Category: သတင်း

ဖား ဆောင်းမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီ ဖက်အရာရှိ တစ်ဦးအပါအဝင် ၅ ဦး သေဆုံး

ခမ်းသားငေါဝ်း မေလ ၅၊ ၂၀၂၄ ကယား(ကရင်နီ)ပြည်နယ်၊ ဖားဆောင်းမြို့နယ်ရှိ စေတီတော်တွင် စခန်းချနေထိုင်သည့်စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီ ဖက်အရာရှိ တစ်ဦးအပါအဝင် ၅ ဦး သေဆုံးခဲ့ပြီးလက်နက်ခဲယမ်းများသိမ်းဆည်းရမိကြောင်းမေလ၃ ရက်က DMO ၁၁၀၆ တပ်ရင်းသတင်းထုတ်ပြန်ထားသည်။ တိုက်ပွဲကို ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၂၉ ရက်နေ့ ခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မတ်လ ၂၀ ရက်နေ့၌ ဘောလခဲမြို့မှ ဖားဆောင်းမြို့သို့ စစ်ကူလာသည့်…

လွတ်လပ်သည့်မြန်မာသတင်းမီဒီယာကောင်စီအနေနှင့်သတင်းမီဒီယာဘေးကင်းလုံခြုံရေးအတွက် အဖွဲ့စည်း အားလုံးနဲ့ တွေ့ဆုံဆွေးနွေးမည်ဟုဆို

ခမ်းသားငေါဝ်း မေလ ၅၊ ၂၀၂၄ မြန်မာသတင်းမီဒီယာများ၏ ဘေးကင်းလုံခြုံရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဟု လွတ်လပ်သည့် မြန်မာသတင်းမီဒီယာကောင်စီ IPCMအတွင်းရေးမှူးက ပြောဆိုလိုက်သည်။ မေလ ၃ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ကို ထိုင်းနိုင်ငံ ချင်းမိုင်မှာ IPCM ဦးဆောင်ပြီး ကျင်းပခဲ့သည်။ ‘’ကိုယ့်ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ သတင်းဌာနရဲ့ ဘေးကင်းလုံခြုံရေးအတွက် တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အသီးသီးရဲ့ ကြိုးပမ်းဆောင်ရွက်နေတာတွေကိုလည်း IPCM…

အကျဥ်းထောင်တွင် လိင်စိတ်ခံယူမှုကွဲပြားသူများ လိင်ပိုင်းဆိုင်ရာခြိမ်းခြောက်မှုရှိနေဟုဆို

ခမ်းသားငေါဝ်း မေ ၄၊ ၂၀၂၄ မြန်မာနိုင်ငံရှိအကျဥ်းထောင်များထဲ၌ မတရားဖမ်းဆီးခံရသည့် လိင်စိတ်ခံယူမှုကွဲပြားသူ LGBTIQ များအား နှစ်ကြီးအကျဥ်းသားများ၏ လိင်ပိုင်းဆိုင်ရာစော်ကားခြင်း၊ အမြတ်ထုတ်ခြင်း၊ မုဒိမ်းကျင့်ခြင်း အန္တရာယ်များနှင့်ရင်ဆိုင်နေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဥ်းသားများကွန်ယှက် PPNM ထုတ်ပြန်ချက်တွင်ဆိုထားသည်။ လိင်စိတ်ခံယူမှုကွဲပြားသူများထဲတွင် ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်း စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး ပုဒ်မ ၅၀(ဈ)၊ပုဒ်မ ၅၁(ဂ)၊ပုဒ်မ၅၄၊ပုဒ်မ၁၇(၁)အပြင် အခြားလက်နက်ပုဒ်မများဖြင့် ထောင်ဒဏ်(၉၆)နှစ် အမိန့်ချမှတ်ခြင်းခံထားရသည့်…

ဖယ်ခုံမြို့နယ်တွင် မိုးကြီးပြီး လေပြင်းတိုက်သဖြင့် စစ်ဘေးရှောင်တဲများပျက်စီး၊ မိုးကာအရေးပေါ်လိုအပ်

ခမ်းသားငေါဝ်း မေ ၄ ၊ ၂၀၂၄ ဖယ်ခုံမြို့နယ်တွင် မိုးကြီးလေပြင်းတိုက်သဖြင့် စစ်ဘေးရှောင်တဲများပျက်စီးသွားပြီး မိုးကာ အရေးပေါ်လိုအပ် လျက်ရှိကြောင်း စစ်ဘေးရှောင်များထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တွင် မေလ ၂ ရက်နေ့ညက မိုးကြီးပြီး လေပြင်းပါတိုက်ခြင်းကြောင့် စစ်ဘေးရှောင်တဲများပျက်စီးခဲ့ရပြီး ပြန်လည်တည်ဆောက်ရန် မိုးကာအရေးပေါ်လိုအပ်နေသည်၊၊ “တဲထဲပစ္စည်းတွေလည်းစိုကုန်တယ်။ မိုးကာဆို တစ်နှစ်တစ်ခါ လဲရတယ်။ ခုမိုးကာတွေကလည်း ဆွေးပြီဆိုတော့ မိုးရွာ လေပြင်းတိုက်တော့…

နိုင်ငံရေး စားပွဲဝိုင်းတွင် အဖြေရှာသည့် နည်းလမ်း မရှိတော့သဖြင့် တိုက်ပွဲဖြစ်ရတော့မည်ဟု SSPP/SSA ပြော

ခမ်းသားငေါဝ်း မေ ၄၊ ၂၀၂၄ စစ်မှန်သော ပြည်ထောင်စု ဒီမိုကရေစီ ရရှိရန် နိုင်ငံရေး စားပွဲဝိုင်းတွင် အဖြေရှာသည့် နည်းလမ်း မရှိတော့ ခြင်းကြောင့် တိုက်ပွဲ ဖြစ်ရတော့မည် ဖြစ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA ကနှစ် ၆၀ ပြည့်အခန်းအနားထုတ်ပြန်ချက်တွင်ပြောဆိုလိုက်သည်၊၊ ပင်လုံစာချုပ်ကို မဟာလူမျိုးကြီးဝါဒ ကျင့်သုံးသည့် စစ်အုပ်စု အဆက်ဆက်က လစ်လျူရှုပစ်ပယ်ကာ တပြည်ထောင်စနစ်တည်ဆောက်ခဲ့သောကြောင့်…

တဘက်ချောင်းကူးသည့် တံတားတစ်စင်း စစ်ကောင်စီက မိုင်းဖြင့်ထပ်မံဖောက်ခွဲဖျက်ဆီး

ခမ်းသားငေါဝ်း မေ ၃ ၊ ၂၀၂၄ နောင်စကာကျေးရွာအနီးရှိ၊ တစ်ဘတ်ချောင်း ကူးသည့် တံတားတစ်စင်းအား စစ်ကောင်စီက မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးပြီး ဒရုန်း၊ မီးလောင်ဗုံး ကြဲချခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးအဖွဲ့ချုပ် PNLA က မေလ ၂ ရက်နေ့တွင် ထုတ်ပြန်ထားသည် ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ၊ တဘက်အုပ်စု နောင်စကာကျေးရွာအနီးရှိ တဘက်ချောင်းကူးသည့် တံတားအား…

ကရင်နီပြည်တွင် စစ်တပ်အာဏာသိမ်းမှုသုံးနှစ်ကျော်အတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင် သုံးထောင်ကျော်သေဆုံး

ခမ်းသားငေါဝ်း မေ ၃ ၊ ၂၀၂၄ စစ်တပ်အာဏာသိမ်းချိန်မှစပြီး သုံးနှစ်ကျော်ကာလအတွင်းကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးထောင်ကျော်သေဆုံးခဲ့ပြီး ကရင်နီ ပူးပေါင်းတပ်ဖွဲ့ဝင်များ ငါးရာကျော် ကျဆုံးခဲ့ကြောင်း တိုးတက်သောကရင်နီပြည်သူ့ အင်အားစု (PKPF) ကမေလ ၁ ရက်နေ့တွင်ထုတ်ပြန်ထားသည်။ အာဏာသိမ်းကာလအတွင်း ကရင်နီပြည်နယ်တွင် တိုက်ပွဲ ၁၀၈၉ ကြိမ်ဖြစ်ပွားခဲ့ရာမှ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃၅၈ ဦးသေဆုံးခဲ့ပြီး၊ ကရင်နီပူးပေါင်းတပ်ဖွဲ့ (KNDF/ PDF/KA)…

