Category: သတင်း

လွိုင်ကော်အကျဥ်းထောင်တွင် အကျဥ်းသားများလုံလောက်သော အဟာရဓာတ်မရရှိခြင်းကြောင့် အသက်အန္တရာယ်စိုးရိမ်နေ

ခမ်းသားငေါဝ်း မေ ၂၂၊ ၂၀၂၄ လွိုင်ကော်အကျဥ်းထောင်တွင် အကျဥ်းသားများ လုံလောက်သည့် အဟာရဓာတ်မရရှိခြင်းကြောင့် အသက်အန္တရာယ် စိုးရိမ်နေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာအကျဥ်းသားများကွန်ရက် (PPNM) က မေလ ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ကရင်နီပြည်၊ လွိုင်ကော်အကျဥ်းထောင်တွင် နိုင်ငံရေးအကျဥ်းသား များအပါအဝင် အကျဥ်းသား ၄၀၀ ကျော်အကျဥ်းချခံထားရဆဲ ဖြစ်ပြီး ထောင်ဝင်စာ ပါဆယ် ပို့ဆောင်မှုကို စစ်ကောင်စီက ပိတ်ပင်ထားသောကြောင့်…

နောင်ကတူးရွာတွင် မိုးကြီးလေပြင်းတိုက်ခြင်းကြောင့် စိုက်ခင်းအချို့နှင့်နေအိမ် ၃ လုံးထက်မနည်းပျက်စီး

ခမ်းသားငေါဝ်း မေ ၂၂၊ ၂၀၂၄ ပင်လောင်းမြို့နယ် နောင်ကတူးရွာတွင်မိုးကြီး လေပြင်းတိုက်ခတ်မှုကြောင့် စိုက်ခင်းအချို့နှင့် နေအိမ် ၃ လုံးထက်မနည်း ပျက်စီးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၊ နောင်ကတူးရွာတွင် မေလ၂၁ ရက်နေ့က မိုးကြီး လေပြင်းတိုက်ခတ်မှုကြောင့် လမ်း၊ စိုက်ခင်းအချို့နှင့် လူနေအိမ်ပျက်စီးခဲ့သည်။ “လမ်းတွေ ၊ရွာနားက စိုက်ခင်းတစ်ချို့ ပျက်စီးတယ်။အိမ်သုံးလုံးပျက်စီးတယ်။ ကျန်အိမ်တွေတော့…

SSPP/ SSA နယ်မြေတွင်မိခင်ဘာသာစကားကို အသုံးပြုသည့် သင်ရိုးညွန်းတန်းအသစ် အသုံးပြုတော့မည်ဟုဆို

ခမ်းသားငေါဝ်း မေ ၂၁၊ ၂၀၂၄ SSPP/SSA ထိန်းချုပ်နယ်မြေအတွင်းနေထိုင်သည့် တိုင်း ရင်းသားလူငယ်များ၏ပညာရေးတိုး တက်ဖို့အတွက်မိခင်ဘာသာစကားကို အခြေခံသည့် (MTB-Mother Tongue-Based) သင်ရိုးညွန်းတန်းအသစ်ကို ဒီနှစ်တွင် စတင်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်၊၊ မိခင်ဘာသာစကားကို အသုံးပြုသော သင်ရိုးဖြစ်သောကြောင့် သင်ကြားရေးတွင် ပိုမိုလွယ်ကူ ထိရောက်ကြောင်း၊ ကလေးတွေရဲ့ နားလည်းမူစွမ်းရည်နဲ့တွေးခေါ်နိုင်မှုစွမ်းရည်ပါ မြင့်မား တိုးတက်လာမည် ဖြစ် ကြောင်း SSPP/SSA ပညာရေး…

