Category: သတင်း

ဆီဆိုင်မြို့သည် စစ်ဇုန်ဖြစ်နေခြင်းကြောင့် ဝင်ရောက်ပါက လူသားဒိုင်းအဖြစ်ခံရနိုင်ဟု PNLA ပြောဆို

ခမ်းသားငေါဝ်း မတ် ၃၀ ၊ ၂၀၂၄ ယခုဆီဆိုင်မြို့တွင် တိုက်ပွဲဖြစ်ပွားသည့် အခြေ အနေဖြစ်ပြီး ပြည်သူများအနေဖြင့် ဝင်ရောက်ပါက စစ်ကောင်စီ၏လူသားဒိုင်းအဖြစ်အသုံးပြုခြင်းကို ခံရနိုင်ကြောင်း PNLA ကထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့သည် တိုက်ပွဲဇုန်ဖြစ်နေပြီး စစ်ကောင်စီအနေဖြင့် ပြည်သူများအား လူသားဒိုင်းအဖြစ်အသုံးပြုရန်ရည်ရွယ်ချက်ဖြင့် မြို့တွင်းသို့ ပြန်ဝင်နိုင်ပြီးဟု သတင်းအမှားများ ဖြန့်နေကြောင်း ဆိုထားသည်။ ” စစ်ကောင်စီဘက်က လူထုတွေကို ပအိုဝ်းဝတ်စုံဝတ်ခိုင်းပြီး…

တောတောင်ထဲ ဒုက္ခပေါင်းစုံအပြင် တိုက်လေယာဉ်၊ လက်နက်ကြီးရန်ကိုအမြဲကြောက်နေခဲ့ရတဲ့ စစ်ရှောင်ဘဝ

ခမ်းသားငေါဝ်း မတ်လ ၃၀၊ ၂၀၂၄ ရေးသားသူ- ခွန်ပေ “ကျွန်တော် ကြက်သွန်ဖြူ ရေဖြန်းနေချိန် လေယာဉ်လာတော့ အကာကွယ်ယူဖို့ သစ်ပင်ကြီးကြီးအောက်မှာ ပြေး ပုန်းခဲ့ပါတယ်။လေယာဉ်က ကျွန်တော်နဲ့ မလှမ်းမကမ်းမှာ ဗုံးကြဲချလိုက်တယ်။ မြေတောင်တုန်တယ်။ မီးတောက်ပွင့်လာတာကိုလည်း ကျွန်တော်သေသေချာချာမြင်နေရတယ်”လို့ တုန်ရီတဲ့အသံနဲ့ အသက်ဘေးမှ လွှတ်မြှောက်ခဲ့ရတဲ့ ဖာဖြားဟန်က ပြောပြပါတယ်။ ဖာဖြားဟန်က အသက် ၆၀ နီးပါးရှိတဲ့ ဆီဆိုင်မြို့နေ့…

စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် ဗန်းမောက်ရွာ နေအိမ် ၃ လုံးထိခိုက်ပျက်စီး

ခမ်းသားငေါဝ်း မတ် ၃၀၊ ၂၀၂၄ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဗန်းမောက်ရွာ နေအိမ် ၃ လုံး ထိခိုက်ပျက်စီး ခဲ့ကြောင်း ရွာသားတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ်၊ဗန်းမောက်ရွာတွင် မတ်လ၂၆ ရက်နေ့က စစ်ကောင်စီလက်နက်ကြီးပစ်ခတ်သဖြင့် အရပ်သားနေအိမ်သုံးလုံးထိခိုက်ပျက်စီးခဲ့ရသည်။ “အဲနေ့က ရွာအနီးလက်ကြီးသုံးလုံးကျတယ်၊ သူရဲ့ပေါက်ကွဲစ အိမ်တွေကိုထိတယ်။အိမ်ခေါ်မိုးတို့ပဲပျက်စီးတယ်။ ပြီးရင် ရေတွင်းလည်းပျက်စီးတယ်။လူတော့မထိဘူး”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။ ယခုဗန်းမောက်ရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီကလက်နက်ကြီးပစ်ခတ်မှုရှိနေပြီး…

