အာဏာရှင်စနစ်ချုပ်ငြိမ်းရေးကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ရှမ်းလူငယ်ထုဆို
ခမ်းသားငေါဝ်း ဇွန်လ ၈၊ ၂၀၂၄ ရှမ်းအမျိုးသားညီညွတ်ရေး၊ တိုင်းရင်းသားများနှင့်ယှဥ်တွဲနေထိုင်ရေး၊ အာဏာရှင်စနစ်ချုပ်ငြိမ်းရေးများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပထမအကြိမ် ရှမ်း(တိုင်း)လူငယ်ထုညီလာခံမှသဘောထားထုတ်ပြန်ထားသည်။ ရှမ်းလူငယ်ထုညီလာခံကို ကမေလ ၁၃ ရက်နေ့ မှ ၁၅ ရက်နေ့ထိ ထိုင်းမြန်မာနယ်စပ်တစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့ပကြောင်းသိရ သည်။ ညီလာခံတွင် နိုင်ငံရေး၊စစ်ရေး၊တော်လှန်ရေးဆိုင်ရာကဏ္ဍများအပါအဝင် သဘာဝပါတ်ဝန်းကျင်နှင့်သယံဇာတအရင်းမြစ်ဆိုင်ရာကဏ္ဍ၊ လူ့အခွင့်အရေးနှင့် အမျိုးသမီးဆိုင်ရာကဏ္ဍတို့ကို ဦးစားပေးဆွေးနွေးဖလှယ်ခဲ့ကြကြောင်းသိရသည်။ ” လက်ရှိညီလာခံသဘောထားအကျဥ်းချုပ်ရလဒ်ရတော့ ရှမ်း အမျိုးသားညီညွတ်ရေး၊…