Category: သတင်း

မိုးရေနှင့်မျောပါလာသည့်စစ်ကောင်စီတပ်အလောင်းများ တော်လှန်ရေးတပ်ဖွဲ့သင်္ဂြိုလ်ပေး

ခမ်းသားငေါဝ်း ဇွန် ၁၇၊ ၂၀၂၄ ညောင်လေးပင် ရွာအနီးတိုက်ပွဲအတွင်းသေဆုံးသည့် စစ်ကောင်စီတပ်သားများ ၃ လကျော်သည့်အထိ လာရောက်ကောက်ယူခြင်းမရှိခြင်းကြောင်း မိုးရွာသည့်အခါ လမ်းပေါ်နှင့်ပြောင်းခြံများထဲထိ မျောပါလာကြောင်း ဒေသခံထံကသိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ၊ညောင်လေးပင်ရွာ၊ ရေပူရွာအနီးတစ်ဝိုက်တွင် ပြီးခဲ့သည့် မတ်လတိုက်ပွဲအတွင်း ကျဆုံးခဲ့ကြသည့် စစ်ကောင်စီတပ်သားအလောင်းများကို လာရောက်ကောက်ယူခြင်းမရှိခြင်းကြောင့် ယခုလ မိုးကြီးသည့်အခါ ချောင်းထဲမြောင်းထဲရှိ ယင်းအလောင်းများ ရေထဲမျောပါလာပြီး တော်လှန်ရေးတပ်ဖွဲ့များက သင်္ဂြိုလ်ပေးခဲ့သည်၊၊…

ဆီဆိုင်မြို့တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့ ဒေသခံကားများကို ချောဆွဲမှုရှိနေ

ခမ်းသားငေါဝ်း ဇွန် ၁၇၊ ၂၀၂၄ ဆီဆိုင်မြို့တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့က ဒေသခံကားများကို ချောဆွဲပြီး တိုက်ပွဲဖြစ်ပွားနေသည့် ဒေသနှင့် ရှမ်း-ကယား နယ်စပ်တို့တွင် ခေါ်သွားကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့တွင် ဒေသခံများ စစ်ရှောင်ရာကနေမှပြန်လာပြီးနောက်စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ဒေသခံများကားကို ချောဆွဲပြီး တိုက်ပွဲဖြစ်နေသည့် ရှမ်းကယားနယ်စပ်ဒေသသို့ ပို့ဆောင်ရန် ခေါ်ဆောင်သွားခြင်းများရှိနေကြောင်း သိရသည်။…

အင်းလေးကန်အနောက်ဘက်ခြမ်းလုံကန်ကျေးရွာတွင် PNO ပြည်သူ့စစ်တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး

ခမ်းသားငေါဝ်း ဇွန် ၁၆၏ ၂၀၂၄ ညောင်ရွှေမြို့နယ် အင်းလေးကန်အနောက်ဘက်ခြမ်း လုံကန်ကျေးရွာရှိ PNO ပြည့်သူ့စစ်ဂိတ် ဇွန်လ ၁၅ ရက် မနက် ၈ နာရီအချိန်တွင် တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးသွားကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန်အနောက်ခြမ်း လုံကန်ကျေးရွာအနီးနမ့်ဟူးလမ်းဆုံတွင်ဦးခွန်ဇော် ဦးဆောင်သည့် PNO ပြည်သူ့စစ်ဂိတ်အား ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက လာရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် PNO…

