Category: သတင်း

တောင်ကြီးမြို့ပေါ်တွင် စစ်ကောင်စီနှင့်ရဲများက VPN အကြာင်းပြပြီး ပြည်သူများထံ ငွေညှစ်မှုရှိနေ

ခမ်းသားငေါဝ်း ဇွန် ၁၄၊ ၂၀၂၄ တောင်ကြီးမြီု့တွင် စစ်ကောင်စီနှင့်ရဲများက VPN အကြောင်းပြပြီး ဇွန် ၁၃ ရက်က ပြည်သူများထံ ငွေညှစ်ခြင်းများရှိနေကြောင်း ဒေသခံထံက သိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ အိုးရှင်း(စင်တာ)ရှေ့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့်ရဲများက ဖုန်းစစ်ဆေးခြင်းများပြုလုပ်ပြီး VPN တွေ့ရှိသူများထံ ငွေတောင်းခံခြင်း၊ ငွေညစ်ခြင်းပြုလုပ်ခဲ့သည်၊၊ ”ဆိုင်ကယ်ဦးထုပ်ကို ကြည့်ဖမ်းပြီး ဖုန်းစစ်တယ် VPN မိရင် ပိုက်ဆံ၂…

မဲနယ်တောင်ဘက်တွင် တိုက်ပွဲပြန်ဖြစ်မည်ကိုစိုးရိမ်ပြီး နှစ်ရှည်ပင်ထက် အမြန်ရိပ်သိမ်းနိုင်မည့် သီးနှံများစိုက်ပျိုး

ခမ်းသားငေါဝ်း ဇွန် ၁၃၊ ၂၀၂၄ မဲနယ်တောင်ဒေသတွင် တိုက်ပွဲနောက်တစ်ကြိမ်ဖြစ်ပွားမည်ကိုစိုးရိမ်သည့်အတွက် နှစ်ရှည်ပင်ထက်အမြန်ရိတ်သိမ်းနိုင်မည့် သီးနှံပင်များအား စိုက်ပျိုးထားကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ၊ ဟိုပုံးမြို့နယ်မဲနယ်တောင်ဒေသတွင် နောက်တစ်ကြိမ်တိုက်ပွဲပြန်ဖြစ်လာမည်ကိုစိုးရိမ်သည့်အတွက် နှစ်ရှည်ပင်ဖြစ်သည့် ကော်ဖီ၊ ဘိန်း၊ လက်ဖက်၊ သနပ်ဖက်များကို မစိုက်ပျိုးကြတော့ဘဲ မိသားစုစားဝတ်နေရေးအတွက် အလွယ်တကူစားသုံးလို့ရမည့်ဟင်းသီးဟင်းရွက်နှင့်စပါး၊ ပြောင်းတွေကိုသာအဓိကထားပြီးစိုက်ပျိုးခဲ့ကြောင်းသိရသည်။ “နောက်တစ်ကြိမ် တိုက်ပွဲပြန်ဖြစ်မှာကို စိုးရမ်တယ်ပေါ့နော်၊ဒါကြောင့်နှစ်ရှည်ပင်တွေကို မစိုက်ပျိုးတော့ဘဲနဲ့နှစ်ရှည်ပင်အစား အလွယ်တကူစားသုံးလို့ရမဲ့ဟာကိုပဲ ပိုပြီးစိုက်ဖြစ်တယ်…