ရှမ်းတောင်တိုက်ပွဲတွင် သုံးလကျော်အတွင်း အရပ်သားထိခိုက်ဒဏ်ရာရမှု ၉၈ ဦးအထိတိုးလာ

ခမ်းသားငေါဝ်း မေ ၂၁ ၊ ၂၀၂၄ ရှမ်းတောင်တိုက်ပွဲတွင် သုံးလကျော်အတွင်း အရပ်သားထိခိုက်ဒဏ်ရာရမှု ၉၈ ဦး အထိတိုးလာသည်ဟု ပအိုဝ်းလူငယ်အစည်းအရုံး (PYO)မှ မေလ ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ညောင်ရွှေ၊ ဟိုပုံး၊ပင်လောင်းတိုက်ပွဲ ရက်ပေါင်း(၁၁၉)ရက်အတွင်းတွင် အရပ်သားထိခိုက်ဒဏ်ရာရသူ ၉၈ ဦးအထိရှိနေပြီး ယင်းအထဲမှ အမျိုးသား ၄၈ ဦး၊ အမျိုးသမီး၂၂…

နောင်ချိုမြို့တွင်စစ်ဘေးရှောင်များ စားနပ်ရိက္ခာအရေးပေါ်လိုအပ်

ခမ်းသားငေါဝ်း မေ ၂၁ ၊ ၂၀၂၄ နောင်ချိုမြို့တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ဘေးရှောင်ပြည်သူများ စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ထံက သိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲများဆက်လက်ပြင်းထန်နေဆဲဖြစ်သော ကြောင့် ဒေသခံစစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။ “ဒေသခံတွေကတော့ အများကြီးပဲစစ်ရှောင်နေရတယ်၊ သူတို့အတွက်အဓိကတော့ စားနပ်ရိက္ခာတွေပေါ့နော်၊ အလှူရှင်တွေလည်းလိုအပ်နေတယ်၊ အခုကမိုးတွင်းလည်းရောက်လာပြီဆိုတော့ ခြင်တွေပေါလာတော့မှာ ခြင်ထောင်တွေလည်းလိုအပ်တာပေါ့၊…

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဖြစ်ပေါ်လာရေးအတွက် အဖက်ဖက်နှင့်တွေ့ဆုံဆွေးနွေးမည်ဟု RCSS ဆို

ခမ်းသားငေါဝ်း မေ၂၁၊ ၂၀၂၄ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဖြစ်ပေါ်လာရေးအတွက် RCSS သည် အဖက်ဖက်နှင့်တွေ့ဆုံဆွေးနွေးပြီး ကြိုးပမ်းဆောင်ရွက်သွားမည်ဟု မေလ(၂၁)ရက်နေ့တွင် ထုတ်ပြန်ပြောဆိုထားသည်။ အုပ်ချုပ်ရေးစနစ်များပြုပြင်ပြောင်းလဲပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖြစ်ပေါ်လာရေးအတွက် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)သည် အဖက်ဖက်နှင့် တွေ့ဆုံဆွေးနွေးကာ ကြိုးပမ်းသွားမည်ဟု မေလ(၂၁)ရက်နေ့တွင်ကျရောက်သည့် (၆၆)နှစ်မြောက် ရှမ်းအမျိုးသားတော်လှန်ရေးနေ့ တွင်ထုတ်ပြန်ပြောဆိုထားသည်။ မတရားမှုများကို‌တော်လှန်ရာ၌ ရှမ်းပြည်နယ်ရှိပြည်သူလူထုတိုင်းတွင် တာဝန်ရှိသဖြင့် တော်လှန် ရေးဆင်နွဲရာတွင် ရှမ်းပြည်လူထုများလည်း ပူးပေါင်းပါဝင်ဆင်နွဲကြရန်လည်း တိုက်တွန်းထားသည်။…

ဆောင်လန်စစ်ဘေးရှောင်စခန်းတွင် မိုးကြီးလေပြင်း တိုက်ခတ်ခြင်းကြောင့် စစ်ဘေးရှောင်တဲ ၄ လုံးပျက်စီီး

ခမ်းသားငေါဝ်း မေ ၂၁၊ ၂၀၂၄ ဆောင်လန်စစ်ဘေးရှောင်စခန်းတွင် မိုးကြီးလေပြင်းတိုက်ကြောင့် စစ်ဘေးရှောင်တဲ ၄ လုံး ပျက်စီးခဲ့ရကြောင်း စစ်ဘေးရှောင်ကူညီသူထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံ-ပင်လောင်း နယ်စပ်ရှိ ဆောင်လန်စစ်ရှောင်စခန်းတွင် မေလ၂၁ ရက်နေ့က မိုးကြီးလေပြင်းတိုက်ခတ်မှုကြောင့် စစ်ဘေးရှောင်တဲ ၄ လုံးပျက်စီးခဲ့ရကြောင်း သိရသည်။ “လေကအရမ်းပြင်းတယ်။ လေတွေ တဲကိုသမလိုလိုတောင်ဖြစ်သွားတယ်။ ပျက်စီးသွားတဲ့တဲတော့ပြန်ပြင်ပြီး မိုးကာတော့ တိပ်နဲ့ဘဲ ဖာပြီး…

