Category: သတင်း

တောင်မဲသင်းရွာတိုက်ပွဲတွင် PNO ပြည်သူ့စစ် ဗိုလ်ကြီးတစ်ဦးအပါအဝင် ၇ ဦးသေဆုံးဟုဆို

ခမ်းသားငေါဝ်း မတ် ၂၀၊၂၀၂၄ ပင်လောင်းမြို့တောင်ဘက် တောင်မဲသင်းရွာတိုက်ပွဲတွင် PNO ပြည်သူ့စစ်မှ ဗိုလ်ကြီးတစ်ဦးအပါ ၇ ဦးကျဆုံးသွားကြောင်း မျက်မြင် ဒေသခံ တစ်ဦးက ပြောသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် တောင်မဲသင်းကျေးရွာအနီး ပြီးခဲ့မတ်လ ၁၇ ရက်ရက်က စစ်ကောင်စီ၊ပြည်သူ့စစ်ပူးပေါင်းတပ်နှင့် တော်လှန်ရေးအင်အားစုတို့ကြားတိုက်ဖြစ်ပွားပြီး ယနေ့ထိတိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။ “၇ ဦးမှာ ဗိုလ်ကြီးဇော်ပျံပါတယ်လို့သိရတယ် မျက်စိနဲ့တော့မြင်ခဲ့တယ် သူတို့ ဗိုလ်ကြီးထိတော့…

(၇၅) နှစ်ပြည့်စိန်ရတု ပအိုဝ်းအမျိုးသားနေ့ကို အစဉ် အလာမပျက်စေရန် အကျဉ်းခြုံးပြီး ကျင်းပမည်ဟုဆို

ခမ်းသားငေါဝ်း မတ် ၂၀၊၂၀၂၄ ယခုနှစ် ၇၅ နှစ်ပြည့်မြောက် စိန်ရတုပအိုဝ်းအမျိုးသားနေ့ကို အစဉ်အလာမပျက်စေရန်နှင့် အမျိုးသားနေ့ကို အမှတ်ရစေရန် တောင်ကြီးမြို့တွင် အကျဉ်းခြုံးဖြင့် ကျင်းပမည်ဟု ပအိုဝ်းစာ/ယဉ်ဗဟိုဥက္ကဋ္ဌထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရှိ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး(ဒဲဉ်သီးဗွေ)ကွင်းတွင် လာမည့် မတ်လ ၂၄ ရက်နေ့ တပေါင်းလပြည့်နေ့ကျရောက်သည့် ပအိုဝ်းအမျိုးသားနေ့ကို ပအိုဝ်းတစ်မျိုးသားလုံးညီညွတ်ရန် ကျင်းပသွားမည်။ “ပြည်သူတွေ အခက်ခဲကြုံနေချိန်မှာ ကျွန်တော်တို့က ပျော်ပွဲ…

ဆောင်းပြောင်းကျေးရွာတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီကလမ်းပိတ်ထားသဖြင့် ဒေသခံထွက်မ​ရဘဲ ပိတ်မိနေ

ခမ်းသားငေါဝ်း မတ် ၂၀၊ ၂၀၂၄ ဆောင်းပြောင်းကျေးရွာတွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်များ လမ်းပိတ်ထားခြင်းကြောင်း ဒေသခံများထွက်မရဘဲ ပိတ်မိနေကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်း ကျေးရွာတွင် ယနေ့မနက်အစောပိုင်းက စစ်ကောင်စီနှင့် ကရင်နီတော်လှန်ရေးအင်အားစုများ တိုက်ပွဲဖြစ်ပွား နေကြောင်း သိရသည်။ “ဆောင်းပြောင်းဈေးမှာ ခုထိတိုက်နေတုန်း။ စျေးနဲ့နီးတဲ့ လဲင်းဗွာလရွာအကုန်ရှောင်တယ်။ ရွာသားတွေလည်းပင်လောင်းဖက်ကို ရှောင်ဖို့လုပ်ပေမယ့် ကောင်ဗာရွာမှာ စစ်ကောင်စီ…

ဟိုပုံး၊ ဆီဆိုင် စစ်ရှောင်များ နေအိမ်ပြန်ကြရန် စစ်ကောင်စီနှင့် ပြည်သူ့စစ်က ဖိအားပေး

