Category: သတင်း

ဆီဆိုင်မြို့နယ် ထီဗွာကျေးရွာဒေသခံ ၉ ဦးကို လူသားဒိုင်းအဖြစ် စစ်ကောင်စီ ဖမ်းဆီးထားဟုဆို

ခမ်းသားငေါဝ်း မေ ၇၊ ၂၀၂၄ ဆီဆိုင်မြို့နယ် ထီဗွာကျေးရွာ ဒေသခံ ၉ ဦးကို လူသားဒိုင်းအဖြစ် စစ်ကောင်စီကဖမ်းဆီးထားကြောင့် ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော် PNLA ကဆိုသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု၊ ထီဗွာရွာတွင်မေလ ၆ ရက်နေ့ကဒေသခံ ၉ ဦးကို စစ်ကောင်စီက လူသားဒိုင်းကာ အဖြစ် ဖမ်းသွားခဲ့ကြောင်း PNLA ကထုတ်ပြန်ထား သည်။ “သူတို့က…

ရှမ်းတောင်တိုက်ပွဲ ၃ လ‌ ကျော် အတွင်း အဆောက် အဦး ခြောက်ရာကျော်ပျက်စီး

ခမ်းသားငေါဝ်း မေ ၇ ၊ ၂၀၂၄ ရှမ်းပြည်တောင်ပိုင်း တိုက်ပွဲသုံးလကျော်အတွင်းတွင် အဆောက်အအုံ ထိခိုက်ပျက်စီးမှုခြောက်ရာကျော်အထိရှိလာသည်ဟုပအိုဝ်းလူငယ်အစည်း အရုံး(PYO)က မေလ ၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်နေ့မှ မေလ ၄ ရက်နေ့အထိ ရှမ်းပြည်တောင်ပိုင်းဆီဆိုင်၊ ညောင်ရွှေ ၊ဟိုပုံး၊ ပင်လောင်းရှိတိုက်ပွဲရက်ပေါင်း(၁၀၅)ရက်တာ ကာလအတွင်း အဆောက်အအုံ ၆၁၇ ခုပျက်စီးခဲ့သည်၊၊ “အိမ်ပျက်စီးသွားတဲ့သူတွေက…

ကရင်နီပြည်တွင် တစ်လအတွင်း စစ်ကောင်စီမှ တပ်ရင်းမှူးအပါဝင် ၅၆ ဦးလက်နက်ချအညံ့ခံ၊တပ်ဖွဲ့ဝင် ၅၀ ကျော်သေဆုံး

ခမ်းသားငေါဝ်း မေ ၇၊၂၀၂၄ ကရင်နီ(ကယား)ပြည်နယ်တွင် ဧပြီလ ၁ လအတွင်း စစ်ကောင်စီဘက်မှ တပ်ရင်းမှူး ဒုတပ်ရင်းမှူးတို့အပါဝင် လက်နက်ချအညံ့ခံသူ ၅၆ ဦးထိရှိပြီး တိုက်ပွဲတွင်သေဆုံးရသူတပ်ဖွဲ့ ၅၀ ဦး ကျော်အထိရှိကြောင်း KNDF ဗဟိုထံကသိရသည်။ စစ်ကောင်စီ ခမရ ၅၁၅ ၊ခမရ ၅၁၆ နှင့် ခလရ ၁၊ ခလရ၁၃၅ တပ်ရင်းတပ်ဖွဲ့အင်အားတစ်ရာကျော်တို့သည် ဘောလခဲမှ…

စစ်ကောင်စီနှင့် SSPP/SSA တိုက်ပွဲဖြစ်ပွားနိုင်သောကြောင့် စစ်ကောင်စီကဒေသခံအား သတိပေး

