Category: သတင်း

လက်နက်ချအလင်းဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးကို MNDAA ကတစ်ဦး ၁၀ သိန်းချီးမြှင့်

ခမ်းသားငေါဝ်း ဩဂုတ် ၁၅၊ ၂၀၂၄ လားရှိုးမြို့ တိုက်ပွဲအစပိုင်းတွင် လက်နက်ချအလင်းဝင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးကို MNDAA က တစ်ဦးကို ကျပ် ၁၀ သိန်းစီ ဆုချီးမြှင့် ပေးကြောင်း ဩဂုတ်လ ၁၅ ရက် ယနေ့တွင် MNDAA က သတင်းထုတ်ပြန်ထားသည်။ သြဂုတ်လ ၁၃ ရက်နေ့တွင် မိမိဆန္ဒအလျောက် လက်နက်ချအလင်းဝင်ခဲ့သည့်…

ဆီဆိုင်မြို့အဝင်ဂိတ်တွင် ရဲများကဈေးလာဝယ်သူများအား ဖမ်းဆီးပြီးငွေညစ်

ခမ်းသားငေါဝ်း ဩဂုတ် ၁၅၊ ၂၀၂၄ ဆီဆိုင်တွင်ဈေးလာဝယ်သည့် လွယ်ခြယ်ရွာသား(၃)ဦး ဆီဆိုင်မြို့အဝင်ဂိတ်၌စောင့်သည့်ရဲများက ဖမ်းဆီးပြီးငွေဖြင့်ပြန်ထုတ်ခဲ့ရကြောင်း ဒေသခံပြောပြချက်အရ ဩဂုတ်လ(၁၅)ရက်နေ့တွင် သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တောင်ရှေ့ကျေးရွာအုပ်စု လွယ်ခြယ်ရွာသား(၃)ဦးသည် ဩဂုတ်လ(၁၀)ရက်နေ့က ဆီဆိုင်မြို့သို့ဈေးဝယ်သွားပြီး အပြန်မြို့အဝင်စစ်ဆေးရေးဂိတ်တွင် ထော်လာဂျီပေါ်၌ အရက်ဘီယာများသယ်ဆောင်လာသည်ဟုဆိုကာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ကဖမ်းဆီးသွားသည်။ “အရက်ဘီယာပါလို့တဲ့ ပြီးတော့ထော်လာဂျီကော်ဈေးမှာဝယ်လာတဲ့ပစ္စည်းတွေရော သူတို့(ရဲစခန်း)စခန်းထဲမောင်းခေါ်တယ် ရွာကသူကြီးက သူတို့ကိုလွတ်ပေးဖို့ ရိုးရိုးသားသားဈေးရောင်းတာဖြစ်တယ်လို့ပြောတာကို ချက်ချင်းမလွတ်ပေးဘူး” ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။…

စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦးသေဆုံးပြီး ဒေသခံ(၆)ဦး ထိခိုက်ဒဏ်ရာရရှိ

ခမ်းသားငေါဝ်း ဩဂုတ် ၁၅၊ ၂၀၂၄ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ကျိုက်ထိုမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်တို့တွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦး သေဆုံးပြီး ဒေသခံ (၆)ဦး ထိခိုက်ဒဏ်ရာရရှိကာ လူနေအိမ် (၃)လုံး ပျက်စီးကြောင်း KNU ဗဟိုက သြဂုတ်လ (၁၅)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ် အမှတ် (၃၁၀) အမြောက်တပ်ရင်းစခန်းမှ…

သစ်ပင်ကြီး(သေင်ႏမွူးဖြေင်းပေႏ)ရွာအနီးတွင် သစ်ပင်ကြီးလဲကျပြီး အောင်ပန်း-လွိုင်ကော် ကားလမ်းမကြီးပိတ်

