရားထိတိမ်းရှောင်ကြ

ခမ်းသားငေါဝ်း မတ် ၁၄၊ ၂၀၂၄ ပင်လောင်းမြို့ပေါ်အထိ တိုက်ပွဲဖြစ်မည်ကိုစိုးရိမ်ပြီး ဒေသခံများ ပင်လောင်းမြို့အကျော်နောင်တရားဘက်တွင် ထပ်မံပြီးစစ်ရှောင်နေရကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်တောင်ဘက်တွင် မတ်လ ၁၀ ရက်က စတင်ခဲ့သည့် တိုက်ပွဲကြောင့် ဆက်လက်ပြင်းထန်နိုင်သည့် အခြေအနေတွင်ရှိနေပြီး ဒေသခံများ လုံခြုံရေးစိုးရိမ်ကြောင့် ပင်လောင်းအနီးအနားတွင်မနေရဲဘဲ နောင်တရား ဘက်တို့တွင် တိမ်းရှောင်နေရကြောင်း သိရသည်။ “နီးစပ်ရာဒေသက မလုံခြုံတော့ဘူးလေ တိုက်ပွဲက…

ပင်လုံ လဲချားကြား ကားနှင့်ဆိုင်ကယ်ယာဉ်တိုက်မှုဖြစ်ပွားပြီး ဆိုင်ကယ်ပေါ်ပါလာသူတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း မတ် ၁၄၊၂၀၂၄ ပင်လုံ လဲချားလမ်းပေါ်တွင် ကားနှင့်ဆိုင်ကယ် ယာဉ်တိုက်မှုဖြစ်ပွားရာ ဆိုင်ကယ်စီးသူ ၁ ဦးသေဆုံးပြီး ၁ ဦးမှာဒဏ်ရာရခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်သည် မတ်လ ၁၃ ရက် နေ့လည် ၁၂ နာရီကျော်အချိန်တွင် ပင်လုံ-လဲချားကြားရှိ ဝမ်နောင် ဝမ်းကုန်းကျေးရွာအနီးတွင် မိုင်ကိုင်ကနေမောင်းလာသည့် ပရိုဘောက်ကားနှင့် ပင်လုံကနေမောင်းလာသည့်ဆိုင်ကယ်တို့ ထိပ်တိုက်တွေ့ပြီးယာဉ်တိုက်မှုဖြစ်ပွားခဲ့သည်။ “အသက် ၁၆ နှစ်အရွယ်ကောင်လေးနှစ်ယောက်…

သေမင်းလက်မှ သီသီလေး လွတ်မြောက်လာခဲ့သူများ

ခမ်းသားငေါဝ်း မတ်လ ၁၃၊ ၂၀၂၄ ရေးသားသူ- ခွန်ပေ “ဒရုန်းပစ်ချပြီး ငိုသံဆို ဆူညံနေတာဘဲ။ ဒဏ်ရာတွေလည်းရတော့ ညည်းသံတွေရော အော်သံတွေရောဘဲ။ အဲတာနဲ့ မပြီးသေးဘူး ကလေးတွေက ညီမတို့ရှိတဲ့ သဖန်းပင်အောက် ထပ်ပြေးလာကြတယ်။ ထပ်မံပြီး ဒရုန်းက သဖန်းပင် အပေါ်တည့်တည့် ပြန်ပစ်ချတယ် ကွက်တိပစ်ချတယ်။ လွဲတောင်မလွဲဘူး”ဆိုပြီး တုန်ရီတဲ့အသံ ငိုသံ တွေနဲ့ ပြောပြနေရှာပါတယ်။ ထိုသူကတော့…

ဆီဆိုင်မှ နားဘောင်သို့ ရောက်လာသည့်စစ်ရှောင်ကလေးများ အကူအညီလိုအပ်နေ

ခမ်းသားငေါဝ်း မတ် ၁၃၊၂၀၂၄ ဆီဆိုင်ဘက်မှ တောင်ကြီးမြို့နယ် နားဘောင်ကျောင်းတွင် ရောက်လာသည့် စစ်ရှောင်ကလေးများ စားဝတ်နေရေးအတွက် အကူအညီများလိုအပ်လျက်ရှိကြောင်း သိရသည်။ စစ်ရှောင်ကလေးများသည် ဆီဆိုင်မြို့နယ် မဲဟဲဘုန်းကြီးကျောင်းကဖြစ်ပြီး လက်ရှိအယောက် ၂၀၀ ကျော်အတွက် စားဝတ်နေရေးအပြင် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေသည်။ “လိုအပ်ချက်တွေက အဘက်ဘက်လိုတယ် ကျန်းမာရေးတွက်ဆေးဝါးတွေ ၊ နောက်ခြုံဖို့အခင်းတွေ၊ စောင်တွေ အဓိကဆန်ဆီဆားတွေလည်းလိုအပ်တယ်”ဟု အုပ်ထိန်းသူ မဲဟဲကျောင်းဆရာတော် ဥူးနရိန္ဒိက…