နယ်စပ်ဒေသရှိ သူရိယစန္တာ ပအိုဝ်းအမျိုးသားအထက်တန်းကျောင်းဖွင့်ပွဲကျင်းပ

ခမ်းသားငေါဝ်း ဇွန် ၁၆၊ ၂၀၂၄ အခက်အခဲများကြားမှ ဖွင့်ထားသည့် ထိုင်းမြန်မာနယ်စပ်ရှိ သူရိယစန္တာ ပအိုဝ်းအမျိုးသားအထက်တန်းကျောင်းသည် ဇွန်လ ၁၅ ရက်နေ့တွင် ကျောင်းဖွင့်ပွဲကျင်းပခဲ့ခဲ့ကြောင်း သိရသည်။ သူရိယစန္တာပအိုဝ်းအမျိုးသားအထက်တန်းကျောင်းအား ပအိုဝ်းအမျိုးသားပညာရေးအတွက် ပအိုဝ်းကျောင်းသားနှင့်လူငယ်များကွန်ဂရက်(စ်) (PSYC)မှ ဦးဆောင်ဖွင့်လှစ်ခြင်းဖြစ်ပြီး ယခုနှစ်တွင်ကျောင်းသားကျောင်းသူ ၂၃ ဦးလာရောက်ပညာသင်ကြားကြကြောင်း သိရသည်။ “ကလေးတွေအတွက် ပညာရေး၊ စားဝတ်နေရေး၊ ကျန်းမာရေးကအစ တာဝန်ယူပေးရတော့ မြေပြင်မှာဦးဆောင်လုပ်ရတဲ့သူတွေအတွက် အခက်အခဲတွေအများကြီးရှိတယ်…

နီပွန်ဖောင်ဒေးရှင်းမှတဆင့် စစ်ဘေးရှောင်အတွက် လှူဒါန်းသည့်ဆန်များ ဆီဆိုင်စစ်ဘေးရှောင်များ မရရှိ

ခမ်းသားငေါဝ်း ဇွန်လ ၁၆၊ ၂၀၂၄ ဆီဆိုင်မြို့တိုက်ပွဲကြောင့် အနယ်နယ်အရပ်ရပ်သို့ စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး လူသားချင်းစာနာထောက်ထားမှု ဖြင့် နီပွန်ဖောင်ဒေးရှင်းက ထောက်ပံ့ကူညီခဲ့သော်လည်း ဆီဆိုင်မြို့ဒေသခံ အများစု မရရှိခဲ့ကြောင်း ဒေသခံများ ထံသိရသည်။ ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့တွင် ဖြားခွန်ဥက္ကာ ဦးဆောင်ပြီး နီပွန်ဖောင်ဒေးရှင်းမှ ဆန်အိတ်(၃၃၀၀) ကို ရှမ်းတောင်ရှိစစ်ဘေးရှောင်ပြည်သူများ လှူဒါန်းခဲ့ကြောင်း သတင်းများထွက်ရှိသော်လည်း မြေပြင်စစ်ရှောင်များထံ ရောက်ရှိခြင်းမရှိကြောင်းသိရသည်။…

နောင်ရင်းရွာ အမျိုးသမီးတစ်ဦး မိုင်းနင်းမိရာခြေထောက်တစ်ဖက်ပြတ်သွားပြီး ပြင်းထန်စွာဒဏ်ရာရရှိ

ခမ်းသားငေါဝ်း ဇွန် ၁၆၊ ၂၀၂၄ နောင်ရင်းရွာအမျိုးသမီးတစ်ဦး မိုင်းနင်းမိသဖြင့် ခြေထောက်တစ်ဖက်ပြတ်သွားပြီး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့၊ နောင်ရင်းရွာနေ နန်းထားထားရီသည် ဇွန်လ ၁၃ ရက်က ထိုင်းနိုင်ငံရှိ အစ်မဖြစ်သူနှင့် ဖုန်းပြောရန် ဖုန်းလိုင်းရှာစဥ် ရွာပြင်တွင် မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ပြတ်သွားသည့်အပြင် မျက်လုံးနှင့် ခန္ဓာကိုယ်တစ်ခုလုံး မိုင်းစထိမှန်ပြီး ဒဏ်ရာရရှိခဲ့သည်။ “သူ့ဒဏ်ရာက ပြင်းထန်တယ်။ခုတော့…