ခမ်းသားငေါဝ်း ဩဂုတ် ၁၅၊ ၂၀၂၄ အောင်ပန်း-လွိုင်ကော် လမ်းမကြီးပေါ် သစ်ပင်ကြီး(သေင်ႏမွူးဖြေင်းပေႏ)ရွာအနီး ဘုရားရှေ့တွင် သက်တန်းရင့်ညောင်ပင် လမ်းမပေါ် လဲကျသွားခြင်းကြောင်း ကားများသွားလာ ဖြတ်သန်မှု မရတော့ကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် အောင်ပန်း-လွိုင်ကော် လမ်းမကြီးပေါ်ရှိ သစ်ပင်ကြီး(သေင်ႏမွူးဖြေင်းပေႏ)ရွာ ဘုရားရှေ့တွင် ဂုတ်လ ၁၅ ရက်မနက်အစော၌ သက်တမ်းရင့် ညောင်ပင်ကြီး လမ်းမပေါ် လဲကျသွားခြင်းကြောင်း ကား၊ဆိုင်ကယ် သွားလာ…

စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ ကလေးငယ်တစ်ဦးပြင်းထန်စွာဒဏ်ရာရရှိ

ခမ်းသားငေါဝ်း ဩဂုတ် ၁၅၊ ၂၀၂၄ ဆီဆိုင်တွင် စစ်ကောင်စီလက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ကလေးငယ်တစ်ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော် PNLA ထုတ်ပြန်ချက်အရသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ပန်အောင်ရွာနေ မွိုးစွန်နှင့် သားဖြစ်သူခွန်မောင်ပေးသည် သြဂုတ်လ ၁၄ ရက် ခြံသွားချိန်တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်လက်နက်ကြီးပစ်ခတ်ခြင်းကြောင်း ထိမှန်ပြီး မိခင်ဖြစ်သူမှာ ပွဲချင်းသေဆုံးပြီး သားဖြစ်သူသည် ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။…

နောင်ချိုနှင့်သီပေါတွင် တိုက်ပွဲဆပ်လက်ဖြစ်ပွားပြီး တစ်ရက်တည်း လေကြောင်းတိုက်ခိုက်မှု ၂၁ ကြိမ်ရှိ

ခမ်းသားငေါဝ်း ဩဂုတ် ၁၅၊ ၂၀၂၄ ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) မှတအာင်းဒေသ နောင်ချိုနှင့် သီပေါမြို့နယ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ လေကြောင်းဖြင့်(၂၁)ကြိမ် တိုက်ခိုက်ခဲ့ကြောင်းTNLAမှ ဩဂုတ် ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် တောင်ခမ်းရွာနှင့် နောင်လင်ကျေးရွာတွင် တအာင်းတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိသည်။ တောင်ခမ်းနှင့် နောင်လင်ရွာ၌ တပ်မ(၉၉) လက်အောက်ခံ…

သီပေါမြို့တွင် စစ်ကောင်စီ၏လေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်မှုကြောင့် ၅ ရက်အတွင်းအရပ်သား (၁၁)ဦးသေဆုံး

ခမ်းသားငေါဝ်း ဩဂုတ် ၁၄၊ ၂၀၂၄ သီပေါမြို့တွင် စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးများ နေ့စဥ်ပစ်ခတ်မှုကြောင့် (၅)ရက်အတွင်း အရပ်သား (၁၁) ဦးသေဆုံးခဲ့ပြီး (၁၂) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။ ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်ရှိ ကျောင်းစု၊ အုတ်ကျင်း၊ တာပုတ်၊ ထုံစင့်ရပ်၊ မြို့လယ်ရပ်၊ နားလွယ်၊ မြို့ဟောင်း၊ ကုန်းဆုံကျေးရွာ နှင့် နမ့်ပေါ့ချောင်းသို့ စစ်ကောင်စီ၏…

လူငယ်သုံးဦးအား PDF ဟုစွပ်စွဲပြီး PNO မှ ဖမ်းဆီးပစ်သတ်စဉ် တစ်ဦးမှာ ပစ်သတ်သူ၏ ကျပ်ပမပြည့်သည့် ဆွေမျိုးဖြစ်နေပြီး ပြန်လွတ်ပေးကာ PNO ပြည်သူ့စစ်မှုထမ်းခိုင်းနေ

