Category: သတင်း

အာလူးစျေး အဆမတန် ကျဆင်းကျသဖြင့် တောင်သူများ အရှုံးပေါ်

ခမ်းသားငေါဝ်း ဧပြီ ၄၊ ၂၀၂၄ အာလူးစျေး အဆမတန် ကျဆင်းခြင်းကြောင့်အာလူးစိုက်တောင်သူများ အရှုံးဖြင့်ရင်ဆိုင်နေရကြောင်း အာလူးစိုက်တောင်သူထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်း၊ နောင်တရား၊တီကျစ်ဒေသထွက် အာလူးများ ယခင်ကထက်ဈေး ထက်ဝက်ခန့် ကျဆင်းနေခြင်းကြောင့် အရင်းပြန်မရဘဲ တောင်သူများအရှုံးဖြင့် ရင်ဆိုင်နေရသည်၊၊ “ရေဖိုး၊ ဆေးဖြန်းဖို့၊ မြေသြဇာဖိုး လူအားတွေအများကြီး ရင်းထားရတာ ခုဆို စျေးလုံးလုံးမရှိဘူး။အရင်းတောင် ပြန်မရဘူး”ဟု နောင်တရား အာလူးစိုက်တောင်သူတစ်ဦးကပြောသည်။…

လွိုင်ကော်အကျဥ်းထောင်တွင် နိုင်ငံရေးအကျဥ်းသား ၁၃ ဦးအပါအဝင် အကျဥ်းသား/သူ ၃၈ ဦးလွတ်မြောက်လာ

ခမ်းသားငေါဝ်း ဧပြီ ၄၊ ၂၀၂၄ လွိုင်ကော်အကျဥ်းထောင်တွင် နိုင်ငံရေးအကျဥ်းသား ၁၃ ဦးအပါအဝင် အကျဥ်းသား/သူ စုစုပေါင်း ၃၈ ဦးလွတ်မြောက်လာကြောင်း KPPA ထံကသိရသည်။ ကရင်နီပြည်နယ် လွိုင်ကော်အကျဥ်းထောင်တွင် အကျဥ်းသား ၃၈ ဦးကို ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့ည ၁၂ ရီက လွတ်မြောက်လာကြောင်း KPPA ကရင်နီနိုင်ငံရေးအကျဥ်းသားအစည်းအရုံးကဆိုသည်။ “အပြစ်ဒဏ်ခံရမယ့်ရက်စေ့တော့ပြန်လွတ်လာတာပေါ့ မြို့မရဲစခန်းကိုပို့ဆောင်ပေးပြီးတော့…

လဲချားတွင် မိသားစုဝင်အဖြစ်၊ မိတ်ဆွေအဖြစ်ဟန်ဆောင်ပြီး ဒေသခံအချို့ကိုငွေလိမ်လည်သွား

ခမ်းသားငေါဝ်း ဧပြီ ၄၊ ၂၀၂၄ လဲချားမြို့နယ်တွင် ငွေလိမ်သူများက မိသားစုဝင်အဖြစ်၊ မိတ်ဆွေအဖြစ်ဟန်ဆောင်ပြီး ဒေသခံအချို့ကို ငွေသိန်းချီလိမ်လည်သွားကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ်အတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်းသမားများက မြန်မာဘာသာစကား၊ ရှမ်းဘာသာစကားအသုံးပြုပြီး နည်းအမျိုးမျိုးဖြင့် ငွေကိုလိမ်သည့်အတွက် အလိမ်ခံရသူများ အခက်အခဲဖြစ်နေကြသည်။ “အလိမ်ခံရတဲ့ ကိုယ့်အသိထဲကတစ်ယောက်ဆိုရင် အမေလည်း နေမကောင်းတဲ့ကြားထဲ သမီးကြီးက အဝေးမှာအလုပ်လုပ်ရင်း ပိုက်ဆံရှာပြီး ပို့ပေးရတယ်ပေါ့ အိမ်က…

ညောင်ရွှေမြို့နယ်တွင် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးအချို့ တာဝန်များမှ နှုတ်ထွက်ရပ်ဆိုင်း

ခမ်းသားငေါဝ်း ဧပြီ ၄၊ ၂၀၂၄ ညောင်ရွှေမြို့ နှင့် အင်းလေးဒေသ အတွင်းရှိ အုပ်ချုပ်ရေးမှူး နှင့် ရာအိမ်မှုးအချို့ တာဝန်မှ နှုတ်ထွက် ရပ်ဆိုင်းလိုက်ကြောင်း JMC – Innlay ထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့ နှင့် အင်းလေးဒေသ ရှိ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး အချို့တို့သည် တာဝန်မှနှုတ်ထွက်ရပ်ဆိုင်းလိုက်ပြီး စစ်ကောင်စီအပေါ်ပံ့ပိုးကူညီပေးနေ မှုများကို…

