Category: သတင်း

ဆီဆိုင်တွင် မိုင်းနင်းမိသူဒေသခံ တစ်ဦး သေဆုံး

ခမ်းသားငေါဝ်း မေ ၉၊ ၂၀၂၄ ဆီဆိုင်မြို့ မွေတော်ဘုရားအနီးတွင် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး သေဆုံးသွားကြောင်း ဒေသခံကပြောသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့၊ မြကန်သာရပ်ကွက်မှ အသက် ၃၂ ဝန်းကျင်အရွယ်မောင်းနျားသည်ယခုပတ်အတွင်း မွေတော်ဘုရားအနီး မိုင်းနင်းမိပြီး သေဆုံးသွားခဲ့သည်၊၊ ” ၅ ရက်လောက်ပဲ ရှိအုံးမယ်ထင်တယ် မနက်ပိုင်းနင်းမိပြီး ညနေပိုင်းမှသိရတာ ၄၂၃ ကလာသယ်သွားတယ် လာသယ်တုန်းကမသေသေးဘူး ၄၂၃ တပ်ထဲမှာသေသွားတယ်”…

ပင်လောင်း-နေပြည်တော် ပြည်ထောင်စုလမ်းမကြီးအား စစ်ကောင်စီက ပိတ်ထားသဖြင့် ဒေသခံများ အခက်ခဲဖြစ်

ခမ်းသားငေါဝ်း မေ ၉ ၊ ၂၀၂၄ ပင်လောင်း နေပြည်တော် ပြည်ထောင်စုလမ်းမကြီးအား စစ်ကောင်စီက ပိတ်ထားသည်မှာ တစ်ပတ်ကျော်ရှိပြီဖြစ်သောကြောင့် ဒေသခံများ အခက်ခဲဖြစ်နေရကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့ ကစပြီး နေပြည်တော်မြို့အထိ ပြည်ထောင်စုလမ်းမကြီးကို မေလ၂ ရက်နေ့ကစပြီး စစ်ကောင်စီက ပိတ်ပင်လိုက်သည့်အတွက် ဒေသခံများသွားလာရေး ခက်ခဲကြုံနေရသည်။ “အဓိက အဲလမ်းပေါ် မှာရှိတဲ့ကျေးရွာကလူတွေ အခက်ခဲဖြစ်တယ်။ ကျန်းမာရေးကိစ္စဖြစ်ဖြစ်…

ဆီဆိုင်မြို့နယ်အတွင်း စာသင်ကျောင်းအများစုပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေး၍ ကလေးများ၏ ပညာသင်ယူခွင့်ဆုံးရှုံးနေရ

ခမ်းသားငေါဝ်း မေ ၉၊၂၀၂၄ ဆီဆိုင်မြို့နယ်အတွင်း စာသင်ကျောင်းအများစုပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေး၍ ကလေးများ၏ ပညာရေးသင်ယူခွင့်ဆုံးရှုံး နေရကြောင်း ဒေသခံတစ်ဦးကဆိုသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်း ယခုနှစ် ၂၀၂၄-၂၀၂၅ ခုပညာသင်နှစ်တွင် အ.မ.ကကျောင်း၊ မူလွန်ကျောင်း၊ အလယ်တန်းကျောင်းနှင့်အထက်တန်း ကျောင်းများအပါအဝင် ကျောင်းပေါင်း ၃၄ ကျောင်း သည် အခြေနေတည်ငြိမ်မှုမရှိသည့်အတွက် မဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။ “စာသင်ကျောင်းတွေပိတ်လိုက်ရတာ ဆီဆိုင်နယ်တစ်မြို့ထဲတင်မဟုတ်ဘူးပေါ့နော် ခုလိုကျောင်းပိတ်တော့ အဓိကကလေးတွေအနာဂတ်ပျောက်ဆုံးရတယ် စစ်တပ်အာဏာသိမ်းပြီးကတည်းက…

စစ်ပွဲကြောင့် နေအိမ်ပျက်စီးသူများနှင့် မီးလောင်ပြာကျ သူများအတွက်နေအိမ်ဆောက်ရန် မီရဲ့ရွာက ဝါးများ လှူပေးမည်ဟုဆို

ခမ်းသားငေါဝ်း မေ ၉ ၊ ၂၀၂၄ ဆီဆိုင်မြို့တွင် စစ်ပွဲကြောင့်နေအိမ်ပျက်စီးသွားသောသူများနှင့် မီးထဲနေအိမ်ပါသွားသူများအတွက် နေအိမ်ဆောက်ရန် မီရဲ့ရွာမှ ဝါးများလှူပေးမည် ဒေသခံဆိုသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့တွင် မီးထဲအိမ်ပါသွားသောသူများနှင့် စစ်ပွဲကြောင့်နေအိမ်ပျက်စီးသွားသောသူများအတွက် နေအိမ်ပြန်ဆောက်ရန် မီရဲ့ရွာမှ ဝါးရုံပိုင်သော ရွာသားများက ဝါးများလှူပေးမည်ဖြစ်သည်၊၊ ” အဖိုးကအသက်လည်းကြီးနေပြီ၊ သေရင်ကိုယ့်နောက်ဘာမှပါမသွားဘူး၊ ငွေကြေးဆိုရင်လည်းအဖိုးကမကူညီနိုင်ဘူး၊ အဖိုးမှာတော့ ဝါးရုံအများကြီးရှိတယ်၊ အဲ့ဒါတွေကိုလှူပေးချင်တယ်” ဟု မီရဲ့ကျေးရွာရှိ…

မဲနယ်တောင်‌ဒေသ အဝင်အထွက်တွင် စစ်ကောင်စီနှင့် PNOပြည်သူ့စစ်က တင်းကြပ်စွာစစ်ဆေးနေဟုဆို

ခမ်းသားငေါဝ်း မေ၉ ၊ ၂၀၂၄ မဲနယ်တောင်ဒေသရှိ အဝင်အထွက်များတွင် စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်က တင်းကြပ်စွာစစ်ဆေးနေကြောင်း ‌ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင်တစ်ကြောရှိ အဝင်အထွက်အားလုံးတွင် လုံခြုံရေးအရဟုဆိုကာ ရွာထဲဝင်လာသည့် လူမှန်သမျှအား တင်းကြပ်စွာစစ်ဆေးနေပြီး ည(၆)နာရီကျော်လျှင် အဝင်အထွက်ပေးမလုပ်တော့ကြောင်း သိရသည်။ “ရွာထဲဝင်လာတဲ့လူမှန်သမျှစစ်တယ် နေ့တိုင်းလိုင်းကားဆွဲနေတဲ့သူကိုလည်းစစ်တယ် မှတ်ပုံတင်တောင်းကြည့်တယ် ရွာခံကိုလည်းအဲလိုစစ်တော့ စိတ်အ‌နှောက်အယှက်ဖြစ်ရတယ် ရွာထဲဝင်ဖို့ အရေးမှတ်ပုံတင်ပေးရတယ်…

ဆီဆိုင်မြို့နယ်တွင် နှစ်ဖက်စစ်ရေးတင်းမာမှုရှိနေပြီး တိုက်ပွဲဖြစ်မည်စိုးရိမ်သဖြင့် ပြည်သူများထပ်မံတိမ်းရှောင်

ခမ်းသားငေါဝ်း မေ၊ ၈၊ ၂၀၂၄ ဆီဆိုင်မြို့နယ်တွင် နှစ်ဖက်စစ်ရေးတင်းမာမှုရှိနေပြီး ကျေးရွာများတွင် တိုက်ပွဲဖြစ်ပွားမည်စိုးရိမ်သဖြင့် ထပ်မံတိမ်းရှောင် နေကြကြောင်း မေလ ၈ ရက်နေ့တွင် ဒေသခံထံကသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ၊ တောင်ရှေ့အုပ်စု၊ တဘက်အုပ်စု၊ နောင်ကျောအုပ်စုရှိကျေးရွာများမှ ဒေသခံများသည် ယနေ့တွင် အိုးအိမ်စွန့်ခွာပြီး ထပ်မံတိမ်းရှောင်နေ ရကြောင်း သိရသည်။ “မရှောင်တဲ့လူလည်းရှိတယ် ရှောင်တဲ့သူကများတယ် ခုလမ်းမကြီးလည်း သူများပိတ်ထားတယ်…

ဆိုက်ခေါင်တောင်ကျောင်းကြီးတွင် စစ်ဘေးရှောင်များထပ်မံရောက်လာပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးအရေးပေါ်လိုအပ်