စစ်အာဏာရှင် မှန်သမျှအမြစ်ပြတ်တိုက်ဖျက်ရေး ဆက်လက်လုပ်ဆောင်သွားမည်ဟု PNLA ပြောဆို

ခမ်းသားငေါဝ်း ဇွန်လ ၁၅၊၂၀၂၄ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) သည် ဘဝတူ ညီနောင်များနှင့်အတူ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ အမြစ်ပြတ်တိုက်ဖျက်ရေးတွင် ဆက်လက်ပါဝင်လက်တွဲသွားမည်ဟု တပ်တည်ထောင်ခြင်း ၁၇ နှစ်ပြည့်အခမ်းအနားတွင်ပြောဆိုလိုက်သည်။ ” ကျွန်တော်တို့ရဲ့မူလ ရည်မှန်းချက်ဖြစ်တဲ့၊ အမျိုးသားလွတ်မြောက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေးတွင် ညီနောင်တိုင်းရင်းသားများနှင့်အတူ ဆက်လက်လက်တွဲဆောင်ရွက်သွားမယ်”ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ခမ်းသားငေါဝ်းကို ပြောသည်။ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA တည်ထောင်ခြင်း…

မောင်တောမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၄ ခုကို AA ထပ်မံသိမ်းပိုက်လိုက်ပြီး ဗိုလ်မှူးကြီး ၁ ဦးအပါအဝင် ၂၀၀ ကျော်သေဆုံး

ခမ်းသားငေါဝ်း ဇွန်လ ၁၅၊ ၂၀၂၄ ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၄ ခုကိုဇွန်လ ဒုတိယပါတ်အတွင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း အာရက္ခတပ်တော် AA ကဇွန်လ ၁၄ ရက်နေ့တွင်ထုတ်ပြန်ထားပါသည်။ မောင်တောမြို့နယ်အတွင်းရှိ နခခ ၄ တပ်ရင်းငှာနချုပ်နှင့် အလယ်သံကျော်စခန်းတို့ကို ဇွန်လ ၁၀ ရက်နေ့ တွင်လည်းကောင်း၊ မောရဝတီဗျူဟာနှင့် နခေါင်းတိုစခန်းတို့အား ဇွန်လ ၁၃ ရက်နေ့တွင်လည်းကောင်း…

မိုးဗြဲ‌ရေ ကာတာကို စစ်ကောင်စီက ထိန်းချုပ်ထာထားသဖြင့် ပြည်သူများရေ မရဘဲ လယ်စိုက်ရန်အခက်အခဲဖြစ်နေ

ခမ်းသားငေါဝ်း ဇွန်လ ၁၄၊ ၂၀၂၄ မိုးဗြဲ‌ရေကာတာကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားဆဲဖြစ်သည့်အတွက် ပြည်သူများရေမရဘဲ လယ်စိုက်ပျိုးရန်အခက်အခဲဖြစ် နေ ရကြောင်းသိရပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်ရှိ မိုးဗြဲ ရေကာ တာကို စစ်ကောင်စီက ထိန်းချုပ်ထား‌နေပြီး ဒေသခံများ၏လယ်ယာတွင်ရေမရရှိဘဲ လယ်ယာစိုက်ပျိုးခြင်းလည်းမပြုရကြောင်းသိရသည်။ “သူတို့ရေမဖွင့်‌ပေး တော့ လယ်မစိုက်ရတော့ဘူး လယ်မစိုက်ရတော့ ပြောင်းတွေပဲ‌စိုက်ရတယ် ပြောင်းစျေးက အဲလောက်မရဘူးလေ ခုဆိုဆန်ကလည်း တစ်အိတ်တစ်သိန်းကျော်တောင် တကယ်လို့…

နောင်ချိုတွင်စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးပြင်းထန်ဒဏ်ရာရရှိ

ခမ်းသားငေါဝ်း ဇွန်လ ၁၄၊ ၂၀၂၄ ရှမ်းပြည်နယ်မြောက် ပိုင်း၊နောင်ချို့မြို့နယ်၊ သုံးဆယ်ကျေးရွာကို စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်ခဲ့ခြင်းကြောင့် ပြည်သူ ၁ ဦးပြင်းထန်ဒဏ်ရာရသွားကြောင်း PSLF/TNLA ကထုတ်ပြန်ထားသည်။ အုမ္မတီးရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့သည် ဇွန်လ ၁၂ ရက်နေ့ ည ၁၁ နာရီမှ ၁၂ နာရီအထိ သုံးဆယ်ကျေးရွာဘက်ကို လက်နက်ကြီး ၃ ကြိမ်ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံအမျိုးသား…