Category: သတင်း

အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ရှိ တပ်စခန်းများကို MNDAA သိမ်းပိုက်ပြီးနောက် ဓါတ်ပုံမှတ်တမ်းနှင့်တကွထုတ်ပြန်လာ

ခမ်းသားငေါဝ်း ဇူလိုင် ၂၇၊ ၂၀၂၄ ရှမ်းမြောက် လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာချုပ် တပ်စခန်းများကို သိမ်းပိုက်ပြီးနောက် တပ်စခန်းရှေ့ မြင်ကွင်းပုံရိပ်များကို ညီနောင်မဟာမိတ် ၃ ဖွဲ့ကဇူလိုင် ၂၆ ရက်ညက ထုတ်ပြန်လာသည်။ စစ်ကောင်စီ နှင့်စစ်တပ်လော်ဘီများက လားရှိုးမြို့ကျဆုံး​ခြင်းမရှိဟုငြင်းဆိုနေကြသော်လည်း အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တပ်စခန်းများကို သိမ်းပိုက်ပြီးနောက် အဆိုပါစခန်းတွေရှေ့က MNDAA တပ်ဖွဲ့ဝင်များပုံကို ထုတ်ပြန်ထားသည်။ MNDAA…

မိုးဗြဲရေကာတာ ရေဖွင့်ချမှုကြောင့် ရေကြီးရေလျှံမှု ဆက်လက်ဖြစ်ပွားနေပြီး စစ်ဘေးရှောင် ၁၀၀၀ ခန့်ရေဘေးသင့်

ခမ်းသားငေါဝ်း ဇူလိုင် ၂၇၊၂၀၂၄ မိုးဗြဲရေကာတာရေဖွင့်ချမှုကြောင့် ဘီလူးချောင်းရေဆက်လက်မြင့်တက်လာ၍ ရေကြီးရေလျှံမှု ဖြစ်ပွားပြီး စစ်ဘေးရှောင် ၁၀၀၀ ခန့်ရေဘေးသင့်နေကြောင်း စစ်ဘေးရှောင်ကူညီနေသူတစ်ဦးထံမှသိရသည်။ စစ်ကောင်စီ ခမရ ၄၂၂ တပ်က မိုးဗြဲရေကာတာမှ ရေတံခါးကို ဇူလိုင်လ ၂၄ ရက်နေ့မှစတင်ဖွင့်ချခဲ့ရာ ၂၄ နာရီအတွင်းဘီလူးချောင်းရေ ၈ ပေအထိမြင့်တက်သွားပြီး ယနေ့အချိန်ထိ ရေများဖွင့်ချနေဆဲဖြစ်သည်။ ”ရေကဆက်ပြီးတက်နေတုန်းပဲ၊ မိုးဗြဲမှာဆို ဘီလူးချောင်းနားကအိမ်တွေ မြုပ်နေပြီ၊…

လားရှိုးမြို့တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် မိသားစုဝင် ၃ ဦး သေဆုံး ၃ ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း ဇူလိုင် ၂၇၊ ၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင်ဇူလိုင် (၂၅)ရက်နေ့က စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မိသားစုဝင် (၃)ဦး သေဆုံးကာ (၃)ဦး ဒဏ်ရာရကြောင်း TNLA ထံမှသိရသည်။ ထို့အပြင် လားရှိုးမြို့ ရပ်ကွက်(၇)၊ ရပ်ကွက်(၁)နှင့် ရပ်ကွက်(၁၂)တို့တွင်လည်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ရာ အရပ်သား(၃)ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ်တချို့ ထိခိုက်ပျက်စီးသည်ဟု သိရသည်။ တိုက်ပွဲကာလ (၁)လအတွင်း…

စစ်ကောင်စီက အဆင်ခြင်မဲ့မိုးဗြဲရေကာတာဖွင့်ချမှုကြောင့် ၂၄ နာရီအတွင်း ဘီလူးချောင်းရေ ၈ ပေ ထိမြင့်တက်

