Category: သတင်း

အလုပ်အကိုင်အဆင်မပြေ၍ ထိုင်းနိုင်ငံရောက် ပအိုဝ်းလူငယ်သမီးရည်းစားနှစ်ဦးမိမိကိုယ်ကို အဆုံးစီရင်

ခမ်းသားငေါဝ်း နိုဝင်ဘာ ၇၊ ၂၀၂၄ ထိုင်းနိုင်ငံရောက်ပအိုဝ်းလူငယ်သမီးရည်းစားနှစ်ဦးသည် အလုပ်အဆင်မပြေ၍ စိတ်ဖိစီးမှုများပြီးမိမိကိုယ်ကို အဆုံးစီရင်မှုဖြစ်ပွားခဲ့ကြောင်း နိုဝင်ဘာလ (၇)ရက်နေ့က (နွောင်ꩻရာꩻကူႏညီႏရေꩻအစွိုꩻ)အဖွဲ့ ထံမှသိရသည်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ နဝမင်း(၆၃)တွင် နိုဝင်ဘာလ (၇)ရက်နေ့နံနက်၌ အသက်(၂၄)နှစ်အရွယ် ခွန်ဖြိုးလေးသည် သူ့ရည်းစားဖြစ်သူ အသက်(၁၈)နှစ်နန်းဗိုလ်ဗီးအား သတ်ပြီးမိမိကိုယ်ကိုလည်း အဆုံးစီရင်သွားကြောင်းသိရသည်။ “သူတို့နှစ်ယောက်က ဒီကိုမလာခင်ကတည်းက သမီးရည်းစားဖြစ်ကြတာ ဒီဘက်လာတာလည်းတစ်နှစ်တော့ကျော်ပြီ၊ ကောင်လေးကအလုပ်အဆင်မပြေမှုတွေ ခနခနဖြစ်တော့ ဒီရက်ရွာပြန်ဖို့လုပ်နေတာ၊…

ဟဲဆပ်ဘုန်းကြီးကျောင်းနှင့် နောင်တရားရောက်စစ်ရှောင်များစားနပ်ရိက္ခာနှင့်တစ်ကိုယ်ရည်အသုံးဆောင်အရေးပေါ်လိုအပ်

ခမ်းသားငေါဝ်း နိုဝင်ဘာ ၇၊၂၀၂၄ ညောင်ရွှေမြို့ ဟဲဆပ်ဘုန်းကြီးကျောင်းနှင့်နောင်တရားရောက် ဗန်းမောက်ရွာသားစစ်ရှောင် ၆၀ ကျော် စားနပ်ရိက္ခာနှင့်တစ်ကိုယ်ရည်အသုံးဆောင်များအရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်သူများထံသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ရှမ်း-ကယားနယ်စပ် အနီးရှိ လုံးပြင်ကျေးရွာအုပ်စု၊ ဗန်းမောက်ကျေးရွာတွင် တိုက်ပွဲပြင်းထန်နေပြီး ဒေသခံများအဝတ်တထည်ကိုယ်တခုနှင့်သာ စစ်ဘေးတိမ်းရှောင်ခဲ့ရသည်။ “လိုအပ်မှုတွေက အများကြီးပဲ အချို့ကပြေးလာတာ ဖိနပ်တောင်မပါဘူး။ ကိုယ်တစ်ခုနဲ့ပဲပြေးလာရတာ။ အဲနေ့က ပြေးလာတုန်း ဒရုန်းနဲ့မျက်စိရှေ့ပစ်ခံရတော့ အချို့ဆိုလန့်ပြီး စိတ်ပိုင်းဆိုင်ရာတွေလည်း ထိခိုက်နေတယ်”…

ဖယ်ခုံအနောက်ဖက်ခြမ်းရှိစစ်ရှောင်များအတွက် မိုးကာ၊ စောင်နှင့် အနွေးထည်များလိုအပ်နေ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၇၊ ၂၀၂၄ ဖယ်ခုံအနောက်ဖက်ခြမ်းတွင် စစ်ဘေးရှောင်များအတွက် မိုးကာ၊ စောင် နှင့် အနွေးထည်များလိုအပ်နေကြောင်းစစ်ရှောင်ကူညီနေသူတစ်ဦးထံမှသိရသည်။ ရှမ်း-ကရင်နီ(ကယား) နယ်စပ်၊ ဖယ်ခုံမြို့ အနောက်ဖက်ခြမ်း တွင် ဆောင်းတွင်းအတွက် စစ်ဘေးရှောင်များ မိုးကာ၊ စောင် နှင့် အနွေးထည် များလိုအပ်နေသည်။ ” တဲတွေကလည်း နှစ်ချို့နေပြီဆိုတော့မိုးကာတွေလည်းဆွေးပြီးပေါက်ပြဲကုန်ပြီ၊ ဆောင်းတွင်းဆို ဆီးနှင်းတွေ ကျရင် ရေယိုမှာပဲ၊ ပြီးတော့…

မော်တော်ယာဉ်များအားလုံး ယာဉ်စစ်ဆေးပြီးမှသာ ယာဉ်မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်ပေးတော့ မည်ဟုဆို

ခမ်းသားငေါဝ်း နိုဝင်ဘာ ၇၊ ၂၀၂၄ မော်တော်ယာဉ်များအားလုံး လာမည့်၂၀၂၅ခုနှစ် ဇန်နဝါရီလကစပြီး ယာဉ်စစ်ဆေးပြီးမှသာ ယာဉ်သက်တမ်းတိုးခြင်းအပါအဝင် ယာဉ်မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သက်ဆိုင်ရာမှ ထုတ်ပြန်ထားသည်။ အများပြည်သူဆိုင်ရာ လမ်းများပေါ်တွင် အန္တရာယ် ကင်းစွာသွားလာနိုင်ရေးအတွက် ထိုသို့ လုပ်ငန်းစဉ် ဆောင်ရွက် ရခြင်း ဖြစ်ကြောင်းကိုလည်း ရှင်းပြထားသည်။ “ အခု ဆိုရင် အခိုင်အမာ အထောက်အထား လိုအပ်ပြီပေါ့။…

ရှမ်းပြည်နယ်တောင်ပိုင်းတွင် မီးပျက်ချိန် များလာသဖြင့် လုပ်ငန်းများအခက်ခဲကြုံတွေ့နေရ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၇၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်းတွင် လျှပ်စစ်မီး ပြတ်တောက်မှု ပိုမိုများလာသဖြင့် လုပ်ငန်းများ ခက်ခဲမှု ရှိကြောင်း လုပ်ငန်းရှင်များထံမှသိရသည်။ နိုဝင်ဘာလ အစောပိုင်းတွင် လျှပ်စစ်မီးပြတ်တောက်ခဲ့ရာ ၂၄ နာရီ တစ်ရက်နီးပါး ပြတ်တောက်မှု လည်းရှိသလို ၊ လာချင်သလိုလာ၍ ပြတ်တောက်ချင်သလို ပြတ်တောက်နေကြောင်း တောင်ကြီးမြို့မှ ဒေသခံ တစ်ဦးက ပြောသည်။ “အရင် တနေ့ည…

မိုးထပ်မံရွာ၍ အင်းလေးကန်တွင် ရေ ၂ လက်မ ကျော် ပြန်တက်ပြီး ရေထပ်တက်မည်ကိုဒေသခံစိုးရိမ်

ခမ်းသားငေါဝ်း နိုဝင်ဘာ ၇၊၂၀၂၄ အင်း​လေးဒေသတွင် နိုဝင်ဘာ ၆ ရက်က မိုးတနေကုန် ရွာသွန်းသောကြောင့် အင်းလေးကန် မကျည်းဆိပ်တွင် ရေ ၂ လက်မ ခွဲ ကျော်ရေပြန်တက်လာနေကြောင်း မိုးလေဝသ တိုင်းတာချက် အရ သိရသည်။ Weather Station တပ်ထားသော နေရာများရှိ နိုဝင်ဘာလ (၆) ရက် ညဘက် (၇) နာရီ…

ဆီဆိုင်မြို့တွင် ကုန်ဈေးနူန်းများမြင့်တက်နေသည့်ကြား ကော်ဖိထုပ်နှင့်ကြက်သွန်နီများကဈေးပိုကောင်းနေ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၆၊ ၂၀၂၄ ဆီဆိုင်မြို့တွင်ကုန်ဈေးနူန်းများမြင့်တက်နေသည့်ကြားတွင် ကော်ဖိထုပ်နှင့်ကြက်သွန်နီများကဈေးပိုကောင်းနေကြောင်း ဈေးရောင်းသောသူများထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့တွင်ပြီးခဲ့တဲ့စက်တင်ဘာလတွင် ကော်ဖိထုတ်တစ်အိတ်ကို ၇ ထောင်ကျပ်ပဲပေး‌၀ယ်ရပြီး အခု အောက်တိုဘာလနောက်ဆုံးပတ်မှစပြီး နို၀င်ဘာလ ၆ ရက်နေ့ အထိ ကော်ဖိထုပ်တစ်အိတ်ကို သုံးသောင်းခွဲကျပ်အထိပေး၀ယ်နေရကြောင်းနှင့် ကြက်သွန်နီလက်ရှိ၀ယ်ဈေးအရအလုံးကြီးတစ်အိတ်ကို ၅ သောင်းကျပ်ပေးရ၀ယ်ရပြီးကြက်သွန်နီအလတ်ကိုတစ်အိတ် ၄ သောင်း ၈ ထောင်ပေး၀ယ်ရသည်။ “ ကုန်ပစ္စည်းတိုင်းလိုလိုကဈေးတက်နေတာ၊…

တအာင်းဒေသအတွင်း သွင်းကုန်၊ ပို့ကုန်အပေါ် အခွန်ကင်းလွတ်ခွင့်ပြုကြောင်း PSLF/TNLA ထုတ်ပြန်

ခမ်းသားငေါဝ်း နိုဝင်ဘာ ၆၊ ၂၀၂၄ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)သည် တအောင်းဒေသအတွင်းရှိ ပြည်သူများ၏ အခက်ခဲကို ဖြေရှင်းနိုင်ရန် ပို့ကုန်/သွင်းကုန်အပေါ် အခွန်ကင်းလွတ်ခွင့်ပြုကြောင်း အောက်တိုဘာ (၅)ရက်က ထုတ်ပြန်ထားသည်။ ထိုအခွန် ကင်းလွတ်ခွင့်တွင် မြန်မာပြည် (မန္တလေး)မှ တအာင်းဒေသအတွင်းသို့ တင်သွင်းသည့် စားသောက်ကုန်ပစ္စည်းများ၊ စက်သုံးဆီအမျိုးမျိုးနှင့် အိမ်သုံးကုန်ပစ္စည်းများသာ အကျုံးဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သို့သော် (PSLF/TNLA) ၏…

ကျောင်းသားများကို မိုက်ရိုင်းစွာဆဲဆိုပြီး စာမရသည့်ကလေးများအား ကျောင်းမလာရန် ကျောင်းဆရာကဆိုသည့်အတွက် ကလေးများအခက်အခဲဖြစ်နေ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၆၊ ၂၀၂၄ တောင်ကြီးမြို့ ၊ အထက အမှတ် (၅) ရှိ ကျောင်းဆရာတစ်ယောက်သည် ကျောင်းသားများက်ို မိုက်ရိုင်းစွာဆဲဆို မှုကြောင့် ကျောင်းသားအများစုသည် စိတ်ဒဏ်ရာရပြီးအခက်အခဲကြုံနေရကြာင်း အမည်မဖော်သူ ကျောင်းနှင်နီးစပ်သူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်ရှိ အမှတ်(၅)ကျောင်းရှိ ဆရာ တစ်ဦးသည် အတန်းချိန်နှင့် ပြင်ပ အချိန်တို့တွင် ကျောင်းသားများကို မိုက်ရိုင်းစွာဆဲဆိုခြင်းကြောင့် ကျောင်းသားတချို့စိတ်ဒဏ်ရာရပြီး…

မိုင်းရယ်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးမလုံလောက်မှုကြောင့် ကာကွယ်ဆေးများကို ကျေးသီးမြို့သို့ သွား‌ရောက်ထိုးနှံနေရ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၆၊၂၀၂၄ မိုင်းရယ်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးမလုံလောက်မှုကြောင့် ဒေသခံများ ရှမ်းတောင် ကျေးသီးမြို့တွင်သာ ကာကွယ်ဆေး သွားရောက် ထိုးနှံရကြောင်း ‌‌နိုဝင်ဘာလ (၆)ရက် ယနေ့တွင် စုံစမ်းသိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရယ်မြို့တွင် (၁၀၂၇) ဒုတိယလိုင်း စစ်ဆင်ရေးကစပြီး ရှမ်းပြည်နယ် မြောက်ပိုင်း မိုင်းရယ်မြို့တွင် မြန်မာနိုင်ငံတော်မှ ဆေးပို့ချမှု မလုပ်နိုင်သဖြင့် ကာကွယ်ဆေးကို ရှမ်းတောင်ကျေးသီးမြို့တွင်သာ သွားရောက်…