ခမ်းသားငေါဝ်း မေ ၈၊ ၂၀၂၄ ဆိုက်ခေါင်တောင်ကျောင်းကြီးတွင် နေ့စဥ်နှင့်အမျှစစ်ဘေးရှောင်များထပ်မံရောက်လာနေပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးအရေးပေါ်လိုအပ်နေကြောင်း ဒေသခံကပြောသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်တောင်ကျောင်းကြီးတွင် စစ်ဘေးရှောင်များထပ်မံရောက်လာပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးအရေးပေါ်လိုအပ်နေသည်၊၊ “စစ်ဘေးရှောင်လာသူတွေထဲမှာ အိမ်ငှားနေသူအချို့ ရှိသလို အများစုမှာဘုန်းကြီးကျောင်းမှာနေကြပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်”ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။ တချို့ကအရင်ပါတ်ကတည်း ရောက်လာသူများရှိသလို ယနေ့လည်းအများကြီးထပ်ရောက်လာကြောင်းအားလုံးပေါင်း ခန့်မှန်းချေ ဦးရေ ၃၀၀၀ ကျော်လောက်ရှိကြောင်း၄င်းကဆက်ပြောသည်။…

ခိုလှိုင်ကျေးရွာရှိလူငယ်၂၂ ဦးအား စစ်မှုထမ်းရန် စစ်ကောင်စီက ဆင့်ခေါ်စာပေးပို့

ခမ်းသားငေါဝ်း မေ ၈၏ ၂၀၂၄ ခိုလှိုင်ကျေးရွာတွင် အသက်ပြည့်ပြီး လူငယ် ၂၂ ဦးအား စစ်မှုထမ်းရန်အတွက် စစ်ကောင်စီက ဆင့်ခေါ်စာ ပေးပို့ကြောင်း မေလ ၈ ရက်နေ့တွင် ဒေသခံကပြောသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ လုံဟေးကျေးရွာအုပ်စု ခိုလှိုင်ကျေးရွာရှိ လူငယ်၂၂ ဦးအား စစ်မှုထမ်းရန်အတွက် စစ်ကောင်စီက နာမည်စာရင်းဖြင့် ပေးပို့လာပြီး မေလ ၇ ရက်နေ့တွင်…

စစ်ကောင်စီလက်နက်ကြီးကြောင့် လူနေအိမ်၊မူကြိုကျောင်းပျက်စီးပြီး ပြည်သူ ၁ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း မေ ၈ ၊ ၂၀၂၄ စစ်ကောင်စီ၏လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ် ၂ လုံး၊မူကြိုကျောင်း ၁ လုံး၊ ဆိုင်ကယ် ၁ စီးပျက်စီးခဲ့ရပြီး အရပ်သားပြည်သူ ၁ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရခဲ့ကြောင်း ကေအဲန်ယူ ဗဟိုက မေလ ၇ ရက်နေ့တွင်ထုတ်ပြန်ထားသည်။ ကေအဲန်ယူ၊ ကရင်အမျိုးသားအစည်းအရုံး၊ကော်သူလေးအုပ်ချုပ်နယ်မြေ၊ ခလယ်ထွီခရိုင်၊လယ်ဒို မြို့နယ်အတွင်း မေလ ၅…

ကရင်နီပြည်တွင် တိုက်ပွဲ​ဖြစ်ပွားသည့်တစ်လ​အတွင်း အမျိုးသမီးနှင့်ကလေးငယ်အပါအဝင် ၁၅ ဦးသေဆုံး

ခမ်းသားငေါဝ်း မေ ၈၊၂၀၂၄ ကရင်နီ(ကယား)ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားသည့် ဧပြီလတစ်လအတွင်း အမျိုးသမီးနှင့်ကလေးင၊ယ်အပါ အဝင် ၁၅ ဦးသေဆုံးခဲ့ရကြောင်း KNDF ဗဟို ၏ ထုတ်ပြန်ချက်အရသိသည်။ သေဆုံးရသည့် အရပ်သားပြည်သူတို့သည် စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့်ကလေးငယ် ၅ ဦး ၊ လူကြီး ၅ ဦးနှင့် ဖမ်းဆီးသတ်ဖြတ်ခံရသူ အမျိုးသား ၃ ဦး ၊ အမျိုးသမီး…