ခမ်းသားငေါဝ်း မေ ၇ ၊ ၂၀၂၄ ဖာလဲ(ဖာလုဲင်)ကျေးရွာဘက်တွင် စစ်ကောင်စီတပ်နှင့် SSPP/SSAတပ်တို့ကြား တိုက်ပွဲဖြစ်နိုင်သော ကြောင့် စစ်ကောင်စီတပ်က ဒေသခံများအား စစ်ဘေးရှောင်ရန် သတိပေးထားကြောင်း ဒေသခံတစ်ဦးထံက ယနေ့တွင်သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ မိုင်းပျဥ်းတိုက်နယ်ရှိ ဖာလဲ(ဖာလုဲင်)ကျေးရွာဘက်တွင် စစ်ကောင်စီတပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)တပ်တို့ကြား တိုက်ပွဲဖြစ်ပွားနိုင်ခြေရှိသည့်အတွက်ကြောင့် ဒေသခံများစစ်ဘေးရှောင်ရန် စစ်ကောင်စီကကြိုတင်ပြင်ဆင်ထားခိုင်းသည်။ “သူတို့သတိလာပေးတာက‌တော့ ဒီရက်ပိုင်းအတွင်းပဲ၊ တစ်ချို့ဆိုအထုပ်ပြင်ပြီး ဆွေမျိုးတွေရှိတဲ့…

စစ်ကောင်စီလေယာဥ်နှင့် ဗုံးကြဲသဖြင့် လူနေအိမ်နှင့်ဘုန်းကြီးကျောင်းပျက်စီးပြီး ဘုန်းကြီ ၁ ပါးထိခိုက်ဒဏ်ရာရရှိ

ခမ်းသားငေါဝ်း မေ ၇ ၊ ၂၀၂၄ စစ်ကောင်စီက လေယာဥ်နှင့်ဗုံးကြဲသောကြောင့် လူနေအိမ် ၁၅ လုံးနှင့် ဘုန်းကြီးကျောင်း ၁ လုံးပျက်စီးသွားပြီး ဘုန်းကြီး ၁ ပါးထိခိုက်ဒါဏ်ရာရရှိသွားကြောင်း ကေအဲန်ယူ ဗဟိုက မေလ ၅ ရက်နေ့တွင်ထုတ်ပြန်ထားသည်။ စစ်ကောင်စီက ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်ထွီခရိုင်( ညောင်လေးပင်ခရိုင်)၊ မူး(မုန်း) မြို့နယ် ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာများကို…

အောင်ပန်းမြို့တွင် အမျိုးသားတစ်ဦးကျောက်တောင်ပေါ်မှ မတော်တဆပြုတ်ကျ သေဆုံး

ခမ်းသားငေါဝ်း မေ ၇၊ ၂၀၂၄ အောင်ပန်းမြို့အနီး၊ ကျောက်ဆင့်ကျေးရွာ၌ အသက် ၇၆ နှစ်အရွယ်အမျိုးသားတစ်ဦး နွားစာရှာရာမှ ကျောက်တောင်ပေါ်က မတော်တဆ ပြုတ်ကျပြီးသေဆုံးသွားကြောင်းအောင်ပန်းနာရေးကူညီမှုအသင်းထံကသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်မှီကျေးရွာအုပ်စု ကျောက်ဆင့်ရွာနေအသက် ၇၆ နှစ်အရွယ် ဦးသန်းသည် မေလ ၅ ရက်ကရွာမြောက်ဖက်အနီး ၁၈ ပေခန့်အမြင့်ရှိသော ကျောက်တောင်ပေါ် သို့တက်၍ နွားစားရှာရင်း ဒန့်တကူး ပန်းခူးခဲ့ရာ သစ်ကိုင်းကြိုးကျသွားပြီး…

ဇလဲ ကျေးရွာအုပ်စုအတွင်း PNO ပြည်သူ့စစ်အမိန့်ဖြင့် စစ်ကောင်စီထဲ စစ်မှုထမ်းရန် အတင်းအဓမ္မခေါ်ယူမှုပြုလုပ်နေ