ဝင်ငွေမရှိဘဲ စစ်ရှောင်နေရချိန် ဆက်ကြေးမကြာခနကောက်ခံလာခြင်းကြောင့် ဒေသခံများအခက်အခဲဖြစ်နေ

ခမ်းသားငေါဝ်း မေ ၂၁၊ ၂၀၂၄ ဝင်ငွေမရှိဘဲ စစ်ရှောင်နေရချိန် ဟိုပုံးမြို့နယ် မဲနယ်တောင်‌ဒေသတွင် PNO ပြည်သူ့စစ်က ဆက်ကြေးမကြာခနကောက်ခံလာခြင်းကြောင့် ဒေသခံများ အခက်အခဲဖြစ်နေ‌သည်ဟု ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင်တကြောရှိ ရွာများတွင် PNO ပြည်သူ့စစ်က လုံခြုံရေး အတွက်ဟုဆိုကာ ဆက်ကြေးများမကြာခနကောက်ခံနေပြီး တိုက်ပွဲကြောင့်စစ်ရှောင်နေခဲ့ရ၍ ပြန်လည်ထူထောင်မှုများပြုလုပ်နေရသည့် အခြေအနေကြောင့် ဝင်ငွေမရှိသည့်အတွက် ဒေသခံများအခက်အခဲဖြစ်နေကြောင်း သိရသည်။…

ယမ်းထောင်းရင်းမတော်တဆ ပေါက်ကွဲမှုတွင် ဒဏ်ရာရခဲ့သူ နောက်တစ်ဦးထပ်မံသေဆုံး

ခမ်းသားငေါဝ်း မေ ၂၁၊ ၂၀၂၄ အောင်ပန်းတွင် ရိုးရာမီးလုံးပွဲအတွက် ယမ်းထောင်းရာမှ မတော်တဆပေါက်ကွဲ မှုဖြစ်စဥ်တွင် ဒဏ်ရာရခဲ့သူနောက်တစ်ဦးထပ်မံသေဆုံးသွားကြောင်း အောင်ပန်းနာရေးကူညီမှုထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၊ မင်္ဂလာရပ်ကွက်၌ မေလ ၁၄ ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် မီးလုံးပြုလုပ်ရာမှ ယမ်းပေါက်ကွဲ မှုဖြစ်စဥ်တွင် ဒဏ်ရာရခဲ့သူ နောက်တစ်ဦးသည် မေလ ၂၀ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ထပ်မံသေဆုံးသွားသည်။…

လက်နက်ကိုင်အဖွဲ့မှ ရိုက်နှက်​ခြင်း ခံခဲ့ရသည့်အမျိုးသမီး ဆေးကုသရန် အခက်ခဲဖြစ်နေ

ခမ်းသားငေါဝ်း မေ ၂၁ ၊ ၂၀၂၄ နေအိမ်ပြန်စဉ် လက်နက်ကိုင်အဖွဲနှင့်တိုး၍ရိုက်နက်စစ်ဆေးခံခဲ့ရသည့်ဆီဆိုင်မြို့ဒေသခံ အသက် ၄၀ ဝန်းကျင် အမျိုးသမီးတစ်ဦး ဆေးကုသရန် အခက်ခဲရှိနေကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နေ ဒေသခံအမျိုးသမီးတစ်ဦးသည် မတ်လအတွင်းက အိမ်ပြန်လာစဉ် PNO ပြည်သူ့စစ်နှင့် ကရင်နီ တော်လှန်ရေးအဖွဲ့များတို့နှင့်တွေ့ဆုံခဲ့၍ နှစ်ဖက်လက်နက်ကိုင်အဖွဲ၏ ရိုက်နှက်ခြင်းခံရပြီး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ “အိမ်ပြန်လာတာ PNO နဲ့တွေ့တယ်…