ဟိုပုံးဆန္ဒပြပွဲတွင် ဒေသခံများမပါဝင်နေဟုဆို

ခမ်းသားငေါဝ်း မတ် ၃၀၊ ၂၀၂၄ ဟိုပုံးတွင် စစ်ကောင်စီအသိုင်းဝိုင်းက သံဃာနှင့်စစ်ကောင်စီထောက်ခံသူအချို့ ဆန္ဒဖော်ထုတ်ရာတွင် ဒေသခံများမပါဝင်နေကြောင်း ဒေသခံထံကသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့တွင် ယနေ့မနက် ၉ နာရီခွဲအချိန်ခန့်က စစ်ကောင်စီအသိုင်းဝိုင်းမှသံဃာတော်များ ဦးဆောင်ကာ အထကကျောင်းမှ စတင်လမ်းလျှောက်ထွက်လာခဲ့ပြီး ဟိုပုံးဘုရားကြီးရှေ့တွင် စုရုံးကာ ဟော ပြောပွဲများပြုလုပ်ခဲ့ကြောင်း သိရသည်၊၊ “အသိများပါမလားလို့ စောင့်ကြည့်နေတာ တစ်ယောက်မှမပါဘူး မျတ်နှာစိမ်းတွေ အသိမဟုတ်ရင်တောင် မြင်နေကြမြို့သားချင်းတွေဆိုတာသိတယ်…

ညောင်ရွှေတွင် စစ်မှုထမ်းရန်မဲကျသူများကို ထောက်ပံ့ရန် စစ်မှုမထမ်းရသည့်အိမ်များထံ ငွေကြေးကောက်ခံနေ

ခမ်းသားငေါဝ်း မတ် ၂၉၊ ၂၀၂၄ ညောင်ရွှေမြို့နယ် ကျေးရွာအချို့တွင် စစ်မှုထမ်းရန်မဲကျသူများအတွက်ထောက်ပံ့ရန် စစ်မှုမထမ်းရသည့်အိမ်များထံ ငွေကြေးကောက်ခံနေကြောင်း JMC- Innlay အဖွဲ့ထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ကျေးရွာအချို့တွင် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှုးများနှင့် အပေါင်းအပါများက စစ်မှုထမ်းသူများအား ထောက်ပံ့ရန်အတွက်ငွေကြေးလိုက်လံကောက်ခံနေသည်။ “ဒီတိုင်းနေရင်တောင်မှ အလုပ်အဆင်မပြေ၊ ဝင်ငွေရှားပါး၊ ကုန်စျေးနှုန်းတွေကလည်း မတရားတက် နေတာ၊ အခုလိုမျိုးထပ်ကောက်တော့ တော်တော်လေးအခက်အခဲ ဖြစ်စေတာပေါ့၊…

နမ်းတုတ်တွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခြင်းကြောင့် ပြည်သူပိုင်ကားတစ်စီး ထိမှန်ပျက်စီး

ခမ်းသားငေါဝ်း မတ်၂၈၊ ၂၀၂၄ နမ်းတုတ်ကျေးရွာတွင် စစ်ကောင်စီက လေကြောင်းဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူပိုင် ကားတစ်စီးထိမှန်ပျက်စီးခဲ့ကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်၊ နမ်းတုတ်ကျေးရွာအနီး မတ်လ(၂၇)ရက်နေ့ နေ့လယ် (၂)နာရီအချိန်ခန့်တွင် စစ်ကောင်စီကတိုက်လေယာဥ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မီးလောင်ဗုံးများကြဲ ချခြင်းကြောင့် ပြည်သူပိုင်ကားတစ်စီးထိမှန်ပျက်စီးခဲ့သည်၊၊ “မနေ့ကရွာမြောက်ဘက်မှာ(၂)လုံးလာကြဲတယ်၊ ပြောင်းစက်လှေပေါ်တင်တဲ့စက်လှေဆိပ်မှာ၊ တခြား‌တော့မထိဘူး၊ အိမ်စီးကားတစ်စီးပဲထိတယ်၊ ညကျတော့လက်နက်ကြီးနဲ့ (၁၅)လုံးလောက် ထုတယ်” ဟုဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ…

ပင်လောင်းစစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

ခမ်းသားငေါဝ်း မတ် ၂၈၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ရှိ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာများအရေးပေါ်လိုအပ်လျက်ရှိကြောင်း စစ်ဘေးရှောင်သူထံမှသိရသည်။ ယင်းစစ်ဘေးရှောင်များသည် ယခုမတ်လမှ ထွက်ပြေးတိမ်းရှောင်ရသည့် ဗန်းမောက်၊ နမ်းဖာမူ၊ လုံးပျဉ်၊တောင်မဲသင်း၊ နမ်းနိန်း၊ ဆောင်းပြောင်းကျေးရွာတို့ဖက်မှ ဒေသခံများ ဖြစ်ကြပြီး စားနပ်ရိက္ခာအပြင် အဝက်အထည်နှင့်စောင်များလိုအပ်နေသည်။ ” စားနပ်ရိက္ခာအဓိက လိုအပ်တယ်။ ပြီးရင် တစ်ကိုယ် ရေသုံးပစ္စည်းတွေလည်း လိုအပ်တယ်။ ရာသီဉတုအေးတော့ စောင်လိုအပ်တဲ့နေရာလည်းရှိတယ်”ဟု…