ဒေသခံများ တိုင်တန်း၍ ဖမ်းမိသည့်သူခိုးများအား PNLA စစ်ဆေးနေဆဲဟုဆို

ခမ်းသားငေါဝ်း ဧပြီ ၄၊ ၂၀၂၄ ဆီဆိုင်တွင် သူခိုးများ အိမ်ဖောက်ခိုးယူနေချိန်တွင် အိမ်ရှင်များကမြင်ပြီး PNLA ကိုတိုင်းတန်းလာသဖြင့် ဖမ်းမိထားသည့် သူခိုးများအား ယခုတွင် စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့ တိုက်ပွဲဖြစ်ပွားသည့် နှစ်လအတွင်းတွင် ပစ္စည်းလိုက်ခိုးနေသည့် သူခိုးများအား ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော် PNLA က ဖမ်းမိထားသည့်သူများရှိသည်။ “ဖမ်းမိတဲ့သူခိုးအများစုက ပြည်သူတွေသတင်းပေးပြီး ဖမ်းမိတာများတယ်။ ဖမ်းမိတာတွေကို အခုအရေးယူတာ စစ်ဆေးတားမျိူးပြုလုပ်နေတယ်”ဟု…

ဆီဆိုင်မြို့သို့တစ်ပတ်ပစ္စည်းပြန်သယ်ယူခွင့်စစ်ကောင်စီခွင့်ပြုသည့်အတွက် ပြန်သူများနေ

ခမ်းသားငေါဝ်း ဧပြီ ၃၊၂၀၂၄ ဆီဆိုင်မြို့အတွင်း ပြည်သူများအနေဖြင့် ပစ္စည်းပြန်သယ်ရန် အချိန်တစ်ပတ်ခွင့်ပြုမည်ဟုစစ်ကောင်စီကပြောဆိုသည့်အတွက် ပြန်ကြသူများနေကြောင်း သိရသည်။ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့အတွင်းသို့ပြန်ရန် စစ်ကောင်စီကခွင့်ပြုသည့်အတွက် ပြည်သူများ မိမိအိမ်ရှိပစ္စည်းပြန်သယ်ကြရာတွင် မြေမြုပ်မိုင်းများနင်းမိပြီး ထိခိုက်ဒဏ်ရာရမှုရှိသော်လည်း ပြန်ယူရန်လိုအပ်သည့်ပစ္စည်းအား အရဲစွန်းပြီးပြန်ကြသူများရှိနေသည်။ “လိုင်းပေါ်မှာ သူများပြန်တာလည်းတွေ့တော့ ကိုယ်လည်းရရာပစ္စည်းပြန်သယ်ချင်တာပေါ့ အရင်ရက်က မိုင်းနင်းမိတဲ့သူတွေလည်းရှိတော့ စိုးရိမ်မှုလည်းဖြစ်တာပေါ့”ဟုဆီဆိုင်မြို့ခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။ ယခုရက်ပိုင်းတွင်ဆီဆိုင်သို့ ပစ္စည်းပြန်သယ်သူများနေပြီး အိမ်တိုင်းလိုလိုသူခိုးက တန်ဖိုးကြီးပစ္စည်းများခိုးယူပြီး ဖွထားကြောင်း သိရသည်၊၊…

စစ်ကောင်စီလေယာဉ်နှင့် ဗုံးလာကြဲသဖြင့် ပင်ပုံဘုန်းကြီးကျောင်း ပျက်စီး

ခမ်းသားငေါဝ်း ဧပြီ ၃၊ ၂၀၂၄ စစ်ကောင်စီလေယာဉ်ဖြင့် ဗုံးလာကြဲခြင်းကြောင့် ပင်ပုံဘုန်ကြီးကျောင်း ပျက်စီးသွားခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ပင်ပုံကျေးရွာဘုန်ကြီးကျောင်းကို ဧပြီလ ၂ ရက်နေ့တွင် စစ်ကောင်စီလေယာဉ်ဖြင့်ဗုံးကြဲ တိုက်ခိုက်ခြင်းကြောင့် ပျက်စီးခဲ့ရသည်။ “ခုတိုက်ပွဲ ငြိမ်တာ တစ်ပတ်လောက်ရှိပြီ။ အဲတာ တမင်သက်သက်ဗုံးလာကြဲတာ”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။ ပင်ပုံကျေးရွာအနီးရှိ စစ်ကောင်စီနှင့် PNO ပြည်သူ့…

