Category: သတင်း

လားရှိုးမြို့နေရာတချို့တွင် ဖုန်းလိုင်း၊အင်တာနက်လိုင်းပြန်လည်ရရှိပြီး လေကြောင်းတိုက်ခိုက်လာမည်ကိုစိုးရိမ်

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၁၊ ၂၀၂၄ ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ရှိ နေရာတချို့တွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြန်လည်ရရှိသော်လည်း လေကြောင်းတိုက်ခိုက်လာမည်ကို စိုးရိမ်နေကြကြောင်း နိုဝင်ဘာ (၁၁) ရက်နေ့တွင် ဒေသခံထံက သိရသည်။ MNDAA ထိန်းချုပ်ထားသော လားရှိုးမြို့တွင် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု စတင်ပြီး နောက်ပိုင်း ဒေသခံပြည်သူများ အနေဖြင့် StartLink(ဂြိုလ်တု အင်တာနက်လိုင်း)ကိုသာ အသုံးပြုခဲ့ရပြီး…

ယခုနှစ်တောင်ကြီး တောင်တိုင်ပွဲတွင် လိုင်စင်မဲ့ကား၊ ဆိုင်ကယ်များ တန်ဆောင်တိုင်ကွင်းအတွင်း ဝင်ခွင့်မပြု

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၀၊ ၂၀၂၄ ယခုနှစ်စစ်ကောင်စီ ကျင်းပသည့် တောင်ကြီးတန်ဆောင်တိုင်ပွဲတွင် ပွဲကျင်းပရာ အဝေရာကွင်းအတွင်းသို့ နေ့ခင်းဘက်လည်း လိုင်စင်မဲ့ ကား၊ ဆိုင်ကယ်များဝင်ခွင့်မပြုကြောင်း ဒေသခံထံကသိရသည်။ တောင်ကြီးတန်ဆောင်တိုပွဲ အဝင်လမ်း၊ အထွက်လမ်းဖြစ်သည့် စူဌာမုနိဘုရားဘက်လမ်းနှင့် အနောက်မြို့ပတ်ကွင်းအဝင်လမ်းများအား လိုင်စင်မဲ့ကား၊ ဆိုင်ကယ်များ ဝင်ရောက်ခြင်းမပြုရန် နိုဝင်ဘာ ၈ ရက်နေ့တွင် ဆိုင်းပုဒ်ထောင်ပြီး ပိတ်ပင်ထားသည်။ “မနေ့ရှေ့တနေ့ကအဲ့နေရာနားကဖြတ်သွားတုန်း မေးကြည့်တာ နေ့ဘက်လည်းမရဘူးလို့ပြောတယ်…

တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကာလ အတွင်း သူခိုးများပြီးဆိုင်ကယ် ပျောက်ဆုံးမှုများလာ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၀၊ ၂၀၂၄ တောင်ကြီးမြို့တွင် တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကာလ အတွင်း သူခိုးများလာပြီးဆိုင်ကယ်များ ပျောက်ဆုံးမှု ပိုများလာကြောင်း မြို့ခံများထံမှ စုံစမ်းသိရသည်။ တောင်ကြီးမြို့မစျေး ၊ ကုန်သည်လမ်းတွင် စျေးနေ့ စျေးဝယ်ရင်း မော်တော်ဆိုင်ကယ် ခေတ္တရပ်နားထားစဉ် ခိုးယူခံရခြင်း ရှိကြောင်း ၊ ထိုလမ်းပေါ် တစ်လျှောက်တွင် ဆိုင်ကယ် သုံးစီးထက် မနည်း နေ့စဉ် ပျောက်ဆုံးမှု ကြုံတွေ့နေရကြောင်း…

စစ်ကောင်စီကလေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်၍ ဖယ်ခုံမြို့နယ် ကာလကျေးရွာစစ်ရှောင် ၂ ဦးသေဆုံး