ခမ်းသားငေါဝ်း မတ် ၂၀၊ ၂၀၂၄ ဟိုပုံး၊ ဆီဆိုင် စစ်ရှောင်များ နေအိမ်ပြန်ရန် စစ်ကောင်စီနှင့်ပြည်သူ့စစ်များက ဖိအားပေးပြန်ခိုင်ပြီး မပြန်လျှင် အိမ်ချိတ်ပိတ်မည်ဟု ခြိမ်းခြောက်နေကြောင်း စစ်ရှောင်များထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဆီဆိုင်၊ ဟိုပုံးမြို့နယ်စစ်ရှောင်များကို ဖေဖော်ဝါရီ ၂၉ ရက်ကစပြီး စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်များက ဖိအားပေးပြီး နေအိမ်ပြန်ခိုင်းခဲ့ကြောင်း သိရသည်။ “အိမ်ချိတ်ပိတ်ခံရမယ် ပြောတော့ တစ်ချို့ကငါတို့အိမ်ချိတ်ပိတ်ခံရမလား…

ပအိုဝ်းဒေသတွင် တိုက်ပွဲပြင်းထန်နေသော်လည်း တောင်ကြီးတွင် ပအိုဝ်းအမျိုးသားနေ့အကြိုဘောလုံးပွဲကျင်းပနေ

ခမ်းသားငေါဝ်း မတ် ၂၀၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းဒေသတွင် တိုက်ပွဲဖြစ်ပွားမှု ပြင်းထန်နေဆဲဖြစ်သော်လည်း ပအိုဝ်းအမျိုးသားနေ့အကြိုအဖြစ် တောင်ကြီးမြို့ တပေါင်းကွင်းတွင် ဘောလုံးပွဲကျင်းပနေသည်ဟု သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်းတို့တွင် တိုက်ပွဲဖြစ်ပွားနေပြီး ပြည်သူအမြောက်အများ စစ်ဘေးရှောင်နေကြရသော်လည်း တောင်ကြီးမြို့တွင် မတ်လ ၁၈ ရက်က စတင်ပြီး ၇၅ ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့အကြိုအဖြစ် ဘောလုံးပွဲ ကျင်းပနေသည်။…

စစ်ကောင်စီတပ်သား ၄၈ ဦးထိုင်းဘက်သို့ ထွက်ပြေးလာ

ခမ်းသားငေါဝ်း မတ် ၂၀၊ ၂၀၂၅ စစ်ကောင်စီတပ်သား ၄၈ ဦး ထိုင်းနိုင်ငံ အုန်းဖန်းမြို့ (ဒိုင်ပင်ခြိုင်း) ဗန်းပွိုင်းခွိုင်ရွာ သို့ထွက်ပြေးလာခြင်းကြောင့် ထိုင်းစစ်တပ်မှ ဖမ်းဆီးသွားကြောင်း ဒေသခံထံမှသိရသည်။ မတ်လ ၁၉ ရက် ယမန်နေ့ မွန်းလွဲပိုင်းအချိန်တွင် ထိုင်းစစ်တပ်မှ ဖမ်းဆီးခြင်းဖြစ်ပြီး လက်နက်များကိုလည်း သိမ်းဆည်းသွားသည်။ “ဖမ်းတာကတော့ ထိုင်းစစ်တပ်ကဖမ်းတာ ရွာသားတွေကသတင်းပေးလိုက်တာ”ဟု ဒေသခံတစ်ဦးကပြောသည်။ ကရင်ပြည်နယ် KNU…

ရှမ်းတောင်အတွင်းရှိ စစ်ဘေးရှောင်နေရသူ တစ်သိန်းကျော်အတွက် စားနပ်ရိက္ခာများလိုအပ်

ခမ်းသားငေါဝ်း မတ် ၂၀၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်း၊ ဟိုပုံး၊ ဆီဆိုင်မြို့နယ်အတွင်း အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင် သူတစ်သိန်းကျော်အတွက် စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း ပအိုဝ်း လူငယ်အစည်းအရုံး PYO ထံမှ သိရသည်။ စစ်ရှောင်များသည် ပင်လောင်းဒေသခံ ၁၇၀၀၀ ကျော်၊ဆီဆိုင်ဒေသခံ ၆၆၀၀၀ နီးပါးနှင့် ဟိုပုံးဒေသခံ ၁၈၀၀၀ ဦးတို့ ဖြစ်ပြီး ဘေးကင်းရာထင်သည့် တောတောင်ထဲနှင့်…