ခမ်းသားငေါဝ်း မေလ ၇၊ ၂၀၂၄ PNO ပြည်သူ့စစ် (ခမ်းဗွေ) ဖြားဆရာခေါင် အမိန့်ဖြင့် စစ်ကောင်စီခေါ်သည့် စစ်မှုထမ်းရန် တောင်ကြီးမြောက်ဘက် ဇလဲကျေးရွာအုပ်စုအတွင်း တစ်ရွာ သုံးဦးအတင်းခေါ်ယူနေကြောင်း ဒေသခံများထံ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် ဇလဲကျေးရွာအုပ်စုအတွင်း မေလ ၆ ရက်နေ့က အစည်းဝေး ခေါ်ယူ ကာ စစ်မှုထမ်းရန် တစ်ရွာလျှင် ၃ ဦး…

ရိက္ခာနှင့်မျိုးစေ့ပြန်ယူသည့် စစ်ဘေးရှောင်လင်မယား မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်စွာ ရရှိ

ခမ်းသားငေါဝ်း မေ ၊ ၇၊ ၂၀၂၄ လုံးပျဉ်ရွာကဒေသခံ စစ်ဘေးရှောင်ရာမှ ရွာပြန်လာသည့် လင်မယား ၂ ဦး ရွာမရောက်ခင် ဝါးရုံတောတွင်ဆိုင်ကယ် မိုင်းနင်းမိပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်းဒေသခံကဆိုသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ၊နန်းထာရွာသို့စစ်ဘေးရှောင်နေသည့် လုံးပျဉ်ရွာနေ ဦးခွန်ဘုန်းနှင့် နန်းခင်ထွေးတို့သည် မေလ ၅ ရက်နေ့ကအိမ်ပြန်လာစဉ် လမ်းပေါ်တွင် မြေမြုပ်မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်၊၊ “သူတို့က ရိက္ခာတစ်ချို့နဲ့…

ဆီဆိုင်မြို့တွင် စစ်ကျန် လက်ပစ်ဗုံးထိမိ၍ပေါက်ကွဲပြီး သားအမိနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ

ခမ်းသားငေါဝ်း မေလ ၆၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ မြကန်သာရပ်ကွက်နေ နန်းရွဲနှင့် ၎င်း၏သားသည် မေလ ၅ ရက်နေ့ ညနေ ၅ နာရီခန့်တွင် စစ်ကျန် လက်ပစ်ဗုံးထိမိ၍ပေါက်ကွဲပြီး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရပါသည်။ ဖြစ်စဥ်မှာ နန်းရွဲသည် လက်ဖက်ရည်ဆိုင်ဖွင့်ရန် သန့်ရှင်းရေးလုပ်နေစဥ် ဆိုင်ရှေ့ မြောင်းထဲရှိ စစ်ကျန် လက်ပစ်ဗုံးကို တုတ်နှင့်ကော်ထုတ်လိုက်မိသည့်အတွက် ပေါက်ကွဲမှုဖြစ်ပွားပြီး…

ဖားဆောင်းသို့ဘက်လာသည့် စစ်ကောင်စီတပ် ရဟတ် ယာဉ်ကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်က ပစ်ချ

ခမ်းသားငေါဝ်း မေလ ၆၊၂၀၂၄ ကရင်နီပြည် ဖားဆောင်းဘက်သို့လာသည့် စစ်ကောင်စီတပ် ရဟတ်ယာဉ်ကိုယနေ့ မေလ ၆ ရက်နေ့တွင် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်က ပစ်ချနိုင်ခဲ့ကြောင်းသိရသည်။ ပစ်ချခံရသည့် ရဟတ်ယာဉ်သည် ဘောလခဲမြို့နယ်အတွင်း ကျသွားတာဖြစ်ပြီး ယာဉ်မောင်း ၂ ဦးလုံး သေဆုံးကာ ရဟတ်ယာဉ်ထဲ ပါလာသည့် စစ်သည်များကိုကို တခြားရဟတ်ယာဉ်တစ်စီးနှင့် ပြန်လည်ခေါ်ယူသွားသည်ဟု ကရင်နီပြည်တပ်မတော် စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ကန္တာရဝတီတိုင်း(မ်) ကို…