Category: သတင်း

စံကားဒေသတွင်း မူးယစ်ဆေးဝါးသုံးသူစွဲသူများကို PNOပြည်သူ့စစ်က ကြိမ်ဒဏ် ၊ငွေဒဏ်​ဖြင့်အပြစ်ပေး

ခမ်းသားငေါဝ်း မေ ၁၄ ၊ ၂၀၂၄ စံကားအင်းဒေသတွင် PNO ပြည်သူ့စစ်မှ မူးယစ်ဆေးဝါးသုံးဆွဲသူများကိုဖမ်းဆီးပြီး ငွေဒဏ်၊ကြိမ်ဒဏ်ဖြင့်အပြစ် ပေးလိုက်ကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားအင်းဒေသ ကုန်းပြားကျေးရွာတွင် မေလ(၁၃)ရက်နေ့၌ PNO ပြည်သူ့စစ်မှ မူးယစ်ဆေးဝါးသုံးစွဲသူများကို ဝင်ရောက်ဖမ်းဆီးကာ လူအများရှေ့တွင် ငွေဒဏ် ၄ သိန်း၊ ကြိမ်ဒဏ် ၃ ချက်ပေးပြီး ငွေရေးအဆင်မပြေသူကို ပြည်သူ့စစ်ထဲ စစ်မှုထမ်းခြင်းလုပ်ဆောင်စေခဲ့သည်၊၊…

ပင်လောင်းမြို့နယ်တွင် အမျိုးသမီးသာရှိသည့်အိမ်ထောင်စုလည်း စစ်မှုထမ်းလွတ်ကင်းခွင့်မရှိ

ခမ်းသားငေါဝ်း မေ ၁၄၊ ၂၀၂၄ ပင်လောင်းမြို့နယ်တွင် အမျိုးသမီးသာရှိသည့်အိမ်ထောင်စုလည်း စစ်မှုထမ်းလွတ်ကင်းခွင့်မရှိဘဲ လူစားထိုးရန် ငွေကြေးဖြင့်လူငှားသွားခိုင်းနေရ ကြောင်း ဒေသခံများထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ်၊ တောင်ဖက်ကျေးရွာများတွင် PNO ပြည်သူ့စစ်က စစ်မှုထမ်းရန် အိမ်တိုင်းဗလာမပါမဲဖြင့် အလှည့်ကျနိုက်ရပြီး အမျိုးသမီးသာရှိသည့်အိမ်ကမဲကျလျှင် တခြား အမျိုးသားကိုငွေကြေးဖြင့်ငှားပြီး သွားခိုင်းခဲ့ရကြောင်း သိရသည်။ “အမျိုးသမီးပဲရှိရင်လည်း ကင်းလွှတ်ခွင့်မပေးဘူး။ ငွေနဲ့ လူငှားရတယ်။ လူငှားတဲ့ ငွေပမာဏလည်း အများကြီးပေး…

ယမ်းထောင်းရာမှယမ်းထောင်းရာမှ ပေါက်ကွဲမှုဖြစ်ပြီး နေအိမ်မီးလောင်၍ အမျိုးသား ၃ ဦးပြင်းထန်ဒဏ်ရာရ

ခမ်းသားငေါဝ်း မေ ၁၄၊ ၂၀၂၄ အောင်ပန်းမြို့တွင်၊ ရိုးရာမီးလုံးပွဲအတွက် ယမ်းထောင်းရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး နေအိမ် ၁ လုံးမီးလောင်သွားကာ အမျိုးသား ၃ ဦးဒဏ်ရာရသွားကြောင်း အောင်းပန်းနာရေးကူညီမှုအသင်းမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊အောင်ပန်းမြို့၊ မင်္ဂလာရပ်ကွက်၌ မေလ ၁၃ ရက်နေ့ ည ၂ နာရီခန့်တွင် မီးလုံးပြုလုပ်ရန်ယမ်းထောင်းရာမှ မတော်တဆပေါက်ကွဲမှုဖြစ်ပွားကာ နေအိမ် ၁ လုံးမီးလောင်သွားပြီး အမျိုးသား…

နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးရသည့် ဒီမိုကရေစီအရေးလှုပ်ရှားသူနှင့် ပြည်သူစုစုပေါင်း ငါးထောင်ကျော်အထိရှိလာ

ခမ်းသားငေါဝ်း မေ ၁၄၊ ၂၀၂၄ အာဏာသိမ်းချိန်မှစ၍ နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီလှုပ်ရှားသူနှင့် ပြည်သူစုစုပေါင်း ၅၀၁၂ ဦးအထိရှိလာသည်ဟု နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က မေလ ၁၃ ရက်တွင် ထုတ်ပြန်ထားသည်။ စစ်ကောင်စီအာဏာသိမ်းချိန်သုံးနှစ်ကျော်အတွင်း နွေဦးတော်လှန်ရေးနှင့် ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဥ်းထောင်များတွင် ထိန်းသိမ်းခံနေရသူစုစုပေါင်း(၁၂၃)ဦးရှိနေပြီဖြစ်ကာ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသည့် (၄၃)ဦးအပါအဝင် (၁၁၉)ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရသည့်အတွက်ကြောင့် စုစုပေါင်းသေဒဏ်…

PNO ပြည်သူ့စစ်က ‌ခေါင်းစဥ်အမျိုးမျိုးတပ်ပြီး ဆက်ကြေးကောက်ခံခြင်းကြောင့် ကျောက်တန်းရွာသားများအခက်အခဲဖြစ်

ခမ်းသားငေါဝ်း မေ ၁၃ ၊ ၂၀၂၄ ဟိုပုံးမြို့နယ် ကျောက်တန်းရွာတွင် PNO ပြည်သူ့စစ်က ‌ခေါင်းစဥ်အမျိုးမျိုးတပ်ပြီး ဆက်ကြေးကောက်ခံခြင်းများပြုလုပ်နေသည့်အတွက် ကျောက်တန်း‌ဒေသခံများ အခက်အခဲဖြစ်နေကြောင်း ဒေသခံထံမှသိရပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် ကျောက်တန်း ဒေသတွင် PNOပြည်သူ့စစ်က ‌ဘက်ဟိုး /ကုန်တင်ကားကြီးတစ်စီးလျှင် ၁ သိန်း၊ကုန်စုံ ဆိုင်ငယ် ၅ သောင်း၊ စတိုးဆိုင်ဆိုင်ကြီး ၁ သိန်း၊ အိမ်သုံးကားတစ်စီးလျှင်…

MNDAA ဖမ်းဆီးထားသည့် စစ်ကောင်စီတပ်သား ၄၁ ဦးကို လမ်းစရိတ်ပေးပြီးပြန်လွှတ်

ခမ်းသားငေါဝ်း မေ ၃ ၊ ၂၀၂၄ တိုက်ပွဲအတွင်း MNDAAက ဖမ်းဆီးထားမိသည့် စစ်ကောင်စီတပ်သား ၄၁ ဦးကို လမ်းစရိတ်ပေးပြီး ပြန်လွှတ်ပေးခဲ့ကြောင်း မေလ ၁၂ ရက်နေ့ MNDAA ၏ထုတ်ပြန်ချက်အရ သိရသည်။ ရှမ်းပြည်မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲအတွင်း ဖမ်းဆီးထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအားမေလ ၁၀ ရက်နေ့တွင်ပြန်လွှတ်ပေးခြင်းဖြစ်ပြီး ဖမ်းဆီးမိသူ ၁၀၀ ကျော်မှ ယခု…

လက်ထုတ္တောရွာတွင် စစ်ကောင်စီ၏ဖမ်းဆီးသတ်ဖြတ်မှုအပါအဝင် လက်နက်ကြီးကြောင့် သေဆုံးသူ ၃၂ ဦးရှိဟု NUG ထုတ်ပြန်