လုံးဒါကျေးရွာတွင် စစ်ကောင်စီတပ်နှင့်ပြည်သူ့စစ်ဝင်ရောက်ပြီး ပြည်သူနေအိမ်ရှိ ပစ္စည်းများခိုးယူနေဟုဆို

ခမ်းသားငေါဝ်း မတ် ၂၈၊၂၀၂၄ မဲနယ်တောင်ဒေသကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီနှင့်ပြည်သူ့စစ်အဖွဲ့က လုံးဒါကျေးရွာအတွင်း ဝင်ရောက်ပြီး ဒေသခံပြည်သူများ၏ နေအိမ်ကိုဖောက်ထွင်း ပစ္စည်းသယ်ယူနေကြောင်းဒေသခံပြောပြချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် မဲနယ်တောင်ဒေသ လုံးဒါကျေးရွာအတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်တို့ကမတ်လ ၂၆ ရက်နေ့တွင်ဝင်ရောက်လာခဲ့သည်၊၊ “သူတို့ရွာထဲရောက်လာတယ် သူများဟာဖျက်ဆီး ပြီး အိမ်ဖောက်တာတွေ ပစ္စည်းယူတာတွေ ရှိတယ် (ဖဲ့ကွဥ်းသား PNLA)ကမရှိဘူး ရှိရင်တိုက်ပွဲဖြစ်ပြီ ခုကဘယ်သူရှိရှိ…

ကလောတွင် စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီးငွေကောက်ခံနေသည့်အတွက် အခက်ခဲဖြစ်ဟုဆို

ခမ်းသားငေါဝ်း မတ် ၂၈၊၂၀၂၄ ကလောမြို့နယ် ကျေးရွာအချို့တွင် စစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီး ဒေသခံပြည်သူများထံ ငွေကြေးကောက်ခံနေသည့်အတွက် အခက်အခဲဖြစ်နေရကြောင်း ဒေသခံထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ် ကျေးရွာတချို့တွင် မတ်လ ၂၇ ရက်နေ့၌ စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါများကအိမ်တိုင်ရာရောက် ငွေကြေးလိုက်လံကောက်နေသည့်အတွက် ဒေသခံများအခက်အခဲဖြစ်နေသည်၊၊ “ကျွန်တော်တို့ရွာက တစ်အိမ်ကို ၁ သောင်းကျပ် ပိုက်ဆံပေးရင် စစ်မှုမထမ်းရတော့ဘူးပေါ့အဲ့လို ရွာသားတွေဆိုတော့ ထည့်ဆိုလည်းထည့်ပေးရတာပေါ့လေ အချို့အဆင်မပြေတဲ့သူတွေကျ…

စစ်ရှောင်ရင်း စားဝတ်နေရေးခက်ခဲလာသဖြင့် စစ်ဘေးရှောင်တစ်ဦး မိမိကိုယ်ကို အဆုံးစီရင်

ခမ်းသားငေါဝ်း မတ် ၂၊၈ ၂၀၂၄ စစ်ဘေးရှောင်ရင်း စားဝတ်နေရေး ခက်ခဲလာသဖြင့် ကောင်တောင်းရွိုရွာနေ ဖြားခွန်စိန်သည် ရွာပြန်ပြီး မိမိကိုယ်ကို အဆိပ်သောက် အဆုံးစီရင်ခဲ့ကြောင်း ရွာသားထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့နယ်၊ကောင်တောင်းရွိုရွာ ဖြားခွန်စိန်သည် မတ်လ တတိယပတ်အတွင်းတွင် စစ်ဘေးရှောင်ရင်း စားဝတ်နေရေးခက်ခဲလာသဖြင့် မိမိကိုယ်ကို အဆိပ်ဆေးသောက်အဆုံးစီရင်ခဲ့သည်။ “သူက စစ်ဘေးရှောင်ရင်း ခက်ခဲနေလို့ ရွာပြန်ပြီး ပိုးသတ်ဆေးသောက်သေတာ။ တစ်ပတ်လောက်ရှိပြီ ရက်အတိကျတော့မသိဘူး”ဟု…

You missed