ကယန်းကျေးရွာအုပ်စု ကုန်းနိမ့်ပိုင်း တဲထိုးနေရသည့် စစ်ရှောင်များ ရေကြီးမှုကြောင့်နှစ်မြှုပ်ပြီးအခက်ခဲဖြစ်
ခမ်းသားငေါဝ်း ဇွန်လ ၆၊ ၂၀၂၄ အလယ်ကယန်းကျေးရွာအုပ်စုအတွင်း ကုန်းနိမ့်ပိုင်းတွင် တဲထိုးနေရသည့် စစ်ရှောင်များ ရေကြီးမှုကြုံတွေ့နေရပြီး နေထိုင်ရေးများ ခက်ခဲနေကြကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ အလယ်ကယန်းကျေးရွာအုပ်စုအတွင်း ဇွန်လ ၅ ရက်နေ့တွင် မိုးကြီးပြီး ရေချောင်းနှင့် မြောင်းများ ရေပြည့်လျှံခြင်းကြောင့် ကုန်နိမ့်ပိုင်းတွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ “နှစ်စဉ် မိုးကြီးတယ်ဆိုပေမယ့် ဒီနှစ်လောက်မိုးကမကြီးဘူး။ဒီနှစ်ကျ စစ်ရှောင်အိမ်တွေ…