Category: သတင်း

မြောက်ပိုင်းမဟာမိတ်က အပစ်ရပ်ဖို့ကြေညာထားသော်လည်း စစ်ကောင်စီကထိုးစစ်ဆင်လာခြင်းကြောင့် တိုက်ပွဲဖြစ်ပွားနေ

ခမ်းသားငေါဝ်း ဇူလိုင် ၁၆၊ ၂၀၂၄ မြောက်ပိုင်းမဟာမိတ်ရဲ့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) ရဲ့ (၂၁) ရက်မြောက်နေ့တွင် စစ်ကောင်စီတပ်က စစ်ကူဖြည့်တင်းပြီး ထိုးစစ်ဆင်ခြင်းကြောင့် တစ်ဖက်သတ် အပစ်ရပ်ဖို့ ကြေညာထားသော်လည်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားသည်။ ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီတပ် ခမရ- ၅၀၁၊ ၅၀၂ တပ်ဖွဲ့ဝင်တွေက ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် တအာင်းတပ်မတော်…

လွိုင်ကော်မြို့ပြင်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေ

ခမ်းသားငေါဝ်း ဇူလိုင် ၁၆ ၊ ၂၀၂၄ လွိုင်ကော်မြို့ပြင် နေရာအချို့တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးထံမှ သိရသည်။ ကရင်နီ(ကယား) ပြည်နယ်၊ လွိုင်ကော်မြို့ရှိ ရပ်ကွက်အချို့နှင့် မြို့ပြင်နေရာများတွင် ထိတွေ့တိုက်ပွဲများနေ့စဥ်ဖြစ်ပွားနေသည်။ ”ပန်ကန်းဘက်၊ မိုင်းလုံးဘက် နဲ့ EDC ကျောင်းဖက်မှာတော့ မကြာခနထိတွေ့တိုက်ပွဲဖြစ်တယ်၊ နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေလည်းရှိတယ်၊ ဒါပေမယ့်အသေးစိတ်ကိုတော့ မထုတ်ပြန်ထားသေးဘူး” လို့ တော်လှန်ရေးရဲဘော်တစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။ မြို့တွင်းတွင် အခြေအနေငြိမ်နေသေးကြောင်း၊…

TNLA ကတဖက်သတ်အပစ်ရပ်ညွန်ကြားသော်လည်းစစ်ကောင်စီကလက်နက်ကြီးနှင့် လေကြောင်းစပ်ခတ်မှုကြောင့်ပြည်သူတစ်ဦးသေဆုံး

ခမ်းသားငေါဝ်း ဇူလိုင် ၁၅၊ ၂၀၂၄ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မှ ဇူလိုင်လ (၁၄)ရက်မှစပြီး လေးရက်တာ တစ်ဖက်သတ်အပစ်ရပ်ထားသော်လည်း စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးဆက်တိုက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား (၁)ဦးသေဆုံးပြီး (၃) ဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။ ကျောက်မဲမြို့တွင်ဇူလိုင်၁၅ ရက်ညနေ ၃ နာရီအချိန်က စစ်ကောင်စီမှ လက်နက်ကြီး အလုံး(၃၀)ခန့်ပစ်ခတ်ခဲ့ရာ နမ့်ဟူးတောင်အထက်ကျေးရွာနေ အဖွားအို (၁)ဦးထိမှန်သေဆုံးသွားသည်။…

ဆောင်းပြောင်းဒေသခံများ၏ ပစ္စည်းများအား စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ခိုးယူသယ်ထုတ်နေ

ခမ်းသားငေါဝ်း ဇူလိုင် ၁၅၊ ၂၀၂၄ ဆောင်းပြောင်းနှင့်ကောင်ဗာရွာထဲရှိ ကုန်စုံဆိုင်များနှင့်ပြည်သူနေအိမ်များတွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ပစ္စည်းများအား ခိုးယူသယ်ထုတ်နေကြောင်း ဒေသခံထံက သိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းနှင့်ကောင်ဗာရွာရှိ ဒေသခံနေအိမ်များနှင့် ကုန်စုံဆိုင်များအား စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်ကဖောက်ပြီး စားစရာနှင့်အခြားသောပစ္စည်းများ ခိုးယူသယ်ထုတ်နေကြောင်းသိရသည်၊၊ “အိမ်ကပစ္စည်းတွေ မွှေနှောက်ခံရတယ်၊ ဘုရားရုပ်ထုတွေ ဗီရိုတွေ လမ်းလယ်ခေါင်မှာလည်း ပြန့်ကျဲနေတာ”ဟု ဒေသခံတစ်ဦးကပြောသည်၊၊…

ရှမ်းမြောက်တွင် လေးရက်ကြာ အပစ်အခတ်ရပ်စဲမည်ဟု MNDAAထုတ်ပြန်

ခမ်းသားငေါဝ်း ဇူလိုင် ၁၅၊ ၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တရုတ်၏ကြားဝင်စေ့စပ်မှုအရ ဇူလိုင်လ ၁၄ ရက်နေ့ည ၁၂ နာရီမှ ဇူလိုင်လ ၁၈ ရက်အထိ လေးရက်ကြာ အပစ်အခတ်ရပ်စဲမည်ဖြစ်ကြောင်း ကိုးကန့်တပ်မတော် MNDAA ကထုတ်ပြန်ကြေညာထားသည်။ တရုတ်နိုင်ငံတွင် ဇူလိုင်လ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ တရုတ်ကွန်မြူနစ်ပါတီ၏ ၂၀ ကြိမ်မြောက် ဗဟိုကော်မတီ တတိယအကြိမ်…