မိုးများပြီးဂေါ်ဖီထုပ်များ ပျက်စီးကုန်သည့်အတွက် စျေးနှုန်းအဆမတန် မြှင့်တက်နေ

ခမ်းသားငေါဝ်း ဇွန် ၁၃၊ ၂၀၂၄ ယခုရက်ပိုင်းတွင် မိုးဆက်တိုက်ရွာသွန်းသည့်အတွက် ဂေါ်ဖီခင်းများပျက်စီးကုန်ပြီး ဂေါ်ဖီထုပ်များ အဆမတန်စျေးမြှင့်တက်နေကြောင်း ဒေသခံထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဂေါ်ဖီထုပ်စိုက်သည့်ဒေသများတွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဂေါ်ဖီထုပ်များပျက်စီးကုန်ပြီး ရှားပါးလာသည့်အတွက် စျေးတက်နေသည်။ “မိုးအရမ်းရွာတော့ ပျက်စီးကုန်တယ် စိုက်တာသိပ်မဖြစ်ဘူး တစ်ခြံဆိုနည်းနည်းပဲရတော့ စျေးတက်ကုန်တာ”ဟု ဂေါ်ဖီထုပ်စိုက်ပျိုးသည့် တောင်သူတစ်ဦးကပြောသည်။ ပြီးခဲ့သည့်ဧပြီလတွင် ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ၂၀၀ ကျပ်၊ ၃၀၀ကျပ်၊ ၄၀၀ကျပ်အထိသာရှိနေပြီး…

စစ်ကောင်စီ၏ လက်နက်ကြီးနှင့်မြေမြုပ်မိုင်းကြောင့် ဇွန်လအတွင်း ပြည်သူ ၁ ဦးသေဆုံး၊ ၆ ဦးထိခိုက်ဒဏ်ရာရ

ခမ်းသားငေါဝ်း ဇွန် ၁၃၊ ၂၀၂၄ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနယ်မြေလယ်ခထွီခရိုင်အတွင်း၌ ဇွန်လအတွင်း စစ်ကောင်စီ၏လက်နက်ကြီးနှင့်မြေမြုပ်မိုင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရခဲ့ကြောင်း ကေအဲန်ယူဗဟိုမှ ထုတ်ပြန်ထားသည်။ ကေအဲန်ယူ-မူးမြို့နယ်အုပ်ချုပ်နယ်မြေအတွင်း ဇွန်လ ၄ ရက်နေ့တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကြိတ်ခါးကုန်းကျေးရွာနေ ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရခဲ့ ပြီး ဇွန်လ ၆ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်မှ ထွနီကုန်းကျေးရွာအတွင်းသို့ ရည်ရွယ်ချက်ရှိရှိလက်နက်ကြီးပစ်ခတ်ခဲ့ခြင်းကြောင့်…

ရွှေစျေး၊ဒေါ်လာစျေးပြန်ကျသော်လည်း စားသုံးကုန်စျေးဆက်လက်မြှင့်တက်နေခြင်းကြောင့် အခြေခံလူတန်းစားများ အခက်အခဲဖြစ်

ခမ်းသားငေါဝ်း ဇွန် ၁၃ ၊ ၂၀၂၄ ရွှေစျေးနှင့်ဒေါ်လာစျေးပြန်ကျသော်လည်း အခြေခံစားသောက်ကုန်များစျေးဆက်လက်မြှင့်တက်နေခြင်းကြောင့် အခြေခံလူတန်းစား ပြည်သူများ အခက်အခဲဖြစ်နေရကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်မေလက ရွှေစျေးနှင့် နိုင်ငံခြားငွေလဲနှုန်းအဆမတန်မြှင့်တက်ခဲ့ပြီး အခြေခံစားသုံးကုန်များလည်း စျေးမြှင့်တက်ခဲ့ကာ ယခုတွင် ရွှေစျေးများ ပြန်လည်ကျဆင်းသော်လည်း အခြေခံစားသုံးကုန်စျေးနှုန်းများ ဆက်လက်မြှင့်တက်နေခြင်းကြောင့် ‌အခြေခံလူတန်းစားပြည်သူများ စားဝတ်နေရေးအခက်အခဲဖြစ်နေသည်၊၊ “စျေးနှုန်းတွေက ကိုယ်ရတဲ့လစာနဲ့မကိုက်တော့ဘူး ဝင်ငွေနဲ့ထွက်ငွေကလုံးဝမညီမျှတော့ဘူး ဖရုံရွက်တောင်တစ်စီးငါးရာ အသားငါးတွေမစားနိုင်လို့အသီးအရွက်တွေဝယ်စားပါတယ်ဆို အသီးအရွက်တွေပါစျေးတက်ကုန်တော့…