ပင်လောင်းဒေသမှာ လက်ဘက်စျေး ၁ သောင်းကျော်ထိရနေလည်း စိုက်ပျိုးသူတွက်ခြေမကိုက်

ခမ်းသားငေါဝ်း မတ် ၃၁၊၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းဒေသထွက် လက်ဘက်ခြောက်ဈေးနှုန်းသည် ၁ ပိဿာလျှင် တစ်သောင်းတစ်ထောင်ကျပ်ထိ ရောင်းရသော်လည်း စိုက်ပျိုးတောင်သူမှာ တွက်ခြေမကိုက်ကြောင်းဒေသခံတစ်ဦးထံမှသိရသည်။ စိုက်ပျိုးတောင်သူများ တွက်ခြေမကိုက်ရခြင်းသည်အခြားသော အခြေခံစားသောက်ကုန်ပစ္စည်းဖြစ်သည့်ဆန် ဆီ ဆားတို့က အဆမတန်စျေးမြင့်တက်နေသည့်အတွက် တွက်ခြေမကိုက်ကြောင်းဆိုသည်။ “တစ်ပိဿာ တစ်သောင်းတစ်ထောင်ဆိုပေမယ့်ခုဆိုရင် သိတဲ့အတိုင်း ဆန်တစ်အိတ်ကို တစ်သိန်းကျော်ရှိတယ် နောက်လက်ဖက်စိုက်ပျိုးတာက ခူးချိန်တို့အခင်းထဲ ပေါင်းရှင်းချိန်တို့ လူခေါ်ရတယ် အဲဒါတွေနဲ့ပြန်ယှဥ်ကြည့်လိုက်ရင် တွက်ခြေမကိုက်ပါဘူး”ဟု…

ဆီဆိုင်မြို့တိုက်ပွဲတွင် ဇဝနာရာမကျောင်းတိုက်အပါ လူနေအိမ် များစွာထိခိုက်ပျက်စီး

ခမ်းသားငေါဝ်း မတ် ၃၁၊၂၀၂၄ ဆီဆိုင်မြို့တိုက်ပွဲတွင် ဆီဆိုင်မြို့ပေါ်ရှိ ဇဝနာရာမ ပရိယတ္တိစာသင်တိုက်အပါ လူနေအိမ်အဆောက်အဦးများစွာ ပျက်စီး ဆုံးရှုံးနေရကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နှင့်မြို့နယ်အတွင်း တိုက်ပွဲ ၂ လကျော်ဖြစ်ပွားရစစ်ကောင်စီဘက်မှလက်နက်ကြီးများ လေယာဥ်ဖြင့်ဗုံးကြဲမှု ဒရုန်းဖြင့်ဗုံးကြဲမှုများတို့ကြောင့် ပျက်စီးရခြင်းဖြစ်သည်။ “ကျောင်းတော်က ပျက်စီးတာအတော်လေးရှု့မြင်ဖွယ်မကောင်းပါဘူး တိုက်ပွဲစဖြစ်ပြီးနည်းနည်းကြာတော့ ကျောင်းထိခိုက်လာတဲ့ခါ ဆရာတော်နှင့်ကျောင်းကသံဃာ ဘေးကင်းရာကြွသွားရတယ် ခုလည်းထပ်ပြီးထိပြန််တယ် ပြန်လည်ပြုပြင်ဖို့ဆိုတာ အတော်တန်အချိန်ကြာတယ်လေ မလွယ်ဘူးပေါ့ ကျောင်းတွေ နောက်အိမ်တွေပျက်စီးရတာကိုမြင်တာ…

စစ်ကောင်စီလက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့်နောင်ဝိုးတောင်ပေါ် တံတား ပျက်စီး

ခမ်းသားငေါဝ်း မတ်လ ၃၀၊ ၂၀၂၄ စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးသည် ပင်​လောင်း- လွိုင်ကော်လမ်းမကြီး နောင်ဝိုးတောင်ပေါ် တံတားပေါ် ကျရောက်ပေါက်ကွဲမှုကြောင့် ပျက်စီးသွားခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့ ပင်လောင်း လွိုင်ကော် ပြည်ထောင်စုလမ်းမပေါ် နောင်ဝိုးနှင့်ဆောင်းပြောင်းရွာကြားရှိ လမ်းတံတားကို ယနေ့ လက်နက်ကြီးထိမှန်ပြီး ပျက်စီးသွားခဲ့ကြောင်း သိရသည်။ “အဲလမ်းက အရမ်းအရေးကြီးတယ်။ရှမ်း-ကယားသွားရင် အဓိက သွားလာအသုံးပြုနေတဲ့ လမ်းဖြစ်တယ်။အဲတောင်ကလည်း အရမ်းမတ်စောက်တယ်။ပျက်စီးသွားတော့ သွားလာရေးတွေ…

You missed