အားလူးစျေး အဆမတန် ကျဆင်းသဖြင့် တောင်သူများအရှုံးနဲ့ရင်ဆိုင်နေရ

ခမ်းသားငေါဝ်း မတ် ၁၃၊၂၀၂၄ အာလူးစျေးအဆမတန် ကျဆင်းသဖြင့် တောင်သူများ အရှုံးဖြင့် ရင်ဆိုင်နေကြရကြောင်း အာလူးစိုက်တောင်သူတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း၊ နောင်တရားဒေသ ကျေးရွာအများစုတွင် အာလူးကို အဓိကစိုက်ပျိုးကြပြီး ယခုနှစ်တွင် သွင်းအားစု အဆမတန်စျေးတက်ပြီး အရင်းနှီးကြီးကာ စျေးမရရှိခြင်းကြောင့် အရှုံးဖြင့်သာ ရောင်းနေရကြောင်း သိရသည်။ “ဆေးဖျန်းဖိုးရော ၊ရေဖိုးရော၊ ပိုက်ဖိုးရော၊ မြေသြဇာဖိုးရော ၊လူငှားခရော အများကြီးကုန်တာ။…

မိုင်းပွန်ဂိတ်ကို အချိန်အကန့်အသတ်ဖြင့်သာ ဖွင့်ပြီးသွားလာခွင့်ပေး

ခမ်းသားငေါဝ်း မတ် ၁၃၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပွန်မြို့ အဝင်အထွက်ဂိတ်ကို စစ်ကောင်စီက အချိန်အကန့်အသတ်ဖြင့်သာ ဖွင့်လှစ်ပြီး ဖြတ်သန်းသွားလာခွင့်ပေးကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ဟိုပုံးနှင့် မိုင်းပွန်ကြားတိုက်ပွဲကြောင့် စစ်ကောင်စီက မိုင်းပွန်အဝင်အထွက်လမ်းများကိုပိတ်ထားကာ မတ်လ ၁ ရက်နေ့က ပြန်ဖွင့်ပေးထားသော်လည်း လက်ရှိတွင် ည ၆ နာရီမှ မနက် ၆ နာရီထိ ကားကြီး၊ ကားငယ်များကို…

စစ်ဘေးရှောင်လာသည့် ကိုရင် ၃ ပါး ကျောင်းကနေ ခိုးပြီးထွက်ပြေးသွားကြသောကြောင့် ပျောက်ဆုံးနေ

ခမ်းသားငေါဝ်း မတ် ၁၃၊၂၀၂၄ ဆီဆိုင်မြို့နယ် မဲဟဲကျောင်းမှ တောင်ကြီးမြို့နယ် နားဘောင်ကျောင်းတွင် စစ်ဘေးရှောင်လာသည့် ကိုရင်လေးသုံးပါး စာသင်နေရာမှ ခိုးပြန်ပြီး ပျောက်ဆုံးနေကြောင်း အုပ်ထိန်းသူဆရာတော်ထံမှ သိရသည်။ ယင်းကိုရင်လေးသုံးပါးသည် ယနေ့မတ်လ ၁၃ ရက် နံနက်အစောပိုင်း ၃ နာရီအချိန်တွင် စတင်၍ ထွက်ပြေးခဲ့ပြီး ပျောက်ဆုံးသည့်အတွက် စိုးရိမ်နေကြောင်းဆရာတော်က မိန့်ဆိုသည်။ “အဖော်တွေကအရင်ပြေးတာရှိတယ် ငါတို့ကအဖော်ကောင်းတွေဆိုတော့ သူတို့ပြေးရင်ငါတို့လည်းပြေးမယ် အဲ့လိုနဲ့မနက်…

ထမ်းယမ်ကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးနှင့် ၂ ညဆက်တိုက်အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်

ခမ်းသားငေါဝ်း မတ် ၁၃၊ ၂၀၂၄ ထမ်းယမ် ကျေးရွာဖက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးဖြင့် ၂ ညဆက်တိုက် ပစ်ခတ်တိုက်ခိုက်လာကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ထမ်းယမ်ကျေးရွာကို စစ်ကောင်စီက မတ်လ ၁၁ ရက်နေ့ညနှင့် မတ်လ ၁၂ ရက်နေ့ညတို့တွင် အကြောင်းမဲ့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်လာကြောင်း သိရသည်။ “အရင် လက်နက်ကြီးအိမ်ကိုထိကတည်းက…

နမ္မတူမြစ်တွင် ရေနစ်သေဆုံးနေသည့်အမျိုးသားတစ်ဦး အလောင်းတွေ့ရှိ

ခမ်းသားငေါဝ်း မတ် ၁၀၊၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြစ်အတွင်း၌ ရေနစ်သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကိုတွေ့ ရှိခဲ့ကြောင်းဒေသခံတစ်ဦးထံမှသိရသည်။ မတ်လ ၉ ရက်နေ့ နံနက် ၁၀ နာရီအချိန် နမ္မတူမြို့ သတလ ၅ ရပ်ကွက်အနီးရှိ နမ္မတူမြစ်တွင် ရေနှစ်သေဆုံးနေသည့် အမည်မသိ အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို TNLAရဲတပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းတို့က သယ်ဆောင်ထုတ်ပေးခဲ့ကြောင်းသိရသည်။ “ရေနစ်သေနေတာက ဘယ်သူဘယ်ဝါမှန်းမသိဘူး၊ TNLAရဲ့တပ်ဖွဲ့တို့…