ခမ်းသားငေါဝ်း မေ ၁၃ ၊ ၂၀၂၄ မြင်းမူမြို့နယ် လက်ထုတ္တောကျေးရွာတွင် စစ်ကောင်စီ၏ဖမ်းဆီးသတ်ဖြတ်မှုအပါအဝင် လက်နက်ကြီးကြောင့် သေဆုံးသူ ၃၂ ဦးရှိကြောင်း မေလ ၁၂ ရက်က အမျိုးသားညီညွတ်ရေးအစိုးရ NUG ထုတ်ပြန်ချက်အရသိရသည်၊၊ စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် လက်ထုတ္တောကျေးရွာအား မေ ၉ ရက်တွင် စစ်ကောင်စီက ပိတ်ဆို့ပြီး လက်နက်ကြီးနှင့်ပစ်ခတ်ခြင်း ဘုန်းကြီးကျောင်းတွင်ပုန်းနေသူများ အစုလိုက်အပြုံလိုက်ပစ်သတ်ခြင်းကြောင့် အမျိုးသမီးနှင့်ကလေးအပါအဝင်…

ရှမ်းတောင်တိုက်ပွဲ ၃ လကျော်အတွင်း အရပ်သား ၆၉ ဦးသေဆုံး

ခမ်းသားငေါဝ်း မေ ၁၃၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း တိုက်ပွဲဖြစ်ပွားသည့် ၁၁၂ ရက်အတွင်းတွင် အရပ်သား ၆၉ ဦး သေဆုံးပြီး ၉၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO ၏ယနေ့ ထုတ်ပြန်ချက်အရ သိရသည်။ သေဆုံးသူများသည်စစ်ကောင်စီဘက် လက်နက် ကြီးပစ်ခတ်မှု ၊လေကြောင်းတိုက်မှုနှင့် အဖမ်းခံရပြီးနောက် သေဆုံးသွားခြင်းတို့အများဆုံးဖြစ်ပြီး စစ်ရှောင်ရင်း ပစ်ခတ်ခံရခြင်း၊ စစ်ဆေးရေးဂိတ်တို့တွင် ပစ်ခတ်ခံရခြင်းတို့ကြောင့် သေဆုံးရသည်ဟု…

သတ်ဖြတ်ခံခဲ့ရသည် ခွန်ဇာခွန်၏ ကားကို PNO ပြည်သူ့စစ် ဗိုလ်ကြီးလယ်အဖွဲ့က ခြိမ်းခြောက်သိမ်းယူ

ခမ်းသားငေါဝ်း မေ ၁၂၊ ၂၀၂၄ သတ်ဖြတ်ခြင်းခံရသည့် ခွန်ဇာခွန်၏ (Canter) အမျိုးအစား ကားကို PNO ပြည်သူ့စစ်ဗိုလ်ကြီးလယ်အဖွဲ့က မိသားစုဝင်များထံ ခြိမ်းခြောက်ပြီး သိမ်းဆည်း ယူ​ဆောင်သွားခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ရင်းရွာနေ ခွန်ဇာခွန်သည် သတ်ဖြတ်ခြင်းခံခဲ့ရပြီးမတ်လ ၁၁ ရက်နေ့ တွင် PNO ပြည်သူ့စစ်ဗိုလ်ကြီးလယ်အဖွဲ့က ခွန်ဇာခွန်ပိုင်သည့်ကားကို PNLO မှထောက်ပံ့ထားသည်ဟုစွပ်စွဲပြီး မိသားစုဝင်းများထံ…

နန်းတုတ်ရွာတွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် လူနေအိမ် ၃ လုံးပျက်စီး

ခမ်းသားငေါဝ်း မေ ၁၂ ၊ ၂၀၂၄ နန်းတုတ်ရွာထဲ စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားနေအိမ်သုံးလုံး ထိခိုက်ပျက်စီးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နန်းတုတ်ရွာထဲ မေလ ၁၀ ရက်နေ့ညနေပိုင်းတွင် စစ်ကောင်စီလက်နက်ကြီးဖြင့် ၈ ကြိမ် ပစ်ခတ်လာခဲ့ခြင်းကြောင့် လူနေအိမ်များပျက်စီးခဲ့ရသည်။ “လူထိခိုက်မှုမရှိဘူး။ အိမ်သုံးလုံးနဲ့ မီးတိုင်တွေပျက်စီးသွားတယ်။ရွာသားတွေတော့ ခုရှောင်ရပြီ”ဟု ရွာခံအမျိုးသားတစ်ဦးကခမ်းသားငေါဝ်းကို ပြောသည်။ ထိုအပြင် မေလ…