ရှမ်းတောင် တိုက်ပွဲအတွင်း အရပ်သားသေဆုံးသူ ၇၇ ဦးရှိလာ

ခမ်းသားငေါဝ်း ဇွန် ၁၃၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ တိုက်ပွဲဖြစ်ပွားသည့် လေးလကျော်အတွင်း အရပ်သားသေဆုံးသူ ၇၇ ဦးရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀၀ ဦးကျော်ရှိပြီဖြစ်ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO ထုတ်ပြန်ချက်အရသိရသည်။ တိုက်ပွဲဖြစ်သည့် ၁၄၀ ရက်အတွင်း အရပ်သားပြည်သူ ၇၇ သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၁၀၁ ရှိကာသေဆုံးသူသည် လက်နက်ကြီး၊လေကြောင်းတိုက်ခိုက်မှု၊ ဖမ်းဆီးခံရပြီး သတ်ဖြတ်ခံရခြင်းတို့ကြောင့် သေဆုံးမှုအများဆုံးဖြစ်ကြောင်း သိရသည်။…

မိုးများပြီး စိုက်ခင်းပျက်စီးမှုကြောင့် အင်းလေးဒေသ ခရမ်းချဥ်သီး စိုက်တောင်သူ အခက်တွေ့

ခမ်းသားငေါဝ်း ဇွန် ၁၂ ၊ ၂၀၂၄ ယခုနှစ်မိုးများသည့်အတွက် ခရမ်းချဉ်သီးစိုက်ခင်းများပျက်စီးပြီးအင်းလေးဒေသ ခရမ်းချဉ်သီး စိုက် တောင်သူများအခက်ကြုံနေရကြောင်းတောင်သူများထံ သိရသည်။ လက်ရှိခရမ်းချဉ်သီးအစိမ်းတစ်ပိဿာစျေးက ၇ ထောင် အမှည့်‌တစ်ပိဿာဈေး ၅ ထောင်ကျပ်ထိရရှိနေပြီး စျေးကောင်းရသည့်အချိန်ဖြစ်သည်။ “အခုကမိုးကျပြီဆိုတော့တစ်ချို့စိုက်ခင်းတွေဆိုရင်ရေတွေလွမ်းကုန်ပါပြီ၊ ကျန်တဲ့စိုက်ခင်းတွေကလည်းမသေချာတော့ပါဘူး ဘာလို့ဆိုမိုးတွေက တအားရွာလာတော့ရေတွေကြီးနေတော့အခက်ခဲရှိတယ်”ဟု ခရမ်းချဥ်စိုက်ပျိုးတောင်သူကိုမျိုးမြတ်ဇော်ကခမ်းသားငေါဝ်းကို ပြောသည်။ သွင်းအားစု ကုန်စျေးနှုန်းများမြှင့်တက်ခြင်းကြောင့်အပင်၌ကျရောက်နေသည့် ပိုးမွှားအန္တာရာယ်ကိုကာကွယ်နိုင်ရန်လည်းခက်ခဲလွန်းနေကြောင်း သိရသည်၊၊ “ဓာတ်မြေသြဇာစျေးကလဲအဆမတန်တက်နေတာဆိုတော့ ရောင်းရတဲ့စျေးနဲ့မြေသြဇာစျေးနဲ့ကမမျှတဘူး၊…

တိုက်အပွဲအတွင်း ပျက်စီးသွားသည့် ဆီဆိုင်မြို့ရှိ​​ဒေသ ခံနေအိမ်များကို ထောက်ပံ့ကြေးပေးအပ်