ခမ်းသားငေါဝ်း ဇူလိုင် ၂၆၊ ၂၀၂၄ မိုးဗြဲမြို့အခြေစိုက် စစ်ကောင်စီ ခမရ (၄၂၂) တပ် သည် ဇူလိုင်လ ၂၅ ရက်နေ့ နံနက်အစောပိုင်းက မိုးဗြဲရေကာတာ ရေတံခါးကို ဖွင့်ချမှုကြောင့် ၂၄ နာရီအတွင်း ဘီလူးချောင်းရေ ၈ ပေ အထိ မြင့်တက် ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က ထုတ်ပြန်ထားသည်။ လတ်တလော ရေမြင့်တက်လာမှုကြောင့်…

PNO ပြည်သူ့စစ်က အတင်းအဓမ္မစစ်သားစုဆောင်းခံရပြီး တာဝန်မပြီးဆုံးခင် ထွက်ပြေးလာသူ ထပ်မံခေါ်ဆောင်ခြင်းခံရသဖြင့် မိမိကိုယ်ကို ကြိုးဆွဲချအဆုံးစီရင်

ခမ်းသားငေါဝ်း ဇူလိုင် ၂၆ ၊ ၂၀၂၄ ကောင်ပန်တင်း (ကံ့ကော်)ရွာမှ အမျိုးသားတစ်ဦး PNO ပြည်သူ့စစ်၏ အတင်းအဓမ္မစစ်စုဆောင်းခံရပြီး တာဝန်မပြီးဆုံးခင်ထွက်ပြေးလာသဖြင့် ထပ်မံခေါ်ဆောင်ခြင်းခံရခြင်းကြောင့် မိမိကိုယ်ကိုကြိုးဆွဲချအဆုံးစီရင်လိုက်ကြောင်း ဒေသခံထံက သိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ကောင်ပန်တင်း(ကံ့ကော်)ရွာမှ အသက် ၃၉ နှစ်အရွယ် ခွန်ကြော့သည် PNO ပြည်သူ့စစ်၏ အတင်းအဓမ္မစစ်စုဆောင်းခံရပြီး တာဝန်မပြီးဆုံးခင်ထွက်ပြေးလာသဖြင့် ထပ်မံခေါ်ဆောင်ခြင်းကြောင့် ဇူလိုင် ၂၅…

လားရှိုးမြို့အုပ်ချုပ်ရေးယန္တရားကို MNDAA မှဆက်ခံလိုက်ပြီဖြစ်ကြောင်းထုတ်ပြန်

ခမ်းသားငေါဝ်း ဇူလိုင် ၂၆၊ ၂၀၂၄ လားရှိုးလွတ်မြောက်ရေးတိုက်ပွဲကို ၂၃ ရက်တိုင်တိုင် ခဲခဲရင်းရင်းဆင်နွဲပြီးနောက် စစ်ကောင်စီတပ်ကို မြို့တွင်းမှ မြို့ပြင်သို့ မောင်းထုတ်ခဲ့ပြီး လွတ်မြောက်ရေးအောင်ပွဲရရှိပြီဖြစ်ကြောင်း MNDAA က ဇူလိုင်လ ၂၅ ရက်နေ့တွင်ထုတ်ပြန်ထားသည်။ လာရှိုးမြို့၏အုပ်ချုပ်ရေး ယန္တရားများကို ပြည်ထောင်စုမြန်မာနိုင်ငံအထူးဒေသ (၁) အုပ်ချုပ်ရေးကော်မတီမှလည်းကောင်း၊ မြို့နယ်လုံခြုံရေးကို အထူးဒေသ (၁) ရဲတပ်ဖွဲ့မှလည်းကောင်း၊ မြို့နယ်ကာကွယ်ရေးကို MNDAA မှလည်းကောင်းဆက်ခံလိုက်ကြောင်း…

မိုင်းလုံးဘက်တစ်ကြောတွင် တိုက်ပွဲနေ့စဥ်ဖြစ်ပွား၊ စစ်ကောင်စီတပ်က အခိုင်အမာတပ်စွဲထား

ခမ်းသားငေါဝ်း ဇူလိုင် ၂၆၊ ၂၀၂၄ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်တစ်ကြော တွင် တိုက်ပွဲနေ့စဥ်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ အခိုင်အမာတပ်စွဲထားကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးထံမှ သိရသည်။ ကရင်နီ(ကယား) ပြည်နယ် ၊လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်တစ်ကြောတွင် တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်လနီးပါးကြာမြင့်ပြီဖြစ်ပြီး စစ်ကောင်စီဘက်မှ အင်အားအလုံးအရင်းဖြင့် အခိုင်အမာတပ်စွဲထားသည်။ ” အဲ့ဘက်မှာတိုက်ပွဲ ပြန်ဖြစ်တာ တစ်လနီးပါးရှိပြီ၊ မိုင်းလုံးမှာက တစ်ခြမ်းကိုတော့ ကျွန်တော်တို့တော်လှန်ရေးတပ်တွေသိမ်းလိုက်ပြီ၊ ကျန်တဲ့အပိုင်းတော့ ခုထိတိုက်ယူနေတုန်းပဲ”…