မိုးကောင်းတောင်ရွာ မိုးကြီးပြီးလေပြင်းတိုက်ခြင်းကြောင့် လူနေအိမ် ၁၀ လုံးထက်မနည်းပျက်စီး

ခမ်းသားငေါဝ်း မေ ၃ ၊ ၂၀၂၄ မိုးကောင်းတောင်ရွာတွင် မိုးကြီးပြီးလေပြင်းတိုက်သဖြင့် လူနေအိမ် ၁၀ လုံးထက်မနည်း အမိုးလန် ပျက်စီးသွားခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ကျောက်ထပ်ကျေးရွာအုပ်စု၊ မိုးကောင်းတောင်ရွာတွင် မေလ ၂ ရက်နေ့ည ၅ နာရီအချိန်တွင် မိုးကြီး လေပြင်းတိုက်ခြင်းကြောင့် နေအိမ် ၁၀ လုံးထက်မနည်းပျက်စီးခဲ့သည်၊၊ “လေအရင်တိုက်ပြီး၊ မိုးကြီးတာ ၊…

စစ်ကောင်စီ ထုတ်ကုန် မြန်မာဘီယာ ဝယ်ယူသောက်သုံးသည့် TNLA တပ်သားကို ထောင်ဒဏ်၊ကြိမ်ဒဏ်အပြင် လှုမှုရေးပြစ်ဒဏ်ချမှတ်

ခမ်းသားငေါဝ်း ဧပြီ ၂ ၊ ၂၀၂၄ တားမြစ်ထားသည့် စစ်ကောင်စီထုတ်ကုန် မြန်မာဘီယာကို ဝယ်ယူသောက်သုံးသည့် TNLA တပ်သားများအား ထောင်ဒဏ်၊ကြိမ်ဒဏ်အပြင် လှုမှုရေးပြစ်ဒဏ်များချမှတ်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးငှာနက ယနေ့တွင်ထုတ်ပြန်ထားသည်။ မွေးနေ့ပွဲပါတီတခုတွင် PSLF/TNLA မှ တားမြစ် ကန့်သတ်ထားသည့် မြန်မာဘီယာကို ‌သောက်သုံးခဲ့သည့် တပ်ဖွဲ့ဝင်ရဲဘော်များအား ကြိမ်ဒဏ် (10)ချက်၊ အလုပ်ကြမ်း (၁)လ နှင့် လူမှုရေးပြစ်ဒဏ်အဖြစ်…

ဆီဆိုင်မြို့ပြန်နေသူများ လျှပ်စစ်မီး၊ ရေ အခက်ခဲရှိနေသေး ဟုဆို

ခမ်းသားငေါဝ်း မေ ၂ ၊ ၂၀၂၄ ဆီဆိုင်မြို့သို့ပြန်နေသူများ လျှပ်စစ်မီး၊ ရေများ မရသဖြင့် အခက်အခဲများဖြစ်နေရသည်ဟု ဒေသခံတစ်ဦးပြောဆိုချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့တွင် တိုက်ပွဲငြိမ်သက်နေပြီဖြစ်သောကြောင့် နေအိမ်သို့ပြန်နေသူအချို့ရှိနေပြီဟုသိရသည်၊၊ “ခုမြို့ထဲမှာက လျှပ်စစ်မီးလည်းမရဘူး၊ ရေအခက် အခဲလည်းရှိတယ်၊ ဖုန်းလိုင်းလည်းတစ်ချို့နေရာဆို မရသေးဘူး၊ ရိက္ခာဝယ်ယူဖို့ လည်းအလွယ်တကူမရတော့ဘူး၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုလည်းမရှိ ပြီးတော့ စက်သုံးဆီတွေလည်းမရှိတော့ အဆင်မပြေနေဘူး ပြန်နေရတာ” ဟုဒေသခံအမျိုးသားတစ်ဦးက…