Category: သတင်း

နိုင်ငံရေး စားပွဲဝိုင်းတွင် အဖြေရှာသည့် နည်းလမ်း မရှိတော့သဖြင့် တိုက်ပွဲဖြစ်ရတော့မည်ဟု SSPP/SSA ပြော

ခမ်းသားငေါဝ်း မေ ၄၊ ၂၀၂၄ စစ်မှန်သော ပြည်ထောင်စု ဒီမိုကရေစီ ရရှိရန် နိုင်ငံရေး စားပွဲဝိုင်းတွင် အဖြေရှာသည့် နည်းလမ်း မရှိတော့ ခြင်းကြောင့် တိုက်ပွဲ ဖြစ်ရတော့မည် ဖြစ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA ကနှစ် ၆၀ ပြည့်အခန်းအနားထုတ်ပြန်ချက်တွင်ပြောဆိုလိုက်သည်၊၊ ပင်လုံစာချုပ်ကို မဟာလူမျိုးကြီးဝါဒ ကျင့်သုံးသည့် စစ်အုပ်စု အဆက်ဆက်က လစ်လျူရှုပစ်ပယ်ကာ တပြည်ထောင်စနစ်တည်ဆောက်ခဲ့သောကြောင့်…

တဘက်ချောင်းကူးသည့် တံတားတစ်စင်း စစ်ကောင်စီက မိုင်းဖြင့်ထပ်မံဖောက်ခွဲဖျက်ဆီး

ခမ်းသားငေါဝ်း မေ ၃ ၊ ၂၀၂၄ နောင်စကာကျေးရွာအနီးရှိ၊ တစ်ဘတ်ချောင်း ကူးသည့် တံတားတစ်စင်းအား စစ်ကောင်စီက မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးပြီး ဒရုန်း၊ မီးလောင်ဗုံး ကြဲချခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးအဖွဲ့ချုပ် PNLA က မေလ ၂ ရက်နေ့တွင် ထုတ်ပြန်ထားသည် ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ၊ တဘက်အုပ်စု နောင်စကာကျေးရွာအနီးရှိ တဘက်ချောင်းကူးသည့် တံတားအား…

ကရင်နီပြည်တွင် စစ်တပ်အာဏာသိမ်းမှုသုံးနှစ်ကျော်အတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင် သုံးထောင်ကျော်သေဆုံး

ခမ်းသားငေါဝ်း မေ ၃ ၊ ၂၀၂၄ စစ်တပ်အာဏာသိမ်းချိန်မှစပြီး သုံးနှစ်ကျော်ကာလအတွင်းကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးထောင်ကျော်သေဆုံးခဲ့ပြီး ကရင်နီ ပူးပေါင်းတပ်ဖွဲ့ဝင်များ ငါးရာကျော် ကျဆုံးခဲ့ကြောင်း တိုးတက်သောကရင်နီပြည်သူ့ အင်အားစု (PKPF) ကမေလ ၁ ရက်နေ့တွင်ထုတ်ပြန်ထားသည်။ အာဏာသိမ်းကာလအတွင်း ကရင်နီပြည်နယ်တွင် တိုက်ပွဲ ၁၀၈၉ ကြိမ်ဖြစ်ပွားခဲ့ရာမှ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃၅၈ ဦးသေဆုံးခဲ့ပြီး၊ ကရင်နီပူးပေါင်းတပ်ဖွဲ့ (KNDF/ PDF/KA)…

မိုးကောင်းတောင်ရွာ မိုးကြီးပြီးလေပြင်းတိုက်ခြင်းကြောင့် လူနေအိမ် ၁၀ လုံးထက်မနည်းပျက်စီး