ဖာမွန်းပန်း ခြံတွင်ရောက်ရှိလာသည့် လားရှိုးမှမိဘမဲ့ကလေးများအတွက် စားဝတ်နေရေးနှင့် ကျန်းမာရေးစောင့်ရှောက်ရန် အကူအညီလိုအပ်နေ

ခမ်းသားငေါဝ်း ဇယလိုင် ၂၅၊ ၂၀၂၄ ဖာမွန်းပန်းခြံတွင် ရောက်ရှိလာသည့် လားရိူးမှ မိဘမဲ့ကလေးများအတွက် စားဝတ်နေရေးနှင့် ကျန်းမာရေးစောင့်ရှောက်ရန် အကူအညီလိုအပ်နေ ကြောင်း ဇူလိုင်လ၂၅ ရက်နေ့တွင် သိရသည်၊၊ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှ တောင်ကြီးမြို့ ဖာမွန်းပန်း ခြံတွင် စစ်ဘေးရှောင်လာသည့်လားရှိုးမှမိဘမဲ့ကလေးများအတွက် စားဝတ်နေရေးနှင့် ကျန်းမာရေးစောင်ရှောက်ရန် အကူအညီလိုအပ်နေ သည်၊၊ “အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ပြေးလာရတော့ အဝတ်အစားနဲ့ အဓိကကုန် ကြမ်းဖြစ်တဲ့…

နောင်ခွီးတံတား ရေတိုက်စားခြင်းကြောင့် တံတားပြိုကျပျက်စီးခြင်း ခရီးသွားများသွားလာရန်ခက်ခဲ

ခမ်းသားငေါဝ်း ဇူလိုင် ၂၅၊ ၂၀၂၄ မြဝတီမြို့သို့သွားသည့်လမ်း နောင်ခွီးတံတားအားရေတိုက်စားခြင်းကြောင့် ဒီနေ့ ဇူလိုင် (၂၅)ရက်နေ့တွင် ပြိုကျပျက်စီးသွားပြီး ခရီးသွားများ သွားလာရန်အခက်ခဲရှိနေကြောင်း သိရသည်။ ကရင်ပြည်နယ် မြဝတီသို့သွားသည့်လမ်း နောင်ခွီးတံတားပျက်စီးသွားခြင်းကြောင့် ဘားအံ-ထီလုံ-သရက်တော-နဘူး-ထို့ကော်ကိုး-မြဝတီသို့သွားလာနိုင်ခြင်းမရှိတော့ကြောင်း သိရသည်။ “ရေကြီးနေတော့ တံတားလည်း မခံနိုင်ဘဲ ပြိုကျတယ်တာထင်တယ်၊ ဘားအံ-ကျုံဒိုး-နဘူး-ထို့ကော်ကိုးဘက်‌တော့ ရအုန်းမယ်ထင်တယ်၊ မေးမြန်းပြီးတော့ သွားကြပါ”ဟု ကားသမားတစ်ဦးကပြောသည်။ အဆိုပါ တံတားသည် အမှတ်(၂/၃၃)…

မိုးကုတ်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်းနှင့် လက်နက်များပါသိမ်းပိုက်ရရှိခဲ့ကြောင်း TNLA ဆို

ခမ်းသားငေါဝ်း ဇူလိုင် ၂၅၊ ၂၀၂၄ မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်း ၃၀ ကျော်နှင့် လက်နက်မျိုးစုံ ၂၀၀ ကျော်သိမ်းပိုက်ရှိခဲ့ကြောင်း PSLF/ TNlA က ယနေ့တွင် သတင်းထုတ်ပြန်လိုက်ပါသည်။ မိုးကုတ်မြို့နယ်ရှိ တပ်စခန်းများကို တအာင်းတပ်မတော် TNLA က ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) အား ဇွန်လ ၂၅ ရက်နေ့မှ…