TNLA ထိန်းချုပ်သည့်မြို့နယ်အတွင်း စစ်ကောင်စီ အတွက် အုပ်ချုပ်ရေးမူးက စစ်သားစုဆောင်းပေးလျှင်ပြင်းထန်စွာ အရေးယူမည်ဟုဆို

ခမ်းသားငေါဝ်း မတ်လ၁၉၊ ၂၀၂၄ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သည့်မြို့နယ်အတွင်း စစ်ကောင်စီ အတွက် အုပ်ချုပ်ရေးမူးက စစ်သားစုဆောင်းပေးလျှင်ပြင်းထန်စွာ အရေးယူမည်ဟု TNLA ကထုတ်ပြန်ကြေညာလိုက်သည်။ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်နဲ့ မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီအတွက် တပ်သားသစ်စုစာရင်းကောက်ပေးပါက PSLF/ TNLA ကိုတိုင်ကြားနိုင်သည်ဟုဖော်ပြထားသည်။ စစ်ကောင်စီ၏ တပ်သားသစ်စုဆောင်းပုံသည် ရပ်ကွက်၊ ကျေးရွာအုပ်စု…

မှော်ဘီဂိတ်တွင် ပြောင်းတင်ကား တစ်စီးကိုနှစ်သိန်းခွဲပေးမှ ဂိတ်ဖြတ်သွားလာခွင့်ပေးဟုဆို

ခမ်းသားငေါဝ်း မတ် ၁၉၊ ၂၀၂၄ မှော်ဘီကျေးရွာတောင်ဖက်ရှိစစ်ကောင်စီနှင့် PNOပြည်သူ့စစ်ဂိတ်တွင် ပြောင်းတင်ကားတစ်စီး နှစ်သိန်းငါးသောင်းကျပ် ပေးမှဂိတ်ဖြတ်ခွင့်ပေးကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ညောင်ရွှေမြို့နယ် ၊မှော်ဘီကျေးရွာရှိ အဝိုင်းပတ်တောင်ဖက် ဂိတ်တွင် ကုန်တင်ကား၊ပြောင်းတင်ကားများထံမှ ငွေအဆမတန်တောင်းခံနေပြီး တောင်းသည့်အတိုင်းပေးမှ ဂိတ်ပေးဖြတ်သည်၊၊ “ကုန်ကားဆိုရင် သူတို့က တားပြီး ငွေတောင်းတယ်။သူတို့တောင်းသလောက် မပေးရင် ပေးမဖြတ်ဘူး။အကြာကြီး ရစ်တာတို့လုပ်တယ်။”ဟု ကိုယ်တိုင်ကြုံတွေ့သူ တစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။ ထို့အပြင်ဂိတ်တွင်တင်းကြပ်စွာစစ်ဆေးခြင်း၊…

နောင်တရားဒေသတွင် PNO ပြည်သူ့စစ်က စစ်အသုံးစရိတ်ဟုဆိုပြီးငွေကောက်ခံနေသည်ဟုဆို

ခမ်းသားငေါဝ်း မတ်၁၉၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နောင်တရားဒေသတွင် PNO ပြည်သူ့စစ်က စစ်အသုံး စရိတ်ကောက်ခံနေသည်ဟုမတ်လ ၁၉ ရက်က ဒေသခံထံက သိရပါသည်။ စစ်အသုံးစရိတ်အဖြစ် တအိမ်လျှင် တစ်သိန်း ကျပ်ကောက်ခံနေပြီး အိမ်စီးကားတစ်စီးလျှင် ငါးသောင်းကျပ်၊ canter ကားတစ်စီးလျှင် တစ်သိန်းကျပ်၊ ထွန်စက်တစ်စီးလျှင် (တစ်သောင်းခွဲ)တစ်သောင်းငါးထောင်ကျပ်စသည်ဖြင့် ကောက်ခံနေသည်။ “ခုဆက်ကြေးကောက်လည်းပေးရတယ် ဒီလိုအခြေအနေမှာ အားလုံးက အခက်အခဲရှိနေတဲ့ကြားက…

You missed