ခမ်းသားငေါဝ်း မေ ၃ ၊ ၂၀၂၄ မိုးကောင်းတောင်ရွာတွင် မိုးကြီးပြီးလေပြင်းတိုက်သဖြင့် လူနေအိမ် ၁၀ လုံးထက်မနည်း အမိုးလန် ပျက်စီးသွားခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ကျောက်ထပ်ကျေးရွာအုပ်စု၊ မိုးကောင်းတောင်ရွာတွင် မေလ ၂ ရက်နေ့ည ၅ နာရီအချိန်တွင် မိုးကြီး လေပြင်းတိုက်ခြင်းကြောင့် နေအိမ် ၁၀ လုံးထက်မနည်းပျက်စီးခဲ့သည်၊၊ “လေအရင်တိုက်ပြီး၊ မိုးကြီးတာ ၊…

စစ်ကောင်စီ ထုတ်ကုန် မြန်မာဘီယာ ဝယ်ယူသောက်သုံးသည့် TNLA တပ်သားကို ထောင်ဒဏ်၊ကြိမ်ဒဏ်အပြင် လှုမှုရေးပြစ်ဒဏ်ချမှတ်

ခမ်းသားငေါဝ်း ဧပြီ ၂ ၊ ၂၀၂၄ တားမြစ်ထားသည့် စစ်ကောင်စီထုတ်ကုန် မြန်မာဘီယာကို ဝယ်ယူသောက်သုံးသည့် TNLA တပ်သားများအား ထောင်ဒဏ်၊ကြိမ်ဒဏ်အပြင် လှုမှုရေးပြစ်ဒဏ်များချမှတ်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးငှာနက ယနေ့တွင်ထုတ်ပြန်ထားသည်။ မွေးနေ့ပွဲပါတီတခုတွင် PSLF/TNLA မှ တားမြစ် ကန့်သတ်ထားသည့် မြန်မာဘီယာကို ‌သောက်သုံးခဲ့သည့် တပ်ဖွဲ့ဝင်ရဲဘော်များအား ကြိမ်ဒဏ် (10)ချက်၊ အလုပ်ကြမ်း (၁)လ နှင့် လူမှုရေးပြစ်ဒဏ်အဖြစ်…

ဆီဆိုင်မြို့ပြန်နေသူများ လျှပ်စစ်မီး၊ ရေ အခက်ခဲရှိနေသေး ဟုဆို

ခမ်းသားငေါဝ်း မေ ၂ ၊ ၂၀၂၄ ဆီဆိုင်မြို့သို့ပြန်နေသူများ လျှပ်စစ်မီး၊ ရေများ မရသဖြင့် အခက်အခဲများဖြစ်နေရသည်ဟု ဒေသခံတစ်ဦးပြောဆိုချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့တွင် တိုက်ပွဲငြိမ်သက်နေပြီဖြစ်သောကြောင့် နေအိမ်သို့ပြန်နေသူအချို့ရှိနေပြီဟုသိရသည်၊၊ “ခုမြို့ထဲမှာက လျှပ်စစ်မီးလည်းမရဘူး၊ ရေအခက် အခဲလည်းရှိတယ်၊ ဖုန်းလိုင်းလည်းတစ်ချို့နေရာဆို မရသေးဘူး၊ ရိက္ခာဝယ်ယူဖို့ လည်းအလွယ်တကူမရတော့ဘူး၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုလည်းမရှိ ပြီးတော့ စက်သုံးဆီတွေလည်းမရှိတော့ အဆင်မပြေနေဘူး ပြန်နေရတာ” ဟုဒေသခံအမျိုးသားတစ်ဦးက…

စစ်ကောင်စီ လက်နက်ကြီးကျရောက်ထိမှန်သဖြင့် နောင်ဝိုးရွာ ဘုန်ကြီးကျောင်းပျက်စီး

ခမ်းသားငေါဝ်း မေ ၂ ၊ ၂၀၂၄ စစ်ကောင်စီလက်နက်ကြီးထိမှန်သဖြင့် နောင်ဝိုးရွာ ဘုန်းကြီးကျောင်း ပျက်စီးခဲ့ရကြောင်း ဒေသခံတစ်ဦးထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နောင်ဝိုးရွာ ဘုန်းကြီးကျောင်းအား ဧပြီလအတွင်းတွင် စစ်ကောင်စီလက်နက်ကြီး ကျရောက်ထိမှန်သဖြင့် ပျက်စီးခဲ့ရသည်။ “ပထမ တစ်ခေါက်က ထိပြီး နည်းနည်းဘဲပျက်စီးတယ်။ခုတစ်ခေါက်တော့ အများကြီးပျက်စီးသွားတယ်။ ဒီမနက်မှ ဖေ့ဘုတ်ပေါ် တွေ့တာ။ ပြတင်း ပေါက်မှန်တွေ၊ အမိုးတွေ…

ဖယ်ခုံမြို့တွင် စစ်ကောင်စီကစစ်ကြောင်းထိုးလာ စဥ် တိုက်ပွဲဖြစ်ပွားရာမှ ပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီးသွာ

ခမ်းသားငေါဝ်း မေ ၂ ၊ ၂၀၂၄ ဖယ်ခုံမြို့တွင် စစ်ကောင်စီကစစ်ကြောင်းထိုးလာ စဥ် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားပြီး ပြည်သူနေအိမ်များအား စစ်ကောင်စီက မီးရှို့ဖျက်ဆီးသွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ကဆိုသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့၊ ညောင်ကုန်း ၅ ရပ်ကွက်တွင် မေလ ၁ ရက်၌ စစ်ကောင်စီကစစ်ကြောင်းထိုးရာမှ တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားပြီး ပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်၊၊ ”မနေ့ညကတည်း နေအိမ်အချို့ကိုမီးရှို့နေတာ၊ ဒီမနက်…

ဆီဆိုင်ဒေသခံများ နေရပ်ပြန်နေရန်စစ်ကောင်စီကပြန်ခေါ်ပေမယ့် အများစုကပြန်မနေရဲသေး

ခမ်းသားငေါဝ်း မေ ၂ ၊ ၂၀၂၄ တိုက်ပွဲ ငြိမ်နေပြီဖြစ်သည့် ဆီဆိုင်မြို့တွင် ဒေသခံများအား စစ်ကောင်စီလက်အောက် အုပ်ချုပ်ရေးမှူးမှတဆင့်နေရပ်ပြန်ရန်ခေါ်နေပြီး ပြည်သူအများစုက မပြန်ရဲသေးကြောင့် ဆီဆိုင်မြို့ခံအမျိုးသမီးတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်မှ ပြန်လည်ထိန်းချုပ်ထားပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့သောကြောင့် ပြည်သူများမြို့ထဲပြန်လာနေရန် စစ်ကောင်စီလက်အောက် အုပ်ချုပ်ရေးမှူးမှတဆင့် ပြန်ခေါ်နေကြောင်း သိရသည်။ “သူတို့ကတော့ ပြန်လာနေဖို့ခေါ်တာကြာပါပြီ ကျွန်မအနေနဲ့တော့…

အောင်ပန်းမြို့တွင် ဆိုင်ကယ်နှစ်စီး ယာဥ်တိုက်မှုဖြစ်ပွားပြီး မောင်းနှင်လာသူနှစ်ဦး ထိခိုက်ဒဏ်ရာရ

ခမ်းသားငေါဝ်း မေ ၂ ၊ ၂၀၂၄ အောင်ပန်း- ပင်းတယသွားလမ်းတွင် ဆိုင်ကယ်နှစ်စီး ယာဥ်တိုက်မှုဖြစ်ပြီး ယာဥ်မောင်းနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အောင်ပန်းနာရေးကူညီမှု အသင်းထံကသိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်းပန်းမြို့၊ အောင်ပန်း- ပင်းတယ သွားလမ်း၌ မေလ ၁ ရက်နေ့ ည ၈ နာရီဝန်းကျင်ခန့်တွင် ဆိုင်ကယ်နှစ်စီးတိုက်မှုဖြစ်ပွား ၍ ယာဥ်မောင်း နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်၊၊…

You missed