ခမ်းသားငေါဝ်း ဇွန် ၁၁၊ ၂၀၂၄ တိုက်ပွဲအတွင်း ပျက်စီးသွားသည့် ဆီဆိုင်မြို့ရှိဒေသခံ နေအိမ်များကို စစ်ကောင်စီလက်အောက်ခံလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပျက်စီးမှုအလိုက်ခွဲပြီး ထောက်ပံ့ ကြေးပေးအပ်ခဲ့​ကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့တွင် တိုက်ပွဲအတွင်းပျက်စီးသွားခဲ့သည့် နေအိမ်များကို စစ်ကောင်စီလက်အောက်ခံလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဇွန်လ ၇ ရက်နေ့တွင် ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။ “မီးအကုန်လောင်တဲ့အိမ်ဆို ၁၀ သိန်းပေးတယ်။အကုန်မလောင်တာတို့ကျတော့ ၇…

ဒေသမတည်ငြိမ်မှုကြောင့် စံကားဒေသဖက်တွင် ကျောင်းသားများနေ့တစ်ပိုင်းသာ ကျောင်းတက်ရ

ခမ်းသားငေါဝ်း ဇွန် ၁၁၊ ၂၀၂၄ စံကားအင်းဒေသ ဘုရားတောင်ရေဆိပ်ကျောင်းတွင် ဒေသတွင်း မတည်ငြိမ်မှုကြောင့် ကျောင်းတက်နေသည့် ကျောင်းသားများ နေ့တစ်ပိုင်းသာ ကျောင်းတက်နေရသည်ဟု ဇွန်လ(၁၁)ရက်နေ့တွင် ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားအင်းဒေသ ထီရီးကျေးရွာတွင် လက်နက်ကြီးအထိုင်ချပြီး ဘုရားတောင်ကျောင်းအနီးနားဖက် ဦးတည်ကာ မကြာခနလက်နက်ကြီး ပစ်ခတ်လာခြင်းတို့ကြောင့် ကျောင်းသားများစိုးရိမ်နေကြရသည်။ “ဒီဘက်မှာအခုအခြေအနေကအရမ်းကြီးလည်းမဆိုးသေးပေမဲ့ လက်နက်ကြီးသံတွေကတော့ နေ့တိုင်းနီးပါးကြားနေရတယ်၊ ကျောင်းကဖွင့်ပေမဲ့ ကျောင်းသားတွေကနေ့တစ်ပိုင်းပဲကျောင်းတက်ရတာ၊ ပြီးတော့စာသင်ကျောင်းမှာလည်းစာမသင်ရဘူး…

တောင်ကြီး-လွိုင်လင်ပြည်ထောင်စုလမ်းမကြီးသည် လမ်းကျဥ်းပြီး မိုးတွင်းပြုပြင်ခြင်းကြောင့် ကားများပိတ်မိ

ခမ်းသားငေါဝ်း ဇွန် ၁၁၊ ၂၀၂၄ ယခုရက်ပိုင်းအတွင်း မိုးရွာပြီး လမ်းပိုင်းတချို့ပျက်စီးခြင်းကို ပြင်နေသည့်အတွက်ကြောင့် တောင်ကြီး-လွိုင်လင်သွားရာလမ်းတွင် ကားတန်းများစွာပိတ်မိနေပြီး ခရီးသွားနှင့် ကားသမားများအခက် အခဲကြုံတွေ့နေကြရကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး-လွိုင်လင်ပြည်ထောင်စုလမ်းမကြီးသည်ကျဉ်းမြောင်းသလို အကွေ့အကောက်များပြီး ပျက်စီးသည့်လမ်းအားပြင်နေသည့်အတွက် ကားတန်းများပိတ်မိနေကြောင်းသိရသည်။ “ လမ်းကအဲတစ်လမ်းပဲအဆင်ပြေတယ် အရင်တုန်းကတခြားလမ်းရှိပေမယ့်လည်း သွားလို့မရတော့ဘူးသိပ်မသုံးကြတော့ဘူး ဒီတလမ်းပဲဝိုင်းသုံးကြတယ် လမ်းလည်းပြင်နေတယ်လမ်းလည်းကျဥ်းတော့ ခရီးက မကြာသင့်ပဲကြာနေတယ် “ဟု ခရီးသွားပြည်သူတစ်ယောက်ကပြောသည်။ တချို့ခရီးသွားများက…