ခမ်းသားငေါဝ်း ဩဂုတ် ၁၄၊ ၂၀၂၄ ဆီဆိုင်တွင် PDF ဟုစွပ်စွဲပြီး PNO မှအပြစ်မဲ့လူငယ်သုံးဦးအား ဖမ်းဆီးပစ်သတ်စဉ် သုံးဦးထဲမှတစ်ဦးမှာ ပစ်သတ်သူ၏ ဆွေမျိုးဖြစ်နေသည့်အတွက် ငွေငါးသိန်းနှင်ရွေးပြီး ပြန်လွတ်ပေးကာ PNO ပြည်သူ့စစ်ထမ်းခိုင်းနေကြောင်း ဒေသခံထံကသိရသည်။ ယခုဩဂုတ်လ ပထမပတ်အတွင်း PNO ပြည်သူ့စစ်ကအပြစ်မဲ့သည့် လူငယ်သုံးဦးအား PDF ဟုစွပ်စွဲပြီး ဖမ်းဆီးကာ တောထဲရှိချောက်နက်ထဲတွင် အဝတ်မဲဖြင့်မျတ်နှာကိုအုပ်ထားပြီး နှစ်ဦးအားပစ်သတ်အပြီး ကျန်သည့်တစ်ဦးအား…

တာချီလိတ်တွင် ရေကြီးရေလျှံမှုဖြစ်ပြီး သွားလာရေးနှင့် စားဝတ်နေရေး အခက်အခဲဖြစ်နေ

ခမ်းသားငေါဝ်း ဩဂုတ် ၁၄၊ ၂၀၂၄ တာချီလိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေပြီး ဒေသခံများ သွားလာရေးနှင့် စားဝတ်နေ‌ရေးအခက်ခဲဖြစ်နေကြောင်း ဩဂုတ် ၁၄ ရက်နေ့တွင် သိရသည်။ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အဆက်မပြတ်မိုးရွာသွန်းမှုကြောင့် ရေးကြီးမှုဖြစ်ပေါ်နေပြီး မြို့ပေါ်နေရာအများစုတွင် ဒေသခံများ သွားလာရေးခက်ခဲသည့်အပြင် စားဝတ်နေရေး အခက်ခဲဖြစ်နေသည်။ “ရေကြီးလို့ ဘယ်မှသွားလို့အဆင်မပြေဘူး။ မိုးက ခဏလေးတိတ်ပြီးပြန်ရွာတယ်။ အခုထိလည်း…

စစ်သင်တန်းမတက်ရဘဲ စစ်ဘေးရှောင်ရာကပြန်လာသည့် လူငယ်များကို PNO ပြည်သူ့စစ်ကရှေ့တန်းပို့

ခမ်းသားငေါဝ်း ဩဂုတ် ၁၄၊ ၂၀၂၄ ဆိဆိုင်တွင် စစ်ဘေးရှောင်ရာက ပြန်လာသည့်လူငယ်များကို PNO ပြည်သူ့စစ်ကခေါ်ယူပြီး သေနတ်တပ်ဆင်ပေးကာ ရှေ့တန်းပို့နေကြောင်းဒေသခံများထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆိဆိုင်မြို့နယ် ကျေးရွာဖက်တွင် စစ်သင်တန်းမတက်ရဘဲ စစ်ဘေးရှောင်ရာကပြန်လာသည့် လူငယ်များကို PNO ပြည်သူ့စစ်ကခေါ်ယူကာ သေနတ်တပ်ဆင်ပေးပြီး ရှေ့တန်းသို့ ပို့နေသည်။ “သင်တန်း ၅ ရက်တောင်မတက်ရဘူး PNO ကရှေ့တန်းပို့ပြီ။ ဖုန်းလည်းသိမ်းထားတယ်။ အဆက်သွယ်မရဘူး။…