ခမ်းသားငေါဝ်း နိုဝင်ဘာ ၉၊ ၂၀၂၄ ဖယ်ခုံမြို့ အရှေ့ဖက်ကမ်းရှိ ကာလ ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့၍ စစ်ရှောင် ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ ခဲ့ကြောင်း ရှေ့တန်းမြေပြင် သတင်းရင်းမြစ် တစ်ဦးထံသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့ အရှေ့ဖက်ကမ်းရှိ ကာလကျေးရွာတွင် နိုဝင်ဘာလ ၈ ရက်နေ့ ည ၁၁ နာရီခွဲအချိန်က…

လွိုင်ကော်တွင် စစ်ကောင်စီက အမျိုးသားများအား စစ်မှုထမ်းခေါ်ယူနေ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၉၊ ၂၀၂၄ လွိုင်ကော်မြို့တွင် စစ်ကောင်စီက အမျိုးသားများအား စစ်မှုထမ်းခေါ်ယူနေ ကြောင်း စစ်ရှောင်နေသူ ဒေသခံအမျိုးသားတစ်ဦးထံမှသိရသည်။ ကရင်နီ( ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင်း နေထိုင်နေသည့် အသက် ၃၀ မှ ၅၀ နှစ်ကြားအမျိုးသားများအား အောက်တိုဘာလမှစတင်ပြီး ပြည်သူ့လုံခြုံရေးအတွက်ဆိုကာ စစ်မှုထမ်းခေါ်ယူနေသည်။ ” သူတို့ ( စစ်ကောင်စီ) ကရပ်ကွက်လုံခြုံရေးအတွက် ဆိုပြီး ပြည်သူ့စစ်ပုံစံမျိုးဖွဲ့မယ်လို့ပြောတယ်၊…

တောင်ကြီးမြို့တွင် ဝိုင်ဖိုင်လိုင်းများကို အချိန်ပိုင်း ဖြတ်တောက် နေသည်မှာ ၂ ရက်ရှိပြီ ဖြစ်ပြီး vpn များကိုလည်း ဘမ်းနေ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၉၊၂၀၂၄ ရှမ်းပြည်နယ် တောင်ပိုင်းတောင်ကြီးမြို့တွင် ဝိုင်ဖိုင် လိုင်းများကို အချိန်ပိုင်း ဖြတ်တောက် နေသည်မှာ ၂ ရက်ရှိပြီ ဖြစ်ပြီ vpn ဆာဘာ များကိုလည်းဘမ်းနေကြောင်း ကြားသိရသည်။ နိုဝင်ဘာလ (၇) ရက် ညနေပိုင်း အချိန်တွင် ဝိုင်ဖိုင် လိုင်းများ အားလုံးကို ဖြတ်တောက်ထားခြင်း ဖြစ်ကာညပိုင်း အချိန်ရောက်မှ ပြန်ဖွင့်ပေးကြောင်းနောနိုဝင်ဘာလ (၈)…

ရာသီဥတုအခြေအနေကြောင့်စစ်ကောင်စီပြုလုပ်မည့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ရက်ပြောင်းရွေ့ ကျင်းပ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၉၊၂၀၂၄ ယခုနှစ် စစ်ကောင်စီ ကျင်းပမည့် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို ရာသီဥတု အခြေအနေကြောင့် ရက်ပြောင်းရွေ့ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ တန်တောင်တိုင်ပွဲတော်ကို နိုဝင်ဘာ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပသွားမည်ဟု ယာထားသော်လည်း မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် နိုဝင်ဘာလ ၁၁ ရက်မှ ၁၇ ရက်အထိ ပြောင်းရွေ့ကျင်းပသွားမည်ဟုဆိုသည်။ ”…

အလုပ်အကိုင်အဆင်မပြေ၍ ထိုင်းနိုင်ငံရောက် ပအိုဝ်းလူငယ်သမီးရည်းစားနှစ်ဦးမိမိကိုယ်ကို အဆုံးစီရင်

ခမ်းသားငေါဝ်း နိုဝင်ဘာ ၇၊ ၂၀၂၄ ထိုင်းနိုင်ငံရောက်ပအိုဝ်းလူငယ်သမီးရည်းစားနှစ်ဦးသည် အလုပ်အဆင်မပြေ၍ စိတ်ဖိစီးမှုများပြီးမိမိကိုယ်ကို အဆုံးစီရင်မှုဖြစ်ပွားခဲ့ကြောင်း နိုဝင်ဘာလ (၇)ရက်နေ့က (နွောင်ꩻရာꩻကူႏညီႏရေꩻအစွိုꩻ)အဖွဲ့ ထံမှသိရသည်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ နဝမင်း(၆၃)တွင် နိုဝင်ဘာလ (၇)ရက်နေ့နံနက်၌ အသက်(၂၄)နှစ်အရွယ် ခွန်ဖြိုးလေးသည် သူ့ရည်းစားဖြစ်သူ အသက်(၁၈)နှစ်နန်းဗိုလ်ဗီးအား သတ်ပြီးမိမိကိုယ်ကိုလည်း အဆုံးစီရင်သွားကြောင်းသိရသည်။ “သူတို့နှစ်ယောက်က ဒီကိုမလာခင်ကတည်းက သမီးရည်းစားဖြစ်ကြတာ ဒီဘက်လာတာလည်းတစ်နှစ်တော့ကျော်ပြီ၊ ကောင်လေးကအလုပ်အဆင်မပြေမှုတွေ ခနခနဖြစ်တော့ ဒီရက်ရွာပြန်ဖို့လုပ်နေတာ၊…

ဟဲဆပ်ဘုန်းကြီးကျောင်းနှင့် နောင်တရားရောက်စစ်ရှောင်များစားနပ်ရိက္ခာနှင့်တစ်ကိုယ်ရည်အသုံးဆောင်အရေးပေါ်လိုအပ်

ခမ်းသားငေါဝ်း နိုဝင်ဘာ ၇၊၂၀၂၄ ညောင်ရွှေမြို့ ဟဲဆပ်ဘုန်းကြီးကျောင်းနှင့်နောင်တရားရောက် ဗန်းမောက်ရွာသားစစ်ရှောင် ၆၀ ကျော် စားနပ်ရိက္ခာနှင့်တစ်ကိုယ်ရည်အသုံးဆောင်များအရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်သူများထံသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ရှမ်း-ကယားနယ်စပ် အနီးရှိ လုံးပြင်ကျေးရွာအုပ်စု၊ ဗန်းမောက်ကျေးရွာတွင် တိုက်ပွဲပြင်းထန်နေပြီး ဒေသခံများအဝတ်တထည်ကိုယ်တခုနှင့်သာ စစ်ဘေးတိမ်းရှောင်ခဲ့ရသည်။ “လိုအပ်မှုတွေက အများကြီးပဲ အချို့ကပြေးလာတာ ဖိနပ်တောင်မပါဘူး။ ကိုယ်တစ်ခုနဲ့ပဲပြေးလာရတာ။ အဲနေ့က ပြေးလာတုန်း ဒရုန်းနဲ့မျက်စိရှေ့ပစ်ခံရတော့ အချို့ဆိုလန့်ပြီး စိတ်ပိုင်းဆိုင်ရာတွေလည်း ထိခိုက်နေတယ်”…

ဖယ်ခုံအနောက်ဖက်ခြမ်းရှိစစ်ရှောင်များအတွက် မိုးကာ၊ စောင်နှင့် အနွေးထည်များလိုအပ်နေ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၇၊ ၂၀၂၄ ဖယ်ခုံအနောက်ဖက်ခြမ်းတွင် စစ်ဘေးရှောင်များအတွက် မိုးကာ၊ စောင် နှင့် အနွေးထည်များလိုအပ်နေကြောင်းစစ်ရှောင်ကူညီနေသူတစ်ဦးထံမှသိရသည်။ ရှမ်း-ကရင်နီ(ကယား) နယ်စပ်၊ ဖယ်ခုံမြို့ အနောက်ဖက်ခြမ်း တွင် ဆောင်းတွင်းအတွက် စစ်ဘေးရှောင်များ မိုးကာ၊ စောင် နှင့် အနွေးထည် များလိုအပ်နေသည်။ ” တဲတွေကလည်း နှစ်ချို့နေပြီဆိုတော့မိုးကာတွေလည်းဆွေးပြီးပေါက်ပြဲကုန်ပြီ၊ ဆောင်းတွင်းဆို ဆီးနှင်းတွေ ကျရင် ရေယိုမှာပဲ၊ ပြီးတော့…