နမ်းဗွန်ကျေးရွာအနီးတွင် PNO ပြည်သူ့စစ် နှစ်ဦးပစ်သတ်ခံရ

ခမ်းသားငေါဝ်း ဇူလိုင် ၁၅၊ ၂၀၂၄ နမ်းဗွန်ကျေးရွာအနီးတွင် PNO ပြည်သူ့စစ် နှစ်ဦးပစ်သတ်ခံရကြောင်း ဇူလိူင်လ ၁၅ ရက်နေ့တွင် ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် နမ်းဗွန်ရွာအနီးတွင် ဇူလိူင်လ ၁၄ ရက် မနက် ၁၁ နာရီအချိန်တွင် PNO ပြည်သူ့စစ် တပ်သားနှစ်ဦး ပစ်သတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်းသိရသည်။ “ဆိုင်ကယ်မောင်းရင်း ပစ်ခတ်ခံရပြီး သေသွားတာ။နှစ်ဦးစလုံးက…

စစ်ဆင်ရေးကာလအတွင်း တပ်ဖွဲ့ဝင်များအားလုံးလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား မန္တလေး PDF ထုတ်ပြန်

ခမ်းသားငေါဝ်း ဇူလိုင် ၁၅ ၊ ၂၀၂၄ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က စစ်ဆင်ရေးကာလအတွင်း တပ်ဖွဲဝင်များအားလုံး လိုက်နာရမည့် လမ်းညွှန်ချက်များကို ဇူလိုင်လ (၁၅)ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ စစ်ဆင်ရေးကာလအတွင်း လိုက်နာရမည့် စည်းကမ်းချက်(၂၈)ချက်ကို အပိုင်း(၃)ပိုင်းခွဲ၍ ထုတ်ပြန်ထားပြီး မြို့ ရွာများသိမ်းပိုက်ထိန်းချုပ်ရာတွင် အရပ်သားများအား ဖမ်းဆီးနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ ပြည်သူပိုင်ပစ္စည်းများအား အနိုင်အထက်ပြုသိမ်းယူခြင်း၊ စစ်မြေပြင်တွင် ပြည်သူ့ ပစ္စည်းယူသုံးပါက တန်ရာတန်ကြေးပေးရန်နှင့် ပြည်သူများအပေါ်…

ပင်လောင်းတွင်မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၁ ဦးနှင့်သုံးစွဲသူ ၄ ဦးတော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးရမိ

ခမ်းသားငေါဝ်း ဇူလိုင် ၁၅၊ ၂၀၂၄ ပင်လောင်းတွင် မူးယစ်ဆေးဝါးရောင်းဝယ်သူ ၁ ဦးနှင့် သုံးစွဲသူ ၄ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရှမ်းတောင်လူငယ်အင်အားစု အမှတ် ၁၀၀၈ တပ်ရင်း SSRY တပ်ရင်း ၁ က ဇူလိူင်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ကျေးရွာတစ်ရွာ၌ဇူလိူင်လ ၃ ရက်နေ့တွင် မူးယစ်ဆေးဝါးရောင်းဝယ်သူနှင့် သုံးစွဲသူ…

စစ်ကောင်စီဖမ်းမိသည့် တပ်ဖွဲ့ဝင် ၅ ဦး ခွင့်ယူစဉ်စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်ပြီး လက်နက်ရောင်းဝယ်ခြင်းကို ပြုလုပ်သည်ဟု RCSS ပြန်လည်ရှင်းလင်း

ခမ်းသားငေါဝ်း ဇူလိုင် ၁၄၊ ၂၀၂၄ နမ့်စန်တွင် လက်နက်ခဲယမ်းနှင့်အတူ တပ်ဖွဲ့ဝင် ၅ ဦးကို စစ်ကောင်စီ ဖမ်းမိပြီး ယင်းတပ်သားများသည် ခွင့်ယူစဉ် အဖွဲ့အစည်းစည်းမျဉ်းစည်းကမ်းကို ချိုးဖောက်ပြီး လက်နက်ရောင်းဝယ်ခြင်းကို ပြုလုပ်ခဲ့ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ယနေ့တွင် ပြန်လည်ရှင်းလင်းထုတ်ပြန်ထားသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့၊ဇူလိုင်လ ၁၂ ရက်နေ့တွင် န့မ်စန်လမ်းဘက်ကနေမှ ကယားပြည်နယ်သို့ သွားသည့်လမ်းတွင် လက်နက်ခဲယမ်းများကို…

အောင်ပန်း မြို့တွင် အမျိုးသားတစ်ဦးရေနစ်သေဆုံး

ခမ်းသားငေါဝ်း ဇူလိုင် ၁၄ ၊ ၂၀၂၄ အောင်ပန်း မြို့တွင် အသက်(၃၅)နှစ်အရွယ်အမျိုးသားတစ်ဦး ဇူလိုင်လ ၁၄ ရက်နေ့မနက် ၅ နာရီ အချိန်၌ ရေနစ်သေဆုံးခဲ့ကြောင်း အောင်ပန်းနာရေးကူညီမှုအသင်းထံက သိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်း မြို့၊အမှတ်(၃)ရပ်ကွက်နေ အသက်(၃၅)နှစ်အရွယ်ရှိ ကိုထက်လင်းအောင်(ခ)ဖြူဖွေးသည် မင်္ဂလာကန်တွင် မနက်ခင်း ၅ နာရီ၅မိနစ်အချိန်၌ ရေနစ်သေဆုံးခဲ့ ကြောင်းသိရသည်၊၊ “ရေနစ်သေဆုံးတဲ့သူက ကန်နားကအုတ်ကိုတိုက်မိလို့ထင်တယ်…